La Liga Other Leagues

ရီးရဲလ်ပရိသတ်တွေ လွမ်းနေရအောင် တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းပြခဲ့တဲ့ ဘေးလ်

ဂါရတ် ဘေးလ်ဟာ တနင်္ဂနွေနေ့က ရီးရဲလ် ဆော့တ် လိတ်ခ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လော့စ် အိန်ဂျလိစ်အသင်းအတွက် မယုံနိုင်ဖွယ် တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကနေ စာချုပ်သက်တမ်းကုန်ဆုံးလို့ ထွက်ခွာပြီးနောက် အမေရိကန် မေဂျာလိဂ်အသင်းဖြစ်တဲ့ အယ်လ်အေအက်ဖ်စီအသင်းကို ၁ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း အထင်ကြီးဖွယ် ကစာသမားဘဝအစကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက နက်ရှ်ဗေးလ်နဲ့ ပွဲစဉ်မှာ ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပြီးနောက် ဂါရတ် ဘေးလ်ဟာ စပို့တင်း ကန်းဆတ် စီးတိးနဲ့ပွဲစဉ်မှာ အလွန်ထူးခြားကောင်းမွန်တဲ့ ကန်ချက်နဲ့အတူ အယ်လ်အေအက်ဖ်စီအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂါရတ် ဘေးလ်ဟာ ယမန်နေ့က ရီးရဲလ် ဆော့တ် လိတ်ခ်ကို လော့စ် အိန်ဂျလိစ်အသင်းက ၄-၁ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း အယ်လ်အေအက်ဖ်စီကစားသမားဘဝ ဒုတိယမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ခရစ်ရှန် အာရန်းဂိုးရဲ့ သွင်းဂိုး ၂ ဂိုး၊ အေကော်စတာာတို့ရဲ့ သွင်းဂိုးတွေနဲ့ အက်လ်အေအက်ဖ်စီဟာ ပွဲကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ဂါရတ် ဘေးလ်က ၎င်းရဲ့ လူသိများကျော်ကြားတဲ့ တစ်ဦးတည်းစွမ်းရည်နဲ့ ဆွဲပြေးပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ကွင်းလယ်ညာခြမ်းကနေ ဘောလုံးကို လက်ခံရယူပြီးနောက် အတွင်းဘက်ကို ချိုးမဝင်ခင် နောက်ခံကစားသမား ၂ ဦးကို ကျော်ဖြတ်ခဲ့ပြီးနောက် ရီးရဲလ် ဆော့တ် လိတ်ဂိုးသမား ဇက်စ် မက်စ်မက်သ် ဘယ်လိုမှ တားဆီးလို့မရနိုင်တဲ့ အဆုံးသတ်နဲ့ ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ အသက် ၃၃ နှစ်အရွယ် ဝေးလ်လက်ရွေးစင်အသင်းခေါင်းဆောင် ဂါရတ် ဘေးလ်ရဲ့ လျင်မြန်မှုနဲ့ ကြံ့ခိုင်မှုကြောင့် အံ့အားသင့်ခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းရဲ့ အရည်အသွေးကို တွစ်တာလူမှုကွန်ရက်ပေါ်မှာ ချီးမွမ်းခန်းဖွင့်ခဲ့ကြတာဖြစ်ပါတယ်။

“ကြယ်ပွင့်ကစားသမားကသူ့ရဲ့အသင်းနဲ့ လိဂ်မှာ နောက်ထပ်တစ်ကြိမ် တရားဝင်ကစားနေပါပြီ။ သူ့ဘဝကိုလည်း ချစ်မြတ်နိုးပုံပေါ်ပါတယ်။ မယုံနိုင်စရာကောင်းတဲ့ အဆုံးသတ်ပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “သူ့ရဲ့ ကစားသမားဘဝတလျှောက်လုံး လုပ်ခဲ့တဲ့အတိုင်းပဲ ပွဲစဉ်တွေမှာ ယှဉ်ကစားလို့ မရနိုင်ခဲ့ပါဘူး။ ခုံမှာထိုင်ပြီး ကမ္ဘာ့အဆင့်ပါရမီရှိတဲ့ ကစားသမား ကစားတာကို ကြည့်ရင်း ပျော်ရွှင်ခံစားကြတာပေါ့”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂါရတ္ ေဘးလ္ဟာ တနဂၤေႏြေန႔က ရီးရဲလ္ ေဆာ့တ္ လိတ္ခ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေလာ့စ္ အိန္ဂ်လိစ္အသင္းအတြက္ မယုံႏိုင္ဖြယ္ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဂိုးသြင္းယူေပးခဲ့ပါတယ္။

ေဘးလ္ဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ ရီးရဲလ္မက္ဒရစ္ကေန စာခ်ဳပ္သက္တမ္းကုန္ဆုံးလို႔ ထြက္ခြာၿပီးေနာက္ အေမရိကန္ ေမဂ်ာလိဂ္အသင္းျဖစ္တဲ့ အယ္လ္ေအအက္ဖ္စီအသင္းကို ၁ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း အထင္ႀကီးဖြယ္ ကစာသမားဘဝအစကို ပိုင္ဆိုင္ေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လက နက္ရွ္ေဗးလ္နဲ႔ ပြဲစဥ္မွာ ပြဲဦးထြက္ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ဂါရတ္ ေဘးလ္ဟာ စပို႔တင္း ကန္းဆတ္ စီးတိးနဲ႔ပြဲစဥ္မွာ အလြန္ထူးျခားေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔အတူ အယ္လ္ေအအက္ဖ္စီအတြက္ ပထမဆုံးသြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဂါရတ္ ေဘးလ္ဟာ ယမန္ေန႔က ရီးရဲလ္ ေဆာ့တ္ လိတ္ခ္ကို ေလာ့စ္ အိန္ဂ်လိစ္အသင္းက ၄-၁ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္း အယ္လ္ေအအက္ဖ္စီကစားသမားဘဝ ဒုတိယေျမာက္ သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ခရစ္ရွန္ အာရန္းဂိုးရဲ႕ သြင္းဂိုး ၂ ဂိုး၊ ေအေကာ္စတာာတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အက္လ္ေအအက္ဖ္စီဟာ ပြဲကို ေကာင္းေကာင္း ထိန္းခ်ဳပ္ထားႏိုင္ခဲ့တာျဖစ္ၿပီး ဂါရတ္ ေဘးလ္က ၎ရဲ႕ လူသိမ်ားေက်ာ္ၾကားတဲ့ တစ္ဦးတည္းစြမ္းရည္နဲ႔ ဆြဲေျပးၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ ကြင္းလယ္ညာျခမ္းကေန ေဘာလုံးကို လက္ခံရယူၿပီးေနာက္ အတြင္းဘက္ကို ခ်ိဳးမဝင္ခင္ ေနာက္ခံကစားသမား ၂ ဦးကို ေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ ရီးရဲလ္ ေဆာ့တ္ လိတ္ဂိုးသမား ဇက္စ္ မက္စ္မက္သ္ ဘယ္လိုမွ တားဆီးလို႔မရႏိုင္တဲ့ အဆုံးသတ္နဲ႔ ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ အသက္ ၃၃ ႏွစ္အ႐ြယ္ ေဝးလ္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ဂါရတ္ ေဘးလ္ရဲ႕ လ်င္ျမန္မႈနဲ႔ ႀကံ့ခိုင္မႈေၾကာင့္ အံ့အားသင့္ခဲ့ၾကၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းရဲ႕ အရည္အေသြးကို တြစ္တာလူမႈကြန္ရက္ေပၚမွာ ခ်ီးမြမ္းခန္းဖြင့္ခဲ့ၾကတာျဖစ္ပါတယ္။

“ၾကယ္ပြင့္ကစားသမားကသူ႔ရဲ႕အသင္းနဲ႔ လိဂ္မွာ ေနာက္ထပ္တစ္ႀကိမ္ တရားဝင္ကစားေနပါၿပီ။ သူ႔ဘဝကိုလည္း ခ်စ္ျမတ္ႏိုးပုံေပၚပါတယ္။ မယုံႏိုင္စရာေကာင္းတဲ့ အဆုံးသတ္ပဲ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “သူ႔ရဲ႕ ကစားသမားဘဝတေလွ်ာက္လုံး လုပ္ခဲ့တဲ့အတိုင္းပဲ ပြဲစဥ္ေတြမွာ ယွဥ္ကစားလို႔ မရႏိုင္ခဲ့ပါဘူး။ ခုံမွာထိုင္ၿပီး ကမာၻ႔အဆင့္ပါရမီရွိတဲ့ ကစားသမား ကစားတာကို ၾကည့္ရင္း ေပ်ာ္႐ႊင္ခံစားၾကတာေပါ့”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.