Premier League

ဟာလန်းက စီးတီးကို ၃ ကြိမ်ဆက် ချန်ပီယံဖြစ်အောင် လုပ်ပေးမယ့်သူလို့ ထောက်ခံခဲ့တဲ့ ရှီးယားရား

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး အလန် ရှီးယားရားက အာလင်း ဟာလန်းဟာ ပရီးမီးယားလိဂ်ကို လှိုင်းထန်စေပြီး မန်စီးတီးကို ၃ ကြိမ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးမယ့်သူလို့ ထောက်ခံခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ တိုက်စစ်မှူးစစ်စစ် မရှိဘဲနဲ့တောင် ပရီးမီးယားလိဂ်ဖလားကို ၂ ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့တာဖြစ်ပေမယ့် ယခုနွေရာသီမှာ ဂွါဒီယိုလာက လူစာရင်းကို သွေးသစ်လောင်းရမယ့်အချိန်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေထဲက အာလင်း ဟာလန်းဟာ ဒေါ့မွန်အသင်းကို ၂၀၂၀ ခုနှစ်မှာ ပြောင်းရွှေ့ကစားပြီးကတည်းက ၎င်းရဲ့ ကြောက်ခမန်းလိလိ သွင်းဂိုးတွေနဲ့ ဥရောပတခွင်ကို တုန်လှုပ်စေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ဟာလန်းကို ခေါ်ယူဖို့အတွက် ပေါင် ၅၁ သန်း အသုံးပြုခဲ့ရပြီး နော်ဝေတိုက်စစ်မှူးဟာ ၎င်းတို့ကို ၃ နှစ်ဆက် ပရီးမီးယားလိဂ်ဖလားနဲ့ ပထမဆုံး ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှူးခေါ်ယူမှုနဲ့ပတ်သက်လာရင် ကောင်းမွန်တဲ့ အမြင်ရှိပြီး ဆာဂျီယို အဂွေရိုဟာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ပွဲ ၃၆၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၆၀ သွင်းယူပေးပြီး အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်တသက်တာထိပ်တန်းဂိုးသွင်းရှင် အလန် ရှီးယားရားက ၎င်းရဲ့ BBC Sport သတင်းကော်လံထဲမှာ ဟာလန်းက သူ့ရဲ့ စံချိန်ကို ရိုက်ချိုးနိုင်မှာဖြစ်သလို ဆုဖလားပြိုင်ပွဲမှာလည်း ကွဲပြားခြားနားမှုတွေကို သက်သေပြသနိုင်လိမ့်မယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အခု ပရီးမီးယားလိဂ်ချန်ပီယံကို ရွေးချယ်ရမယ်ဆိုရင် စီးတီးပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုပြောရတာက အာလင်း ဟာလန်းကြောင့်ပါပဲ။ သူတို့တွေ မနှစ်က သူမရှိဘဲနဲ့တောင် ဖလားရခဲ့ပြီး တကယ့် တိုက်စစ်မှူးအစစ်တောင် မသုံးခဲ့ပါဘူး”

“အခုဆိုရင် သူတို့မှာ ဒီရာသီ အနည်းဆုံး သွင်းဂိုး ၃၀ လောက် သွင်းမယ့် တိုက်စစ်မှူးတစ်ယောက် ရှိနေပါပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဟာလန်းအနေနဲ့ ဒီလို ဂိုးအရေအတွက်မျိုး သွင်းယူနိုင်မယ်ဆိုရင်တော့ အနည်းဆုံးတော့ စံချိန်တစ်ခုကို ရိုက်ချိုးနိုင်မှာဖြစ်ပြီး အဲဒီစံချိန်ကတော့ ၂၀၁၄-၂၀၁၅ ရာသီမှာ ဆာဂျီယို အဂွေရိုသွင်းယူခဲ့တဲ့ တစ်ရာသီအတွင်း သွင်းဂိုး ၂၆ ဂိုး စံချိန်ပဲ ဖြစ်ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားက ပရီးမီးယားလိဂ်တစ်ခုတည်းမှာ ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး ၂၀၁၇-၂၀၁၈ ရာသီမှာ ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၃-၁၉၉၄ ရာသီနဲ့ ၁၉၉၄-၁၉၉၅ ရာသီမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အန်ဒီ ကိုးနဲ့ အလန် ရှီးယားရားတို့ဟာ သွင်းဂိုး ၃၄ ဂိုးစီ အသီးသီး သွင်းယူနိုင်ခဲ့ကြပေမယ့်လည်း အဲဒီတုန်းက တစ်ရာသီကို ၄၂ ပွဲ ကစားခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး အလန္ ရွီးယားရားက အာလင္း ဟာလန္းဟာ ပရီးမီးယားလိဂ္ကို လႈိင္းထန္ေစၿပီး မန္စီးတီးကို ၃ ႀကိမ္ဆက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးမယ့္သူလို႔ ေထာက္ခံခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ တိုက္စစ္မႉးစစ္စစ္ မရွိဘဲနဲ႔ေတာင္ ပရီးမီးယားလိဂ္ဖလားကို ၂ ႀကိမ္ဆက္တိုက္ ရယူႏိုင္ခဲ့တာျဖစ္ေပမယ့္ ယခုေႏြရာသီမွာ ဂြါဒီယိုလာက လူစာရင္းကို ေသြးသစ္ေလာင္းရမယ့္အခ်ိန္ျဖစ္တယ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးရဲ႕ ကစားသမားသစ္ ေခၚယူမႈေတြထဲက အာလင္း ဟာလန္းဟာ ေဒါ့မြန္အသင္းကို ၂၀၂၀ ခုႏွစ္မွာ ေျပာင္းေ႐ႊ႕ကစားၿပီးကတည္းက ၎ရဲ႕ ေၾကာက္ခမန္းလိလိ သြင္းဂိုးေတြနဲ႔ ဥေရာပတခြင္ကို တုန္လႈပ္ေစခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဟာလန္းကို ေခၚယူဖို႔အတြက္ ေပါင္ ၅၁ သန္း အသုံးျပဳခဲ့ရၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ ၎တို႔ကို ၃ ႏွစ္ဆက္ ပရီးမီးယားလိဂ္ဖလားနဲ႔ ပထမဆုံး ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရရွိေအာင္ ကူညီေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းဟာ တိုက္စစ္မႉးေခၚယူမႈနဲ႔ပတ္သက္လာရင္ ေကာင္းမြန္တဲ့ အျမင္ရွိၿပီး ဆာဂ်ီယို အေဂြ႐ိုဟာ မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံ ပြဲ ၃၆၀ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၆၀ သြင္းယူေပးၿပီး အသင္းရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရီးမီးယားလိဂ္တသက္တာထိပ္တန္းဂိုးသြင္းရွင္ အလန္ ရွီးယားရားက ၎ရဲ႕ BBC Sport သတင္းေကာ္လံထဲမွာ ဟာလန္းက သူ႔ရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္မွာျဖစ္သလို ဆုဖလားၿပိဳင္ပြဲမွာလည္း ကြဲျပားျခားနားမႈေတြကို သက္ေသျပသႏိုင္လိမ့္မယ္လို႔ ထင္ျမင္ေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အခု ပရီးမီးယားလိဂ္ခ်န္ပီယံကို ေ႐ြးခ်ယ္ရမယ္ဆိုရင္ စီးတီးပဲ ျဖစ္ပါလိမ့္မယ္။ အဲဒီလိုေျပာရတာက အာလင္း ဟာလန္းေၾကာင့္ပါပဲ။ သူတို႔ေတြ မႏွစ္က သူမရွိဘဲနဲ႔ေတာင္ ဖလားရခဲ့ၿပီး တကယ့္ တိုက္စစ္မႉးအစစ္ေတာင္ မသုံးခဲ့ပါဘူး”

“အခုဆိုရင္ သူတို႔မွာ ဒီရာသီ အနည္းဆုံး သြင္းဂိုး ၃၀ ေလာက္ သြင္းမယ့္ တိုက္စစ္မႉးတစ္ေယာက္ ရွိေနပါၿပီ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဟာလန္းအေနနဲ႔ ဒီလို ဂိုးအေရအတြက္မ်ိဳး သြင္းယူႏိုင္မယ္ဆိုရင္ေတာ့ အနည္းဆုံးေတာ့ စံခ်ိန္တစ္ခုကို ႐ိုက္ခ်ိဳးႏိုင္မွာျဖစ္ၿပီး အဲဒီစံခ်ိန္ကေတာ့ ၂၀၁၄-၂၀၁၅ ရာသီမွာ ဆာဂ်ီယို အေဂြ႐ိုသြင္းယူခဲ့တဲ့ တစ္ရာသီအတြင္း သြင္းဂိုး ၂၆ ဂိုး စံခ်ိန္ပဲ ျဖစ္ပါတယ္။

လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားက ပရီးမီးယားလိဂ္တစ္ခုတည္းမွာ ဂိုးအမ်ားဆုံး သြင္းယူႏိုင္ခဲ့တဲ့ ကစားသမားအျဖစ္ စံခ်ိန္တင္ထားတာျဖစ္ၿပီး ၂၀၁၇-၂၀၁၈ ရာသီမွာ ၃၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ၁၉၉၃-၁၉၉၄ ရာသီနဲ႔ ၁၉၉၄-၁၉၉၅ ရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉး အန္ဒီ ကိုးနဲ႔ အလန္ ရွီးယားရားတို႔ဟာ သြင္းဂိုး ၃၄ ဂိုးစီ အသီးသီး သြင္းယူႏိုင္ခဲ့ၾကေပမယ့္လည္း အဲဒီတုန္းက တစ္ရာသီကို ၄၂ ပြဲ ကစားခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.