Premier League

ပဲလေ့စ်နဲ့ပွဲမှာ ဆရာ့ခြေရာလိုက်နင်းပြီး စံချိန်တစ်ခု ရရှိခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ သောကြာနေ့ည ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ပွဲ ၅၀ မြောက် နိုင်ပွဲစံချိန်ကို ရရှိခဲ့ပါတယ်။

အာတီတာဟာ လက်ရှိမှာတော့ အင်္ဂလန်ထိပ်တန်းလိဂ်မှာ ရာစုနှစ်ဝက်အတွင်း ပရီးမီးယားလိဂ်ပွဲ ၅၀ နိုင်ပွဲ အမြန်ဆုံး ပြည့်မြောက်ခဲ့တဲ့ ဒုတိယမြောက် အာဆင်နယ်နည်းပြ ဖြစ်လာခဲ့ပြီဖြစ်ပြီး ဒီစံချိန်ကို ရရှိဖို့ ၉၈ ပွဲ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။

အာတီတာရဲ့ စံချိန်ထက် ပိုမိုသာလွန်တဲ့သူဆိုလို့ အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးတစ်ဦးတည်းသာ ရှိပြီး ပြင်သစ်လူမျိုးနည်းပြကြီးဟာ လိဂ်နိုင်ပွဲ ၅၀ ရရှိဖို့ ၉၄ ပွဲသာ အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။

ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်က ရရှိခဲ့တဲ့ စံချိန်ဟာ အာတီတာအနေနဲ့ ဘယ်လောက်ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့လဲဆိုတာ စကားပြောနေတာဖြစ်ပြီး စပိန်လူမျိုးနည်းပြဟာ အူနိုင်း အမ်မရီလက်အောက်မှာ ဖရိုဖရဲဖြစ်နေတဲ့အသင်းကို ဖြိုချပြီး အခြေခံကနေ ပြန်တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးလည်း အလားတူအခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၁၉၉၆ ခုနှစ် ဆောင်းဦးမှာ မြောက်လန်ဒန်ကို ရောက်ရှိလာပြီးနောက် အရိုးစွဲနေတဲ့ ကွင်းတွင်းသာမက ကွင်းပြင်ပက အကျင့်ဆိုးတွေကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ခဲ့ရတာဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာ ၂ နှစ်အတွင်းမှာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ၂ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အာတီတာဟာ ကြီးမားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြောင့် ပိုမို ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ၎င်းရဲ့ စံချိန်ဟာ အာစင်ဝင်းဂါးနဲ့ နှိုင်းယှဉ်ရင် အသင်းက မှန်ကန်တဲ့ဦးတည်ချက်အတိုင်းသွားနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ပြနေတာဖြစ်ပါတယ်။

အာတီတာဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပထမဆုံး ပွဲစဉ်ကို စတင်ကိုင်တွယ်ခဲ့ပြီး ၎င်းရဲ့ ပရီးမီးယားလိဂ်နိုင်ပွဲ ၅၀ ထက် ပိုမို အနိုင်ရရှိခဲ့တဲ့ နည်းပြဆိုလို့ ပက် ဂွါဒီယိုလာ(ပွဲ ၇၀)၊ ယာဂန် ကလော့ပ်(၆၄ ပွဲ)တို့သာ ရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းျပ အာတီတာဟာ ေသာၾကာေန႔ည ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ခရစၥတယ္ ပဲေလ့စ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ပရီးမီးယားလိဂ္ပြဲ ၅၀ ေျမာက္ ႏိုင္ပြဲစံခ်ိန္ကို ရရွိခဲ့ပါတယ္။

အာတီတာဟာ လက္ရွိမွာေတာ့ အဂၤလန္ထိပ္တန္းလိဂ္မွာ ရာစုႏွစ္ဝက္အတြင္း ပရီးမီးယားလိဂ္ပြဲ ၅၀ ႏိုင္ပြဲ အျမန္ဆုံး ျပည့္ေျမာက္ခဲ့တဲ့ ဒုတိယေျမာက္ အာဆင္နယ္နည္းျပ ျဖစ္လာခဲ့ၿပီျဖစ္ၿပီး ဒီစံခ်ိန္ကို ရရွိဖို႔ ၉၈ ပြဲ အခ်ိန္ယူခဲ့ရတာျဖစ္ပါတယ္။

အာတီတာရဲ႕ စံခ်ိန္ထက္ ပိုမိုသာလြန္တဲ့သူဆိုလို႔ အာဆင္နယ္ဂႏၲဝင္နည္းျပႀကီး အာစင္ဝင္းဂါးတစ္ဦးတည္းသာ ရွိၿပီး ျပင္သစ္လူမ်ိဳးနည္းျပႀကီးဟာ လိဂ္ႏိုင္ပြဲ ၅၀ ရရွိဖို႔ ၉၄ ပြဲသာ အခ်ိန္ယူခဲ့ရတာ ျဖစ္ပါတယ္။

ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္က ရရွိခဲ့တဲ့ စံခ်ိန္ဟာ အာတီတာအေနနဲ႔ ဘယ္ေလာက္ေကာင္းမြန္တဲ့အလုပ္ကို လုပ္ႏိုင္ခဲ့လဲဆိုတာ စကားေျပာေနတာျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပဟာ အူႏိုင္း အမ္မရီလက္ေအာက္မွာ ဖ႐ိုဖရဲျဖစ္ေနတဲ့အသင္းကို ၿဖိဳခ်ၿပီး အေျခခံကေန ျပန္တည္ေဆာက္ခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္နည္းျပႀကီး အာစင္ဝင္းဂါးလည္း အလားတူအေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ၁၉၉၆ ခုႏွစ္ ေဆာင္းဦးမွာ ေျမာက္လန္ဒန္ကို ေရာက္ရွိလာၿပီးေနာက္ အ႐ိုးစြဲေနတဲ့ ကြင္းတြင္းသာမက ကြင္းျပင္ပက အက်င့္ဆိုးေတြကို နည္းလမ္းေပါင္းစုံနဲ႔ ေတာ္လွန္ခဲ့ရတာျဖစ္ပါတယ္။

အာစင္ဝင္းဂါးဟာ ၂ ႏွစ္အတြင္းမွာ အာဆင္နယ္အသင္းကို ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလား ၂ ႀကိမ္ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး အာတီတာဟာ ႀကီးမားတဲ့ အရည္အေသြးေတြကို ပိုင္ဆိုင္ထားတဲ့ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ေၾကာင့္ ပိုမို ခက္ခဲတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ခဲ့ရေပမယ့္ ၎ရဲ႕ စံခ်ိန္ဟာ အာစင္ဝင္းဂါးနဲ႔ ႏႈိင္းယွဥ္ရင္ အသင္းက မွန္ကန္တဲ့ဦးတည္ခ်က္အတိုင္းသြားေနတယ္ဆိုတာ ရွင္းရွင္းလင္းလင္း ၫႊန္ျပေနတာျဖစ္ပါတယ္။

အာတီတာဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ ပထမဆုံး ပြဲစဥ္ကို စတင္ကိုင္တြယ္ခဲ့ၿပီး ၎ရဲ႕ ပရီးမီးယားလိဂ္ႏိုင္ပြဲ ၅၀ ထက္ ပိုမို အႏိုင္ရရွိခဲ့တဲ့ နည္းျပဆိုလို႔ ပက္ ဂြါဒီယိုလာ(ပြဲ ၇၀)၊ ယာဂန္ ကေလာ့ပ္(၆၄ ပြဲ)တို႔သာ ရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.