Premier League

ဒီရာသီ ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် လူငယ်ကြယ်ပွင့်လေးများ

ပရီးမီးယားလိဂ် ၂၀၂၂-၂၀၂၃ ရာသီဟာ စတင်ခဲ့ပြီဖြစ်ပြီး ကလပ်အသင်းတွေဟာ ၎င်းတို့ရဲ့ အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် ကူညီပေးမယ့် သူရဲကောင်းသစ်တွေကို နိုင်ငံတလွှား ရှာဖွေနေကြပြီဖြစ်ပါတယ်။

သာမန်အားဖြင့် အများစုဟာ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေအပေါ်မှာပဲ အာရုံရှိကြပေမယ့် ဆယ်ကျော်သက်ကြယ်ပွင့်လေးတွေအနေနဲ့ ပထမအသင်းမှာ ပါဝင်ကစားခွင့် ရရှိပြီး ချက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်တာကို ကြည့်ရတာထက် ပိုကောင်းတာ မရှိတော့တာဖြစ်ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းတွေရဲ့ ပထမအသင်းထဲမှာ ပါဝင်ခွင့်ရလာတဲ့ ဆယ်ကျော်သက်လူငယ်ကြယ်ပွင့်လေးတွေများစွာရှိနေပြီး အဲဒီလို လူငယ်ကစားသမားတွေ အများအပြားရှိတဲ့အထဲက စောင့်ကြည့်ရမယ့် လူငယ်ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

စတက်ဖင် ဘက်ဆီတစ်(လီဗာပူးလ်)

လီဗာပူးလ်အသင်းဟာ ဘက်ဆီတစ်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ မာဆေးဆိုဒ်ကို ခေါ်ယူခဲ့ပြီး စပိန်လူငယ်ကြယ်ပွင့်ကစားသမားရဲ့ တိုးတက်လာမှုဟာ အဲဒီအချိန်ကတည်းက အထင်ကြီးစရာ ကောင်းခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်နေရာမှာရော ဗဟိုခံစစ်နေရာမှာပါ ကစားပေးနိုင်တဲ့ အသက် ၁၇ နှစ်အရွယ် ကစားသမားဟာ ရာသီကြိုကာလကို ကလော့ပ်ရဲ့ ပထမအသင်းနဲ့ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး ချစ်ကြည်ရေးပွဲစဉ်တွေမှာ ပါဝင်ကစားပေးပြီးလည်း အထင်ကြီးအောင် လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဘက်ဆီတစ်အနေနဲ့ ယခုရာသီ အချိန်တစ်ခုမှာ အသင်းအတွက် တကယ့်ပြိုင်ပွဲမှာ ပွဲဦးထွက် ကစားခွင့် ရရှိခဲ့မယ်ဆိုရင်တော့ အန်းဖီးက ဖာဘင်ညိုရဲ့ နေရာမှာ ကာလရှည်အစားထိုးမှုဖြစ်နိုင်ခြေရှိသူလို့ သတ်မှတ်ခံထားရတာက အံ့အားသင့်စရာမဟုတ်တော့မှာဖြစ်ပါတယ်။

ကာနေး ချူကူမီကာ(ချဲလ်ဆီး)

ယခုရာသီ စောင့်ကြည့်ရမယ့် ဆယ်ကျော်သက်ကြယ်ပွင့်တွေထဲမှာ ပရီးမီးယားလိဂ်အတွေ့အကြုံအရှိဆုံး ကစားသမားဖြစ်တဲ့ ချူကူမီကာဟာ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းပယ်ခဲ့ပြီးနောက် အက်စတန် ဗီလာရဲ့ ရာသီကြိုခရီးစဉ်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရသူဖြစ်ပြီး အင်္ဂလန်ယူ-၁၉ ကြယ်ပွင့်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ အေစီမီလန်တို့ အပြင်းအထန် ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ ချူကူမီကာအတွက် ပေါင်သန်း ၂၀ နဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး အနောက်လန်ဒန်အသင်းအနေနဲ့ လူငယ်ကစားသမားကို ပထမအသင်းမှာ ပါဝင်ကစားနိုင်မယ့် အခွင့်အရေး ရရှိစေဖို့ အငှားချသွားမလားဆိုတော့ သေချာမသိရသေးတာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးပရိသတ်တွေအနေနဲ့ ချူကူမီကာရဲ့ စွမ်းဆောင်ရည်ကို အနီးကပ်မြင်တွေ့ရတော့မှာကြောင့် ဝမ်းသာသင့်တာဖြစ်ပါတယ်။

လီယမ် ဒီလပ်(မန်စီးတီး)

ပြီးခဲ့တဲ့ရာသီဟာ ဒီလပ်ရဲ့ စီနီယာကစားသမားဘဝ ရရှိမယ့်ရာသီလို့ မျှော်မှန်းခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေက နှောင့်ယှက်ခဲ့ကြတာကြောင့် ဒီရာသီမှာတော့ သက်သေပြသဖို့ ဆာလောင်နေမှာဖြစ်ပါတယ်။ အာလင်း ဟာလန်းနဲ့ နှိုင်းယှဉ်ခြင်းခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ယခုနွေရာသီမှာ နော်ဝေတိုက်စစ်မှူး ရောက်ရှိလာပြီးနောက် မန်စီးတီးမှာ ပါဝင်ကစားပေးခွင့်ရရှိဖွယ်မရှိတော့ဘဲ အငှားချရဖို့ များနေပြီဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ ဒီလပ်ကို အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် စီးတီးက ပယ်ချခဲ့ပြီး လူငယ်တိုက်စစ်ကစားသမားဟာ ချန်ပီယံရှစ်ကို ဆင်းကစားဖို့ထက် ယခုရာသီမှာ ပရီးမီးယားလိဂ်အတွေ့အကြုံ ရရှိမယ်လို့ မျှော်လင့်ရပါတယ်။

အလက်ဟန်းဒရိုး ဂါနာချို(မန်ချက်စတာယူနိုက်တက်)

ပြီးခဲ့တဲ့ရာသီ လူငယ်အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့တဲ့ ဂါနာချိုဟာ ရာသီနောက်ဆုံးအပတ်မှာ ပထမအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်နဲ့ ဆုချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ဂိုးသွင်းကောင်းရုံတင်မကဘဲ ဂန္တဝင်ဂိုးသွင်းအောင်ပွဲခံဟန်တွေကိုပါ အတုခိုးတတ်တဲ့အကျင့်ကြောင့် ပရိသတ်တွေကြားမှာ လူသိများကျော်ကြားလာခဲ့သူဖြစ်ပါတယ်။ ရာသီကြိုကာလမှာ မန်ချက်စတာယူနိုက်တက်လူစာရင်းထဲ ပါဝင်ခဲ့တဲ့ ဂါနာချိုဟာ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက် ယူ-၂၁ အသင်းမှာ တန်ဟက်ဂ်ရဲ့ အထင်ကြီးမှုရရှိအောင် ဆက်လက်လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

မာကင်ညို့စ်(အာဆင်နယ်)

အာဆင်နယ်ရဲ့ ပထမဆုံး နွေရာသီကစားသမားခေါ်ယူမှုဖြစ်ခဲ့တဲ့ မာကင်ညို့စ်ဟာ ဇွန်လမှာ ဆော်ပေါ်လိုအသင်းကနေ ပေါင် ၃ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ကစားသမားဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ဂါဘရီယယ်လ် မာတီနယ်လီရဲ့ ခြေရာအတိုင်း လိုက်နင်းနိုင်မယ့်သူလို့ တစ်ကြိုပေးခြင်းခံခဲ့ရပြီး ၎င်းရဲ့ မြန်နှုန်း၊ အဆုံးသတ်စွမ်းရည်ဟာ ဘရာဇီးလ်တိုက်စစ်မှူးနဲ့ သိပ်မကွာခြားတာဖြစ်ပါတယ်။ အဲဒီလို ဆိုပေမယ့်လည်း မာကင်ညို့စ်ဟာ ရွေးချယ်စရာ အရည်အချင်းရှိ ကစားသမားတွေ အများအပြားရှိနေတဲ့ အာတီတာရဲ့ လူစာရင်းကြောင့် ယခုရာသီမှာ အခွင့်အရေး ရရှိဖို့အတွက်တော့ စောင့်ဆိုင်းရဖွယ်ရှိနေပြီး ဖလားပွဲစဉ်တွေမှာတော့ အထင်ကြီးအောင် လုပ်ပြခွင့် ရရှိဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပရီးမီးယားလိဂ္ ၂၀၂၂-၂၀၂၃ ရာသီဟာ စတင္ခဲ့ၿပီျဖစ္ၿပီး ကလပ္အသင္းေတြဟာ ၎တို႔ရဲ႕ အိပ္မက္ေတြကို အမွန္တကယ္ျဖစ္လာေအာင္ ကူညီေပးမယ့္ သူရဲေကာင္းသစ္ေတြကို ႏိုင္ငံတလႊား ရွာေဖြေနၾကၿပီျဖစ္ပါတယ္။

သာမန္အားျဖင့္ အမ်ားစုဟာ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့တဲ့ ကစားသမားေတြအေပၚမွာပဲ အာ႐ုံရွိၾကေပမယ့္ ဆယ္ေက်ာ္သက္ၾကယ္ပြင့္ေလးေတြအေနနဲ႔ ပထမအသင္းမွာ ပါဝင္ကစားခြင့္ ရရွိၿပီး ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈ ျပသႏိုင္တာကို ၾကည့္ရတာထက္ ပိုေကာင္းတာ မရွိေတာ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ပရီးမီးယားလိဂ္ထိပ္သီးကလပ္အသင္းေတြရဲ႕ ပထမအသင္းထဲမွာ ပါဝင္ခြင့္ရလာတဲ့ ဆယ္ေက်ာ္သက္လူငယ္ၾကယ္ပြင့္ေလးေတြမ်ားစြာရွိေနၿပီး အဲဒီလို လူငယ္ကစားသမားေတြ အမ်ားအျပားရွိတဲ့အထဲက ေစာင့္ၾကည့္ရမယ့္ လူငယ္ကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

စတက္ဖင္ ဘက္ဆီတစ္(လီဗာပူးလ္)

လီဗာပူးလ္အသင္းဟာ ဘက္ဆီတစ္ကို ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလမွာ မာေဆးဆိုဒ္ကို ေခၚယူခဲ့ၿပီး စပိန္လူငယ္ၾကယ္ပြင့္ကစားသမားရဲ႕ တိုးတက္လာမႈဟာ အဲဒီအခ်ိန္ကတည္းက အထင္ႀကီးစရာ ေကာင္းခဲ့တာျဖစ္ပါတယ္။ ကြင္းလယ္ခံစစ္ေနရာမွာေရာ ဗဟိုခံစစ္ေနရာမွာပါ ကစားေပးႏိုင္တဲ့ အသက္ ၁၇ ႏွစ္အ႐ြယ္ ကစားသမားဟာ ရာသီႀကိဳကာလကို ကေလာ့ပ္ရဲ႕ ပထမအသင္းနဲ႔ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး ခ်စ္ၾကည္ေရးပြဲစဥ္ေတြမွာ ပါဝင္ကစားေပးၿပီးလည္း အထင္ႀကီးေအာင္ လုပ္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘက္ဆီတစ္အေနနဲ႔ ယခုရာသီ အခ်ိန္တစ္ခုမွာ အသင္းအတြက္ တကယ့္ၿပိဳင္ပြဲမွာ ပြဲဦးထြက္ ကစားခြင့္ ရရွိခဲ့မယ္ဆိုရင္ေတာ့ အန္းဖီးက ဖာဘင္ညိဳရဲ႕ ေနရာမွာ ကာလရွည္အစားထိုးမႈျဖစ္ႏိုင္ေျခရွိသူလို႔ သတ္မွတ္ခံထားရတာက အံ့အားသင့္စရာမဟုတ္ေတာ့မွာျဖစ္ပါတယ္။

ကာေနး ခ်ဴကူမီကာ(ခ်ဲလ္ဆီး)

ယခုရာသီ ေစာင့္ၾကည့္ရမယ့္ ဆယ္ေက်ာ္သက္ၾကယ္ပြင့္ေတြထဲမွာ ပရီးမီးယားလိဂ္အေတြ႕အႀကဳံအရွိဆုံး ကစားသမားျဖစ္တဲ့ ခ်ဴကူမီကာဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းပယ္ခဲ့ၿပီးေနာက္ အက္စတန္ ဗီလာရဲ႕ ရာသီႀကိဳခရီးစဥ္လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရသူျဖစ္ၿပီး အဂၤလန္ယူ-၁၉ ၾကယ္ပြင့္ကို ေခၚယူဖို႔ ဘာစီလိုနာနဲ႔ ေအစီမီလန္တို႔ အျပင္းအထန္ ႀကိဳးပမ္းခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္းဟာ ခ်ဴကူမီကာအတြက္ ေပါင္သန္း ၂၀ နဲ႔ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ၿပီး အေနာက္လန္ဒန္အသင္းအေနနဲ႔ လူငယ္ကစားသမားကို ပထမအသင္းမွာ ပါဝင္ကစားႏိုင္မယ့္ အခြင့္အေရး ရရွိေစဖို႔ အငွားခ်သြားမလားဆိုေတာ့ ေသခ်ာမသိရေသးတာျဖစ္ပါတယ္။ အဂၤလန္ေဘာလုံးပရိသတ္ေတြအေနနဲ႔ ခ်ဴကူမီကာရဲ႕ စြမ္းေဆာင္ရည္ကို အနီးကပ္ျမင္ေတြ႕ရေတာ့မွာေၾကာင့္ ဝမ္းသာသင့္တာျဖစ္ပါတယ္။

လီယမ္ ဒီလပ္(မန္စီးတီး)

ၿပီးခဲ့တဲ့ရာသီဟာ ဒီလပ္ရဲ႕ စီနီယာကစားသမားဘဝ ရရွိမယ့္ရာသီလို႔ ေမွ်ာ္မွန္းခဲ့ေပမယ့္ ဒဏ္ရာျပႆနာေတြက ေႏွာင့္ယွက္ခဲ့ၾကတာေၾကာင့္ ဒီရာသီမွာေတာ့ သက္ေသျပသဖို႔ ဆာေလာင္ေနမွာျဖစ္ပါတယ္။ အာလင္း ဟာလန္းနဲ႔ ႏႈိင္းယွဥ္ျခင္းခံခဲ့ရတဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမားဟာ ယခုေႏြရာသီမွာ ေနာ္ေဝတိုက္စစ္မႉး ေရာက္ရွိလာၿပီးေနာက္ မန္စီးတီးမွာ ပါဝင္ကစားေပးခြင့္ရရွိဖြယ္မရွိေတာ့ဘဲ အငွားခ်ရဖို႔ မ်ားေနၿပီျဖစ္ပါတယ္။ ေဆာက္သမ္တန္အသင္းဟာ ဒီလပ္ကို အၿပီးသတ္ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ စီးတီးက ပယ္ခ်ခဲ့ၿပီး လူငယ္တိုက္စစ္ကစားသမားဟာ ခ်န္ပီယံရွစ္ကို ဆင္းကစားဖို႔ထက္ ယခုရာသီမွာ ပရီးမီးယားလိဂ္အေတြ႕အႀကဳံ ရရွိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

အလက္ဟန္းဒ႐ိုး ဂါနာခ်ိဳ(မန္ခ်က္စတာယူႏိုက္တက္)

ၿပီးခဲ့တဲ့ရာသီ လူငယ္အက္ဖ္ေအဖလားၿပိဳင္ပြဲရဲ႕ ၾကယ္ပြင့္တစ္ပြင့္ျဖစ္ခဲ့တဲ့ ဂါနာခ်ိဳဟာ ရာသီေနာက္ဆုံးအပတ္မွာ ပထမအသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားခြင့္နဲ႔ ဆုခ်ီးျမႇင့္ခံခဲ့ရသူ ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္ တိုက္စစ္ကစားသမားဟာ ဂိုးသြင္းေကာင္း႐ုံတင္မကဘဲ ဂႏၲဝင္ဂိုးသြင္းေအာင္ပြဲခံဟန္ေတြကိုပါ အတုခိုးတတ္တဲ့အက်င့္ေၾကာင့္ ပရိသတ္ေတြၾကားမွာ လူသိမ်ားေက်ာ္ၾကားလာခဲ့သူျဖစ္ပါတယ္။ ရာသီႀကိဳကာလမွာ မန္ခ်က္စတာယူႏိုက္တက္လူစာရင္းထဲ ပါဝင္ခဲ့တဲ့ ဂါနာခ်ိဳဟာ လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ ယူ-၂၁ အသင္းမွာ တန္ဟက္ဂ္ရဲ႕ အထင္ႀကီးမႈရရွိေအာင္ ဆက္လက္လုပ္ေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္။

မာကင္ညိဳ႕စ္(အာဆင္နယ္)

အာဆင္နယ္ရဲ႕ ပထမဆုံး ေႏြရာသီကစားသမားေခၚယူမႈျဖစ္ခဲ့တဲ့ မာကင္ညိဳ႕စ္ဟာ ဇြန္လမွာ ေဆာ္ေပၚလိုအသင္းကေန ေပါင္ ၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာတဲ့ကစားသမားျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမားဟာ ဂါဘရီယယ္လ္ မာတီနယ္လီရဲ႕ ေျခရာအတိုင္း လိုက္နင္းႏိုင္မယ့္သူလို႔ တစ္ႀကိဳေပးျခင္းခံခဲ့ရၿပီး ၎ရဲ႕ ျမန္ႏႈန္း၊ အဆုံးသတ္စြမ္းရည္ဟာ ဘရာဇီးလ္တိုက္စစ္မႉးနဲ႔ သိပ္မကြာျခားတာျဖစ္ပါတယ္။ အဲဒီလို ဆိုေပမယ့္လည္း မာကင္ညိဳ႕စ္ဟာ ေ႐ြးခ်ယ္စရာ အရည္အခ်င္းရွိ ကစားသမားေတြ အမ်ားအျပားရွိေနတဲ့ အာတီတာရဲ႕ လူစာရင္းေၾကာင့္ ယခုရာသီမွာ အခြင့္အေရး ရရွိဖို႔အတြက္ေတာ့ ေစာင့္ဆိုင္းရဖြယ္ရွိေနၿပီး ဖလားပြဲစဥ္ေတြမွာေတာ့ အထင္ႀကီးေအာင္ လုပ္ျပခြင့္ ရရွိဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.