Premier League

ပွဲဦးထွက်မှာပဲ ခြေစွမ်းပြပြီး အကောင်းဆုံးဆုနဲ့ ချီးကျူးမှုတွေကို ရခဲ့တဲ့ ဆာလီဘာ

အာဆင်နယ်အသင်းအတွက် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ဒီနေ့ပွဲမှာ ပထမဆုံးအကြိမ် ဒီအသင်းအင်္ကျီကို တရားဝင် ဝတ်ဆင်ပွဲထွက်ခွင့်ရတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ ကျွမ်းကျင်သူတွေက ပေးတဲ့ အကောင်းဆုံးဆုကိုရော ပရီးမီးယားလိဂ်က တရားဝင် ပေးအပ်တဲ့ အကောင်းဆုံးဆု Man of the Match ဆုကိုပါ ရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးရာသီမှာ အငှားထွက်ခဲ့ရပြီး စန်အီတီယန်၊ နိစ်၊ မာဆေးလ်တို့နဲ့ ပြင်သစ်လိဂန်မှာ ကစားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ဒီနေ့မှာတော့ သူ့ကို ပိုင်ဆိုင်ထားတဲ့ ဂန်းနားတွေအတွက် အဝေးကွင်း ဆဲလ်ဟာ့စ်ပါ့ခ်မှာ ပန်းရောင်အင်္ကျီနဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီး အမ်းမရိတ်မှာ အနီရောင်အင်္ကျီနဲ့ ကစားဖို့တော့ လာမယ့် ရက်ပိုင်းအတွင်း ဖြစ်လာတော့မှာပါ။

ဂန်းနားတွေရဲ့ ဇာဟာကို ထိန်းချုပ်ဖို့ ဘန်ဝှိုက်ကို ထိုးကျွေးထားချိန်မှာ ဆာကာနဲ့အတူ အိုင်ဗရီကို့စ်တောင်ပံသမားကို ဘာမှ မလုပ်နိုင်အောင် ဗျင်းခဲ့သူ နောက်တစ်ဦးက ဆာလီဘာဖြစ်သလို တခြားပဲလေ့စ်တိုက်စစ်မှူးတွေဖြစ်တဲ့ အေဒူယာနဲ့ မာတက်တာတို့ကိုလည်း အကောင်းဆုံး တားဆီးနိုင်ခဲ့ပြီး သွေးအေးလွန်းတဲ့ ဖျက်ထုတ်မှုတွေက ရာနှုန်းပြည့်အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆာလီဘာရဲ့ ပဲလေ့စ်နဲ့ပွဲက မှတ်တမ်းမှတ်ရာတွေကတော့ မိနစ် ၉၀ အပြည့်ကစား၊ ဘောလုံးနဲ့အတူ ဖြတ်ကျော်မှု ၁၀၀ ရာခိုင်နှုန်း အောင်မြင်၊ လေထဲမှာ ဘောလုံးယှဉ်လုမှု ၁၀၀ ရာခိုင်နှုန်းအောင်မြင်၊ ပေးပို့မှု ၄၉ ကြိမ် – တိကျမှု ၉၄ ရာခိုင်နှုန်း၊ ဘောလုံးပြန်ဆယ်နိုင်မှု ၇ ကြိမ်၊ တိုက်စစ်ကို ဘောလုံး ပေးပို့မှု ၆ ကြိမ်၊ ရှင်းထုတ်မှု ၆ ကြိမ်၊ တစ်ဦးချင်း လုယူနိုင်မှု ၃ ကြိမ်နဲ့ တစ်ကြိမ်မှ တစ်ဖက်ကစားသမားရဲ့ ဖြတ်ကျော်ခံရမှု မရှိဆိုတာတွေပဲ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင် နောက်ခံလူအတွက် အာဆင်နယ်အသင်းရဲ့ ခါးသီးတဲ့ ပြိုင်ဘက်ဟောင်းနောက်ခံလူတွေဖြစ်ကြတဲ့ ဂယ်ရီ နဗီးလ်နဲ့ ဂျေမီ ကာရေဂါတို့က ငြိမ်နေနိုင်ဘဲ ထုတ်ဖော်ချီးကျူးသွားခဲ့ကြပြီး မန်ယူနိုက်တက်နောက်ခံလူဟောင်းက သူတို့ရဲ့ ရီယို ဖာဒီနန်နဲ့ နှိုင်းယှဉ်သွားခဲ့သလို လီဗာပူးလ်ရဲ့ ခံစစ်မှူးဟောင်းကတော့ သူ့ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုသွားခဲ့တာပါ။

“ဆာလီဘာကို ကြည့်ရတာ ရီယို ဖာဒီနန် ငယ်ငယ်တုန်းက ပုံစံကို ကြည့်နေရသလိုပဲ။ အသက် ၂၁ နှစ်မှာ ဒီလောက်ကောင်းနေပြီး ဒုတိယပိုင်းမှာ ကစားပုံ မကောင်းခဲ့တဲ့ အာဆင်နယ်ကို အနိုင်ရဖို့ စွမ်းဆောင်ပေးသွားနိုင်ခဲ့တယ်”လို့ နဗီးလ်က ဆိုခဲ့သလို ကာရေဂါကတော့ သူ့ကို ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားလို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

နည်းပြ မီခယ်လ် အာတီတာကတော့ “သူ Man of the Match ရတာ သိပ်ကို မှန်တာပေါ့ဗျာ။ တကယ့်ကို အံ့မခန်းပါပဲ။ ခံစစ်မှာ ဂါဘရီယယ်လ်နဲ့ အကောင်းဆုံး နားလည်မှုကို ပြသနိုင်ပြီး အဝေးကွင်းပွဲတစ်ပွဲမှာ ပွဲထွက်ခဲ့ရပေမယ့် တည်ငြိမ်လွန်းနေခဲ့တာပါ။ ကောင်လေးက တကယ့်ကို အသင်းရဲ့ နောက်တန်းမှာ ကြီးမားတဲ့ တည်ရှိမှုကို ပြသနိုင်ခဲ့တာပဲ”လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။

ဆာလီဘာကို နောက်ခံလူကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်သူကတော့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲဖြစ်တဲ့ လီဗာပူးလ်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ပဲဖြစ်ပြီး အာဆင်နယ်ကစားသမားရဲ့ အင်စတာဂရမ်အကောင့်ကို ပွဲအပြီးမှာ စတင် Follow လုပ်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအတြက္ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ဒီေန႔ပြဲမွာ ပထမဆုံးအႀကိမ္ ဒီအသင္းအက်ႌကို တရားဝင္ ဝတ္ဆင္ပြဲထြက္ခြင့္ရတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ ကြၽမ္းက်င္သူေတြက ေပးတဲ့ အေကာင္းဆုံးဆုကိုေရာ ပရီးမီးယားလိဂ္က တရားဝင္ ေပးအပ္တဲ့ အေကာင္းဆုံးဆု Man of the Match ဆုကိုပါ ရရွိသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သုံးရာသီမွာ အငွားထြက္ခဲ့ရၿပီး စန္အီတီယန္၊ နိစ္၊ မာေဆးလ္တို႔နဲ႔ ျပင္သစ္လိဂန္မွာ ကစားခဲ့တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားဟာ ဒီေန႔မွာေတာ့ သူ႔ကို ပိုင္ဆိုင္ထားတဲ့ ဂန္းနားေတြအတြက္ အေဝးကြင္း ဆဲလ္ဟာ့စ္ပါ့ခ္မွာ ပန္းေရာင္အက်ႌနဲ႔ ပြဲထြက္ခဲ့တာျဖစ္ၿပီး အမ္းမရိတ္မွာ အနီေရာင္အက်ႌနဲ႔ ကစားဖို႔ေတာ့ လာမယ့္ ရက္ပိုင္းအတြင္း ျဖစ္လာေတာ့မွာပါ။

ဂန္းနားေတြရဲ႕ ဇာဟာကို ထိန္းခ်ဳပ္ဖို႔ ဘန္ဝႈိက္ကို ထိုးေကြၽးထားခ်ိန္မွာ ဆာကာနဲ႔အတူ အိုင္ဗရီကို႔စ္ေတာင္ပံသမားကို ဘာမွ မလုပ္ႏိုင္ေအာင္ ဗ်င္းခဲ့သူ ေနာက္တစ္ဦးက ဆာလီဘာျဖစ္သလို တျခားပဲေလ့စ္တိုက္စစ္မႉးေတြျဖစ္တဲ့ ေအဒူယာနဲ႔ မာတက္တာတို႔ကိုလည္း အေကာင္းဆုံး တားဆီးႏိုင္ခဲ့ၿပီး ေသြးေအးလြန္းတဲ့ ဖ်က္ထုတ္မႈေတြက ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့တာလည္းျဖစ္ပါတယ္။

ဆာလီဘာရဲ႕ ပဲေလ့စ္နဲ႔ပြဲက မွတ္တမ္းမွတ္ရာေတြကေတာ့ မိနစ္ ၉၀ အျပည့္ကစား၊ ေဘာလုံးနဲ႔အတူ ျဖတ္ေက်ာ္မႈ ၁၀၀ ရာခိုင္ႏႈန္း ေအာင္ျမင္၊ ေလထဲမွာ ေဘာလုံးယွဥ္လုမႈ ၁၀၀ ရာခိုင္ႏႈန္းေအာင္ျမင္၊ ေပးပို႔မႈ ၄၉ ႀကိမ္ – တိက်မႈ ၉၄ ရာခိုင္ႏႈန္း၊ ေဘာလုံးျပန္ဆယ္ႏိုင္မႈ ၇ ႀကိမ္၊ တိုက္စစ္ကို ေဘာလုံး ေပးပို႔မႈ ၆ ႀကိမ္၊ ရွင္းထုတ္မႈ ၆ ႀကိမ္၊ တစ္ဦးခ်င္း လုယူႏိုင္မႈ ၃ ႀကိမ္နဲ႔ တစ္ႀကိမ္မွ တစ္ဖက္ကစားသမားရဲ႕ ျဖတ္ေက်ာ္ခံရမႈ မရွိဆိုတာေတြပဲ ျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူအတြက္ အာဆင္နယ္အသင္းရဲ႕ ခါးသီးတဲ့ ၿပိဳင္ဘက္ေဟာင္းေနာက္ခံလူေတြျဖစ္ၾကတဲ့ ဂယ္ရီ နဗီးလ္နဲ႔ ေဂ်မီ ကာေရဂါတို႔က ၿငိမ္ေနႏိုင္ဘဲ ထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့ၾကၿပီး မန္ယူႏိုက္တက္ေနာက္ခံလူေဟာင္းက သူတို႔ရဲ႕ ရီယို ဖာဒီနန္နဲ႔ ႏႈိင္းယွဥ္သြားခဲ့သလို လီဗာပူးလ္ရဲ႕ ခံစစ္မႉးေဟာင္းကေတာ့ သူ႔ရဲ႕ တည္ရွိမႈကို အသိအမွတ္ျပဳသြားခဲ့တာပါ။

“ဆာလီဘာကို ၾကည့္ရတာ ရီယို ဖာဒီနန္ ငယ္ငယ္တုန္းက ပုံစံကို ၾကည့္ေနရသလိုပဲ။ အသက္ ၂၁ ႏွစ္မွာ ဒီေလာက္ေကာင္းေနၿပီး ဒုတိယပိုင္းမွာ ကစားပုံ မေကာင္းခဲ့တဲ့ အာဆင္နယ္ကို အႏိုင္ရဖို႔ စြမ္းေဆာင္ေပးသြားႏိုင္ခဲ့တယ္”လို႔ နဗီးလ္က ဆိုခဲ့သလို ကာေရဂါကေတာ့ သူ႔ကို ဒီပြဲရဲ႕ အေကာင္းဆုံး ကစားသမားလို႔ ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

နည္းျပ မီခယ္လ္ အာတီတာကေတာ့ “သူ Man of the Match ရတာ သိပ္ကို မွန္တာေပါ့ဗ်ာ။ တကယ့္ကို အံ့မခန္းပါပဲ။ ခံစစ္မွာ ဂါဘရီယယ္လ္နဲ႔ အေကာင္းဆုံး နားလည္မႈကို ျပသႏိုင္ၿပီး အေဝးကြင္းပြဲတစ္ပြဲမွာ ပြဲထြက္ခဲ့ရေပမယ့္ တည္ၿငိမ္လြန္းေနခဲ့တာပါ။ ေကာင္ေလးက တကယ့္ကို အသင္းရဲ႕ ေနာက္တန္းမွာ ႀကီးမားတဲ့ တည္ရွိမႈကို ျပသႏိုင္ခဲ့တာပဲ”လို႔ ခ်ီးက်ဴးေျပာၾကားသြားခဲ့ပါတယ္။

ဆာလီဘာကို ေနာက္ခံလူေကာင္းတစ္ေယာက္အျဖစ္ အသိအမွတ္ျပဳလိုက္သူကေတာ့ ပရီးမီးယားလိဂ္ရဲ႕ နာမည္ႀကီး ဒိတ္ဒိတ္ႀကဲျဖစ္တဲ့ လီဗာပူးလ္ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ပဲျဖစ္ၿပီး အာဆင္နယ္ကစားသမားရဲ႕ အင္စတာဂရမ္အေကာင့္ကို ပြဲအၿပီးမွာ စတင္ Follow လုပ္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.