Analysis Match Report Premier League

ပဲလေ့စ် 0-2 အာဆင်နယ်ပွဲရဲ့ ထူးခြားထင်ရှား တွေ့မြင်မိသည့် အချက်များ

ဂျေဆူးစ် ပြောင်းလဲခဲ့တဲ့ တိုက်စစ်
အာဆင်နယ်ရဲ့ တိုက်စစ်မှာ ဂါဘရီယယ်လ် ဂျေးဆူးစ်က ရှေ့က တိုက်စစ်မှူးတွေမှာ မရှိတဲ့ ကွာလတီမျိုးနဲ့ အစွမ်းပြနေခဲ့တာပါ။ နောက်တန်းအထိ ဘောလုံးဆင်းယူဖို့ အသင့်ရှိသလို တောင်ပံဆိုရင်လည်း တစ်ခြမ်းသတ်သတ်မှတ်မှတ် နေရာယူတာမျိုး မရှိဘဲ အသင်းဖော်တွေအပေါ် မူတည်ပြီး ပြောင်းလဲကစားခဲ့တဲ့ ဘရာဇီးလ်သားကို လှုပ်လိုက်တိုင်းသာ ဘောလုံးထည့်ပေးနိုင်ခဲ့ရင် ဒီနေ့မှာ အာဆင်နယ်တို့ ဂိုးရဖို့ ဒီလောက်ခက်မှာ မဟုတ်ပါဘူး။ ဂျေဆူးစ်အနေနဲ့ ဂိုးမရခဲ့ပေမယ့် နေရာလွတ်တွေ အများကြီး ရှာဖွေပေးနိုင်ခဲ့ပြီး အော်ဒီဂွါဒ်နဲ့ ဆာကာတို့သာ ခြေပျက်မနေခဲ့ရင် ဒီနေ့ကပွဲက ဂိုးပြတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ကျောက်ဆောင်ကြီးလို ခံစစ်မာစတာ ဆာလီဘာ
ပြီးခဲ့တဲ့ သုံးနှစ်စလုံး အာဆင်နယ်ကနေ အဝေးလွင့်နေခဲ့ပြီး ပရိသတ်တွေကတော့ လူငယ်ခြေတက်တစ်ယောက် ငါတို့အသင်းက လက်လွှတ်ဖို့ ဖြစ်တော့မှာပဲလို့ ထင်ခဲ့တဲ့ ဆာလီဘာကတော့ ဒီနေ့ပွဲမှာ ဂန်းနားတွေအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တာပါ။ ခုမှ စကစားဖူးတဲ့ ပရီးမီးယားလိဂ်မှာ ပြခဲ့တဲ့ ခြေစွမ်းကတော့ ဝါရင့်တွေထက်တောင် သာလွန်ခဲ့သလို ဇာဟာရဲ့ ဘယ်ခြမ်းနဲ့ မာတက်တာ၊ အေဒူယာတို့ရဲ့ ဗဟိုတိုက်စစ်တွေကို အကောင်းဆုံး ပိတ်ဆို့ပြီး ကြံ့ခိုင်မှု၊ လျင်မြန်မှု၊ တည်ငြိမ်မှု၊ ရဲရင့်မှုတွေအားလုံးမှာ အစမ်းသပ်ခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘန်ဝှိုက်နဲ့ ချိန်ညှိရဦးမယ့် အာဆင်နယ်
ညာနောက်ခံလူအဖြစ် ပွဲထွက်ကစားခဲ့တဲ့ ဘန်ဝှိုက်အနေနဲ့ ဒီနေ့မှာ ဇာဟာကို ပိတ်ဆို့ထားနိုင်ခဲ့ပေမယ့် အကဲဖြတ် အမှတ်ပေးမှုပိုင်းမှာတော့ မှတ်ချက်ပေးဖို့ ရှုပ်ထွေးနေခဲ့တာပါ။ ခံစစ်ပိုင်းမှာ စိတ်ချရပေမယ့် တိုက်စစ်လိုက်ပါမှု အားနည်းတဲ့အတွက် ဆာကာ၊ အော်ဒီဂွါဒ်တို့နှစ်ယောက် ကစားပေါက် ကျပ်နေခဲ့ချိန်မှာ မကူညီနိုင်ခဲ့ဘဲ အာဆင်နယ်တို့ ညာတစ်ခြမ်းသေသွားခဲ့တာဖြစ်ပါတယ်။ တိုမီယာစု ပြန်လာရင်တော့ အာတီတာအနေနဲ့ အပြောင်းအလဲ လုပ်ကောင်းလုပ်လာနိုင်ပြီး နည်းစနစ်ပိုင်းအရတော့ အဖြေရှာဖို့ လိုအပ်နေခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆွဲ ပဲလေ့စ်နဲ့ မှတ်တမ်းဆိုးကို ချေဖျက်တဲ့ ဂန်းနား
ပဲလေ့စ်တွေအနေနဲ့ ဒီနှစ်ပိုင်းတွေမှာ အာဆင်နယ်ကို ရလဒ်မကောင်းအောင် နောက်ကနေ အကြိမ်ကြိမ် ဆွဲချနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံး ၈ ကြိမ်တွေ့ဆုံမှုမှာ တစ်ကြိမ်သာ အနိုင်ရထားခဲ့ပြီး ဧပြီလတုန်းက သုံးဂိုး-ဂိုးမရှိနဲ့ ဆဲလ်ဟာ့စ်ပါ့ခ်မှာ အကြိတ်ခံခဲ့ရတာက ဒီပွဲအတွက် ရင်ဆိုင်ရ ခက်ခဲစေခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မာတီနယ်လီရဲ့ အဖွင့်ဂိုးမှာ ပဲလေ့စ်တို့ကို အလစ်အငိုက် ထိုးနှက်နိုင်ခဲ့ပြီး ရာသီအဖွင့်တွေမှာ အဝေးကွင်း ရလဒ်မကောင်းတဲ့ မှတ်တမ်းဆိုးကိုပါ ချေဖျက်နိုင်ခဲ့ပါတယ်။

အဝေးကွင်းရလဒ်တွေ ပြန်ကောင်းလာတော့မှာလား
အာဆင်နယ်တို့ရဲ့ ဒီနေ့ကစားသွားတဲ့ ပုံစံကတော့ ရိုးရှင်းပြီး ကစားအားချင်း မယှဉ်နိုင်ခဲ့တဲ့ ပဲလေ့စ်ကို အတင်းအကြပ်လုပ်ပြီး ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်တဲ့ Suicide လမ်းစဉ်ကို ရှောင်လွှဲသွားခဲ့တာဖြစ်ပါတယ်။ ထိုက်ကျိသိုင်းလို သူ့အရှိန်နဲ့သူပဲ လည်ပတ်ပြီး အမာအားကို အပျော့အားနဲ့ သက်သက်သာသာ တုံ့ပြန်သလောက်တော့ မပျောင်းနွဲ့ပေမယ့် ဂန်းနားတွေရဲ့ ကစားပုံက ပါးနပ်ခဲ့တယ်လို့ ပြောရမှာပါ။ ဆာကာ‌ ခြေစွမ်းမပြနိုင်ပေမယ့် အနိုင်ပြတ်သားစေမယ့် ဂိုးကိုတော့ စတင်ပေးနိုင်ခဲ့ပြီး မနှစ်က အဝေးကွင်းရလဒ်ဆိုးတွေကြောင့် ချန်ပီယံလိဂ် အနံ့ပျောက်ခဲ့တာကို ဒီနှစ်မှာ ကုသဖို့ ဆေးတွေ့ပြီလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဗီယာရာရဲ့ စံချိန်ကို ဖျက်တဲ့ မာတီနယ်လီ
ပဲလေ့စ်တို့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီ ပိတ်သိမ်းချိန်မှာ အကောင်းဆုံး အိမ်ကွင်းပုံစံကို ပြသနိုင်ခဲ့ပြီး မန်စီးတီး၊ မန်ယူနိုက်တက်၊ အာဆင်နယ်တို့လို ပြိုင်ဘက်တွေ ပါဝင်တဲ့ နောက်ဆုံး ၅ ပွဲကို တစ်ဂိုးမှ မပေးဘဲ Clean Sheet ကစားနိုင်ခဲ့တာက နည်းပြ ပက်ထရစ် ဗီယာရာအဖို့ ဂုဏ်တက်စရာဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီအစမှာတော့ သူတို့ရဲ့ မှတ်တမ်းက မိနစ် ၂၀ ကစားအပြီးမှာ ကျိုးပျက်ခဲ့ရပြီး မာတီနယ်လီရဲ့ အနီးကပ် ခေါင်းတိုက်ချက်က အိမ်ရှင်တွေအတွက် ခါးသီးလွန်းခဲ့တာဖြစ်ပါတယ်။

ကာရေဂါတောင် မ,ယူရတဲ့ အာတီတာဘော
အာဆင်နယ်အတွက်ဆို နှစ်ဆယ့်လေးနာရီ ခုနစ်ရက်၊ မကောင်းပြောဖို့ အဆင်သင့် ရှိနေခဲ့သူက လီဗာပူးလ်နောက်ခံကစားသမားဟောင်း ဂျေမီ ကာရေဂါလို့ ပရိသတ်တွေ ပြောစမှတ် ပြုကြပါတယ်။ ဒါပေမယ့် ပထမပိုင်း ၃၅ မိနစ်လောက်အထိ ပွဲကို စိုးမိုးထားခဲ့တဲ့ ပုံစံ အိမ်ရှင်တွေကို ဖိအားကြီးကြီး ဝင်စေနိုင်ခဲ့ပြီး ကာရေဂါကတောင် မနေနိုင် မထိုင်နိုင်နဲ့ “ဒီပွဲ ကစားပုံကို ကြည့်ရတာ မိနစ် ၂၀ – နာရီဝက်လောက်အထိ လီဗာပူးလ်လား၊ မန်စီးတီးလားလို့ မေးရမလို ဖြစ်ခဲ့ပါတယ်”လို့ Arteta Ball ကစားကွက်အတွက် ထုတ်ဖော်ချီးကျူးခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဂ်ဆူးစ္ ေျပာင္းလဲခဲ့တဲ့ တိုက္စစ္
အာဆင္နယ္ရဲ႕ တိုက္စစ္မွာ ဂါဘရီယယ္လ္ ေဂ်းဆူးစ္က ေရွ႕က တိုက္စစ္မႉးေတြမွာ မရွိတဲ့ ကြာလတီမ်ိဳးနဲ႔ အစြမ္းျပေနခဲ့တာပါ။ ေနာက္တန္းအထိ ေဘာလုံးဆင္းယူဖို႔ အသင့္ရွိသလို ေတာင္ပံဆိုရင္လည္း တစ္ျခမ္းသတ္သတ္မွတ္မွတ္ ေနရာယူတာမ်ိဳး မရွိဘဲ အသင္းေဖာ္ေတြအေပၚ မူတည္ၿပီး ေျပာင္းလဲကစားခဲ့တဲ့ ဘရာဇီးလ္သားကို လႈပ္လိုက္တိုင္းသာ ေဘာလုံးထည့္ေပးႏိုင္ခဲ့ရင္ ဒီေန႔မွာ အာဆင္နယ္တို႔ ဂိုးရဖို႔ ဒီေလာက္ခက္မွာ မဟုတ္ပါဘူး။ ေဂ်ဆူးစ္အေနနဲ႔ ဂိုးမရခဲ့ေပမယ့္ ေနရာလြတ္ေတြ အမ်ားႀကီး ရွာေဖြေပးႏိုင္ခဲ့ၿပီး ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔သာ ေျခပ်က္မေနခဲ့ရင္ ဒီေန႔ကပြဲက ဂိုးျပတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေက်ာက္ေဆာင္ႀကီးလို ခံစစ္မာစတာ ဆာလီဘာ
ၿပီးခဲ့တဲ့ သုံးႏွစ္စလုံး အာဆင္နယ္ကေန အေဝးလြင့္ေနခဲ့ၿပီး ပရိသတ္ေတြကေတာ့ လူငယ္ေျခတက္တစ္ေယာက္ ငါတို႔အသင္းက လက္လႊတ္ဖို႔ ျဖစ္ေတာ့မွာပဲလို႔ ထင္ခဲ့တဲ့ ဆာလီဘာကေတာ့ ဒီေန႔ပြဲမွာ ဂန္းနားေတြအတြက္ စတင္ပြဲထြက္ခြင့္ရခဲ့တာပါ။ ခုမွ စကစားဖူးတဲ့ ပရီးမီးယားလိဂ္မွာ ျပခဲ့တဲ့ ေျခစြမ္းကေတာ့ ဝါရင့္ေတြထက္ေတာင္ သာလြန္ခဲ့သလို ဇာဟာရဲ႕ ဘယ္ျခမ္းနဲ႔ မာတက္တာ၊ ေအဒူယာတို႔ရဲ႕ ဗဟိုတိုက္စစ္ေတြကို အေကာင္းဆုံး ပိတ္ဆို႔ၿပီး ႀကံ့ခိုင္မႈ၊ လ်င္ျမန္မႈ၊ တည္ၿငိမ္မႈ၊ ရဲရင့္မႈေတြအားလုံးမွာ အစမ္းသပ္ခံႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘန္ဝႈိက္နဲ႔ ခ်ိန္ညႇိရဦးမယ့္ အာဆင္နယ္
ညာေနာက္ခံလူအျဖစ္ ပြဲထြက္ကစားခဲ့တဲ့ ဘန္ဝႈိက္အေနနဲ႔ ဒီေန႔မွာ ဇာဟာကို ပိတ္ဆို႔ထားႏိုင္ခဲ့ေပမယ့္ အကဲျဖတ္ အမွတ္ေပးမႈပိုင္းမွာေတာ့ မွတ္ခ်က္ေပးဖို႔ ရႈပ္ေထြးေနခဲ့တာပါ။ ခံစစ္ပိုင္းမွာ စိတ္ခ်ရေပမယ့္ တိုက္စစ္လိုက္ပါမႈ အားနည္းတဲ့အတြက္ ဆာကာ၊ ေအာ္ဒီဂြါဒ္တို႔ႏွစ္ေယာက္ ကစားေပါက္ က်ပ္ေနခဲ့ခ်ိန္မွာ မကူညီႏိုင္ခဲ့ဘဲ အာဆင္နယ္တို႔ ညာတစ္ျခမ္းေသသြားခဲ့တာျဖစ္ပါတယ္။ တိုမီယာစု ျပန္လာရင္ေတာ့ အာတီတာအေနနဲ႔ အေျပာင္းအလဲ လုပ္ေကာင္းလုပ္လာႏိုင္ၿပီး နည္းစနစ္ပိုင္းအရေတာ့ အေျဖရွာဖို႔ လိုအပ္ေနခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္ဆြဲ ပဲေလ့စ္နဲ႔ မွတ္တမ္းဆိုးကို ေခ်ဖ်က္တဲ့ ဂန္းနား
ပဲေလ့စ္ေတြအေနနဲ႔ ဒီႏွစ္ပိုင္းေတြမွာ အာဆင္နယ္ကို ရလဒ္မေကာင္းေအာင္ ေနာက္ကေန အႀကိမ္ႀကိမ္ ဆြဲခ်ေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေနာက္ဆုံး ၈ ႀကိမ္ေတြ႕ဆုံမႈမွာ တစ္ႀကိမ္သာ အႏိုင္ရထားခဲ့ၿပီး ဧၿပီလတုန္းက သုံးဂိုး-ဂိုးမရွိနဲ႔ ဆဲလ္ဟာ့စ္ပါ့ခ္မွာ အႀကိတ္ခံခဲ့ရတာက ဒီပြဲအတြက္ ရင္ဆိုင္ရ ခက္ခဲေစခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ မာတီနယ္လီရဲ႕ အဖြင့္ဂိုးမွာ ပဲေလ့စ္တို႔ကို အလစ္အငိုက္ ထိုးႏွက္ႏိုင္ခဲ့ၿပီး ရာသီအဖြင့္ေတြမွာ အေဝးကြင္း ရလဒ္မေကာင္းတဲ့ မွတ္တမ္းဆိုးကိုပါ ေခ်ဖ်က္ႏိုင္ခဲ့ပါတယ္။

အေဝးကြင္းရလဒ္ေတြ ျပန္ေကာင္းလာေတာ့မွာလား
အာဆင္နယ္တို႔ရဲ႕ ဒီေန႔ကစားသြားတဲ့ ပုံစံကေတာ့ ႐ိုးရွင္းၿပီး ကစားအားခ်င္း မယွဥ္ႏိုင္ခဲ့တဲ့ ပဲေလ့စ္ကို အတင္းအၾကပ္လုပ္ၿပီး ကိုယ့္ကိုကိုယ္ ဒုကၡေရာက္ေအာင္လုပ္တဲ့ Suicide လမ္းစဥ္ကို ေရွာင္လႊဲသြားခဲ့တာျဖစ္ပါတယ္။ ထိုက္က်ိသိုင္းလို သူ႔အရွိန္နဲ႔သူပဲ လည္ပတ္ၿပီး အမာအားကို အေပ်ာ့အားနဲ႔ သက္သက္သာသာ တုံ႔ျပန္သေလာက္ေတာ့ မေပ်ာင္းႏြဲ႕ေပမယ့္ ဂန္းနားေတြရဲ႕ ကစားပုံက ပါးနပ္ခဲ့တယ္လို႔ ေျပာရမွာပါ။ ဆာကာ‌ ေျခစြမ္းမျပႏိုင္ေပမယ့္ အႏိုင္ျပတ္သားေစမယ့္ ဂိုးကိုေတာ့ စတင္ေပးႏိုင္ခဲ့ၿပီး မႏွစ္က အေဝးကြင္းရလဒ္ဆိုးေတြေၾကာင့္ ခ်န္ပီယံလိဂ္ အနံ႔ေပ်ာက္ခဲ့တာကို ဒီႏွစ္မွာ ကုသဖို႔ ေဆးေတြ႕ၿပီလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဗီယာရာရဲ႕ စံခ်ိန္ကို ဖ်က္တဲ့ မာတီနယ္လီ
ပဲေလ့စ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီ ပိတ္သိမ္းခ်ိန္မွာ အေကာင္းဆုံး အိမ္ကြင္းပုံစံကို ျပသႏိုင္ခဲ့ၿပီး မန္စီးတီး၊ မန္ယူႏိုက္တက္၊ အာဆင္နယ္တို႔လို ၿပိဳင္ဘက္ေတြ ပါဝင္တဲ့ ေနာက္ဆုံး ၅ ပြဲကို တစ္ဂိုးမွ မေပးဘဲ Clean Sheet ကစားႏိုင္ခဲ့တာက နည္းျပ ပက္ထရစ္ ဗီယာရာအဖို႔ ဂုဏ္တက္စရာျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ ဒီရာသီအစမွာေတာ့ သူတို႔ရဲ႕ မွတ္တမ္းက မိနစ္ ၂၀ ကစားအၿပီးမွာ က်ိဳးပ်က္ခဲ့ရၿပီး မာတီနယ္လီရဲ႕ အနီးကပ္ ေခါင္းတိုက္ခ်က္က အိမ္ရွင္ေတြအတြက္ ခါးသီးလြန္းခဲ့တာျဖစ္ပါတယ္။

ကာေရဂါေတာင္ မ,ယူရတဲ့ အာတီတာေဘာ
အာဆင္နယ္အတြက္ဆို ႏွစ္ဆယ့္ေလးနာရီ ခုနစ္ရက္၊ မေကာင္းေျပာဖို႔ အဆင္သင့္ ရွိေနခဲ့သူက လီဗာပူးလ္ေနာက္ခံကစားသမားေဟာင္း ေဂ်မီ ကာေရဂါလို႔ ပရိသတ္ေတြ ေျပာစမွတ္ ျပဳၾကပါတယ္။ ဒါေပမယ့္ ပထမပိုင္း ၃၅ မိနစ္ေလာက္အထိ ပြဲကို စိုးမိုးထားခဲ့တဲ့ ပုံစံ အိမ္ရွင္ေတြကို ဖိအားႀကီးႀကီး ဝင္ေစႏိုင္ခဲ့ၿပီး ကာေရဂါကေတာင္ မေနႏိုင္ မထိုင္ႏိုင္နဲ႔ “ဒီပြဲ ကစားပုံကို ၾကည့္ရတာ မိနစ္ ၂၀ – နာရီဝက္ေလာက္အထိ လီဗာပူးလ္လား၊ မန္စီးတီးလားလို႔ ေမးရမလို ျဖစ္ခဲ့ပါတယ္”လို႔ Arteta Ball ကစားကြက္အတြက္ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.