Match Report Premier League

ကစားရခက်တဲ့ ပဲလေ့စ်ကို အဝေးကွင်းမှာ အမှားအယွင်းမရှိ အနိုင်ယူခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ အကောင်းဆုံး လူစာရင်းကို ပွဲထုတ်လာခဲ့သလို ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဇင်ချန်ကိုတို့နဲ့ အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ချာကာ၊ ပါတေးနဲ့ အော်ဒီဂွါဒ်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဆာကာ၊ ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ပဲလေ့စ်တို့ကတော့ ဂိုးသမား ဂွိုင်တာ၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီ၊ မစ်ချဲလ်နဲ့ ကလိုင်းတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ရှလု(ပ်)၊ ကစားသမားသစ် ရှိတ်ခ် ဒူကူရေး၊ အီဇီတို့နဲ့ စုဖွဲ့ခဲ့သလို ဇာဟာနဲ့ အာယူးတို့က တောင်ပံတွေမှာ ကစားခဲ့ကြပြီး အထောင်မှာတော့ အေဒူယာ ပွဲထွက်လာခဲ့တာပါ။

အာဆင်နယ်တို့ အဝေးကွင်းမှာ High Positioning ယူပြီး ပဲလေ့စ်တို့ကို ဖရိုဖရဲဖြစ်အောင်လုပ်နိုင်ခဲ့သလို ပွဲစပြီး သုံးမိနစ်အကြာမှာ ညာခြမ်းကနေ ဂျေဆူးစ် ဆွဲဝင်လာပြီး ကန်ဖို့ ကြိုးစားတာကနေ ဧရိယာထဲ စင်ထွက်လာတဲ့ ဘောလုံးကို မာတီနယ်လီ ကန်ခွင့်ရပေမယ့် ဘယ်ခြေကန်ချက်က အဝေးတိုင်ဘေးက ထွက်သွားခဲ့လို့ ပဲလေ့စ်တို့ သက်သာသွားခဲ့ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ညာထောင့်ကန်ဘောကို ဆာကာက ပဲလေ့စ်နောက်ခံလူတွေ မရှိတဲ့ နေရာကို ကန်တင်ပေးရာမှာ ဇင်ချန်ကိုက အလွတ်ခေါင်းတိုက်ပြီး ပြန်ထည့်ပေးတာကို မာတီနယ်လီက ခေါင်းထပ်တိုက်ပြီး သွင်းယူနိုင်ခဲ့လို့ ဂိုးသမား ဂွိုင်တာ မကာကွယ်နိုင်ခဲ့ဘဲ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ဂိုးပေးလိုက်ရအပြီးမှာ ပဲလေ့စ်တို့ Power Game တင်ကစားလာခဲ့ပြီး အာဆင်နယ်တို့ကတော့ ကြံ့ခိုင်မှုချင်း ယှဉ်ရာမှာ ကစားအား တဖြည်းဖြည်းကျလာခဲ့သလို ခြေမပေါ်တဲ့ အော်ဒီဂွါဒ်နဲ့ ဆာကာတို့ကြောင့် ကွင်းလယ်ချင်းယှဉ်ဖို့ ရုန်းကန်နေခဲ့ရပြီး ဇင်ချန်ကိုကတော့ နေရာယူပုံနဲ့ ခံစစ်ပိုင်းမှာ အနည်းငယ် အားနည်းခဲ့ချိန်မှာ အသင်းဖော်တွေနဲ့ နားလည်မှု လိုအပ်သေးတာကိုလည်း တွေ့ခဲ့ရပါတယ်။

ညာခြမ်းက ဇာဟာကိုတော့ အာဆင်နယ်ခံစစ်က ခပ်ကြမ်းကြမ်း ကိုင်တွယ်သွားခဲ့သလို ဘန်ဝှိုက်က ခုထားပြီး ဆာကာက နောက်ကနေ ပြေးဖျက်လိုက်၊ ဆာလီဘာက ရှေ့က ပိတ်ပြီး အားကြီးနဲ့ ကျုံးလိုက် လုပ်နေတဲ့အတွက် အိုင်ဗရီကို့စ်သား ထင်သလောက် ခရီးမပေါက်ခဲ့ဘဲ ပဲလေ့စ်တို့အနေနဲ့ ချာကာနဲ့ ပါတေးတို့ လေးနေတဲ့ အလယ်ကြောကနေ လမ်းကြောင်း ပြန်ရှာခဲ့ရတာပါ။

ပွဲချိန် ၄၁ မိနစ်မှာ ပြစ်ဒဏ်ဘောကနေ အီဇီ ကန်တင်ပေးရာမှာ အာဆင်နယ်ခံစစ်ရဲ့ အလစ်ကို ချောင်းပြီး ထွက်သွားခဲ့တဲ့ နောက်ခံလူ အန်ဒါဆန်က ခေါင်းတိုက်ချပေးတာကို ပဲလေ့စ်တိုက်စစ်မှူး အေဒူယာ အနီးကပ် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် ဂိုးသမား ရမ်းစ်ဒေးလ် နှစ်ဆင့်ဖမ်းယူကာကွယ်နိုင်ခဲ့ပြီး ပထမပိုင်းမှာ အိမ်ရှင်တွေ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ အာဆင်နယ်တို့ဘက်က ချာကာနဲ့ အော်ဒီဂွါဒ်တို့ နေရာလဲကစားခဲ့ပေမယ့် အလုပ်မဖြစ်တာကြောင့် မူလအတိုင်း ပြန်ပြောင်းကစားခဲ့ရပြီး ကွင်းလယ်ပိုင်းကိုတော့ ပဲလေ့စ်တို့ စိုးမိုးထားခဲ့သလို ဇာဟာ ဦးဆောင်တဲ့ ဘယ်ခြမ်းကနေ တိုက်စစ်ဆင်ခဲ့ကြပါတယ်။

ညာခြမ်းက အော်ဒီဂွါဒ်နဲ့ ဆာကာတို့ အတွဲအဖက် လုံးဝမမိသလောက်ဖြစ်နေသလို ဂျေဆူးစ် ဘောလုံးတောင်းတာတွေကိုလည်း လမ်းကြောင်းထဲကို ထည့်မပေးနိုင်ဘဲဖြစ်နေခဲ့ပြီး ပဲလေ့စ်တို့ရဲ့ အလစ်မပေးတဲ့ ပုံစံတွေကြောင့်လည်း အာဆင်နယ်တိုက်စစ်က ဒီနေ့မှာ ရုန်းကန်နေခဲ့ရသလို ညာနောက်ခံလူ ဘန်ဝှိုက်က Attacking Full Back မဟုတ်တာကြောင့်လည်း တိုက်စစ်ကို ပံ့ပိုးမှု အားနည်းခဲ့တာပါ။

ပဲလေ့စ်တို့ဘက်က အလုပ်ဖြစ်တဲ့ အေဒူယာအစား မာတက်တာ ဝင်လာခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဝါရင့်ခံစစ်မှူးတစ်ယောက်ကို မာမာထန်ထန် ကစားပြနိုင်တဲ့ ဆာလီဘာနဲ့ သူ့ကြောင့် ယုံကြည်မှု ပိုရသွားတဲ့ တွဲဖက်ဗဟိုခံစစ်မှူး ဂါဘရီယယ်လ်တို့ ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့ပြီး အာဆင်နယ်တို့ ခံစစ်က အမှတ်ပေးချင်စရာ ဖြစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ဘက်က ခံစစ်မှာ ရုန်းကန်နေရတဲ့ ဇင်ချန်ကိုအစား တီယာနီနဲ့ ရှေ့မှာ ကုန်သွားပြီဖြစ်တဲ့ ဂျေဆူးစ်အစား နကီးတီးယားတို့ ဝင်ရောက်ကစားခဲ့ရာမှာ အပြောင်းအလဲက အသင်းကို ပိုမိုလန်းဆန်းစေခဲ့ပြီး ပဲလေ့စ်တို့ဘက်ကတော့ ချေပဂိုးရရှိဖို့ ဘောလုံးကိုင်ပြီး ဖိကစားနေခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ အာဆင်နယ်တို့ အနိုင်ရလဒ်ကို စိတ်ချရစေမယ့် ဒုတိယဂိုး ရရှိခဲ့ပြီး ညာတောင်ပံကနေ လူစားဝင်တိုက်စစ်မှူး နကီးတီးယားအတွက် ပေးပို့ခဲ့တဲ့ ဆာကာရဲ့ ဖြတ်တင်ဘော ခပ်ပြင်းပြင်းကို ပဲလေ့စ်ကပ္ပတိန် ဂေးဟီ ခေါင်းတိုက်ရှင်းထုတ်ရာမှာ ဂိုးထဲ ဝင်သွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ပဲလေ့စ်တို့ ချေပဂိုးတစ်ဂိုးတောင် ရှာဖွေနိုင်ခြင်းမရှိအောင် အာဆင်နယ်ခံစစ်က ပိတ်ဆို့ကစားသွားနိုင်ခဲ့တာကြောင့် အဝေးကွင်း ဆဲလ်ဟာ့စ်ပါ့ခ်မှာ ဂန်းနားတွေ အောင်ပွဲခံနိုင်ခဲ့ကြပြီး ၂၀၂၂-၂၃ ရာသီရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အာတီတာရဲ့ လူတွေ အဖိုးတန် သုံးမှတ်ကို ရယူနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ အေကာင္းဆုံး လူစာရင္းကို ပြဲထုတ္လာခဲ့သလို ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဂါဘရီယယ္လ္၊ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဇင္ခ်န္ကိုတို႔နဲ႔ အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခ်ာကာ၊ ပါေတးနဲ႔ ေအာ္ဒီဂြါဒ္တို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဆာကာ၊ ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ပဲေလ့စ္တို႔ကေတာ့ ဂိုးသမား ဂြိဳင္တာ၊ ခံစစ္မွာ အန္ဒါဆန္၊ ေဂးဟီ၊ မစ္ခ်ဲလ္နဲ႔ ကလိုင္းတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ရွလု(ပ္)၊ ကစားသမားသစ္ ရွိတ္ခ္ ဒူကူေရး၊ အီဇီတို႔နဲ႔ စုဖြဲ႕ခဲ့သလို ဇာဟာနဲ႔ အာယူးတို႔က ေတာင္ပံေတြမွာ ကစားခဲ့ၾကၿပီး အေထာင္မွာေတာ့ ေအဒူယာ ပြဲထြက္လာခဲ့တာပါ။

အာဆင္နယ္တို႔ အေဝးကြင္းမွာ High Positioning ယူၿပီး ပဲေလ့စ္တို႔ကို ဖ႐ိုဖရဲျဖစ္ေအာင္လုပ္ႏိုင္ခဲ့သလို ပြဲစၿပီး သုံးမိနစ္အၾကာမွာ ညာျခမ္းကေန ေဂ်ဆူးစ္ ဆြဲဝင္လာၿပီး ကန္ဖို႔ ႀကိဳးစားတာကေန ဧရိယာထဲ စင္ထြက္လာတဲ့ ေဘာလုံးကို မာတီနယ္လီ ကန္ခြင့္ရေပမယ့္ ဘယ္ေျခကန္ခ်က္က အေဝးတိုင္ေဘးက ထြက္သြားခဲ့လို႔ ပဲေလ့စ္တို႔ သက္သာသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ညာေထာင့္ကန္ေဘာကို ဆာကာက ပဲေလ့စ္ေနာက္ခံလူေတြ မရွိတဲ့ ေနရာကို ကန္တင္ေပးရာမွာ ဇင္ခ်န္ကိုက အလြတ္ေခါင္းတိုက္ၿပီး ျပန္ထည့္ေပးတာကို မာတီနယ္လီက ေခါင္းထပ္တိုက္ၿပီး သြင္းယူႏိုင္ခဲ့လို႔ ဂိုးသမား ဂြိဳင္တာ မကာကြယ္ႏိုင္ခဲ့ဘဲ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ဂိုးေပးလိုက္ရအၿပီးမွာ ပဲေလ့စ္တို႔ Power Game တင္ကစားလာခဲ့ၿပီး အာဆင္နယ္တို႔ကေတာ့ ႀကံ့ခိုင္မႈခ်င္း ယွဥ္ရာမွာ ကစားအား တျဖည္းျဖည္းက်လာခဲ့သလို ေျခမေပၚတဲ့ ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔ေၾကာင့္ ကြင္းလယ္ခ်င္းယွဥ္ဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ဇင္ခ်န္ကိုကေတာ့ ေနရာယူပုံနဲ႔ ခံစစ္ပိုင္းမွာ အနည္းငယ္ အားနည္းခဲ့ခ်ိန္မွာ အသင္းေဖာ္ေတြနဲ႔ နားလည္မႈ လိုအပ္ေသးတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ညာျခမ္းက ဇာဟာကိုေတာ့ အာဆင္နယ္ခံစစ္က ခပ္ၾကမ္းၾကမ္း ကိုင္တြယ္သြားခဲ့သလို ဘန္ဝႈိက္က ခုထားၿပီး ဆာကာက ေနာက္ကေန ေျပးဖ်က္လိုက္၊ ဆာလီဘာက ေရွ႕က ပိတ္ၿပီး အားႀကီးနဲ႔ က်ဳံးလိုက္ လုပ္ေနတဲ့အတြက္ အိုင္ဗရီကို႔စ္သား ထင္သေလာက္ ခရီးမေပါက္ခဲ့ဘဲ ပဲေလ့စ္တို႔အေနနဲ႔ ခ်ာကာနဲ႔ ပါေတးတို႔ ေလးေနတဲ့ အလယ္ေၾကာကေန လမ္းေၾကာင္း ျပန္ရွာခဲ့ရတာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာ ျပစ္ဒဏ္ေဘာကေန အီဇီ ကန္တင္ေပးရာမွာ အာဆင္နယ္ခံစစ္ရဲ႕ အလစ္ကို ေခ်ာင္းၿပီး ထြက္သြားခဲ့တဲ့ ေနာက္ခံလူ အန္ဒါဆန္က ေခါင္းတိုက္ခ်ေပးတာကို ပဲေလ့စ္တိုက္စစ္မႉး ေအဒူယာ အနီးကပ္ ေခါင္းတိုက္ခြင့္ ရခဲ့ေပမယ့္ ဂိုးသမား ရမ္းစ္ေဒးလ္ ႏွစ္ဆင့္ဖမ္းယူကာကြယ္ႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ အိမ္ရွင္ေတြ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာ အာဆင္နယ္တို႔ဘက္က ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ ေနရာလဲကစားခဲ့ေပမယ့္ အလုပ္မျဖစ္တာေၾကာင့္ မူလအတိုင္း ျပန္ေျပာင္းကစားခဲ့ရၿပီး ကြင္းလယ္ပိုင္းကိုေတာ့ ပဲေလ့စ္တို႔ စိုးမိုးထားခဲ့သလို ဇာဟာ ဦးေဆာင္တဲ့ ဘယ္ျခမ္းကေန တိုက္စစ္ဆင္ခဲ့ၾကပါတယ္။

ညာျခမ္းက ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔ အတြဲအဖက္ လုံးဝမမိသေလာက္ျဖစ္ေနသလို ေဂ်ဆူးစ္ ေဘာလုံးေတာင္းတာေတြကိုလည္း လမ္းေၾကာင္းထဲကို ထည့္မေပးႏိုင္ဘဲျဖစ္ေနခဲ့ၿပီး ပဲေလ့စ္တို႔ရဲ႕ အလစ္မေပးတဲ့ ပုံစံေတြေၾကာင့္လည္း အာဆင္နယ္တိုက္စစ္က ဒီေန႔မွာ ႐ုန္းကန္ေနခဲ့ရသလို ညာေနာက္ခံလူ ဘန္ဝႈိက္က Attacking Full Back မဟုတ္တာေၾကာင့္လည္း တိုက္စစ္ကို ပံ့ပိုးမႈ အားနည္းခဲ့တာပါ။

ပဲေလ့စ္တို႔ဘက္က အလုပ္ျဖစ္တဲ့ ေအဒူယာအစား မာတက္တာ ဝင္လာခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ဝါရင့္ခံစစ္မႉးတစ္ေယာက္ကို မာမာထန္ထန္ ကစားျပႏိုင္တဲ့ ဆာလီဘာနဲ႔ သူ႔ေၾကာင့္ ယုံၾကည္မႈ ပိုရသြားတဲ့ တြဲဖက္ဗဟိုခံစစ္မႉး ဂါဘရီယယ္လ္တို႔ ပိတ္ဆို႔ကာကြယ္သြားႏိုင္ခဲ့ၿပီး အာဆင္နယ္တို႔ ခံစစ္က အမွတ္ေပးခ်င္စရာ ျဖစ္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ဘက္က ခံစစ္မွာ ႐ုန္းကန္ေနရတဲ့ ဇင္ခ်န္ကိုအစား တီယာနီနဲ႔ ေရွ႕မွာ ကုန္သြားၿပီျဖစ္တဲ့ ေဂ်ဆူးစ္အစား နကီးတီးယားတို႔ ဝင္ေရာက္ကစားခဲ့ရာမွာ အေျပာင္းအလဲက အသင္းကို ပိုမိုလန္းဆန္းေစခဲ့ၿပီး ပဲေလ့စ္တို႔ဘက္ကေတာ့ ေခ်ပဂိုးရရွိဖို႔ ေဘာလုံးကိုင္ၿပီး ဖိကစားေနခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အႏိုင္ရလဒ္ကို စိတ္ခ်ရေစမယ့္ ဒုတိယဂိုး ရရွိခဲ့ၿပီး ညာေတာင္ပံကေန လူစားဝင္တိုက္စစ္မႉး နကီးတီးယားအတြက္ ေပးပို႔ခဲ့တဲ့ ဆာကာရဲ႕ ျဖတ္တင္ေဘာ ခပ္ျပင္းျပင္းကို ပဲေလ့စ္ကပၸတိန္ ေဂးဟီ ေခါင္းတိုက္ရွင္းထုတ္ရာမွာ ဂိုးထဲ ဝင္သြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ပဲေလ့စ္တို႔ ေခ်ပဂိုးတစ္ဂိုးေတာင္ ရွာေဖြႏိုင္ျခင္းမရွိေအာင္ အာဆင္နယ္ခံစစ္က ပိတ္ဆို႔ကစားသြားႏိုင္ခဲ့တာေၾကာင့္ အေဝးကြင္း ဆဲလ္ဟာ့စ္ပါ့ခ္မွာ ဂန္းနားေတြ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ၂၀၂၂-၂၃ ရာသီရဲ႕ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ အာတီတာရဲ႕ လူေတြ အဖိုးတန္ သုံးမွတ္ကို ရယူႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.