Premier League Transfer News

ချဲလ်ဆီးရဲ့ ကစားသမားခေါ်ယူမှုကို ဝေဖန်လိုက်တဲ့ မာတင် ကီယွန်

ချဲလ်ဆီးအသင်းရဲ့ ပေါင် ၆၂ သန်းတန် အပြောင်းအရွှေ့ဖြစ်တဲ့ ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူမှုက အဓိပ္ပာယ်မဲ့တဲ့ခေါ်ယူမှုလို့ အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အန်တိုနီယို ရူဒီဂါ၊ ခရစ္စတင်ဆန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့ရပြီးနောက် ယခုနွေရာသီမှာ ခံစစ်ကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

အနောက်လန်ဒန်ကလပ်အသင်းဟာ ယခုနွေရာသီအစောပိုင်းမှာ နာပိုလီနောက်ခံကစားသမား ကူလီဘေလီကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဗဟိုခံစစ်ဘယ်နောက်ခံလူအဖြစ်ရော ဘယ်နောက်ခံတောင်ပံကစားသမားအဖြစ်ပါ ကစားပေးနိုင်တဲ့ ကူကူရယ်လာကို ထပ်မံခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ကူကူရယ်လာအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ ထပ်ဆောင်းပေးချေမှု ပေါင် ၇ သန်း ပေးချေဖို့ ဘရိုက်တန်နဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး လူငယ်နောက်ခံကစားသမား လီဗိုင်း ကိုလ်ဝီလ်က ဘရိုက်တန်ကို အပြန်အလှန်အနေနဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က ဘန် ချေးဝဲလ်၊ မားကို့စ် အလွန်ဆိုတို့ လက်ရှိ အသင်းမှာ ရှိနေတာကြောင့် ကူကူရယ်လာကို ခေါ်ယူခဲ့တာက မလိုအပ်ဘဲ ဝယ်ယူမှုဖြစ်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“ချဲလ်ဆီးအသင်းက သွားပြီး ကူကူရယ်လာအတွက် ပေါင်သန်း ၆၀ ကျော် သုံးလိုက်တယ်။ အဲဒါက အဓိပ္ပာယ်မဲ့တဲ့ ခေါ်ယူမှုလို့ ကျွန်တော် ထင်တယ်။ အဲဒါက မယုံနိုင်စရာကောင်းတဲ့ ပိုက်ဆံပမာဏပါ။ အဲဒါက အရမ်းလည်းများတယ်လို့ ကျွန်တော် ထင်တယ်။ ကူကူရယ်လာလောက်ကောင်းတဲ့ ကစားသမားတွေနဲ့ သူ့ထက် ပိုကောင်းတဲ့ ကစားသမားတွေ ရှိနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘန် ချေးဝဲလ်နဲ့ မားကို့စ် အလွန်ဆိုတို့ အသင်းမှာ ရှိနေသေးတာကြောင့် ဒီလို ပိုက်ဆံပမာဏမျိုး ပေးချေပြီး ဝယ်ယူတာက မလိုအပ်ဘဲ ဝယ်ယူမှုလို့ ခံစားရပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ထိပ်ဆုံး ၄ နေရာ မျှော်လင့်ချက်နဲ့ပတ်သက်ပြီးလည်း မာတင် ကီယွန်က “ခင်ဗျား ပြီးခဲ့တဲ့ရာသီကို ကြည့်လိုက်ရင် ကျွန်တော် ထိပ်ဆုံး ၄ နေရာဝင်နိုင်တဲ့ အသင်းကို ပြောခဲ့တယ်ဆိုရင်တောင်မှ ထိပ်ဆုံး ၄ နေရာထဲက ခြေချော်ထွက်နိုင်တဲ့ အသင်းရှိတယ်ဆိုရင် အဲဒါက ချဲလ်ဆီးပဲ ဖြစ်လိမ့်မယ်”

“တူဟယ်က ထူးချွန်တဲ့နည်းပြဖြစ်ပေမယ့် သူ့ကို ထောက်ခံအားပေးတဲ့အသင်းထဲက အားလုံးက ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီတော့ ချဲလ်ဆီးမှာ အပြောင်းအလဲအနည်းငယ်ရှိခဲ့ပါတယ်။ ပိုင်ရှင်သစ် ရောက်လာပြီး သူက မတူညီတာ လုပ်ချင်တယ်။ ရာသီသစ် အကြိုကာလမှာ သူက ဒီလို ကစားသမားခေါ်ယူမှုမျိုးကို ကြေညာလိုက်တယ်။ အဲဒါက မလိုအပ်ဘဲ အပိုငွေသုံးစွဲနေတာမဟုတ်ဘူးလား။ ကျွန်တော်ကတော့ အဲဒီလိုပဲလို့ ထင်ပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းရဲ့ ေပါင္ ၆၂ သန္းတန္ အေျပာင္းအေရႊ႕ျဖစ္တဲ့ ဘရိုက္တန္ေနာက္ခံလူ ကူကူရယ္လာကို ေခၚယူမႈက အဓိပၸာယ္မဲ့တဲ့ေခၚယူမႈလို႔ အာဆင္နယ္ဂႏၲဝင္ မာတင္ ကီယြန္က ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အန္တိုနီယို ႐ူဒီဂါ၊ ခရစၥတင္ဆန္တို႔ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ ေပးခဲ့ရၿပီးေနာက္ ယခုေႏြရာသီမွာ ခံစစ္ကို အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ဖို႔ ႀကိဳးပမ္းေနခဲ့တာ ျဖစ္ပါတယ္။

အေနာက္လန္ဒန္ကလပ္အသင္းဟာ ယခုေႏြရာသီအေစာပိုင္းမွာ နာပိုလီေနာက္ခံကစားသမား ကူလီေဘလီကို ေခၚယူနိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဗဟိုခံစစ္ဘယ္ေနာက္ခံလူအျဖစ္ေရာ ဘယ္ေနာက္ခံေတာင္ပံကစားသမားအျဖစ္ပါ ကစားေပးနိုင္တဲ့ ကူကူရယ္လာကို ထပ္မံေခၚယူနိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ကူကူရယ္လာအတြက္ ကနဦး ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၅ သန္းနဲ႔ ထပ္ေဆာင္းေပးေခ်မႈ ေပါင္ ၇ သန္း ေပးေခ်ဖို႔ ဘရိုက္တန္နဲ႔ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ၿပီး လူငယ္ေနာက္ခံကစားသမား လီဗိုင္း ကိုလ္ဝီလ္က ဘရိုက္တန္ကို အျပန္အလွန္အေနနဲ႔ တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားမွာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္ဂႏၲဝင္ မာတင္ ကီယြန္က ဘန္ ေခ်းဝဲလ္၊ မားကို႔စ္ အလြန္ဆိုတို႔ လက္ရွိ အသင္းမွာ ရွိေနတာေၾကာင့္ ကူကူရယ္လာကို ေခၚယူခဲ့တာက မလိုအပ္ဘဲ ဝယ္ယူမႈျဖစ္တယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“ခ်ဲလ္ဆီးအသင္းက သြားၿပီး ကူကူရယ္လာအတြက္ ေပါင္သန္း ၆၀ ေက်ာ္ သုံးလိုက္တယ္။ အဲဒါက အဓိပၸာယ္မဲ့တဲ့ ေခၚယူမႈလို႔ ကၽြန္ေတာ္ ထင္တယ္။ အဲဒါက မယုံနိုင္စရာေကာင္းတဲ့ ပိုက္ဆံပမာဏပါ။ အဲဒါက အရမ္းလည္းမ်ားတယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ကူကူရယ္လာေလာက္ေကာင္းတဲ့ ကစားသမားေတြနဲ႔ သူ႔ထက္ ပိုေကာင္းတဲ့ ကစားသမားေတြ ရွိေနေသးတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ဘန္ ေခ်းဝဲလ္နဲ႔ မားကို႔စ္ အလြန္ဆိုတို႔ အသင္းမွာ ရွိေနေသးတာေၾကာင့္ ဒီလို ပိုက္ဆံပမာဏမ်ိဳး ေပးေခ်ၿပီး ဝယ္ယူတာက မလိုအပ္ဘဲ ဝယ္ယူမႈလို႔ ခံစားရပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ့ ထိပ္ဆုံး ၄ ေနရာ ေမၽွာ္လင့္ခ်က္နဲ႔ပတ္သက္ၿပီးလည္း မာတင္ ကီယြန္က “ခင္ဗ်ား ၿပီးခဲ့တဲ့ရာသီကို ၾကည့္လိုက္ရင္ ကၽြန္ေတာ္ ထိပ္ဆုံး ၄ ေနရာဝင္နိုင္တဲ့ အသင္းကို ေျပာခဲ့တယ္ဆိုရင္ေတာင္မွ ထိပ္ဆုံး ၄ ေနရာထဲက ေျခေခ်ာ္ထြက္နိုင္တဲ့ အသင္းရွိတယ္ဆိုရင္ အဲဒါက ခ်ဲလ္ဆီးပဲ ျဖစ္လိမ့္မယ္”

“တူဟယ္က ထူးခၽြန္တဲ့နည္းျပျဖစ္ေပမယ့္ သူ႔ကို ေထာက္ခံအားေပးတဲ့အသင္းထဲက အားလုံးက ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ အဲဒီေတာ့ ခ်ဲလ္ဆီးမွာ အေျပာင္းအလဲအနည္းငယ္ရွိခဲ့ပါတယ္။ ပိုင္ရွင္သစ္ ေရာက္လာၿပီး သူက မတူညီတာ လုပ္ခ်င္တယ္။ ရာသီသစ္ အႀကိဳကာလမွာ သူက ဒီလို ကစားသမားေခၚယူမႈမ်ိဳးကို ေၾကညာလိုက္တယ္။ အဲဒါက မလိုအပ္ဘဲ အပိုေငြသုံးစြဲေနတာမဟုတ္ဘူးလား။ ကၽြန္ေတာ္ကေတာ့ အဲဒီလိုပဲလို႔ ထင္ပါတယ္”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.