La Liga Premier League Transfer News

ဘာနာဒို ဆေးလ်ဗားကို ဆွဲလို့မရတော့ရင် ဂွါဒီယိုလာအတွက် ရှိနေသေးတဲ့ ရွေးချယ်စရာ ၄ ခု

ဂွါဒီယိုလာအနေနဲ့ ယခုလနှောင်းပိုင်း နူးကမ့်မှာ ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာစီးတီးတို့ ရန်ပုံငွေပွဲစဉ်အဖြစ် ကစားဖို့ရှိတာကြောင့် ရောက်ရှိလာတဲ့အချိန်မှာ ကတ်တလန်မီဒီယာတွေအနေနဲ့ ချစ်ကြည်ရေးပွဲစဉ်ထက် ပိုပြီး စိတ်ဝင်စားနေမယ့်အရာရှိနေပြီး အဲဒါကတော့ ဘာနာဒို ဆေးလ်ဗားပဲ ဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာကိုယ်တိုင်က ဘာနာဒို ဆေးလ်ဗားရဲ့ ကိစ္စကို ထုတ်ပြောနေတာတောင်မှ ဂွါဒီယိုလာက မယုတ်မလွန်သာ ပြောကြားနေဆဲဖြစ်ပြီး အဲဒီအချိန်ကတည်းက ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ရဲ့ နူးကမ့်ကို ပြောင်းရွှေ့မယ့် သတင်းတွေဟာ တိတ်ဆိတ်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာဟာ ဒီ ယုံးကို ရောင်းထုတ်ဖို့ လုပ်နေပြီး အပြောင်းအရွှေ့စျေးကွက်မှာ မေးခွန်းထုတ်စရာ အပြောင်းအရွှေ့တွေ ပြုလုပ်နေတာကြောင့် ကောလာဟလတွေ ပြန်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက စက်တင်ဘာလ ၁ ရက်နေ့ အပြောင်းအရွှေ့စျေးကွက်ပိတ်ပြီးတဲ့အထိ ဘာနာဒိုက စီးတီးကစားသမားအဖြစ် ရှိနေဦးမလားဆိုတာ မသိဘူးလို့ ဝန်ခံလိုက်တဲ့အချိန်မှာ မန်စီးတီးရဲ့ အရေးအပါဆုံး ကစားသမားတွေထဲက တစ်ဦးရဲ့ ကောလာဟလတွေက ပြန်အရှိန်ရလာခဲ့တာဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ စီးတီးရဲ့ရာသီကြို ၃ ပွဲစလုံးမှာ ကွင်းလယ်ကနေ ဒီဘရိုင်းနားနဲ့အတူ ပွဲထွက်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းကလို တိုက်စစ်ပိုမိုမလိုက်ပါဘဲ ခံစစ်ပိုင်း ပိုအသားပေးကစားခဲ့တာဖြစ်ပါတယ်။ အဲဒါက ကျောနံပါတ် ၉ ကစားသမား ၂ ဦး ရောက်ရှိလာတာကြောင့်လည်း ပါပြီး ဘာနာဒို ဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဖိုဒန်နဲ့ မာရက်ဇ်တို့လို ကစားသမားတွေအနေနဲ့ ‘false nine’ အဖြစ် ကစားနေရတဲ့ ဖိအားကို လျော့ပါးစေခဲ့တာဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂ ရာသီမှာ တိုက်စစ်ပိုင်း ကိန်းဂဏန်းတွေ ကျဆင်းလာပေမယ့် နည်းဗျူဟာပိုင်းနဲ့ နေရာယူကစားပုံတွေက နောက်တဆင့် တက်ခဲ့တာကြောင့် ဘက်စုံအရည်အသွေးတွေ သိသိသာသာ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်သာ အစ်တီဟတ်ကို စွန့်ခွာသွားရင် မန်စီးတီးအတွက်တော့ ဂါဘရီယယ်လ် ဂျေဆူးစ်၊ စတားလင်း၊ ဇင်ချန်ကိုတို့ကို ဆုံးရှုံးရတာထက် ပိုမိုကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာမှာ ဖြစ်ပြီး ဂွါဒီယိုလာက ဘာနာဒို ဆေးလ်ဗား ဆက်နေမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပေမယ့် ပေါ်တူဂီကြယ်ပွင့်က အသင်းကို စွန့်ခွာဖို့ ပြင်ဆင်နေတယ်လို့ ပြောတာမဟုတ်ဘူးဆိုပြီး ပြန်လျှောချသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာအနေနဲ့ ဘာနာဒိုက ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ကိုဗစ်ကာလအတွင်း မန်ချက်စတာမှာ သက်တောင့်သက်သာမရှိတာကြောင့် အစ်တီဟတ်ကို စွန့်ခွာချင်နေခဲ့တယ်ဆိုတာ သိခဲ့ပြီး စီးတီးကလည်း ထွက်ခွာခွင့်တောင်းတဲ့ ဘယ်ကစားသမားကိုမှ ဆွဲမထားတတ်ဘဲ သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် ထွက်ခွာခွင့်ပေးလေ့ရှိတာကိုလည်း သိရှိနေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ ဘာစီလိုနာဆီကနေ ဆေးလ်ဗားအတွက် ကမ်းလှမ်းမှု မရရှိသေးပေမယ့် စီးတီးအနေနဲ့ လာမယ့်လအတွင်းမှာ ကမ်းလှမ်းမှု တစ်ခုတော့ ရလာကောင်း ရလာနိုင်တာကြောင့် ပေါ်တူဂီကြယ်ပွင့် ထွက်ခွာမှုကို လုံလောက်တဲ့ ဖြည့်စွက်မှုတွေ လုပ်ဖို့ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

ဂန်ဒိုဝမ်က ဘာနာဒို ဆေးလ်ဗားနေရာမှာ သက်တောင့်သက်သာ ဖြည့်ကစားနိုင်မှာဖြစ်ပြီး ယခုနွေရာသီမှာ ပေါ်တူဂီကြယ်ပွင့် ကစားပေးနေတဲ့ ခံစစ်ကိုလည်း အနည်းငယ်လိုက်ပါတဲ့ ကွင်းလယ်တိုက်စစ်နေရာမှာလည်း ကစားပေးနိုင်မှာဖြစ်ပါတယ်။ ဖီးလ် ဖိုဒန်နဲ့ ဂျက်ခ် ဂရီးလစ်ရှ်တို့ကလည်း ကွင်းလယ် ဗဟိုမှာ အသုံးပြုနိုင်မှာဖြစ်ပြီး စတားလင်းနဲ့ ဂျေဆူးစ်တို့ ထွက်ခွာသွားတာကြောင့် တောင်ပံနေရာမှာတော့ စီးတီးအတွက် ရွေးချယ်စရာ ပိုမိုနည်းပါးနေမှာ ဖြစ်ပါတယ်။

ဘာနာဒိုသာ ထွက်ခွာခဲ့ရင် မန်စီးတီးအနေနဲ့ အရင်လိုပဲ ဖြေရှင်းနိုင်မှာဆိုပေမယ့်လည်း ဂွါဒီယိုလာအတွက်ကတော့ အစ်တီဟတ်မှာ အရင်တုန်းကထက် ပိုမိုသေးငယ်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီး ဖြစ်နေတာဖြစ်ပြီး ကမ႓ာ့ဖလားပြိုင်ပွဲကည်း ကလပ်အသင်းတွေအပေါ် နားမလည်နိုင်မှုများစွာနဲ့ အပိုဖိအားတွေ ပေးဖို့ ရှိနေချိန်မှာ ဘာနာဒို ဆေးလ်ဗားလို ကစားသမားမျိုးကို ဆုံးရှုံးရတာက ခြေစွမ်းတည်ငြိမ်မှုနဲ့ ထိန်းချုပ်နိုင်စွမ်းကောင်းမွန်မှုစတဲ့ အစိတ်အပိုင်းတွေပေါ်မှာ အောင်မြင်မှုကို တည်ဆောက်ခဲ့တဲ့ မန်စီးတီးလိုအသင်းအတွက်တော့ ပိုလို့တောင် မရေရာမှုတွေ များပြားလာစေမှာဖြစ်ပါတယ်။

ဂွါဒီယိုလာက ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ လိုအပ်မယ်ဆိုရင် အသင်းရဲ့ ဘယ်နောက်ခံပြဿနာကို ဖြေရှင်းဖို့နဲ့ ဘာနာဒို ဆေးလ်ဗား ထွက်သွားရင်လည်း သူ့ရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုလည်း ရှာဖွေဖို့ လိုအပ်ရင် လုပ်သွားမှာဖြစ်တဲ့အကြောင်း အရိပ်အမြွက် ပြောကြားထားပြီး အသင်းလူစာရင်းရဲ့ အရည်အသွေးဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ နေရာမှာ ဖြည့်ကစားနိုင်ဖို့ လုံလောက်တဲ့ နေရာစုံကစားနိုင်စွမ်းရှိတယ်ဆိုတာ သိရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာနာဒို ဆေးလ်ဗားကို မိတ္တူပွားထားသလိုမျိုး အစားထိုးခေါ်ယူမှုတော့ ရှာတွေ့နိုင်ဖို့ ရုန်းကန်ရမယ်ဆိုတာ သိရှိနေတာလည်း ဖြစ်ပြီး စီးတီးဟာ မိုနာကိုကြယ်ပွင့်ဟောင်းမရှိဘဲ ချန်ပီယံဘွဲ့ကို ကာကွယ်ရတာက ပိုလို့တောင် ခက်ခဲလာမှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ဘာစီလိုနာကို ချစ်ကြည်ရေးပွဲစဉ်အတွက် ခရီးထွက်ခွာတဲ့အချိန်မှာ ဘာနာဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိလာမယ်လို့ မျှော်မှန်းခြင်းခံနေရပြီး ပရီးမီးယားလိဂ်ချန်ပီယံတွေအနေနဲ့ ယခုရာသီ ၎င်းတို့ရဲ့ အခွင့်အရေးကို စစ်မှန်တဲ့ ခြိမ်းခြောက်မှုတစ်ခုထက် ပြပွဲလေးတစ်ခုထက် မပိုဖို့ကိုသာ မျှော်လင့်နေမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂြါဒီယိုလာအေနနဲ႔ ယခုလေႏွာင္းပိုင္း ႏူးကမ့္မွာ ဘာစီလိုနာအသင္းနဲ႔ မန္ခ်က္စတာစီးတီးတို႔ ရန္ပုံေငြပြဲစဥ္အျဖစ္ ကစားဖို႔ရွိတာေၾကာင့္ ေရာက္ရွိလာတဲ့အခ်ိန္မွာ ကတ္တလန္မီဒီယာေတြအေနနဲ႔ ခ်စ္ၾကည္ေရးပြဲစဥ္ထက္ ပိုၿပီး စိတ္ဝင္စားေနမယ့္အရာရွိေနၿပီး အဲဒါကေတာ့ ဘာနာဒို ေဆးလ္ဗားပဲ ျဖစ္ပါတယ္။

ဘာစီလိုနာဥကၠဌ လာေပၚတာကိုယ္တိုင္က ဘာနာဒို ေဆးလ္ဗားရဲ့ ကိစၥကို ထုတ္ေျပာေနတာေတာင္မွ ဂြါဒီယိုလာက မယုတ္မလြန္သာ ေျပာၾကားေနဆဲျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ရဲ့ ႏူးကမ့္ကို ေျပာင္းေရႊ႕မယ့္ သတင္းေတြဟာ တိတ္ဆိတ္သြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘာစီလိုနာဟာ ဒီ ယုံးကို ေရာင္းထုတ္ဖို႔ လုပ္ေနၿပီး အေျပာင္းအေရႊ႕ေစ်းကြက္မွာ ေမးခြန္းထုတ္စရာ အေျပာင္းအေရႊ႕ေတြ ျပဳလုပ္ေနတာေၾကာင့္ ေကာလာဟလေတြ ျပန္ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက စက္တင္ဘာလ ၁ ရက္ေန႔ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ၿပီးတဲ့အထိ ဘာနာဒိုက စီးတီးကစားသမားအျဖစ္ ရွိေနဦးမလားဆိုတာ မသိဘူးလို႔ ဝန္ခံလိုက္တဲ့အခ်ိန္မွာ မန္စီးတီးရဲ့ အေရးအပါဆုံး ကစားသမားေတြထဲက တစ္ဦးရဲ့ ေကာလာဟလေတြက ျပန္အရွိန္ရလာခဲ့တာျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားဟာ စီးတီးရဲ့ရာသီႀကိဳ ၃ ပြဲစလုံးမွာ ကြင္းလယ္ကေန ဒီဘရိုင္းနားနဲ႔အတူ ပြဲထြက္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းကလို တိုက္စစ္ပိုမိုမလိုက္ပါဘဲ ခံစစ္ပိုင္း ပိုအသားေပးကစားခဲ့တာျဖစ္ပါတယ္။ အဲဒါက ေက်ာနံပါတ္ ၉ ကစားသမား ၂ ဦး ေရာက္ရွိလာတာေၾကာင့္လည္း ပါၿပီး ဘာနာဒို ေဆးလ္ဗား၊ ဒီဘရိုင္းနား၊ ဖိုဒန္နဲ႔ မာရက္ဇ္တို႔လို ကစားသမားေတြအေနနဲ႔ ‘false nine’ အျဖစ္ ကစားေနရတဲ့ ဖိအားကို ေလ်ာ့ပါးေစခဲ့တာျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားဟာ ၂၀၁၉-၂၀၂၀ ရာသီမွာ ေကာင္းေကာင္း စြမ္းေဆာင္နိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၂ ရာသီမွာ တိုက္စစ္ပိုင္း ကိန္းဂဏန္းေတြ က်ဆင္းလာေပမယ့္ နည္းဗ်ဴဟာပိုင္းနဲ႔ ေနရာယူကစားပုံေတြက ေနာက္တဆင့္ တက္ခဲ့တာေၾကာင့္ ဘက္စုံအရည္အေသြးေတြ သိသိသာသာ တိုးတက္လာခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္သာ အစ္တီဟတ္ကို စြန႔္ခြာသြားရင္ မန္စီးတီးအတြက္ေတာ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္၊ စတားလင္း၊ ဇင္ခ်န္ကိုတို႔ကို ဆုံးရႈံးရတာထက္ ပိုမိုႀကီးမားတဲ့ ထိုးႏွက္ခ်က္ ျဖစ္လာမွာ ျဖစ္ၿပီး ဂြါဒီယိုလာက ဘာနာဒို ေဆးလ္ဗား ဆက္ေနမယ္လို႔ ေမၽွာ္လင့္ေၾကာင္း ေျပာခဲ့ေပမယ့္ ေပၚတူဂီၾကယ္ပြင့္က အသင္းကို စြန႔္ခြာဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာတာမဟုတ္ဘူးဆိုၿပီး ျပန္ေလၽွာခ်သြားခဲ့ပါတယ္။

ဒါေပမယ့္လည္း ဂြါဒီယိုလာအေနနဲ႔ ဘာနာဒိုက ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ ကိုဗစ္ကာလအတြင္း မန္ခ်က္စတာမွာ သက္ေတာင့္သက္သာမရွိတာေၾကာင့္ အစ္တီဟတ္ကို စြန႔္ခြာခ်င္ေနခဲ့တယ္ဆိုတာ သိခဲ့ၿပီး စီးတီးကလည္း ထြက္ခြာခြင့္ေတာင္းတဲ့ ဘယ္ကစားသမားကိုမွ ဆြဲမထားတတ္ဘဲ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈရရင္ ထြက္ခြာခြင့္ေပးေလ့ရွိတာကိုလည္း သိရွိေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ဘာစီလိုနာဆီကေန ေဆးလ္ဗားအတြက္ ကမ္းလွမ္းမႈ မရရွိေသးေပမယ့္ စီးတီးအေနနဲ႔ လာမယ့္လအတြင္းမွာ ကမ္းလွမ္းမႈ တစ္ခုေတာ့ ရလာေကာင္း ရလာနိုင္တာေၾကာင့္ ေပၚတူဂီၾကယ္ပြင့္ ထြက္ခြာမႈကို လုံေလာက္တဲ့ ျဖည့္စြက္မႈေတြ လုပ္ဖို႔ ဆုံးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။

ဂန္ဒိုဝမ္က ဘာနာဒို ေဆးလ္ဗားေနရာမွာ သက္ေတာင့္သက္သာ ျဖည့္ကစားနိုင္မွာျဖစ္ၿပီး ယခုေႏြရာသီမွာ ေပၚတူဂီၾကယ္ပြင့္ ကစားေပးေနတဲ့ ခံစစ္ကိုလည္း အနည္းငယ္လိုက္ပါတဲ့ ကြင္းလယ္တိုက္စစ္ေနရာမွာလည္း ကစားေပးနိုင္မွာျဖစ္ပါတယ္။ ဖီးလ္ ဖိုဒန္နဲ႔ ဂ်က္ခ္ ဂရီးလစ္ရွ္တို႔ကလည္း ကြင္းလယ္ ဗဟိုမွာ အသုံးျပဳနိုင္မွာျဖစ္ၿပီး စတားလင္းနဲ႔ ေဂ်ဆူးစ္တို႔ ထြက္ခြာသြားတာေၾကာင့္ ေတာင္ပံေနရာမွာေတာ့ စီးတီးအတြက္ ေရြးခ်ယ္စရာ ပိုမိုနည္းပါးေနမွာ ျဖစ္ပါတယ္။

ဘာနာဒိုသာ ထြက္ခြာခဲ့ရင္ မန္စီးတီးအေနနဲ႔ အရင္လိုပဲ ေျဖရွင္းနိုင္မွာဆိုေပမယ့္လည္း ဂြါဒီယိုလာအတြက္ကေတာ့ အစ္တီဟတ္မွာ အရင္တုန္းကထက္ ပိုမိုေသးငယ္တဲ့ လူစာရင္းကို ပိုင္ဆိုင္ထားၿပီး ျဖစ္ေနတာျဖစ္ၿပီး ကမ႓ာ့ဖလားၿပိဳင္ပြဲကည္း ကလပ္အသင္းေတြအေပၚ နားမလည္နိုင္မႈမ်ားစြာနဲ႔ အပိုဖိအားေတြ ေပးဖို႔ ရွိေနခ်ိန္မွာ ဘာနာဒို ေဆးလ္ဗားလို ကစားသမားမ်ိဳးကို ဆုံးရႈံးရတာက ေျခစြမ္းတည္ၿငိမ္မႈနဲ႔ ထိန္းခ်ဳပ္နိုင္စြမ္းေကာင္းမြန္မႈစတဲ့ အစိတ္အပိုင္းေတြေပၚမွာ ေအာင္ျမင္မႈကို တည္ေဆာက္ခဲ့တဲ့ မန္စီးတီးလိုအသင္းအတြက္ေတာ့ ပိုလို႔ေတာင္ မေရရာမႈေတြ မ်ားျပားလာေစမွာျဖစ္ပါတယ္။

ဂြါဒီယိုလာက ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလမွာ လိုအပ္မယ္ဆိုရင္ အသင္းရဲ့ ဘယ္ေနာက္ခံျပႆနာကို ေျဖရွင္းဖို႔နဲ႔ ဘာနာဒို ေဆးလ္ဗား ထြက္သြားရင္လည္း သူ႔ရဲ့ ေနရာမွာ အစားထိုးေခၚယူမႈလည္း ရွာေဖြဖို႔ လိုအပ္ရင္ လုပ္သြားမွာျဖစ္တဲ့အေၾကာင္း အရိပ္အႁမြက္ ေျပာၾကားထားၿပီး အသင္းလူစာရင္းရဲ့ အရည္အေသြးဟာ ေပၚတူဂီၾကယ္ပြင့္ရဲ့ ေနရာမွာ ျဖည့္ကစားနိုင္ဖို႔ လုံေလာက္တဲ့ ေနရာစုံကစားနိုင္စြမ္းရွိတယ္ဆိုတာ သိရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာနာဒို ေဆးလ္ဗားကို မိတၱဴပြားထားသလိုမ်ိဳး အစားထိုးေခၚယူမႈေတာ့ ရွာေတြ႕နိုင္ဖို႔ ႐ုန္းကန္ရမယ္ဆိုတာ သိရွိေနတာလည္း ျဖစ္ၿပီး စီးတီးဟာ မိုနာကိုၾကယ္ပြင့္ေဟာင္းမရွိဘဲ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ရတာက ပိုလို႔ေတာင္ ခက္ခဲလာမွာ ျဖစ္ပါတယ္။ မန္စီးတီးဟာ ယခုေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ ဘာစီလိုနာကို ခ်စ္ၾကည္ေရးပြဲစဥ္အတြက္ ခရီးထြက္ခြာတဲ့အခ်ိန္မွာ ဘာနာဒိုရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး ေျပာစရာေတြ အမ်ားႀကီးရွိလာမယ္လို႔ ေမၽွာ္မွန္းျခင္းခံေနရၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံေတြအေနနဲ႔ ယခုရာသီ ၎တို႔ရဲ့ အခြင့္အေရးကို စစ္မွန္တဲ့ ၿခိမ္းေျခာက္မႈတစ္ခုထက္ ျပပြဲေလးတစ္ခုထက္ မပိုဖို႔ကိုသာ ေမၽွာ္လင့္ေနမွာေတာ့ အေသအခ်ာပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.