Premier League Transfer News

မန်စီးတီးထက် ခြင်္သေ့ပြာတွေကို ရွေးချယ်ခဲ့တဲ့ ကူကူရယ်လာက ချဲလ်ဆီးခံစစ်ကို ဘယ်လိုအကျိုးပြုပေးနိုင်တဲ့ ကစားသမားလဲ

ချဲလ်ဆီးအသင်းဟာ အသက် ၂၄ နှစ်အရွယ် ဘရိုက်တန် ဘယ်နောက်ခံကစားသမားကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ယခုနွေရာသီ အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၁၅၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကူကူရယ်လာအတွက် ဘယ်အသင်းနဲ့မှ သဘောတူညီမှု ရရှိခဲ့တာမရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ ထပ်ဆောင်းပေးချေမှု ပေါင် ၇ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ဖြစ်ပြီး စပိန်နောက်ခံလူဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂၀၂၈ ခုနှစ်အထိ ရှိနေမယ့် ၆ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

အပြန်အလှန်အနေနဲ့ ဘရိုက်တန်အသင်းကလည်း ချဲလ်ဆီးလူငယ်ဗဟိုခံစစ်ကစားသမား လီဗိုင်း ကိုလ်ဝီလ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ကူကူရယ်လာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်းကို အသင်းရဲ့ တရားဝင်တွစ်တာအကောင့်ကနေ အတည်ပြု ကြေညာခဲ့တာဖြစ်ပါတယ်။

ကူကူရယ်ဟာ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ထဲမှာ ရှိနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးဟာ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကတည်းက ယူရို သန်း ၃၀ လောက်နဲ့ ခေါ်ယူနိုင်ခဲ့ရမှာဖြစ်ကောင်းဖြစ်ပေမယ့် စပိန်နောက်ခံလူဟာ ဂီတာဖေးနဲ့ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဘန် ချေးဝဲလ်ကိုသာ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၁ နှစ်အကြာမှာ ကူကူရယ်လာဟာ အင်္ဂလန်ကို ပြောင်းရွှေ့လာခဲ့ပြီး ဘရိုက်တန်အသင်းနဲ့ အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ ကစားသမားတွေက မဲပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန် ဘယ်နောက်ခံကစားသမားဟာ များသောအားဖြင့် ဘယ်နောက်ခံနေရာမှာ ကစားပေးခဲ့ပေမယ့် ခံစစ် ၃ ဦးကစားကွက်မှာလည်း ဗဟိုခံစစ်ဘယ်နောက်ခံလူအဖြစ် ကစားပေးခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ခံစစ်အတွက် ပိုမို ပြုလွယ်ပြင်လွယ်ဖြစ်လာစေမှာ ဖြစ်ပါတယ်။

“ကူကူရယ်လာက ပရီးမီးယားလိဂ်အရည်အသွေးရှိကြောင်း သက်သေပြသခဲ့ပြီးဖြစ်တဲ့ ထိပ်တန်းနောက်ခံလူဖြစ်ပြီး သူက ရာသီသစ်မှာ ကျွန်တော်တို့ လူစာရင်းကို ပိုပြီး အင်အားတောင့်တင်းလာစေမှာပါ။ ကျွန်တော်တို့ ကွင်းတွင်း၊ ကွင်းပြင်မှာ အလုပ်ဆက်လုပ်သွားမှာဖြစ်ပြီး မာ့စ်က ချဲလ်ဆီးမှာ ပစ္စုပ္ပန်နဲ့ အနာဂတ် အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတော့မှာကြောင့် ကျွန်တော်တို့ ဝမ်းမြောက်ပျော်ရွှင်မိပါတယ်”လို့ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ အသက္ ၂၄ ႏွစ္အရြယ္ ဘရိုက္တန္ ဘယ္ေနာက္ခံကစားသမားကို အၿပီးသတ္ေခၚယူနိုင္ခဲ့ၿပီျဖစ္ၿပီး ယခုေႏြရာသီ အေျပာင္းအေရႊ႕အသုံးစရိတ္ ေပါင္သန္း ၁၅၀ ေက်ာ္သြားခဲ့ၿပီျဖစ္ပါတယ္။

ဘရိုက္တန္အသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ကူကူရယ္လာအတြက္ ဘယ္အသင္းနဲ႔မွ သေဘာတူညီမႈ ရရွိခဲ့တာမရွိဘူးလို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ ကနဦး ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၅ သန္းနဲ႔ ထပ္ေဆာင္းေပးေခ်မႈ ေပါင္ ၇ သန္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ျဖစ္ၿပီး စပိန္ေနာက္ခံလူဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၂၀၂၈ ခုႏွစ္အထိ ရွိေနမယ့္ ၆ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။

အျပန္အလွန္အေနနဲ႔ ဘရိုက္တန္အသင္းကလည္း ခ်ဲလ္ဆီးလူငယ္ဗဟိုခံစစ္ကစားသမား လီဗိုင္း ကိုလ္ဝီလ္ကို တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေခၚယူလိုက္ၿပီျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ကူကူရယ္လာကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္းကို အသင္းရဲ့ တရားဝင္တြစ္တာအေကာင့္ကေန အတည္ျပဳ ေၾကညာခဲ့တာျဖစ္ပါတယ္။

ကူကူရယ္ဟာ ခ်ဲလ္ဆီးအသင္းရဲ့ ပစ္မွတ္ထဲမွာ ရွိေနခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး ခ်ဲလ္ဆီးဟာ လြန္ခဲ့တဲ့ ႏွစ္ေတာ္ေတာ္ၾကာကတည္းက ယူရို သန္း ၃၀ ေလာက္နဲ႔ ေခၚယူနိုင္ခဲ့ရမွာျဖစ္ေကာင္းျဖစ္ေပမယ့္ စပိန္ေနာက္ခံလူဟာ ဂီတာေဖးနဲ႔ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ဘန္ ေခ်းဝဲလ္ကိုသာ ေခၚယူခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ၁ ႏွစ္အၾကာမွာ ကူကူရယ္လာဟာ အဂၤလန္ကို ေျပာင္းေရႊ႕လာခဲ့ၿပီး ဘရိုက္တန္အသင္းနဲ႔ အထင္ႀကီးဖြယ္ ေျခစြမ္းျပသနိုင္ခဲ့တာေၾကာင့္ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုနဲ႔ ကစားသမားေတြက မဲေပးတဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့တာ ျဖစ္ပါတယ္။

ဘရိုက္တန္ ဘယ္ေနာက္ခံကစားသမားဟာ မ်ားေသာအားျဖင့္ ဘယ္ေနာက္ခံေနရာမွာ ကစားေပးခဲ့ေပမယ့္ ခံစစ္ ၃ ဦးကစားကြက္မွာလည္း ဗဟိုခံစစ္ဘယ္ေနာက္ခံလူအျဖစ္ ကစားေပးခဲ့သူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းရဲ့ ခံစစ္အတြက္ ပိုမို ျပဳလြယ္ျပင္လြယ္ျဖစ္လာေစမွာ ျဖစ္ပါတယ္။

“ကူကူရယ္လာက ပရီးမီးယားလိဂ္အရည္အေသြးရွိေၾကာင္း သက္ေသျပသခဲ့ၿပီးျဖစ္တဲ့ ထိပ္တန္းေနာက္ခံလူျဖစ္ၿပီး သူက ရာသီသစ္မွာ ကၽြန္ေတာ္တို႔ လူစာရင္းကို ပိုၿပီး အင္အားေတာင့္တင္းလာေစမွာပါ။ ကၽြန္ေတာ္တို႔ ကြင္းတြင္း၊ ကြင္းျပင္မွာ အလုပ္ဆက္လုပ္သြားမွာျဖစ္ၿပီး မာ့စ္က ခ်ဲလ္ဆီးမွာ ပစၥဳပၸန္နဲ႔ အနာဂတ္ အစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနေတာ့မွာေၾကာင့္ ကၽြန္ေတာ္တို႔ ဝမ္းေျမာက္ေပ်ာ္ရႊင္မိပါတယ္”လို႔ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.