Premier League Transfer News

မက်ဂွိုင်းယားရဲ့စံချိန်ကို ချိုးပြီး ပစ်မှတ်နောက်ခံလူကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အသက် ၂၁ နှစ်အရွယ် လက်စတာစီးတီးနောက်ခံကစားသမား ဝက်စ်လေ ဖိုဖာနာအတွက် ကနဦး ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခြင်းခံခဲ့ရပြီးနောက် ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်ချင်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက လက်စတာစီးတီးအသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ပြီး ကမ႓ာ့တန်ဖိုးအကြီးဆုံးနောက်ခံကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားရဲ့ စံချိန်ကို ချိုးဖျက်ဖို့ ပေါင်သန်း ၈၀ ထက်ကျော်လွန်ပြီး အသုံးပြုသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။

သောမတ်စ် တူဟယ်ဟာ အသက် ၃၃ နှစ်အရွယ် ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာကြယ်ပွင့် ဒီ ယုံးကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီတလျှောက်လုံး ဘာစီလိုနာအသင်းဆီကနေ ဒီ ယုံးကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပေမယ့်လည်း ဒတ်ချ်ကစားသမားနဲ့ ကတ်တလန်အသင်းကြားက လစာကြွေးကျန်ပြဿနာတွေနဲ့ ချဲလ်ဆီးအသင်းရဲ့ ဒီ ယုံးအပေါ် စိတ်ဝင်စားမှု အခိုင်အမာ ပြသနေမှုတို့ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ခေါ်ယူဖို့ လက်လျှော့လိုက်တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းကလည်း အသက် ၁၉ နှစ်အရွယ် အူဒီးနီးစ် ဘယ်နောက်ခံကစားသမား ဒတ်စ်တီနီ အူဒိုဂီကို ပေါင် ၂၁ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ The Telegraph က ဖော်ပြခဲ့ပြီး လူငယ်ကြယ်ပွင့်ဟာ မြောက်လန်ဒန်ကလပ်အသင်းရဲ့ ယခုနွေရာသီ သတ္တမမြောက်ကစားသမားခေါ်ယူမှုဖြစ်လာမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘရိုက်တန် နောက်ခံကစားသမား ကူကူရယ်လာကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ ထပ်ဆောင်းပေးချေမှု ပေါင် ၇ သန်းနဲ့ ခေါ်ယူဖို့ ဘရိုက်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ယနေ့မှာ စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ကြာသပတေးနေ့ညကတည်းက ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

ကူကူရယ်လာဟာ ဆေးစစ်မှုကလည်း အောင်မြင်ခဲ့ပြီဖြစ်တာကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာမယ့်အချိန်ကိုသာ စောင့်ဆိုင်းနေတာဖြစ်တယ်လို့ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အတည်ပြု ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ချဲလ်ဆီးအသင်းဟာ အသက် ၂၁ နှစ်အရွယ် လက်စတာစီးတီးနောက်ခံကစားသမား ဝက်စ်လေ ဖိုဖာနာအတွက် ကနဦး ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခြင်းခံခဲ့ရပြီးနောက် ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်ချင်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက လက်စတာစီးတီးအသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံးနောက်ခံကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားရဲ့ စံချိန်ကို ချိုးဖျက်ဖို့ ပေါင်သန်း ၈၀ ထက်ကျော်လွန်ပြီး အသုံးပြုသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီတလျှောက်လုံး ဘာစီလိုနာအသင်းဆီကနေ ဒီ ယုံးကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပေမယ့်လည်း ဒတ်ခ်ျကစားသမားနဲ့ ကတ်တလန်အသင်းကြားက လစာကြွေးကျန်ပြဿနာတွေနဲ့ ချဲလ်ဆီးအသင်းရဲ့ ဒီ ယုံးအပေါ် စိတ်ဝင်စားမှု အခိုင်အမာ ပြသနေမှုတို့ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ခေါ်ယူဖို့ လက်လျှော့လိုက်တာဖြစ်ပါတယ်။



ကူကူရယ်လာဟာ ဆေးစစ်မှုကလည်း အောင်မြင်ခဲ့ပြီဖြစ်တာကြောင့် စတမ်းဖို့ဒ် ဘရစ်ခ်ျကို ရောက်ရှိလာမယ့်အချိန်ကိုသာ စောင့်ဆိုင်းနေတာဖြစ်တယ်လို့ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အတည်ပြု ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.