Premier League

ကလော့ပ်ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်ကစားသမားကို ဖူလ်ဟမ်နဲ့ပွဲမှာ ချန်လှပ်စေချင်တဲ့ ပေါလ် မာဆန်

လီဗာပူးလ်အသင်းဟာ စနေနေ့ညနေမှာ တန်းတက်အသင်းသစ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒါဝင် နူးညက်ဇ် ပွဲထွက်ပါဝင်လာမလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နူးညက်ဇ်ဟာ ယခုနွေရာသီ အစောပိုင်းမှာ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘင်ဖီကာကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းရဲ့ တသက်တာ စျေးအကြီးဆုံးကစားသမားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့အတူ တွဲလျက်ပါလာတတ်တဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုရဖို့ ကြီးမားတဲ့ဖိအားတွေလည်း ရှိနေပြီး အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ ပွဲဦးထွက်သွင်းဂိုးကို လူစားဝင်ကစားပြီး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရောဘတ်တို ဖာမီနိုဟာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ အဓိကဗဟိုချက်အဖြစ် နူးညက်ဇ်ထက် ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပေမယ့်လည်း ပေါလ် မာဆန်က နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ခရေဗင် ကော့တော့ချ်မှာ ဘရာဇီးလ်ကြယ်ပွင့်ထက် ဥရုဂွေးတိုက်စစ်မှူးကို ပွဲထုတ်သင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“ကျွန်တော်သာဆိုရင်တော့ ဒီပွဲမှာ ဒါဝင် နူးညက်ဇ်ကို ပွဲထွက်ကစားစေမှာပါ။ ကျွန်တော် အဲဒီလို ပြောရတာက ဒီပွဲက ကြီး ၆ ကြီးထဲက တစ်သင်းနဲ့ ကစားရတဲ့ပွဲမဟုတ်တာကြောင့်ပါ။ လီဗာပူးလ်က အသားစီးရမယ်ဆိုတာ ခင်ဗျားလည်း သိနေတာပဲ”

“နူးညက်ဇ်က သူ ဂိုးသွင်းယူရမယ်ဆိုတာကို သိနေတဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားဖို့ လိုပါတယ်။ ဒီပွဲက သူ့ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးဖို့ အရမ်းကောင်းတဲ့ပွဲပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ဟာ ဖာမီနိုရဲ့ အမာခံပရိသတ်ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကမှ အန်းဖီးကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘရာဇီးလ်တိုက်စစ်မှူးကို ‘နှလုံးသားနဲ့ စိတ်ဝိဉာဉ်’အဖြစ် ချီးကျူး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ စေနေန႔ညေနမွာ တန္းတက္အသင္းသစ္ျဖစ္တဲ့ ဖူလ္ဟမ္အသင္းအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဒါဝင္ ႏူးညက္ဇ္ ပြဲထြက္ပါဝင္လာမလားဆိုတာကို စိတ္ဝင္တစား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ႏူးညက္ဇ္ဟာ ယခုေႏြရာသီ အေစာပိုင္းမွာ လီဗာပူးလ္ကို ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ဘင္ဖီကာကေန ေပါင္ ၈၅ သန္းနဲ႔ ေျပာင္းေရႊ႕လာၿပီးေနာက္ပိုင္း အသင္းရဲ့ တသက္တာ ေစ်းအႀကီးဆုံးကစားသမားျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ႀကီးမားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔အတူ တြဲလ်က္ပါလာတတ္တဲ့ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္မႈရဖို႔ ႀကီးမားတဲ့ဖိအားေတြလည္း ရွိေနၿပီး အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့အပတ္က မန္စီးတီးကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ ကြန္ျမဴနတီဒိုင္းလုပြဲမွာ ပြဲဦးထြက္သြင္းဂိုးကို လူစားဝင္ကစားၿပီး သြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။

ေရာဘတ္တို ဖာမီနိုဟာ လီဗာပူးလ္အသင္းရဲ့ တိုက္စစ္မွာ အဓိကဗဟိုခ်က္အျဖစ္ ႏူးညက္ဇ္ထက္ ပြဲထြက္ကစားခြင့္ ရရွိခဲ့တာျဖစ္ေပမယ့္လည္း ေပါလ္ မာဆန္က နည္းၿပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ခေရဗင္ ေကာ့ေတာ့ခ်္မွာ ဘရာဇီးလ္ၾကယ္ပြင့္ထက္ ဥ႐ုေဂြးတိုက္စစ္မႉးကို ပြဲထုတ္သင့္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“ကၽြန္ေတာ္သာဆိုရင္ေတာ့ ဒီပြဲမွာ ဒါဝင္ ႏူးညက္ဇ္ကို ပြဲထြက္ကစားေစမွာပါ။ ကၽြန္ေတာ္ အဲဒီလို ေျပာရတာက ဒီပြဲက ႀကီး ၆ ႀကီးထဲက တစ္သင္းနဲ႔ ကစားရတဲ့ပြဲမဟုတ္တာေၾကာင့္ပါ။ လီဗာပူးလ္က အသားစီးရမယ္ဆိုတာ ခင္ဗ်ားလည္း သိေနတာပဲ”

“ႏူးညက္ဇ္က သူ ဂိုးသြင္းယူရမယ္ဆိုတာကို သိေနတဲ့ ပြဲစဥ္ေတြမွာ ပါဝင္ကစားဖို႔ လိုပါတယ္။ ဒီပြဲက သူ႔ရဲ့ ပရီးမီးယားလိဂ္ပြဲဦးထြက္အျဖစ္ ပါဝင္ကစားေပးဖို႔ အရမ္းေကာင္းတဲ့ပြဲပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ဟာ ဖာမီနိုရဲ့ အမာခံပရိသတ္ျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္ကမွ အန္းဖီးကို စြန႔္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနတဲ့ ဘရာဇီးလ္တိုက္စစ္မႉးကို ‘ႏွလုံးသားနဲ႔ စိတ္ဝိဉာဥ္’အျဖစ္ ခ်ီးက်ဴး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.