Bundesliga Premier League UCL&UEL

ဘိုင်ယန်မြူးနစ်နဲ့ ထပ်မတွေ့စေနဲ့လို့ လီဗာပူးလ်ကို သတိပေးလိုက်တဲ့ မာနေး

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဆာဒီယို မာနေးဟာ တကယ်လို့ လီဗာပူးလ်နဲ့ နောက်ထပ်တစ်ကြိမ် ရင်ဆိုင်တွေ့ခဲ့မယ်ဆိုရင် ဘွန်ဒက်စ်လီဂါချန်ပီယံတွေက ၎င်းရဲ့အသင်းဟောင်းကို အနိုင်ယူနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။

ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးဟာ ယခုနွေရာသီ အစောပိုင်းကာလမှာ အန်းဖီးကနေ အပြီးသတ် ထွက်ခွာခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက လီဗာပူးလ်ကြယ်ပွင့် ပေါင် ၃၅ သန်းနဲ့ ခေါ်ယူပြီး ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဆာဒီယို မာနေးဟာ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဘက်ကို ၂ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းက ၂ ကျော့ပေါင်း ၃-၁ နဲ့ နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီရလဒ်ဟာ လီဗာပူးလ်အသင်းအတွက် ထူးခြားတဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ရဲ့ အစဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ မာဆေးဆိုဒ်အသင်းဟာ ဥရောပဖလားကို ဆွတ်ခူးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၎င်းရဲ့ ကစားသမားဘဝတလျှောက် အမှတ်ရစရာ အကောင်းဆုံး သွင်းဂိုးတွေထဲက တစ်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဆီနီဂေါကြယ်ပွင့်ဟာ ဘိုင်ယန်မြူးနစ် ဂိုးသမား နျူအာကို အယောင်ပြလှည့်ထွက်ပြီး အသာအယာ မြှောက်ကန်ခဲ့ရာမှာ ဂိုးပေါက်ထဲကို ဘောလုံးက ဝင်သွားခဲ့တာဖြစ်ပါတယ်။

မာနေးဟာ အဲဒီသွင်းဂိုးကို ၎င်းရဲ့ အနှစ်သက်ဆုံး သွင်းဂိုးတွေထဲက တစ်ဂိုးအဖြစ် ရွေးချယ်ခဲ့ပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးက ဘိုင်ယန်မြူးနစ်သာ လီဗာပူးလ်နဲ့ နောက်ထပ်တစ်ကြိမ် ပြန်တွေ့ရင် ဂျာမန်ထိပ်သီးအသင်းကြီးက အနိုင်ရလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မာနေးက ဂျာမန်လက်ရွေးစင်ဂိုးသမားနဲ့ အသင်းဖော်တွေ ဖြစ်လာပြီးကတည်းက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်က သွင်းဂိုးဟာ လက်ရှိမှာတော့ ဒုတိယမြောက် အနှစ်သက်ဆုံးသွင်းဂိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဟာသဖောက်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ အနှစ်သက်ဆုံးသွင်းဂိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောခဲ့ပေမယ့် အခုတော့ အဲဒါက ဒုတိယမြောက် အနှစ်သက်ဆုံး သွင်းဂိုးလို့ ပြောရပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ပထမအနှစ်သက်ဆုံးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နျူအာက ကျွန်တော့်ရဲ့ အသင်းဖော်ဖြစ်နေပြီမို့လို့ပါ။ ဟင့်အင်း ကျွန်တော် တကယ်ပြောတာမဟုတ်ဘူး။ နောက်နေတာပါ။ ဟုတ်တာပေါ့။ အဲဒါက ကောင်းမွန်တဲ့ဂိုးဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့တယ်။ ဒါက ကျွန်တော်တို့ရဲ့နောက်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် တွေ့ရမယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လီဗာပူးလ်ကို အနိုင်ယူနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆာဒီယို မာနေးဟာ ပြီးခဲ့တဲ့ စနေနေ့က DFL စူပါဖလားပြိုင်ပွဲမှာ လိုက်ပ်ဇစ်ကို ၅-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် တကယ့်ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် ပါဝင်ကစားပေးပြီး ဂိုးးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေဟာ ယခုရာသီမှာ လိဂ်ချန်ပီယံဘွဲ့ကို ထိန်းသိမ်းသွားမှာဖြစ်သလို ချန်ပီယံလိဂ်ဖလားကိုလည်း အရယူနိုင်ဖို့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ဆာဒီယို မာေနးဟာ တကယ္လို႔ လီဗာပူးလ္နဲ႔ ေနာက္ထပ္တစ္ႀကိမ္ ရင္ဆိုင္ေတြ႕ခဲ့မယ္ဆိုရင္ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြက ၎ရဲ့အသင္းေဟာင္းကို အနိုင္ယူနိုင္လိမ့္မယ္လို႔ အခိုင္အမာ ယုံၾကည္ေနပါတယ္။

ဆီနီေဂါလက္ေရြးစင္တိုက္စစ္မႉးဟာ ယခုေႏြရာသီ အေစာပိုင္းကာလမွာ အန္းဖီးကေန အၿပီးသတ္ ထြက္ခြာခဲ့သူျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းက လီဗာပူးလ္ၾကယ္ပြင့္ ေပါင္ ၃၅ သန္းနဲ႔ ေခၚယူၿပီး ၃ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက ဆာဒီယို မာေနးဟာ လီဗာပူးလ္ရဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းဘက္ကို ၂ ဂိုး သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္အသင္းက ၂ ေက်ာ့ေပါင္း ၃-၁ နဲ႔ ေနာက္တဆင့္ တက္ေရာက္သြားနိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီရလဒ္ဟာ လီဗာပူးလ္အသင္းအတြက္ ထူးျခားတဲ့ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ရဲ့ အစျဖစ္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ မာေဆးဆိုဒ္အသင္းဟာ ဥေရာပဖလားကို ဆြတ္ခူးသြားနိုင္ခဲ့တာ ျဖစ္ပါတယ္။

တိုက္တိုက္ဆိုင္ဆိုင္ပဲ မာေနးဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၎ရဲ့ ကစားသမားဘဝတေလၽွာက္ အမွတ္ရစရာ အေကာင္းဆုံး သြင္းဂိုးေတြထဲက တစ္ဂိုးကို သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ဆီနီေဂါၾကယ္ပြင့္ဟာ ဘိုင္ယန္ျမဴးနစ္ ဂိုးသမား န်ဴအာကို အေယာင္ျပလွည့္ထြက္ၿပီး အသာအယာ ေျမႇာက္ကန္ခဲ့ရာမွာ ဂိုးေပါက္ထဲကို ေဘာလုံးက ဝင္သြားခဲ့တာျဖစ္ပါတယ္။

မာေနးဟာ အဲဒီသြင္းဂိုးကို ၎ရဲ့ အႏွစ္သက္ဆုံး သြင္းဂိုးေတြထဲက တစ္ဂိုးအျဖစ္ ေရြးခ်ယ္ခဲ့ၿပီး အသက္ ၃၀ အရြယ္ တိုက္စစ္မႉးက ဘိုင္ယန္ျမဴးနစ္သာ လီဗာပူးလ္နဲ႔ ေနာက္ထပ္တစ္ႀကိမ္ ျပန္ေတြ႕ရင္ ဂ်ာမန္ထိပ္သီးအသင္းႀကီးက အနိုင္ရလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ မာေနးက ဂ်ာမန္လက္ေရြးစင္ဂိုးသမားနဲ႔ အသင္းေဖာ္ေတြ ျဖစ္လာၿပီးကတည္းက ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္က သြင္းဂိုးဟာ လက္ရွိမွာေတာ့ ဒုတိယေျမာက္ အႏွစ္သက္ဆုံးသြင္းဂိုး ျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ ဟာသေဖာက္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ့္ရဲ့ အႏွစ္သက္ဆုံးသြင္းဂိုး ျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ ေျပာခဲ့ေပမယ့္ အခုေတာ့ အဲဒါက ဒုတိယေျမာက္ အႏွစ္သက္ဆုံး သြင္းဂိုးလို႔ ေျပာရပါလိမ့္မယ္။ ကၽြန္ေတာ့္ရဲ့ ပထမအႏွစ္သက္ဆုံးမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ န်ဴအာက ကၽြန္ေတာ့္ရဲ့ အသင္းေဖာ္ျဖစ္ေနၿပီမို႔လို႔ပါ။ ဟင့္အင္း ကၽြန္ေတာ္ တကယ္ေျပာတာမဟုတ္ဘူး။ ေနာက္ေနတာပါ။ ဟုတ္တာေပါ့။ အဲဒါက ေကာင္းမြန္တဲ့ဂိုးျဖစ္ခဲ့တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ကၽြန္ေတာ္တို႔ ပြဲေကာင္းတစ္ပြဲလည္း ျဖစ္ခဲ့တယ္။ ဒါက ကၽြန္ေတာ္တို႔ရဲ့ေနာက္မွာ က်န္ခဲ့ပါၿပီ။ ကၽြန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ေတြ႕ရမယ္ဆိုရင္ ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ လီဗာပူးလ္ကို အနိုင္ယူနိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆာဒီယို မာေနးဟာ ၿပီးခဲ့တဲ့ စေနေန႔က DFL စူပါဖလားၿပိဳင္ပြဲမွာ လိုက္ပ္ဇစ္ကို ၅-၃ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ တကယ့္ၿပိဳင္ပြဲမွာ ပထမဆုံး အႀကိမ္ ပါဝင္ကစားေပးၿပီး ဂိုးးသြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြဟာ ယခုရာသီမွာ လိဂ္ခ်န္ပီယံဘြဲ႕ကို ထိန္းသိမ္းသြားမွာျဖစ္သလို ခ်န္ပီယံလိဂ္ဖလားကိုလည္း အရယူနိုင္ဖို႔ ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.