Bundesliga

မက်ဆီက ရော်နယ်လ်ဒိုထက်ပိုကောင်းတယ်လို့ ယုံကြည်ထားတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်

ဘိုင်ယန်မြူးနစ်တောင်ပံကြယ်ပွင့် ကင်းစလေ ကိုးမန်းဟာ မပြီးဆုံးနိုင်တဲ့ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထဲက အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတဲ့ အငြင်းအခုံအတွက် အဖြေပေးသွားခဲ့ပါတယ်။

ပြင်သစ်တောင်ပံကစားသမားဟာ ESPNFC ရဲ့ ‘You have to Answer’ စီးရီးမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ပီအက်စ်ဂျီ ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကင်းစလေ ကိုးမန်းဟာ မေးခွန်းပေါင်းများစွာထဲက တစ်ခုကို သိပ်ကြာကြာ မစဉ်းစားရဘဲ ဖြေဆိုရတာဖြစ်တဲ့အတွက် ဘာကြောင့် ရော်နယ်လ်ဒိုထက် မက်ဆီကို ရွေးချယ်ခဲ့ရလဲဆိုတာကို ရှင်းပြဖို့အတွက် အချိန်များများစားစားမရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထဲက ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ အငြင်းအခုံကို ဖြေဆိုရာမှာ ကင်းစလေ ကိုးမန်းနဲ့ တခြား ကစားသမားတွေနဲ့ မတူညီတဲ့အချက်ကတော့ ပြင်သစ်တောင်ပံကစားသမားဟာ တသက်တာအကောင်းဆုံးကစားသးမား ၂ ဦးစလုံးနဲ့ အတူတူ တွဲကစားဖူးခြင်းမရှိတာဖြစ်ပါတယ်။

ကိုးမန်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အသင်းဟောင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းအတွက် ကစားပေးခဲ့သူဖြစ်ပြီး လီယွန်နယ် မက်ဆီရဲ့ လက်ရှိအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်း အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ထဲက ဘယ်သူ့ကို ရွေးချယ်မလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က ‘မက်ဆီ’လို့ တိုတိုတုတ်တုတ်ပဲ အဖြေပေးသွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးနဲ့ ပေါ်တူဂီတိုက်စစ်မှူးတို့ဟာ ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေကြားမှာ ဆက်လက်ပြီး အမြင်ကွဲလွဲမှုတွေ ဖြစ်ပေါ်နေစေဦးမယ့် ကစားသမားတွေဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဘလွန်ဒေါဆုပေးပွဲကို ဆယ်စုနှစ် ၂ ခုကြာ လွှမ်းမိုးထားနိုင်ခဲ့ကြသူတွေဖြစ်ပြီး လက်ရှိမှာတော့ အသက်အရွယ်ထောက်လာပြီဖြစ်တာကြောင့် ၎င်းတို့ရဲ့ အကောင်းဆုံးဖြစ်ခဲ့တဲ့ အချိန်တွေနဲ့ နှိုင်းယှဉ်ရင်တော့ ခြေစွမ်းကျဆင်းလာတဲ့ လက္ခဏာ အနည်းငယ် ပြသနေကြပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘိုင္ယန္ျမဴးနစ္ေတာင္ပံၾကယ္ပြင့္ ကင္းစေလ ကိုးမန္းဟာ မၿပီးဆုံးႏိုင္တဲ့ လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ထဲက အေကာင္းဆုံးကစားသမားက ဘယ္သူလဲဆိုတဲ့ အျငင္းအခုံအတြက္ အေျဖေပးသြားခဲ့ပါတယ္။

ျပင္သစ္ေတာင္ပံကစားသမားဟာ ESPNFC ရဲ႕ ‘You have to Answer’ စီးရီးမွာ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ ပီအက္စ္ဂ်ီ ၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကင္းစေလ ကိုးမန္းဟာ ေမးခြန္းေပါင္းမ်ားစြာထဲက တစ္ခုကို သိပ္ၾကာၾကာ မစဥ္းစားရဘဲ ေျဖဆိုရတာျဖစ္တဲ့အတြက္ ဘာေၾကာင့္ ေရာ္နယ္လ္ဒိုထက္ မက္ဆီကို ေ႐ြးခ်ယ္ခဲ့ရလဲဆိုတာကို ရွင္းျပဖို႔အတြက္ အခ်ိန္မ်ားမ်ားစားစားမရွိခဲ့တာျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ထဲက ဘယ္သူအေကာင္းဆုံးလဲဆိုတဲ့ အျငင္းအခုံကို ေျဖဆိုရာမွာ ကင္းစေလ ကိုးမန္းနဲ႔ တျခား ကစားသမားေတြနဲ႔ မတူညီတဲ့အခ်က္ကေတာ့ ျပင္သစ္ေတာင္ပံကစားသမားဟာ တသက္တာအေကာင္းဆုံးကစားသးမား ၂ ဦးစလုံးနဲ႔ အတူတူ တြဲကစားဖူးျခင္းမရွိတာျဖစ္ပါတယ္။

ကိုးမန္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အသင္းေဟာင္းျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းအတြက္ ကစားေပးခဲ့သူျဖစ္ၿပီး လီယြန္နယ္ မက္ဆီရဲ႕ လက္ရွိအသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္း အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ထဲက ဘယ္သူ႔ကို ေ႐ြးခ်ယ္မလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္က ‘မက္ဆီ’လို႔ တိုတိုတုတ္တုတ္ပဲ အေျဖေပးသြားခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားတိုက္စစ္မႉးနဲ႔ ေပၚတူဂီတိုက္စစ္မႉးတို႔ဟာ ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သူေတြၾကားမွာ ဆက္လက္ၿပီး အျမင္ကြဲလြဲမႈေတြ ျဖစ္ေပၚေနေစဦးမယ့္ ကစားသမားေတြျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ဘလြန္ေဒါဆုေပးပြဲကို ဆယ္စုႏွစ္ ၂ ခုၾကာ လႊမ္းမိုးထားႏိုင္ခဲ့ၾကသူေတြျဖစ္ၿပီး လက္ရွိမွာေတာ့ အသက္အ႐ြယ္ေထာက္လာၿပီျဖစ္တာေၾကာင့္ ၎တို႔ရဲ႕ အေကာင္းဆုံးျဖစ္ခဲ့တဲ့ အခ်ိန္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ေျခစြမ္းက်ဆင္းလာတဲ့ လကၡဏာ အနည္းငယ္ ျပသေနၾကၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.