Bundesliga Premier League Transfer News

ချဲလ်ဆီးကနေ ထွက်ချင်လို့ လစာတဝက်လျှော့ယူမယ့် ကြယ်ပွင့်ကစားသမား

ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာဟာ လိုက်ပ်ဇစ်အသင်းကို ပြန်လည်ပြောင်းရွှေ့နိုင်ဖို့အတွက် လစာ ၅၀ ရာခိုင်နှုန်းလျှော့ယူဖို့ သဘောတူညီခဲ့တယ်လို့ ဂျာမနီက သတင်းတွေအရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးဟာ ၂၀၂၀ ခုနှစ်မှာ လိုက်ပ်ဇစ်အသင်းကနေ ပေါင် ၄၇.၅ သန်းနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့လာပြီးကတည်းက စတမ်းဖို့ဒ် ဘရစ်ချ်မှာ အကျိုးသက်ရောက်မှုရှိအောင် ရုန်းကန်နေရတာဖြစ်ပါတယ်။ ဗာနာဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၁၅ ပွဲသာ ပွဲထွက်ပါဝင်ကစားခဲ့ရသူဖြစ်ပြီး ယခုနှစ်နှောင်းပိုင်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခွင့် ရရှိအောင် ပွဲကစားချိန် ပိုမို ရရှိချင်နေတာ ဖြစ်ပါတယ်။

Bild ရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇစ်အသင်းဟာ လက်ရှိမှာ ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှု ရရှိအောင် လုပ်ဆောင်နေပြီဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ ကနဦး အငှားစာချုပ်နဲ့ တီမို ဗာနာကို ခေါ်ယူနိုင်ဖို့ နည်းလမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

တီမို ဗာနာကလည်း လိုက်ပ်ဇစ်ကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် အဆင့်သင့်ဖြစ်နေပြီဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်အောင် ကူညီဖို့အတွက် လစာတစ်ဝက်လျှော့ယူဖို့ လက်ခံခဲ့တယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ တီမို ဗာနာရဲ့ လက်ရှိစာချုပ်အရ တစ်ပတ်လုပ်ခလစာဟာ ပေါင် ၂၇၅၀၀၀၀ ရှိပြီး ဂျာမနီ လက်ရွေးစင်တိုက်စစ်မှူးကို ဂျူဗင်တပ်အသင်းကလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

“သူ ပြန်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက ကစားသမားကောင်းပါ။ ကျွန်တော်တို့က နောက်တဆင့်ကို တက်ရောက်နိုင်ဖို့နဲ့ ဥရောပမှာ အကြီးမားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာဖို့ ကြိုးပမ်းနေတဲ့အသင်းဖြစ်ပြီး အဲဒီအတွက် ခင်ဗျားမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းကတည်းက ကောင်းမွန်တဲ့ အတွဲအဖက်ကို တည်ဆောက်ခဲ့ပြီးသားပါ”လို့ ပြောကြားခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ချဲလ်ဆီးအသင်းကနေ တီမို ဗာနာ ထွက်ခွာနိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အချိန်မှာ တူဟယ်က အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ သက်သေပြသစရာတွေ ရှိနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အဲဒီအကြောင်းကို မသိပါဘူး။ တီမိုကလည်း အဲဒီအကြောင်း ကျွန်တော့်ကို မပြောခဲ့ပါဘူး။ အခုအချိန်မှာ ကျွန်တော်ထင်တာက ချဲလ်ဆီးမှာ သူ့နည်းသူ့ဟန်နဲ့ သူလုပ်ချင်နေပါလိမ့်မယ်။ သူ့မှာ သက်သေပြသစရာအရာတွေ ရှိနေပါသေးတယ်”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးတိုက္စစ္မႉး တီမို ဗာနာဟာ လိုက္ပ္ဇစ္အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္ဖို႔အတြက္ လစာ ၅၀ ရာခိုင္ႏႈန္းေလွ်ာ့ယူဖို႔ သေဘာတူညီခဲ့တယ္လို႔ ဂ်ာမနီက သတင္းေတြအရ သိရပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ၂၀၂၀ ခုႏွစ္မွာ လိုက္ပ္ဇစ္အသင္းကေန ေပါင္ ၄၇.၅ သန္းနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အက်ိဳးသက္ေရာက္မႈရွိေအာင္ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ ဗာနာဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ၁၅ ပြဲသာ ပြဲထြက္ပါဝင္ကစားခဲ့ရသူျဖစ္ၿပီး ယခုႏွစ္ေႏွာင္းပိုင္း ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂ်ာမနီ လက္ေ႐ြးစင္အသင္းအတြက္ ပါဝင္ကစားေပးခြင့္ ရရွိေအာင္ ပြဲကစားခ်ိန္ ပိုမို ရရွိခ်င္ေနတာ ျဖစ္ပါတယ္။

Bild ရဲ႕ ေဖာ္ျပခ်က္အရ လိုက္ပ္ဇစ္အသင္းဟာ လက္ရွိမွာ ခ်ဲလ္ဆီးအသင္းနဲ႔ သေဘာတူညီမႈ ရရွိေအာင္ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး အၿပီးသတ္ ဝယ္ယူခြင့္ပါဝင္တဲ့ ကနဦး အငွားစာခ်ဳပ္နဲ႔ တီမို ဗာနာကို ေခၚယူႏိုင္ဖို႔ နည္းလမ္းရွာေဖြေနတယ္လို႔ သိရပါတယ္။

တီမို ဗာနာကလည္း လိုက္ပ္ဇစ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔အတြက္ အဆင့္သင့္ျဖစ္ေနၿပီျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ေအာင္ ကူညီဖို႔အတြက္ လစာတစ္ဝက္ေလွ်ာ့ယူဖို႔ လက္ခံခဲ့တယ္လို႔လည္း ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။ တီမို ဗာနာရဲ႕ လက္ရွိစာခ်ဳပ္အရ တစ္ပတ္လုပ္ခလစာဟာ ေပါင္ ၂၇၅၀၀၀၀ ရွိၿပီး ဂ်ာမနီ လက္ေ႐ြးစင္တိုက္စစ္မႉးကို ဂ်ဴဗင္တပ္အသင္းကလည္း ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

“သူ ျပန္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ သူက ကစားသမားေကာင္းပါ။ ကြၽန္ေတာ္တို႔က ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ဖို႔နဲ႔ ဥေရာပမွာ အႀကီးမားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္လာဖို႔ ႀကိဳးပမ္းေနတဲ့အသင္းျဖစ္ၿပီး အဲဒီအတြက္ ခင္ဗ်ားမွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ အရင္တုန္းကတည္းက ေကာင္းမြန္တဲ့ အတြဲအဖက္ကို တည္ေဆာက္ခဲ့ၿပီးသားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ မပိတ္ခင္ ခ်ဲလ္ဆီးအသင္းကေန တီမို ဗာနာ ထြက္ခြာႏိုင္တဲ့ အလားအလာနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့တဲ့အခ်ိန္မွာ တူဟယ္က အသက္ ၂၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ သက္ေသျပသစရာေတြ ရွိေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အဲဒီအေၾကာင္းကို မသိပါဘူး။ တီမိုကလည္း အဲဒီအေၾကာင္း ကြၽန္ေတာ့္ကို မေျပာခဲ့ပါဘူး။ အခုအခ်ိန္မွာ ကြၽန္ေတာ္ထင္တာက ခ်ဲလ္ဆီးမွာ သူ႔နည္းသူ႔ဟန္နဲ႔ သူလုပ္ခ်င္ေနပါလိမ့္မယ္။ သူ႔မွာ သက္ေသျပသစရာအရာေတြ ရွိေနပါေသးတယ္”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.