Bundesliga

ရော်နယ်လ်ဒိုကိုခေါ်ပြီး လာမယ့်ရာသီ ပွဲကြမ်းမလား အဖြေပေးခဲ့တဲ့ အလွန်ဆို

ဒီနွေရာသီမှာ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့လာနိုင်တယ်လို့ အံ့အားသင့်ဖွယ် ကောလာဟလတွေ ထွက်ပေါ်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အပေါ် ဇာဘီ အလွန်ဆိုရဲ့ အမြင်ကတော့ အရမ်းကို ရှင်းလင်းပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ အသက်အရွယ်နဲ့ မလိုက်တဲ့ စွမ်းဆောင်ရည်ကို ပြသနေဆဲဖြစ်ပြီး ဒီရာသီ အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲမှာ သွင်းဂိုး ၄၈ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ ဆော်ဒီ အာရေဗျမှာ ပျော်ရွှင်နေပြီး စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင်ဟာ ဥရောပဘောလုံးလောကကို ပြန်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ပြောင်းရွှေ့လာမယ့်အသင်းက လေဗာကူဆင်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

ဘွန်ဒက်စ်လီဂါချန်ပီယံတွေဟာ လက်ရှိအချိန်အထိ ပွဲ ၅၀ ဆက်တိုက် ရှုံးပွဲမရှိသေးဘဲ ဖလား ၃ လုံးတပြိုင်နက်ရယူပြီး ရာသီကုန်ဆုံးနိုင်တဲ့ အခွင့်အရေးလည်း ရှိနေတာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်လည်း ပြန်လည်ရရှိထားတာစြဖ်ပါတယ်။

လေဗာကူဆင်ဟာ အင်္ဂလန်၊ စပိန်၊ အီတလီတို့မှာ ကစားဖူးပေမယ့် ဂျာမနီမှာ တစ်ခါမှ မကစားဖူးသေးတဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ပေါ်တူဂီဂန္တဝင်ကလည်း ရီးရဲလ်မက်ဒစ်အသင်းဖော်ဟောင်း အလွန်ဆိုရဲ့ နှစ်သက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကို ခေါ်ယူမယ့် အပြောင်းအရွှေ့သတင်းတွေကို အလွန်ဆိုက မတုံ့ပြန်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေတုန်းက ပေါ်တူဂီတိုက်စစ်မှူးနဲ့ပတ်သက်ပြီး အမြဲတမ်း ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ခရစ္စတီယာနိုက အရာအားလုံးကို အရမ်းလွယ်ကူသွားအောင် လုပ်ခဲ့တယ်။ ကျွန်တော် ဘောလုံးရတယ်။ သူ့ကို ပေးတယ်။ သူက သူ့တစ်ဦးချင်းလုပ်ဆောင်မှုနဲ့ ဂိုးသွင်းယူနေကျပါ။”လို့ CoachesVoice နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားပေးနေခဲ့တုန်းက အလွန်ဆိုက ပေါ်တူဂီကြယ်ပွင့်ကို ဘွန်ဒက်စ်လီဂါ လာကစားဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ်။

“ခရစ္စတီယာနိုက ကွင်းထဲမှာ အသားကျအောင်လုပ်နိုင်စွမ်းရှိတယ်။ သူက အထောင်တိုက်စစ်မှူးမဟုတ်ဘူး။ ဒါပေမယ့် သူက ဂိုးဧရိယာနဲ့ နီးနီးနားနားမှာ ကစားချင်တယ်။ သူက ဘောလုံးဘယ်သွားမလဲ ကြိုသိနေတယ်။ ဂိုးတော်တော်များများက သူ့ရဲ့ ပထမဆုံးထိချက်နဲ့ သွင်းယူခဲ့တာပဲလေ။ သူက အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့တယ်ထင်တယ်။ ဒီခြေလှမ်းကို ရအောင်လှမ်းပြီး ပင်နယ်တီဧရိယာနဲ့ နီးနီးကို ရောက်လာတယ်။ သူ ဂိုး ၅၀ လောက်ရနေသရွေ့ သူ့လိုကစားသမားမျိုးကို ကျွန်တော် ဒီမှာ ရှိနေစေချင်ပါတယ်။ ခရစ္စတီယာနိုရဲ့ ကိန်းဂဏန်းတွေက အံ့အားသင့်စရာကောင်းတယ်။ အဲဒါကို အငြင်းပွားစရာမရှိပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီေႏြရာသီမွာ ေလဗာကူဆင္အသင္းကို ေျပာင္းေ႐ႊ႕လာႏိုင္တယ္လို႔ အံ့အားသင့္ဖြယ္ ေကာလာဟလေတြ ထြက္ေပၚေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အေပၚ ဇာဘီ အလြန္ဆိုရဲ႕ အျမင္ကေတာ့ အရမ္းကို ရွင္းလင္းပါတယ္။

အသက္ ၃၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ အသက္အ႐ြယ္နဲ႔ မလိုက္တဲ့ စြမ္းေဆာင္ရည္ကို ျပသေနဆဲျဖစ္ၿပီး ဒီရာသီ အယ္လ္နာဆာအတြက္ ၿပိဳင္ပြဲစုံ ၄၇ ပြဲမွာ သြင္းဂိုး ၄၈ ဂိုးအထိ သြင္းယူေပးထားတာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ေဆာ္ဒီ အာေရဗ်မွာ ေပ်ာ္႐ႊင္ေနၿပီး စာခ်ဳပ္သက္တမ္းက ၂၀၂၅ ခုႏွစ္အထိ က်န္ရွိေနေသးတာ ျဖစ္ပါတယ္။ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ဟာ ဥေရာပေဘာလုံးေလာကကို ျပန္လာေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနၿပီး ေျပာင္းေ႐ႊ႕လာမယ့္အသင္းက ေလဗာကူဆင္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာပါ။

ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြဟာ လက္ရွိအခ်ိန္အထိ ပြဲ ၅၀ ဆက္တိုက္ ရႈံးပြဲမရွိေသးဘဲ ဖလား ၃ လုံးတၿပိဳင္နက္ရယူၿပီး ရာသီကုန္ဆုံးႏိုင္တဲ့ အခြင့္အေရးလည္း ရွိေနတာျဖစ္ၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္လည္း ျပန္လည္ရရွိထားတာျစဖ္ပါတယ္။

ေလဗာကူဆင္ဟာ အဂၤလန္၊ စပိန္၊ အီတလီတို႔မွာ ကစားဖူးေပမယ့္ ဂ်ာမနီမွာ တစ္ခါမွ မကစားဖူးေသးတဲ့ ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ေပၚတူဂီဂႏၲဝင္ကလည္း ရီးရဲလ္မက္ဒစ္အသင္းေဖာ္ေဟာင္း အလြန္ဆိုရဲ႕ ႏွစ္သက္ျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုကို ေခၚယူမယ့္ အေျပာင္းအေ႐ႊ႕သတင္းေတြကို အလြန္ဆိုက မတုံ႔ျပန္ခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ေပၚတူဂီတိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး အၿမဲတမ္း ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“ခရစၥတီယာႏိုက အရာအားလုံးကို အရမ္းလြယ္ကူသြားေအာင္ လုပ္ခဲ့တယ္။ ကြၽန္ေတာ္ ေဘာလုံးရတယ္။ သူ႔ကို ေပးတယ္။ သူက သူ႔တစ္ဦးခ်င္းလုပ္ေဆာင္မႈနဲ႔ ဂိုးသြင္းယူေနက်ပါ။”လို႔ CoachesVoice နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္တုန္းက ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ကစားေပးေနခဲ့တုန္းက အလြန္ဆိုက ေပၚတူဂီၾကယ္ပြင့္ကို ဘြန္ဒက္စ္လီဂါ လာကစားဖို႔ ဖိတ္ေခၚခဲ့ဖူးပါတယ္။

“ခရစၥတီယာႏိုက ကြင္းထဲမွာ အသားက်ေအာင္လုပ္ႏိုင္စြမ္းရွိတယ္။ သူက အေထာင္တိုက္စစ္မႉးမဟုတ္ဘူး။ ဒါေပမယ့္ သူက ဂိုးဧရိယာနဲ႔ နီးနီးနားနားမွာ ကစားခ်င္တယ္။ သူက ေဘာလုံးဘယ္သြားမလဲ ႀကိဳသိေနတယ္။ ဂိုးေတာ္ေတာ္မ်ားမ်ားက သူ႔ရဲ႕ ပထမဆုံးထိခ်က္နဲ႔ သြင္းယူခဲ့တာပဲေလ။ သူက အရမ္းေကာင္းေကာင္း လုပ္ႏိုင္ခဲ့တယ္ထင္တယ္။ ဒီေျခလွမ္းကို ရေအာင္လွမ္းၿပီး ပင္နယ္တီဧရိယာနဲ႔ နီးနီးကို ေရာက္လာတယ္။ သူ ဂိုး ၅၀ ေလာက္ရေနသေ႐ြ႕ သူ႔လိုကစားသမားမ်ိဳးကို ကြၽန္ေတာ္ ဒီမွာ ရွိေနေစခ်င္ပါတယ္။ ခရစၥတီယာႏိုရဲ႕ ကိန္းဂဏန္းေတြက အံ့အားသင့္စရာေကာင္းတယ္။ အဲဒါကို အျငင္းပြားစရာမရွိပါဘူး။”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.