Premier League

ရာသီသစ် မစတင်ခင် ဒဏ်ရာရ ကစားသမား ၈ ဦးအထိ ရှိနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ စနေနေ့ညနေ ဖူလ်ဟမ် အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင် ဒဏ်ရာပြဿနာရဲ့ ထိုးနှက်ခြင်းကို ခံခဲ့ရပြီး ကာတစ် ဂျုံးစ်ဟာ ဒဏ်ရာကြောင့် အနားယူရတော့မှာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် လူငယ်ကွင်းလယ်ကစားသမားဟာ မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ လူစားဝင်ကစားပေးခဲ့ပေမယ့် ခြေသလုံး ဒဏ်ရာ ရရှိခဲ့တာကြောင့် ၄ ပတ်လောက်အထိ အနားယူရနိုင်တယ်လို့ The Athletic ရဲ့ သတင်းအရ သိရပါတယ်။ လီဗာပူးလ်ဟာ ကာတစ် ဂျုံးစ်ရဲ့ ဒဏ်ရာအတိမ်အနက်ကို အတိအကျ မသိရသေးဘဲ အထူးကုတွေရဲ့ ထင်မြင်ချက်ကို စောင့်ဆိုင်းနေတာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကိုတော့ လွဲချော်မှာ ကျိန်းသေနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ကလော့ပ်ရဲ့ အသင်းအတွက် ၂၇ ကြိမ် ပါဝင်ကစားပေးခဲ့တဲ့ ကာတစ် ဂျုံးစ်ဟာ ဒဏ်ရာ ရရှိခဲ့ပြီးနောက် အန်းဖီး ပွဲကြည့်စင်မှာ အကာအကွယ် ဖိနပ်ကို ဝတ်ဆင်ထားတဲ့ ဓာတ်ပုံ ရိုက်ကူးခြင်းခံခဲ့ရတာဖြစ်ပြီး လူငယ်ကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင် ကလော့ပ်အတွက် ကာလရှည် အနားယူရနိုင်တဲ့ နောက်ဆုံး ဒဏ်ရာ ရရှိတဲ့ ကစားသမားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ချိန်ဘာလိန်ကလည်း ရာသီကြိုပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပြင်းထန်တဲ့ တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ၂ လကနေ ၃ လအထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

ယခုအပတ်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ဂျိုတာကလည်း ရာသီကြိုကာလအစောပိုင်းမှာ ရရှိခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပြီး အရန်ဂိုးသမား ကယ်လေဟာကလည်း ပေါင်ခြံဒဏ်ရာ ရရှိထားပေမယ့် ကံကောင်းထောက်မစွာနဲ့ အယ်လစ်ဆန်က ကွန်မြူနတီဒိုင်းလုပွဲကို ဒဏ်ရာကြောင့် လွဲချော်ပြီးနောက် ပြန်လည်ကစားပေးနိုင်တဲ့အခြေအနေမှာ ရှိနေပြီဖြစ်ပါတယ်။

နာဘီ ကီးတားကလည်း မန်ချက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို နာမကျန်းဖြစ်နေမှုကြောင့် လွဲချော်ခဲ့ပြီးနောက် ပါဝင်ကစားပေးနိုင်ဖို့ များနေပြီး အခြား စိုးရိမ်ရတဲ့ကစားသမားတွေကတော့ ဖူလ်ဟမ်နဲ့ပွဲမတိုင်ခင် အသေးစား ဒဏ်ရာ ရရှိခဲ့တဲ့ ဆီမီကတ်စ်နဲ့ ကိုနာတေတို့ ဖြစ်ပါတယ်။

ဒဏ်ရာပြဿနာ စိုးရိမ်စရာ အချို့ရှိနေပေမယ့်လည်း ကလော့ပ်က နောက်ဆုံး ရာသီကြိုခြေစမ်းပွဲအပြီးမှာ ၎င်းရဲ့လူစာရင်းဟာ အမှန်တကယ် ကောင်းမွန်ပြီး ထက်မြက်နေတယ်လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ရာသီကြိုခြေစမ်းပွဲ ကစားရတဲ့အခါမှာ ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေလဲနဲ့ ကျွန်တော်တို့ ဘယ်လောက်ကောင်းနိုင်လဲဆိုတာကို သိနိုင်တဲ့ အနေအထားမှာ လုံလုံလောက်လောက်ရှိနေခဲ့တာ ကြာပြီလို့ ထင်ပါတယ်။ ဒါပေမယ့် မနေ့က ပွဲကတော့ တကယ်ကောင်းမွန်တဲ့လက္ခဏာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တကယ်ကို အဆင့်သင့်ဖြစ်နေပြီး တကယ်ကို ထက်မြက်နေပုံပေါ်နေခဲ့လို့ပါ။ အဲဒါက အရေးကြီးပါတယ်။ အခု ကျွန်တော်တို့မှာ ရက်သတ္တပတ်အပြည့်ရှိပြီး အဆုံးမှာတော့ နောက်လာမယ့် ၂ ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ ရက်သတ္တပတ် ၂ ပတ်အပြည့်ရှိတယ်လို့ ထင်ပါတယ်”

“ခင်ဗျားအနေနဲ့ ရာသီကြိုပွဲစဉ်လိုဟာမျိုးနဲ့ အသားကျနေရမှာပါ။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ ဒီနေ့ ကစားခဲ့ပြီး အခု ကျွန်တော်တို့ ဖူလ်ဟမ်နဲ့ပွဲအတွက် ကောင်းကောင်း ကြိုတင်ပြင်ဆင်ရတော့မှာပါ။ ဘာလို့လဲဆိုတော့ အဲဒါက မတူညီတဲ့ပွဲစဉ်ဖြစ်နေလို့ပါ။ ဒါပေမယ့် ကောင်လေးတွေက ကောင်းမွန်နေပုံပေါ်ပြီး ကျွန်တော်တို့ ရှိနေတဲ့နေရာနဲ့ပတ်သက်ပြီး ပျော်ရွှင်မိပါတယ်”

“ဒဏ်ရာရတာ နည်းနည်းလေး ပိုနည်းရင်တော့ ကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ အစောပိုင်းကတည်းက နည်းနည်း ကံမကောင်းခဲ့ပါဘူး။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ လေ့ကျင့်ရေးကို တကယ်မစတင်ခင်ကတည်းက ဒဏ်ရာတွေက ရနေတာပါ။ ဒါပေမယ့် ကောင်လေးတွေက အနှေးနဲ့အမြန်ဆိုသလို ပြန်လာမှာဖြစ်ပြီး ပြီးရင်တော့ ကျွန်တော်တို့မှာ လူစာရင်းအပြည့်ရှိလာပါလိမ့်မယ်။ ဒါပေမယ့် အခုအချိန်မှာ ပါဝင်ကစားပေးနိုင်တဲ့ ကောင်လေးတွေက တကယ်ကို ကောင်းမွန်ပြီး ထက်မြက်နေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ စေနေန႔ညေန ဖူလ္ဟမ္ အသင္းနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မတိုင္ခင္ ဒဏ္ရာျပႆနာရဲ႕ ထိုးႏွက္ျခင္းကို ခံခဲ့ရၿပီး ကာတစ္ ဂ်ဳံးစ္ဟာ ဒဏ္ရာေၾကာင့္ အနားယူရေတာ့မွာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ လူငယ္ကြင္းလယ္ကစားသမားဟာ မန္စီးတီးကို အႏိုင္ရရွိခဲ့တဲ့ ကြန္ျမဴနတီဒိုင္းလုပြဲမွာ လူစားဝင္ကစားေပးခဲ့ေပမယ့္ ေျခသလုံး ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ ၄ ပတ္ေလာက္အထိ အနားယူရႏိုင္တယ္လို႔ The Athletic ရဲ႕ သတင္းအရ သိရပါတယ္။ လီဗာပူးလ္ဟာ ကာတစ္ ဂ်ဳံးစ္ရဲ႕ ဒဏ္ရာအတိမ္အနက္ကို အတိအက် မသိရေသးဘဲ အထူးကုေတြရဲ႕ ထင္ျမင္ခ်က္ကို ေစာင့္ဆိုင္းေနတာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္ကိုေတာ့ လြဲေခ်ာ္မွာ က်ိန္းေသေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ကေလာ့ပ္ရဲ႕ အသင္းအတြက္ ၂၇ ႀကိမ္ ပါဝင္ကစားေပးခဲ့တဲ့ ကာတစ္ ဂ်ဳံးစ္ဟာ ဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ အန္းဖီး ပြဲၾကည့္စင္မွာ အကာအကြယ္ ဖိနပ္ကို ဝတ္ဆင္ထားတဲ့ ဓာတ္ပုံ ႐ိုက္ကူးျခင္းခံခဲ့ရတာျဖစ္ၿပီး လူငယ္ကြင္းလယ္ကစားသမားဟာ ပရီးမီးယားလိဂ္ရာသီသစ္မစတင္ခင္ ကေလာ့ပ္အတြက္ ကာလရွည္ အနားယူရႏိုင္တဲ့ ေနာက္ဆုံး ဒဏ္ရာ ရရွိတဲ့ ကစားသမားျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ ခ်ိန္ဘာလိန္ကလည္း ရာသီႀကိဳပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ျပင္းထန္တဲ့ တံေကာက္ေၾကာ ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ၿပီး ၂ လကေန ၃ လအထိ အနားယူရေတာ့မွာ ျဖစ္ပါတယ္။

ယခုအပတ္မွာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တဲ့ ဂ်ိဳတာကလည္း ရာသီႀကိဳကာလအေစာပိုင္းမွာ ရရွိခဲ့တဲ့ ေပါင္ဒဏ္ရာေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ၿပီး အရန္ဂိုးသမား ကယ္ေလဟာကလည္း ေပါင္ၿခံဒဏ္ရာ ရရွိထားေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ အယ္လစ္ဆန္က ကြန္ျမဴနတီဒိုင္းလုပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ၿပီးေနာက္ ျပန္လည္ကစားေပးႏိုင္တဲ့အေျခအေနမွာ ရွိေနၿပီျဖစ္ပါတယ္။

နာဘီ ကီးတားကလည္း မန္ခ်က္စတာစီးတီးအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကို နာမက်န္းျဖစ္ေနမႈေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီးေနာက္ ပါဝင္ကစားေပးႏိုင္ဖို႔ မ်ားေနၿပီး အျခား စိုးရိမ္ရတဲ့ကစားသမားေတြကေတာ့ ဖူလ္ဟမ္နဲ႔ပြဲမတိုင္ခင္ အေသးစား ဒဏ္ရာ ရရွိခဲ့တဲ့ ဆီမီကတ္စ္နဲ႔ ကိုနာေတတို႔ ျဖစ္ပါတယ္။

ဒဏ္ရာျပႆနာ စိုးရိမ္စရာ အခ်ိဳ႕ရွိေနေပမယ့္လည္း ကေလာ့ပ္က ေနာက္ဆုံး ရာသီႀကိဳေျခစမ္းပြဲအၿပီးမွာ ၎ရဲ႕လူစာရင္းဟာ အမွန္တကယ္ ေကာင္းမြန္ၿပီး ထက္ျမက္ေနတယ္လို႔ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား ရာသီႀကိဳေျခစမ္းပြဲ ကစားရတဲ့အခါမွာ ကြၽန္ေတာ္တို႔ ဘယ္ေနရာမွာ ရွိေနလဲနဲ႔ ကြၽန္ေတာ္တို႔ ဘယ္ေလာက္ေကာင္းႏိုင္လဲဆိုတာကို သိႏိုင္တဲ့ အေနအထားမွာ လုံလုံေလာက္ေလာက္ရွိေနခဲ့တာ ၾကာၿပီလို႔ ထင္ပါတယ္။ ဒါေပမယ့္ မေန႔က ပြဲကေတာ့ တကယ္ေကာင္းမြန္တဲ့လကၡဏာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ တကယ္ကို အဆင့္သင့္ျဖစ္ေနၿပီး တကယ္ကို ထက္ျမက္ေနပုံေပၚေနခဲ့လို႔ပါ။ အဲဒါက အေရးႀကီးပါတယ္။ အခု ကြၽန္ေတာ္တို႔မွာ ရက္သတၱပတ္အျပည့္ရွိၿပီး အဆုံးမွာေတာ့ ေနာက္လာမယ့္ ၂ ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ ရက္သတၱပတ္ ၂ ပတ္အျပည့္ရွိတယ္လို႔ ထင္ပါတယ္”

“ခင္ဗ်ားအေနနဲ႔ ရာသီႀကိဳပြဲစဥ္လိုဟာမ်ိဳးနဲ႔ အသားက်ေနရမွာပါ။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔ ဒီေန႔ ကစားခဲ့ၿပီး အခု ကြၽန္ေတာ္တို႔ ဖူလ္ဟမ္နဲ႔ပြဲအတြက္ ေကာင္းေကာင္း ႀကိဳတင္ျပင္ဆင္ရေတာ့မွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက မတူညီတဲ့ပြဲစဥ္ျဖစ္ေနလို႔ပါ။ ဒါေပမယ့္ ေကာင္ေလးေတြက ေကာင္းမြန္ေနပုံေပၚၿပီး ကြၽန္ေတာ္တို႔ ရွိေနတဲ့ေနရာနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္မိပါတယ္”

“ဒဏ္ရာရတာ နည္းနည္းေလး ပိုနည္းရင္ေတာ့ ေကာင္းပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ အေစာပိုင္းကတည္းက နည္းနည္း ကံမေကာင္းခဲ့ပါဘူး။ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္တို႔ ေလ့က်င့္ေရးကို တကယ္မစတင္ခင္ကတည္းက ဒဏ္ရာေတြက ရေနတာပါ။ ဒါေပမယ့္ ေကာင္ေလးေတြက အေႏွးနဲ႔အျမန္ဆိုသလို ျပန္လာမွာျဖစ္ၿပီး ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔မွာ လူစာရင္းအျပည့္ရွိလာပါလိမ့္မယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ ပါဝင္ကစားေပးႏိုင္တဲ့ ေကာင္ေလးေတြက တကယ္ကို ေကာင္းမြန္ၿပီး ထက္ျမက္ေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.