Analysis Article Premier League

၂၀၂၂-၂၃ ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲအတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

ပရီးမီးယားလိဂ်ကတော့ လာမယ့် သောကြာနေ့ည/စနေနေ့ နံနက်မှာ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ကန်ရမယ့် အာဆင်နယ်တို့ရဲ့ ပွဲစဉ်နဲ့အတူ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဂန်းနားတွေအနေနဲ့ နှစ်နှစ်ဆက်တိုက် ပထမဆုံးနဲ့ အစောဆုံး ပွဲစဉ်ကို ကစားရတာဖြစ်ပြီး ဒီပွဲနဲ့အတူ အဖွင့်ပွဲစဉ်(၁)ကို ခန့်မှန်းပေးထားတဲ့ ပေါလ်မာဆန်ရဲ့ သုံးသပ်ချက်တွေကို ကြည့်ကြရအောင်ပါ။

ခရစ္စတယ်လ် ပဲလေ့စ်-အာဆင်နယ်
ပြီးခဲ့တဲ့ ရာသီအစမှာတော့ ကိုဗစ်ကေ့စ်တွေကြောင့် အာဆင်နယ်တို့ အလုပ်မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီနှစ်ကတော့ ကွဲပြားခြားနားနေပါတယ်။ ရာသီကြို ခြေစွမ်းတွေအရ အာဆင်နယ်တို့ ဂိုးမသွင်းနိုင်အောင် ပဲလေ့စ်တို့ တားဖို့ မဖြစ်နိုင်ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ ဆာကာ၊ ဂါဘရီယယ်လ်၊ မာတီနယ်လီ၊ စမစ်ရိုးနဲ့ နကီးတီးယားတို့ရဲ့ တိုက်စစ်အင်အားက သူတို့အတွက် ထောက်ခံအားပေးချင်စရာဖြစ်ပြီး ဗီယာရာရဲ့ အသင်းကို သူ့ကွင်းမှာ ကစားဖို့ ခက်တယ် ဆိုပေမယ့် အဆင့်လေး ဝင်မယ့်အသင်းဆိုရင်တော့ အနိုင်ယူတတ်ရမှာပါ။ (ပဲ့လေ့စ် 1-3 အာဆင်နယ်)

ဖူလ်ဟမ်-လီဗာပူးလ်
ဖူလ်ဟမ်တို့အတွက် ဒီအဖွင့်ပွဲစဉ် ရေးဆွဲမှုက ရက်စက်ရာကျလွန်းပါတယ်။ အိမ်ရှင်တွေဟာ ခံစစ်မှာ အကောင်းဆုံးအသင်း မဟုတ်တာက လီဗာပူးလ်တို့နဲ့ တွေ့ဆုံချိန်မှာ ဒုက္ခတွေ့သွားနိုင်ပါတယ်။ ဒါဝင် နူးညက်ဇ်ကို ထည့်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ်အဖွင့်လှဖို့ အသုံးပြုသင့်ချိန်မှာ ပြိုင်ဘက်က တန်းတက်အသင်းဖြစ်နေတာကတော့ သူ့ကုသိုလ်ပါပဲ။ တန်းတက်ချန်ပီယံဆိုတော့ ဂုဏ်သိက္ခာနဲ့ ရည်မှန်းချက်တွေအရ အဖွင့်ပွဲမှာ ပေါက်ကွဲတတ်ကြပေမယ့် လီဗာပူးလ်ကတော့ သူတို့တွေ ထိပါးလို့ရတဲ့ အသင်းမျိုး မဟုတ်တော့ ဧည့်သည်တွေ အေးအေးဆေးဆေးနိုင်သွားပါလိမ့်မယ်။ (ဖူလ်ဟမ် 0-2 လီဗာပူးလ်)

ဘုန်းမောက်-အက်စ်တန်ဗီလာ
တန်းတက် ဘုန်းမောက်နဲ့ အပြောင်းအလဲတွေ အများကြီးလုပ်ထားတဲ့ ဗီလာတို့အတွက်တော့ အရေးပါတဲ့ ပွဲစဉ်မျိုးပါ။ ဘုန်းမောက်တို့အတွက် ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ချင်ရင် ဗီလာလို အသင်းမျိုးကို အံ့အားသင့်အောင် လုပ်ပြနိုင်ရမှာဖြစ်ပြီး ဗီလာတို့အတွက်တော့ ဥရောပကို စိန်ခေါ်နိုင်မယ့် အဆင့်အတန်းမျိုး ပြသနိုင်ချင်ရင် ဘုန်းမောက်ကို အနိုင်ရသင့်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အဆင့်အတန်းကို ချန်ပီယံရှစ်က လိုက်မီနိုင်မလား မေးရမယ့် ပွဲမျိုးဆိုတော့ ဗီလာတို့ နိုင်ဖို့ ဖြစ်နိုင်ပါလိမ့်မယ်။ (ဘုန်းမောက် 0-2 ဗီလာ)

နယူးကာဆယ်လ်ယူနိုက်တက်-နော့တင်ဟမ် ဖောရက်စ်
ဖောရက်စ်တို့ တန်းတက်လာခဲ့ပုံက Play-off ရောက်တဲ့အထိ အထင်ကြီးစရာ မရှိတာပါ။ အဆင့် ၂ နဲ့ တိုက်ရိုက်တန်းတက်ရမယ့် အခွင့်အရေးကို ဘုန်းမောက်ကို ပေးလိုက်ပြီး ရောက်လာပြန်တော့လည်း အသင်းရဲ့ ကျောရိုးကို ပစ်ပြီး ပွဲထွက် ၁၁ ယောက်လုံးကို အသစ်သုံးမယ့်ပုံစံမျိုးနဲ့ မြင်မကောင်း ရှုမကောင်း ကစားသမားတွေ ခေါ်ယူနေခဲ့ပါတယ်။ သူတို့ကို လင်ဂတ် ဘယ်လောက် ဦးဆောင်နိုင်မလဲ စောင့်ကြည့်ရမယ့်အချိန်မှာ အမြင့်ကို မှန်းနေတဲ့ ဆော်ဒီပိုင် နယူးကာဆယ်လ်တို့ကတော့ လာမယ့်ရာသီ ဥရောပကို ဝင်ချင်ရင် အနိုင်ရထားမယ့် ပွဲမျိုးပါ။ (နယူးကာဆယ်လ် 2-0 ဖောရက်စ်)

တော့တင်ဟမ် ဟော့စပါးစ်-ဆောက်သမ်တန်
စပါးစ်ရဲ့ ရာသီကြို ပြင်ဆင်မှုနဲ့ ခြေစွမ်းက လျှော့တွက်ဖို့ မကောင်းဘူးလို့ ဆိုရမှာဖြစ်ပြီး ရှိရင်းစွဲ အသင်းကိုလည်း ကစားသမားကောင်းတွေနဲ့ ဖြည့်ဆည်းထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ အဆင့် ၄ ဝင်ခဲ့တဲ့ စပါးစ်တို့ ရာသီအဖွင့်မှာ ဝေဖန်ချင်နေကြတဲ့သူတွေကို တုံ့ပြန်နိုင်ဖို့ လိုအပ်နေချိန်မှာ ဆောက်သမ်တန်တို့ကတော့ မနှစ်ကထက် အင်အားနည်းသွားတဲ့ ပုံစံပါပဲ။ ဝှိုက်ဟတ်လိန်းမှာ အိမ်ရှင်တွေ လွယ်လွယ်ကူကူ ကျော်ဖြတ်မယ့်ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ (စပါးစ် 2-0 စိန့်)

လိဒ်စ်ယူနိုက်တက်-ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်
ဝုလ်ဗ်စ်ကို အားပေးရတာ အရူးကို လင်လုပ်ရသလိုပါပဲ။ အသင်းကြီးတွေနဲ့ ကျားကုတ်ကျားခဲ ကန်လိုက်၊ ကျန်တဲ့ အသင်းတွေနဲ့ဆို အမှတ်တွေ လွှင့်ပစ်လိုက်နဲ့ ရော်ဘင်ဟုဒ်လိုမျိုးပေါ့။ ဂျက်ဆီ မာ့ရှ်ရဲ့ လိဒ်စ်ကတော့ တန်းဆင်းမယ့် အရသာကို ပြီးခဲ့တဲ့ ရာသီက မြည်းကြည့်လိုက်မိတော့ အလန့်တကြား အသင်းကို ပြင်ဆင်နေခဲ့တာပါ။ ဒါပေမယ့် ကယ်လ်ဗင် ဖိလစ် ထွက်သွားတဲ့ အထိုင်ကို လူသစ်တွေ အစားထိုးဝင်ရောက်ဖို့ စွမ်းနိုင်မလားတော့ စောင့်ကြည့်ဖို့ ရှိနေပါသေးတယ်။ ပူအိုက်တဲ့ နွေရာသီမှာ ဆူဆူပူပူ မလုပ်ဘဲ အမှတ်ခွဲယူသွားကြမယ် ထင်ပါတယ်။ (လိဒ်စ် 1-1 ဝုလ်ဗ်စ်)

အဲဗာတန်-ချဲလ်ဆီး
နောက်ဆုံးတွေ့ဆုံမှုမှာ တန်းဆင်းဖို့ နီးနေတဲ့ အဲဗာတန်ကို အမှတ်လှူထားတဲ့ ကျေးဇူးကို ချဲလ်ဆီးတို့ ပြန်အဆပ်ခံနိုင်မှာလား။ ဘယ်လောက်ပဲ လမ်းပတ်တစ်ယောက် တော်ဖီတွေ နင်နေပေမယ့် ဂွတ်ဒီဆန်ပါ့ခ်ကတော့ ဧည့်သည်တွေအတွက် မငြိမ်းချမ်းပါဘူး။ စတာလင်နဲ့ ဟာဗတ်ဇ်ကို တိုက်စစ်မှာ ဟန်ချက်ညီအောင် အသုံးပြုနိုင်မလား၊ ရူဒီဂါ၊ ခရစ္စတင်ဆန်တို့ရဲ့ မာကျောမှုနဲ့ ဂိုးတွေကို ချဲလ်ဆီး အစားထိုးနိုင်ပြီလားဆိုတဲ့ မေးခွန်းတွေကလည်း ပွဲကြိုမှာ စောင့်လင့်နေပါတယ်။ အဲဗာတန်တို့က ခက်ခဲအောင်လုပ်မှာဖြစ်ပေမယ့် နိုင်ရင်တော့ ချဲလ်ဆီးပါပဲ။ (အဲဗာတန် 1-2 ချဲလ်ဆီး)

လက်စတာစီးတီး-ဘရန့်ဖို့ဒ်
ဘရန့်ဖို့ဒ်တို့အနေနဲ့ တန်းတက်အသင်းတွေ ကြုံနေကျဖြစ်တဲ့ ပထမရာသီကို တင်ကျန်အောင် လုပ်ပြီးရင် နောက်ရာသီမှာ အမောဆို့သွားတဲ့ ရောဂါလက္ခဏာကို ကြုံတွေ့ရမှာပါ။ အဲရစ်ဆန်ကို ဆုံးရှုံးထားတဲ့ ပျားတွေနဲ့ ရှမိုက်ကယ်ကို ဆုံးရှုံးထားတဲ့ မြေခွေးတွေ ဒိန်းမတ်တွေ လျော့ပါးသွားပေမယ့် ကွာလတီက လက်စတာတွေဘက်မှာ ရှိပါတယ်။ ဒီရာသီမှာ ဘာဥရောပနံ့မှ ခံစရာမရှိတဲ့ ဘရန်ဒန် ရော့ဂျားစ်အနေနဲ့ကင်းပါဝါမှာ ပရိသတ်တွေကို နှစ်သိမ့်ဖို့ အနိုင်ကစားနိုင်မှ ဖြစ်ပါလိမ့်မယ်။ (လက်စတာ 2-1 ဘရန့်ဖို့ဒ်)

မန်ချက်စတာယူနိုက်တက်-ဘရိုက်တန်&ဟုဗ် အယ်လ်ဘီယွန်
ရော်နယ်လ်ဒိုနဲ့ အဆင်မပြေပါဘူးဆိုမှ မာစီယယ်လ်ပါ ဒဏ်ရာရသွားတာက ယူနိုက်တက်နည်းပြ တန်ဟတ်အတွက် ခေါင်းစားစရာဖြစ်စေတာပါ။ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်ပဲ ကျန်တော့တဲ့ အချိန်မှာ သူတို့ရဲ့ ခံစစ်ကရော မာတီနက်ဇ်နဲ့ အထိုင်ကျပါ့မလားဆိုတာ တွေးရပါဦးမယ်။ ဒတ်ချ်လိဂ်နဲ့ ပရီးမီးယားလိဂ် ကွာဟချက်ကို တန်ဟတ်နဲ့ သူလူတွေ အဖြေရှာနိုင်ပါ့မလား။ ဘရိုက်တန်ကတော့ ဘီဆူးမား မရှိတော့ပေမယ့် အများကြီးတော့ ခြားနားမသွားနိုင်ပါဘူး။ ဒါပေမယ့် အိုးလ်ထရက်ဖို့ဒ်ဆိုတော့ အိမ်ရှင်တွေပဲ စားသွားပါလိမ့်မယ်။ (မန်ယူနိုက်တက် 2-1 ဘရိုက်တန်)

ဝက်စ်ဟမ်းယူနိုက်တက်-မန်ချက်စတာစီးတီး
ဆန့်ကျင်ဘက်ပုံစံနဲ့ ကစားကြမယ့် နှစ်သင်းတွေ့ဆုံမှုဖြစ်ပြီး တန်ပြန်တိုက်စစ်နဲ့ ခံစစ်ကစားမယ့် အိမ်ရှင်နဲ့ ဘောလုံးပိုင်ဆိုင်မှုယူပြီး High Positioning ကစားမယ့် ဧည့်သည်တွေ အားပြိုင်ကြမှာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲက မန်စီးတီးတို့ရဲ့ ပုံစံက အသင်းမှာ ကြိုးစားသူတွေများသလို ငပျင်းတွေလည်း ပေါကြောင်း ပြသထားခဲ့သလို ဝက်စ်ဟမ်းကတော့ မနှစ်ကအတိုင်းပဲ တန်ပြန်ထိုးနှက်ဖို့ ကြိုးစားမှာပါ။ မနှစ်ကလိုမျိုးပဲ ဘောလုံးကိုင်ပြီး ဂိုးသွင်းဖို့ ခက်တဲ့ မန်စီးတီးကို ပိတ်ကစားပြီး ဂိုးပြန်သွင်းမယ့် ဝက်စ်ဟမ်းတို့ သရေရယူသွားပါလိမ့်မယ်။ (ဝက်စ်ဟမ်း 1-1 မန်စီးတီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ကေတာ့ လာမယ့္ ေသာၾကာေန႔ည/စေနေန႔ နံနက္မွာ ခရစၥတယ္လ္ ပဲေလ့စ္နဲ႔ ကန္ရမယ့္ အာဆင္နယ္တို႔ရဲ႕ ပြဲစဥ္နဲ႔အတူ စတင္ဖြင့္လွစ္မွာျဖစ္ပါတယ္။ ဂန္းနားေတြအေနနဲ႔ ႏွစ္ႏွစ္ဆက္တိုက္ ပထမဆုံးနဲ႔ အေစာဆုံး ပြဲစဥ္ကို ကစားရတာျဖစ္ၿပီး ဒီပြဲနဲ႔အတူ အဖြင့္ပြဲစဥ္(၁)ကို ခန႔္မွန္းေပးထားတဲ့ ေပါလ္မာဆန္ရဲ႕ သုံးသပ္ခ်က္ေတြကို ၾကည့္ၾကရေအာင္ပါ။

ခရစၥတယ္လ္ ပဲေလ့စ္-အာဆင္နယ္
ၿပီးခဲ့တဲ့ ရာသီအစမွာေတာ့ ကိုဗစ္ေက့စ္ေတြေၾကာင့္ အာဆင္နယ္တို႔ အလုပ္မျဖစ္ခဲ့ဘူး။ ဒါေပမယ့္ ဒီႏွစ္ကေတာ့ ကြဲျပားျခားနားေနပါတယ္။ ရာသီႀကိဳ ေျခစြမ္းေတြအရ အာဆင္နယ္တို႔ ဂိုးမသြင္းႏိုင္ေအာင္ ပဲေလ့စ္တို႔ တားဖို႔ မျဖစ္ႏိုင္ဘူးလို႔ပဲ ဆိုရပါလိမ့္မယ္။ ဆာကာ၊ ဂါဘရီယယ္လ္၊ မာတီနယ္လီ၊ စမစ္႐ိုးနဲ႔ နကီးတီးယားတို႔ရဲ႕ တိုက္စစ္အင္အားက သူတို႔အတြက္ ေထာက္ခံအားေပးခ်င္စရာျဖစ္ၿပီး ဗီယာရာရဲ႕ အသင္းကို သူ႔ကြင္းမွာ ကစားဖို႔ ခက္တယ္ ဆိုေပမယ့္ အဆင့္ေလး ဝင္မယ့္အသင္းဆိုရင္ေတာ့ အႏိုင္ယူတတ္ရမွာပါ။ (ပဲ့ေလ့စ္ 1-3 အာဆင္နယ္)

ဖူလ္ဟမ္-လီဗာပူးလ္
ဖူလ္ဟမ္တို႔အတြက္ ဒီအဖြင့္ပြဲစဥ္ ေရးဆြဲမႈက ရက္စက္ရာက်လြန္းပါတယ္။ အိမ္ရွင္ေတြဟာ ခံစစ္မွာ အေကာင္းဆုံးအသင္း မဟုတ္တာက လီဗာပူးလ္တို႔နဲ႔ ေတြ႕ဆုံခ်ိန္မွာ ဒုကၡေတြ႕သြားႏိုင္ပါတယ္။ ဒါဝင္ ႏူးညက္ဇ္ကို ထည့္ၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္အဖြင့္လွဖို႔ အသုံးျပဳသင့္ခ်ိန္မွာ ၿပိဳင္ဘက္က တန္းတက္အသင္းျဖစ္ေနတာကေတာ့ သူ႔ကုသိုလ္ပါပဲ။ တန္းတက္ခ်န္ပီယံဆိုေတာ့ ဂုဏ္သိကၡာနဲ႔ ရည္မွန္းခ်က္ေတြအရ အဖြင့္ပြဲမွာ ေပါက္ကြဲတတ္ၾကေပမယ့္ လီဗာပူးလ္ကေတာ့ သူတို႔ေတြ ထိပါးလို႔ရတဲ့ အသင္းမ်ိဳး မဟုတ္ေတာ့ ဧည့္သည္ေတြ ေအးေအးေဆးေဆးႏိုင္သြားပါလိမ့္မယ္။ (ဖူလ္ဟမ္ 0-2 လီဗာပူးလ္)

ဘုန္းေမာက္-အက္စ္တန္ဗီလာ
တန္းတက္ ဘုန္းေမာက္နဲ႔ အေျပာင္းအလဲေတြ အမ်ားႀကီးလုပ္ထားတဲ့ ဗီလာတို႔အတြက္ေတာ့ အေရးပါတဲ့ ပြဲစဥ္မ်ိဳးပါ။ ဘုန္းေမာက္တို႔အတြက္ ပရီးမီးယားလိဂ္မွာ တင္က်န္ရစ္ခ်င္ရင္ ဗီလာလို အသင္းမ်ိဳးကို အံ့အားသင့္ေအာင္ လုပ္ျပႏိုင္ရမွာျဖစ္ၿပီး ဗီလာတို႔အတြက္ေတာ့ ဥေရာပကို စိန္ေခၚႏိုင္မယ့္ အဆင့္အတန္းမ်ိဳး ျပသႏိုင္ခ်င္ရင္ ဘုန္းေမာက္ကို အႏိုင္ရသင့္ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ အဆင့္အတန္းကို ခ်န္ပီယံရွစ္က လိုက္မီႏိုင္မလား ေမးရမယ့္ ပြဲမ်ိဳးဆိုေတာ့ ဗီလာတို႔ ႏိုင္ဖို႔ ျဖစ္ႏိုင္ပါလိမ့္မယ္။ (ဘုန္းေမာက္ 0-2 ဗီလာ)

နယူးကာဆယ္လ္ယူႏိုက္တက္-ေနာ့တင္ဟမ္ ေဖာရက္စ္
ေဖာရက္စ္တို႔ တန္းတက္လာခဲ့ပုံက Play-off ေရာက္တဲ့အထိ အထင္ႀကီးစရာ မရွိတာပါ။ အဆင့္ ၂ နဲ႔ တိုက္႐ိုက္တန္းတက္ရမယ့္ အခြင့္အေရးကို ဘုန္းေမာက္ကို ေပးလိုက္ၿပီး ေရာက္လာျပန္ေတာ့လည္း အသင္းရဲ႕ ေက်ာ႐ိုးကို ပစ္ၿပီး ပြဲထြက္ ၁၁ ေယာက္လုံးကို အသစ္သုံးမယ့္ပုံစံမ်ိဳးနဲ႔ ျမင္မေကာင္း ရႈမေကာင္း ကစားသမားေတြ ေခၚယူေနခဲ့ပါတယ္။ သူတို႔ကို လင္ဂတ္ ဘယ္ေလာက္ ဦးေဆာင္ႏိုင္မလဲ ေစာင့္ၾကည့္ရမယ့္အခ်ိန္မွာ အျမင့္ကို မွန္းေနတဲ့ ေဆာ္ဒီပိုင္ နယူးကာဆယ္လ္တို႔ကေတာ့ လာမယ့္ရာသီ ဥေရာပကို ဝင္ခ်င္ရင္ အႏိုင္ရထားမယ့္ ပြဲမ်ိဳးပါ။ (နယူးကာဆယ္လ္ 2-0 ေဖာရက္စ္)

ေတာ့တင္ဟမ္ ေဟာ့စပါးစ္-ေဆာက္သမ္တန္
စပါးစ္ရဲ႕ ရာသီႀကိဳ ျပင္ဆင္မႈနဲ႔ ေျခစြမ္းက ေလွ်ာ့တြက္ဖို႔ မေကာင္းဘူးလို႔ ဆိုရမွာျဖစ္ၿပီး ရွိရင္းစြဲ အသင္းကိုလည္း ကစားသမားေကာင္းေတြနဲ႔ ျဖည့္ဆည္းထားႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီမွာ အဆင့္ ၄ ဝင္ခဲ့တဲ့ စပါးစ္တို႔ ရာသီအဖြင့္မွာ ေဝဖန္ခ်င္ေနၾကတဲ့သူေတြကို တုံ႔ျပန္ႏိုင္ဖို႔ လိုအပ္ေနခ်ိန္မွာ ေဆာက္သမ္တန္တို႔ကေတာ့ မႏွစ္ကထက္ အင္အားနည္းသြားတဲ့ ပုံစံပါပဲ။ ဝႈိက္ဟတ္လိန္းမွာ အိမ္ရွင္ေတြ လြယ္လြယ္ကူကူ ေက်ာ္ျဖတ္မယ့္ပြဲလို႔ ဆိုရမွာ ျဖစ္ပါတယ္။ (စပါးစ္ 2-0 စိန႔္)

လိဒ္စ္ယူႏိုက္တက္-ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္
ဝုလ္ဗ္စ္ကို အားေပးရတာ အ႐ူးကို လင္လုပ္ရသလိုပါပဲ။ အသင္းႀကီးေတြနဲ႔ က်ားကုတ္က်ားခဲ ကန္လိုက္၊ က်န္တဲ့ အသင္းေတြနဲ႔ဆို အမွတ္ေတြ လႊင့္ပစ္လိုက္နဲ႔ ေရာ္ဘင္ဟုဒ္လိုမ်ိဳးေပါ့။ ဂ်က္ဆီ မာ့ရွ္ရဲ႕ လိဒ္စ္ကေတာ့ တန္းဆင္းမယ့္ အရသာကို ၿပီးခဲ့တဲ့ ရာသီက ျမည္းၾကည့္လိုက္မိေတာ့ အလန႔္တၾကား အသင္းကို ျပင္ဆင္ေနခဲ့တာပါ။ ဒါေပမယ့္ ကယ္လ္ဗင္ ဖိလစ္ ထြက္သြားတဲ့ အထိုင္ကို လူသစ္ေတြ အစားထိုးဝင္ေရာက္ဖို႔ စြမ္းႏိုင္မလားေတာ့ ေစာင့္ၾကည့္ဖို႔ ရွိေနပါေသးတယ္။ ပူအိုက္တဲ့ ေႏြရာသီမွာ ဆူဆူပူပူ မလုပ္ဘဲ အမွတ္ခြဲယူသြားၾကမယ္ ထင္ပါတယ္။ (လိဒ္စ္ 1-1 ဝုလ္ဗ္စ္)

အဲဗာတန္-ခ်ဲလ္ဆီး
ေနာက္ဆုံးေတြ႕ဆုံမႈမွာ တန္းဆင္းဖို႔ နီးေနတဲ့ အဲဗာတန္ကို အမွတ္လႉထားတဲ့ ေက်းဇူးကို ခ်ဲလ္ဆီးတို႔ ျပန္အဆပ္ခံႏိုင္မွာလား။ ဘယ္ေလာက္ပဲ လမ္းပတ္တစ္ေယာက္ ေတာ္ဖီေတြ နင္ေနေပမယ့္ ဂြတ္ဒီဆန္ပါ့ခ္ကေတာ့ ဧည့္သည္ေတြအတြက္ မၿငိမ္းခ်မ္းပါဘူး။ စတာလင္နဲ႔ ဟာဗတ္ဇ္ကို တိုက္စစ္မွာ ဟန္ခ်က္ညီေအာင္ အသုံးျပဳႏိုင္မလား၊ ႐ူဒီဂါ၊ ခရစၥတင္ဆန္တို႔ရဲ႕ မာေက်ာမႈနဲ႔ ဂိုးေတြကို ခ်ဲလ္ဆီး အစားထိုးႏိုင္ၿပီလားဆိုတဲ့ ေမးခြန္းေတြကလည္း ပြဲႀကိဳမွာ ေစာင့္လင့္ေနပါတယ္။ အဲဗာတန္တို႔က ခက္ခဲေအာင္လုပ္မွာျဖစ္ေပမယ့္ ႏိုင္ရင္ေတာ့ ခ်ဲလ္ဆီးပါပဲ။ (အဲဗာတန္ 1-2 ခ်ဲလ္ဆီး)

လက္စတာစီးတီး-ဘရန႔္ဖို႔ဒ္
ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ တန္းတက္အသင္းေတြ ႀကဳံေနက်ျဖစ္တဲ့ ပထမရာသီကို တင္က်န္ေအာင္ လုပ္ၿပီးရင္ ေနာက္ရာသီမွာ အေမာဆို႔သြားတဲ့ ေရာဂါလကၡဏာကို ႀကဳံေတြ႕ရမွာပါ။ အဲရစ္ဆန္ကို ဆုံးရႈံးထားတဲ့ ပ်ားေတြနဲ႔ ရွမိုက္ကယ္ကို ဆုံးရႈံးထားတဲ့ ေျမေခြးေတြ ဒိန္းမတ္ေတြ ေလ်ာ့ပါးသြားေပမယ့္ ကြာလတီက လက္စတာေတြဘက္မွာ ရွိပါတယ္။ ဒီရာသီမွာ ဘာဥေရာပနံ႔မွ ခံစရာမရွိတဲ့ ဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ကင္းပါဝါမွာ ပရိသတ္ေတြကို ႏွစ္သိမ့္ဖို႔ အႏိုင္ကစားႏိုင္မွ ျဖစ္ပါလိမ့္မယ္။ (လက္စတာ 2-1 ဘရန႔္ဖို႔ဒ္)

မန္ခ်က္စတာယူႏိုက္တက္-ဘ႐ိုက္တန္&ဟုဗ္ အယ္လ္ဘီယြန္
ေရာ္နယ္လ္ဒိုနဲ႔ အဆင္မေျပပါဘူးဆိုမွ မာစီယယ္လ္ပါ ဒဏ္ရာရသြားတာက ယူႏိုက္တက္နည္းျပ တန္ဟတ္အတြက္ ေခါင္းစားစရာျဖစ္ေစတာပါ။ ဆန္ခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္ပဲ က်န္ေတာ့တဲ့ အခ်ိန္မွာ သူတို႔ရဲ႕ ခံစစ္ကေရာ မာတီနက္ဇ္နဲ႔ အထိုင္က်ပါ့မလားဆိုတာ ေတြးရပါဦးမယ္။ ဒတ္ခ်္လိဂ္နဲ႔ ပရီးမီးယားလိဂ္ ကြာဟခ်က္ကို တန္ဟတ္နဲ႔ သူလူေတြ အေျဖရွာႏိုင္ပါ့မလား။ ဘ႐ိုက္တန္ကေတာ့ ဘီဆူးမား မရွိေတာ့ေပမယ့္ အမ်ားႀကီးေတာ့ ျခားနားမသြားႏိုင္ပါဘူး။ ဒါေပမယ့္ အိုးလ္ထရက္ဖို႔ဒ္ဆိုေတာ့ အိမ္ရွင္ေတြပဲ စားသြားပါလိမ့္မယ္။ (မန္ယူႏိုက္တက္ 2-1 ဘ႐ိုက္တန္)

ဝက္စ္ဟမ္းယူႏိုက္တက္-မန္ခ်က္စတာစီးတီး
ဆန႔္က်င္ဘက္ပုံစံနဲ႔ ကစားၾကမယ့္ ႏွစ္သင္းေတြ႕ဆုံမႈျဖစ္ၿပီး တန္ျပန္တိုက္စစ္နဲ႔ ခံစစ္ကစားမယ့္ အိမ္ရွင္နဲ႔ ေဘာလုံးပိုင္ဆိုင္မႈယူၿပီး High Positioning ကစားမယ့္ ဧည့္သည္ေတြ အားၿပိဳင္ၾကမွာျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔ပြဲက မန္စီးတီးတို႔ရဲ႕ ပုံစံက အသင္းမွာ ႀကိဳးစားသူေတြမ်ားသလို ငပ်င္းေတြလည္း ေပါေၾကာင္း ျပသထားခဲ့သလို ဝက္စ္ဟမ္းကေတာ့ မႏွစ္ကအတိုင္းပဲ တန္ျပန္ထိုးႏွက္ဖို႔ ႀကိဳးစားမွာပါ။ မႏွစ္ကလိုမ်ိဳးပဲ ေဘာလုံးကိုင္ၿပီး ဂိုးသြင္းဖို႔ ခက္တဲ့ မန္စီးတီးကို ပိတ္ကစားၿပီး ဂိုးျပန္သြင္းမယ့္ ဝက္စ္ဟမ္းတို႔ သေရရယူသြားပါလိမ့္မယ္။ (ဝက္စ္ဟမ္း 1-1 မန္စီးတီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.