Premier League Transfer News

ဘလက်ပန်သာကို ပြန်ခေါ်တော့မယ့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကို ယခုလမှာ အံ့အားသင့်ဖွယ် ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အာဆင်နယ်ကနေ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပေမယ့်လည်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ ဆရာဟောင်း တူဟယ်နဲ့အတူ ပြန်လည် ပေါင်းစည်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လူကာကူးကို အင်တာမီလန်အသင်းဆီ အငှားပြန်ချခဲ့ပြီးကတည်းက တိုက်စစ်ကစားသမားဆိုလို့ ရာဟင်း စတားလင်း တစ်ဦးတည်းသာ ခေါ်ယူနိုင်သေးတာကြောင့် တူဟယ်အနေနဲ့ တိုက်စစ် ရွေးချယ်စရာ ပိုမို ရရှိချင်နေတာဖြစ်ပါတယ်။

ဟာကင်း ဇီယက်ရှ်၊ တီမို ဗာနာနဲ့ ခရစ်ရှန် ပူလီရှစ်တို့အားလုံးကလည်း စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်ပေမယ့်လည်း အစားထိုးခေါ်ယူမှု ပြုလုပ်နိုင်မှသာ အသင်းကနေ ထွက်ခွာခွင့်ပြုခြင်း ခံရကောင်း ခံရနိုင်တာ ဖြစ်ပါတယ်။ တော့ဒ် ဘိုလီဟာ လက်ရှိမှာ ချဲလ်ဆီးအသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး အမေရိကန်လူမျိုး လုပ်ငန်းရှင်ဟာ ယခုအပတ်မှာ ကစားသမားသစ်ခေါ်ယူမှု အစည်းအဝေးကို ဘုတ်အဖွဲ့ဝင်တွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

The Telegraph ရဲ့ ဖော်ပြချက်အရ အူဘာမီယန်းဟာ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေရဲ့ ဆွေးနွေးခြင်းခံခဲ့ရတဲ့ နာမည်တွေထဲက တစ်ခုဖြစ်တယ်လို့ သိရပြီး အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ နူးကမ့်ကို လီဗန်ဒေါ့ဗ်စကီး ရောက်ရှိလာမှုကြောင့် ပွဲကစားချိန် အကန့်အသတ်သာ ရရှိနိုင်တော့မှာဖြစ်တဲ့အတွက် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေမှာဖြစ်ပါတယ်။

အူဘာမီယန်းဟာ ဘာစီလိုနာအသင်းမှာ ကောင်းမွန်တဲ့ ပွဲဦးထွက် ရာသီဒုတိယပိုင်းကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး အာဆင်နယ်ကနေ ပြောင်းရွှေ့လာပြိးကတည်းက ပထမဆုံးပါဝင်ကစားပေးခဲ့တဲ့ ၂၃ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူးဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ အသင်းခေါင်းဆောင်ရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး လူစာရင်းကနေပါ ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ အူဘာမီယန်းဟာ အာဆင်နယ်အသင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဒေါ့မွန်ကနေ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ၁၆၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၉၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်မှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိပြီး ဂိုးတွေ သွင်းယူပေးနေတဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်းကို ရောင်းချဖို့ တွန့်ဆုတ်နေဖွယ်ရှိပေမယ့် ချဲလ်ဆီးအသင်းက ကတ်တလန်အသင်းကြီးရဲ့ ဘဏ္ဍာရေး အခြေအနေကို သတိပြုမိနေတာကြောင့် မငြင်းပယ်နိုင်မယ့် ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ စနေနေ့ ဂွတ်ဒီဆင် ပါ့ခ်မှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကို စတင်ကစားသွားရမှာဖြစ်ပေမယ့် စက်တင်ဘာလ ၁ ရက်နေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်အထိ အပြောင်းအရွှေ့ ပြုလုပ်နိုင်သေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ဘာစီလိုနာတိုက္စစ္မႉး အူဘာမီယန္းကို ယခုလမွာ အံ့အားသင့္ဖြယ္ ေခၚယူသြားဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အူဘာမီယန္းဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလကမွ အာဆင္နယ္ကေန ဘာစီလိုနာအသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့သူျဖစ္ေပမယ့္လည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းဟာ ဆရာေဟာင္း တူဟယ္နဲ႔အတူ ျပန္လည္ ေပါင္းစည္းသြားဖြယ္ရွိေနတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လူကာကူးကို အင္တာမီလန္အသင္းဆီ အငွားျပန္ခ်ခဲ့ၿပီးကတည္းက တိုက္စစ္ကစားသမားဆိုလို႔ ရာဟင္း စတားလင္း တစ္ဦးတည္းသာ ေခၚယူႏိုင္ေသးတာေၾကာင့္ တူဟယ္အေနနဲ႔ တိုက္စစ္ ေ႐ြးခ်ယ္စရာ ပိုမို ရရွိခ်င္ေနတာျဖစ္ပါတယ္။

ဟာကင္း ဇီယက္ရွ္၊ တီမို ဗာနာနဲ႔ ခရစ္ရွန္ ပူလီရွစ္တို႔အားလုံးကလည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စြန႔္ခြာဖို႔ သတင္းေတြ ထြက္ေပၚေပမယ့္လည္း အစားထိုးေခၚယူမႈ ျပဳလုပ္ႏိုင္မွသာ အသင္းကေန ထြက္ခြာခြင့္ျပဳျခင္း ခံရေကာင္း ခံရႏိုင္တာ ျဖစ္ပါတယ္။ ေတာ့ဒ္ ဘိုလီဟာ လက္ရွိမွာ ခ်ဲလ္ဆီးအသင္းရဲ႕ အားကစားဒါ႐ိုက္တာအျဖစ္ တာဝန္ယူေဆာင္႐ြက္ေနတာျဖစ္ၿပီး အေမရိကန္လူမ်ိဳး လုပ္ငန္းရွင္ဟာ ယခုအပတ္မွာ ကစားသမားသစ္ေခၚယူမႈ အစည္းအေဝးကို ဘုတ္အဖြဲ႕ဝင္ေတြနဲ႔ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ အူဘာမီယန္းဟာ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြရဲ႕ ေဆြးေႏြးျခင္းခံခဲ့ရတဲ့ နာမည္ေတြထဲက တစ္ခုျဖစ္တယ္လို႔ သိရၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ႏူးကမ့္ကို လီဗန္ေဒါ့ဗ္စကီး ေရာက္ရွိလာမႈေၾကာင့္ ပြဲကစားခ်ိန္ အကန႔္အသတ္သာ ရရွိႏိုင္ေတာ့မွာျဖစ္တဲ့အတြက္ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနမွာျဖစ္ပါတယ္။

အူဘာမီယန္းဟာ ဘာစီလိုနာအသင္းမွာ ေကာင္းမြန္တဲ့ ပြဲဦးထြက္ ရာသီဒုတိယပိုင္းကို ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး အာဆင္နယ္ကေန ေျပာင္းေ႐ႊ႕လာၿပိးကတည္းက ပထမဆုံးပါဝင္ကစားေပးခဲ့တဲ့ ၂၃ ပြဲမွာ ၁၃ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဂါဘြန္လက္ေ႐ြးစင္ တိုက္စစ္မႉးဟာ အာဆင္နယ္နည္းျပ အာတီတာရဲ႕ အသင္းေခါင္းေဆာင္ရာထူးကေန ထုတ္ပယ္ျခင္း ခံခဲ့ရၿပီး လူစာရင္းကေနပါ ခ်န္လွပ္ျခင္းခံခဲ့ရၿပီးေနာက္ ဘာစီလိုနာအသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ေပးျခင္း ခံခဲ့ရသူ ျဖစ္ပါတယ္။ အူဘာမီယန္းဟာ အာဆင္နယ္အသင္းကို ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွာ ေဒါ့မြန္ကေန ေပါင္ ၅၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ၁၆၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၉၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂၁ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ စပိန္မွာ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိၿပီး ဂိုးေတြ သြင္းယူေပးေနတဲ့ အာဆင္နယ္ၾကယ္ပြင့္ေဟာင္းကို ေရာင္းခ်ဖို႔ တြန႔္ဆုတ္ေနဖြယ္ရွိေပမယ့္ ခ်ဲလ္ဆီးအသင္းက ကတ္တလန္အသင္းႀကီးရဲ႕ ဘ႑ာေရး အေျခအေနကို သတိျပဳမိေနတာေၾကာင့္ မျငင္းပယ္ႏိုင္မယ့္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ စေနေန႔ ဂြတ္ဒီဆင္ ပါ့ခ္မွာ အဲဗာတန္အသင္းနဲ႔ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္ကို စတင္ကစားသြားရမွာျဖစ္ေပမယ့္ စက္တင္ဘာလ ၁ ရက္ေန႔ အေျပာင္းအေ႐ႊ႕ေဈးကြက္ မပိတ္ခင္အထိ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ႏိုင္ေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.