Article Premier League

အိမ္နိမ့္စံေနရာကို ေရာက္ေနခဲ့တဲ့ တစ္ခ်ိန္က ဖန္တီးမွဳဘုရင္ေတြရဲ႕ ကံၾကမၼာ

ဒီအေၾကာင္းကို တစ္ခ်ိန္က လွ်မ္းလွ်မ္းေတာက္ခဲ့ၿပီး ဘုရင္တစ္ပါးအျဖစ္ ကြင္းလယ္ကို စိုးမုိးခဲ့သမွ် လက္ရွိမွာ အိမ္နိမ့္စံရင္း သူတုိ႔ေတြရဲ႕ အေကာင္းဆုံးနဲ႔ ဇာတာအတက္ဆုံးအခ်ိန္ေတြမွာ အေရးပါမွဳေတြက ခုခ်ိန္မွာ ေခ်ာင္ထိုးခံရမွဳအျဖစ္နဲ႔ အဆုံးသတ္ခဲ့တာကို ျမင္ရလုိ႔ ေရးျဖစ္တာပါ။ မီဆြတ္ အုိေဇးလ္၊ ဟားမက္စ္ ႐ိုဒရီရက္ဇ္၊ ေပၚလို ဟင္နရီေကး ဂန္ဆို… အားလုံးကြင္းလယ္ဖန္တီးရွင္ေတြ… နံပါတ္ ၁၀ ေတြ… အာဆင္နယ္၊ ရီးရဲလ္မက္ဒရစ္၊ ဆန္တုိ႔စ္အသင္းေတြမွာ ေအာင္ျမင္ခဲ့ၾကသူေတြ… သူတုိ႔ေတြ ဘာေၾကာင့္ အိမ္နိမ့္စံသြားတာလဲလို႔ ေမးခ်င္ၾကသူေတြလည္း အမ်ားႀကီးပါပဲ။

အုိေဇးလ္ဆုိတာက ေရွာ္လ္ကာမွာ စတင္ထင္ေပၚၿပီး ဝါဒါဘရီမင္ကို ေရာက္တယ္။ ဝါဒါဘရီမင္မွာ ေျခစြမ္းျပၿပီး ဂ်ာမနီလက္ေရြးစင္ အသင္းႀကီးနဲ႔ ရီးရဲလ္က ေခၚတယ္။ ရီးရဲလ္မွာ လုံးဝ တစ္ကိုယ္ေကာင္းမဆန္ဘဲ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတုိ႔ တုိက္စစ္သမားေတြအတြက္ ဖန္တီးေပးၿပီး ေမာ္ရင္ညဳိကို ေက်နပ္ေစတယ္။ အန္ဆယ္ေလာ့တီလက္ထက္မွာေတာ့ အသင္းကေန ေရာင္းထုတ္ခံရတာကို ေရာ္နယ္လ္ဒိုက ေပါက္ကြဲတဲ့အထိပဲေလ။

အာဆင္နယ္ကို ေရာက္လာေတာ့ အသက္ ၂၅ ႏွစ္။ ကစားသမားတစ္ေယာက္ရဲ႕ အေတာက္ပႏုိင္ဆုံးအခ်ိန္။ နည္းျပႀကီး ဝင္းဂါးနဲ႔ အားလုံးရဲ႕ ခ်ီးက်ဴးမွဳကို ရတယ္။ ေနာက္ႏွစ္မွာေတာ့ ပရီးမီးယားလိဂ္မွာ ၁၉ ဂိုး ဖန္တီးခဲ့တယ္။ တုိက္စစ္ပုိင္းအတြက္ ေျပးလႊားဖို႔ အဆင္သင့္ရွိတဲ့ အုိေဇးလ္ဟာ ခံစစ္ကို ဂ႐ုမစိုက္တာကေတာ့ အျပစ္တင္လို႔ မရဘူးေလ… အသင္းရဲ႕ ကြင္းလယ္အင္ဂ်င္ကို လ်စ္လ်ဴရွဳထားတဲ့ ဝင္းဂါးရဲ႕ ေမာ္ဒန္ေဘာလုံးနဲ႔ တျဖည္းျဖည္း အဆက္ျပတ္လာမွဳမွာ အုိေဇးလ္က ပုိ႐ုန္းခဲ့ရသလို ကြင္းလယ္ကပါ ေဘာလုံးေရာက္မလာခ်ိန္မွာ ဖန္တီးမွဳက သူ႕တာဝန္လုံးလုံးျဖစ္လာတယ္။

အမ္မရီလက္ထက္ကေတာ့ သူ႕ရဲ႕ ဘဝမွာ ဇာတ္အနာဆုံးပဲ။ ဒီကတည္းက ျပန္တက္လာႏုိင္ေတာ့တာ ခုထိပါပဲ။ နည္းျပသစ္ အာတီတာလက္ထက္မွာ သူ႕ကို ေနရာေပးခဲ့ေသးေပမယ့္ အရင္လိုမ်ဳိးေတာ့ မရေတာ့ဘူး။ သူ႕ကို ကစားေပါက္ေခ်ာင္ေအာင္ လုပ္မေပးႏုိင္တဲ့ ေတာင္ပံသမားေတြရဲ႕ အျပစ္လည္းပါသလို ေတာင္းဆုိမွဳမ်ားလာတဲ့ ကစားပုံေတြမွာ အသင္းနဲ႔ လုိက္ပါစည္းလုံးဖို႔ မတတ္ႏုိင္ခဲ့တာလည္း ပါတာေပါ့။

ဟားမက္စ္ ႐ိုဒရီရက္ဇ္ကေတာ့ တစ္မ်ဳိး။ ကိုလံဘီယာနဲ႔ အေကာင္းဆုံးအဆင့္ကို ေရာက္လာတယ္။ ေပၚတို၊ မိုနာကို အဆင့္ဆင့္ျဖတ္သန္းၿပီး ရီးရဲလ္ကို ေရာက္တယ္။ ၂၀၁၄ ကမာၻ႕ဖလားက သူလုပ္တုိင္းကိုင္တုိင္း ေရႊျဖစ္တာပဲ။ အိမ္ရွင္ ဘရာဇီးလ္နဲ႔မို႔လုိ႔သာ လက္ေလွ်ာ့ခဲ့ရေပမယ့္ ေရႊဖိနပ္ဆုနဲ႔ အေကာင္းဆုံးဂိုးဆုကိုရတယ္။ ၿပီးတာနဲ႔ ရီးရဲလ္ကို ေရာက္ၿပီး တစ္ရာသီအတြင္း ၁၇ ဂိုး၇တယ္။

ေနာက္ႏွစ္မွာလည္း ေျခစြမ္းျပႏုိင္ခဲ့ေပမယ့္ ဂိုးေတာ့ အရနည္းလာတယ္။ သူ႕ရဲ႕ စတုိင္က အုိေဇးလ္ထက္ ဂိုးပုိရၿပီး ဖန္တီးမွဳ နည္းနည္း ေလ်ာ့တယ္လို႔ ေျပာရမယ္။ ဒါေပမယ့္ အသင္းတုိင္းမွာ သူက တုိက္စစ္မွဴးေနာက္ကေန အေရးပါတဲ့ နံပါတ္ ၁၀ နဲ႔ လိုအပ္တဲ့ ေတာင္ပံေတြမွာ လုိက္ကစားၿပီး ကြင္းလယ္ကို အဆင္ေျပေစတာပါပဲ။ ဒါေပမယ့္ ဇီဒန္းလက္ထက္မွာေတာ့ ကစားခြင့္ ပိုနည္းလာၿပီး ဆုဖလားေတြ ထပ္ေပါင္းထည့္ႏုိင္ခဲ့ေပမယ့္ အငွားထြက္ကစားဖို႔ စီစဥ္ခဲ့ရတယ္။

ဘုိင္ယန္ကို ႏွစ္ႏွစ္အငွားနဲ႔ သြားေတာ့လည္း ေက်နပ္စရာေျခစြမ္းရွိခဲ့တာပါပဲ။ ဒါေပမယ့္ သူ႕ရဲ႕ အနာဂတ္က ေမွးမွိန္လာခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ကေန ထြက္ရဖို႔ပဲ လုိက္စီစဥ္ေနရေတာ့တယ္။ ခ်ိတ္ဆက္ေနတဲ့ အသင္းေတြ ရွိေပမယ့္လည္း သိပ္ႀကီးေတာ့ သူ႕ကို အေလးအနက္ မထားၾကေတာ့ဘူး။ ေနာက္ပုိင္းေတာ့ ဒဏ္ရာေတြနဲ႔ နပမ္းလုံးၿပီး တစ္ရာသီလုံး ၁၄ ပြဲနဲ႔ ေနာက္ဆုံးရာသီကို ျဖတ္သန္းထားရသလို တန္ဖိုးထားမွဳလည္း မရေတာ့လို႔ ကစားသမားဘဝကို ျပန္လည္ရွင္သန္ေစဖို႔ အသင္းသစ္မွာပဲ ကစားရဖို႔ ရွိေနတာပါ။

သူတုိ႔ႏွစ္ဦးနဲ႔ တြဲေျပာခဲ့တဲ့ ဂန္ဆုိကိုေတာ့ လူေတြ ေမ့ခ်င္ေနၾကလိမ့္မယ္ထင္တယ္။ ေနမာနဲ႔ ဆန္တုိ႔စ္မွာ တြဲခဲ့တဲ့ ေနမာ-ဂန္ဆုိဆုိရင္ေတာ့ လူေတြ သတိရေလာက္မွာပါ။ သူ႕ကို ေနမာရဲ႕ ဂိုးေတြမွာ ဖန္တီးေပးမွဳေတြနဲ႔ အတူတူေျခစြမ္းျပမွဳေတြမွာ သတိရၾကမွာပါ။ သူကေတာ့ ဆန္တုိ႔စ္ကေန ေနမာအရင္ ထြက္ၿပီး ေဆာ္ေပၚလိုမွာ အရင္ေလာက္ ေျခစြမ္းမျပႏုိင္ဘဲ ဥေရာပကို ထြက္တာကလည္း ေနာက္က်ခဲ့တယ္။

၂၀၁၆ မွာ ဆီဗီလာကို ေရာက္လာေတာ့ အေတြ႕အႀကဳံေတြနဲ႔အတူ ေျခစြမ္းျပႏုိင္ေတာ့မယ္လို႔ မုဒိတာနဲ႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ အရင္ဂန္ဆို မဟုတ္ေတာ့ဘူး။ စပိန္ရဲ႕ ရစ္သမ္နဲ႔ မလိုက္ေတာ့တဲ့ ေစာေစာစီးစီးေျခက်သြားတဲ့ ဘရာဇီးလ္သားတခ်ဳိ႕လိုပဲျဖစ္ေနၿပီ။ အဓိကကေတာ့ ဆီဗီလာအသင္းနဲ႔ အတက္အဆင္း ဟန္ခ်က္ေတြ သိပ္မညီဘူး။ ဒီလိုနဲ႔ ႏွစ္ရာသီကစားၿပီး ျပင္သစ္ကို လြင့္သြားတယ္။ အခု ဖလူးမင္းနိစ္ကို ျပန္ေရာက္ေနၿပီ။

ဒီေျပာခဲ့တဲ့ သုံးေယာက္မွာ တစ္ေယာက္က ၃၁၊ တစ္ေယာက္က ၂၉၊ တစ္ေယာက္က ၃၀၊ ဂ်ရတ္တုိ႔ လမ္းပတ္တုိ႔တုန္းကဆုိရင္ ကစားလုိ႔ေကာင္းတုန္း အရြယ္ေတြ… ဘာျဖစ္လို႔ ခုလိုမ်ဳိး အသင္းေတြရဲ႕ တန္ဖိုးမထားတဲ့ ဘဝကို ေရာက္ကုန္ၾကတာလဲ။ ပရိသတ္ေတြလည္း မခံခ်င္သလို ဝမ္းနည္းၾကမွာပဲ။ အေျဖကေတာ့ ႏွစ္ခုပါ။ တစ္ခုက သူတုိ႔ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြကလို ကစားကြက္နဲ႔ အုိင္ဒီယာေတြက ေဘာလုံးေလာကမွာ နည္းပါးလာတာပါ။ ဒီလိုနဲ႔ သူတုိ႔ရဲ႕ တုိက္စစ္ကို ပံ့ပိုး႐ုံကလြဲၿပီး က်န္တာကို အာ႐ုံမစိုက္တဲ့ ကစားဟန္က အသင္းနဲ႔ အေစးမကပ္ဘူးျဖစ္လာတယ္။ သူတုိ႔ကို ေထာက္ပံ့ေပးမယ့္ ေနာက္က ကစားသမားေတြကို သုံးမယ့္အစား အားလုံးဆင္းတက္ အဖ်က္အပို႔ပုံစံကို ျပန္အားကိုးလာတယ္။ ဒီလိုနဲ႔ လုပ္အားႏွဳန္းနည္းတဲ့ သူတုိ႔ အေျပာခံရတယ္။

ေနာက္တစ္ခုကေတာ့ သူတုိ႔ရဲ႕ Mind Set ပါ။ No.10 Playmaker Role က်ဆုံးလာၿပီဆိုတာကို သူတုိ႔ သတိမမူမိဘူး။ သတိမူမိတဲ့အခ်ိန္မွာလည္း ေျပာင္းလဲဖို႔ ေနာက္က်ေနၿပီ။ မန္စီးတီးရဲ႕ ေဒးဗစ္ ေဆးလ္ဗားနဲ႔ ဒီဘ႐ိုင္းနားလည္း ဒီအခန္းက႑ကို ေရြးဖူးေပမယ့္ ေနာက္ပုိင္းမွာ သူတုိ႔ အခ်ိန္မီ ေျပာင္းလဲႏုိင္ခဲ့တယ္။ ဒါက သူတုိ႔ေတြနဲ႔ ကြာျခားခ်က္ေတြပါ။

ဒါဆုိရင္ သူတုိ႔ေတြကိုမွ အားေပးတတ္တဲ့ ပရိသတ္ေတြ ဘယ္လိုလုပ္ရမွာလဲ။ ဒီလိုပဲ ေခ်ာင္ထိုးခံထားရတာကို ထုိင္ၾကည့္ေနရေတာ့မွာလား။ ဒီအတြက္ေတာ့ ကၽြန္ေတာ္တုိ႔မွာ အေျဖမရွိဘူး။ မက္ဆီေတာင္မွ နံပါတ္ ၁၀ စစ္စစ္ မကစားခဲ့တာ ဘယ္ေလာက္ၾကာေနၿပီလဲ။ အားလုံး ကိုယ္ကစားခ်င္တာနဲ႔ အသင္းနဲ႔ၾကားမွာ ဟိုတစ္ဖက္ဒီတစ္ဖက္ ပူးေပါင္းထားတဲ့ Hybrid သမားေတြခ်ည္း မဟုတ္လား။

ေတြ႕ရျမင္ရတာေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္ဝမ္းနည္းစရာေကာင္းပါတယ္။ တစ္ခ်ိန္က အေကာင္းဆုံးဆုိတဲ့သူေတြေလ။ အခ်ိန္ကာလ အပုိင္းအျခားနဲ႔ ေျပာရရင္ေတာ့ ၂၀၁၈ ခုႏွစ္ေလာက္ေပါ့။ ေျပာင္းလဲလာတဲ့ အိုင္ဒီေယာ္ေလာ္ဂ်ီနဲ႔ ခံယူခ်က္ေတြက ေတာ္ေတာ္ရက္စက္တယ္။ နံပါတ္ ၁၀ ဆုိတာကိုပါ သတ္ပစ္လိုက္တာ။ ဒီေနရာကို ဖက္တြယ္ထားတဲ့သူေတြကို သတ္ပစ္လိုက္တာ။ လုပ္အားႏွဳန္းနည္းလို႔ သုံးမရဘူးျဖစ္ေအာင္ ထိုးခ်လုိက္တာ။

ဒါေပမယ့္ မတတ္ႏုိင္ဘူးေလ။ ေဘာလုံးေလာက၊ နည္းျပနဲ႔ ကစားသမားအမ်ားစုဘက္က ၾကည့္ေတာ့လည္း သူတုိ႔နည္း သူတုိ႔ဟန္နဲ႔ မွန္ေနတယ္။ တကယ္ေတာ့ ၂၀၁၈ ေလာက္ေနာက္ပုိင္း No.10 Role မွာ ပန္းပြင့္ေတြမွ မျမင္ရေတာ့တာ။ ေလာကႀကီးဆုိတာ အင္အားႀကီးသူ နည္းသူကို အသာထား… ပတ္ဝန္းက်င္နဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္ ေျပာင္းလဲတတ္မွ အသက္ရွင္တယ္ဆုိတာ ဒိုင္ႏိုေဆာေတြ ေပးခဲ့တဲ့ ကမာၻဦးသင္ခန္းစာပဲ မဟုတ္လား…

KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီအကြောင်းကို တစ်ချိန်က လျှမ်းလျှမ်းတောက်ခဲ့ပြီး ဘုရင်တစ်ပါးအဖြစ် ကွင်းလယ်ကို စိုးမိုးခဲ့သမျှ လက်ရှိမှာ အိမ်နိမ့်စံရင်း သူတို့တွေရဲ့ အကောင်းဆုံးနဲ့ ဇာတာအတက်ဆုံးအချိန်တွေမှာ အရေးပါမှုတွေက ခုချိန်မှာ ချောင်ထိုးခံရမှုအဖြစ်နဲ့ အဆုံးသတ်ခဲ့တာကို မြင်ရလို့ ရေးဖြစ်တာပါ။ မီဆွတ် အိုဇေးလ်၊ ဟားမက်စ် ရိုဒရီရက်ဇ်၊ ပေါ်လို ဟင်နရီကေး ဂန်ဆို… အားလုံးကွင်းလယ်ဖန်တီးရှင်တွေ… နံပါတ် ၁၀ တွေ… အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ ဆန်တို့စ်အသင်းတွေမှာ အောင်မြင်ခဲ့ကြသူတွေ… သူတို့တွေ ဘာကြောင့် အိမ်နိမ့်စံသွားတာလဲလို့ မေးချင်ကြသူတွေလည်း အများကြီးပါပဲ။

အိုဇေးလ်ဆိုတာက ရှော်လ်ကာမှာ စတင်ထင်ပေါ်ပြီး ဝါဒါဘရီမင်ကို ရောက်တယ်။ ဝါဒါဘရီမင်မှာ ခြေစွမ်းပြပြီး ဂျာမနီလက်ရွေးစင် အသင်းကြီးနဲ့ ရီးရဲလ်က ခေါ်တယ်။ ရီးရဲလ်မှာ လုံးဝ တစ်ကိုယ်ကောင်းမဆန်ဘဲ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ တိုက်စစ်သမားတွေအတွက် ဖန်တီးပေးပြီး မော်ရင်ညိုကို ကျေနပ်စေတယ်။ အန်ဆယ်လော့တီလက်ထက်မှာတော့ အသင်းကနေ ရောင်းထုတ်ခံရတာကို ရော်နယ်လ်ဒိုက ပေါက်ကွဲတဲ့အထိပဲလေ။

အာဆင်နယ်ကို ရောက်လာတော့ အသက် ၂၅ နှစ်။ ကစားသမားတစ်ယောက်ရဲ့ အတောက်ပနိုင်ဆုံးအချိန်။ နည်းပြကြီး ဝင်းဂါးနဲ့ အားလုံးရဲ့ ချီးကျူးမှုကို ရတယ်။ နောက်နှစ်မှာတော့ ပရီးမီးယားလိဂ်မှာ ၁၉ ဂိုး ဖန်တီးခဲ့တယ်။ တိုက်စစ်ပိုင်းအတွက် ပြေးလွှားဖို့ အဆင်သင့်ရှိတဲ့ အိုဇေးလ်ဟာ ခံစစ်ကို ဂရုမစိုက်တာကတော့ အပြစ်တင်လို့ မရဘူးလေ… အသင်းရဲ့ ကွင်းလယ်အင်ဂျင်ကို လျစ်လျူရှုထားတဲ့ ဝင်းဂါးရဲ့ မော်ဒန်ဘောလုံးနဲ့ တဖြည်းဖြည်း အဆက်ပြတ်လာမှုမှာ အိုဇေးလ်က ပိုရုန်းခဲ့ရသလို ကွင်းလယ်ကပါ ဘောလုံးရောက်မလာချိန်မှာ ဖန်တီးမှုက သူ့တာဝန်လုံးလုံးဖြစ်လာတယ်။

အမ်မရီလက်ထက်ကတော့ သူ့ရဲ့ ဘဝမှာ ဇာတ်အနာဆုံးပဲ။ ဒီကတည်းက ပြန်တက်လာနိုင်တော့တာ ခုထိပါပဲ။ နည်းပြသစ် အာတီတာလက်ထက်မှာ သူ့ကို နေရာပေးခဲ့သေးပေမယ့် အရင်လိုမျိုးတော့ မရတော့ဘူး။ သူ့ကို ကစားပေါက်ချောင်အောင် လုပ်မပေးနိုင်တဲ့ တောင်ပံသမားတွေရဲ့ အပြစ်လည်းပါသလို တောင်းဆိုမှုများလာတဲ့ ကစားပုံတွေမှာ အသင်းနဲ့ လိုက်ပါစည်းလုံးဖို့ မတတ်နိုင်ခဲ့တာလည်း ပါတာပေါ့။

ဟားမက်စ် ရိုဒရီရက်ဇ်ကတော့ တစ်မျိုး။ ကိုလံဘီယာနဲ့ အကောင်းဆုံးအဆင့်ကို ရောက်လာတယ်။ ပေါ်တို၊ မိုနာကို အဆင့်ဆင့်ဖြတ်သန်းပြီး ရီးရဲလ်ကို ရောက်တယ်။ ၂၀၁၄ ကမ္ဘာ့ဖလားက သူလုပ်တိုင်းကိုင်တိုင်း ရွှေဖြစ်တာပဲ။ အိမ်ရှင် ဘရာဇီးလ်နဲ့မို့လို့သာ လက်လျှော့ခဲ့ရပေမယ့် ရွှေဖိနပ်ဆုနဲ့ အကောင်းဆုံးဂိုးဆုကိုရတယ်။ ပြီးတာနဲ့ ရီးရဲလ်ကို ရောက်ပြီး တစ်ရာသီအတွင်း ၁၇ ဂိုး၇တယ်။

နောက်နှစ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဂိုးတော့ အရနည်းလာတယ်။ သူ့ရဲ့ စတိုင်က အိုဇေးလ်ထက် ဂိုးပိုရပြီး ဖန်တီးမှု နည်းနည်း လျော့တယ်လို့ ပြောရမယ်။ ဒါပေမယ့် အသင်းတိုင်းမှာ သူက တိုက်စစ်မှူးနောက်ကနေ အရေးပါတဲ့ နံပါတ် ၁၀ နဲ့ လိုအပ်တဲ့ တောင်ပံတွေမှာ လိုက်ကစားပြီး ကွင်းလယ်ကို အဆင်ပြေစေတာပါပဲ။ ဒါပေမယ့် ဇီဒန်းလက်ထက်မှာတော့ ကစားခွင့် ပိုနည်းလာပြီး ဆုဖလားတွေ ထပ်ပေါင်းထည့်နိုင်ခဲ့ပေမယ့် အငှားထွက်ကစားဖို့ စီစဉ်ခဲ့ရတယ်။

ဘိုင်ယန်ကို နှစ်နှစ်အငှားနဲ့ သွားတော့လည်း ကျေနပ်စရာခြေစွမ်းရှိခဲ့တာပါပဲ။ ဒါပေမယ့် သူ့ရဲ့ အနာဂတ်က မှေးမှိန်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကနေ ထွက်ရဖို့ပဲ လိုက်စီစဉ်နေရတော့တယ်။ ချိတ်ဆက်နေတဲ့ အသင်းတွေ ရှိပေမယ့်လည်း သိပ်ကြီးတော့ သူ့ကို အလေးအနက် မထားကြတော့ဘူး။ နောက်ပိုင်းတော့ ဒဏ်ရာတွေနဲ့ နပမ်းလုံးပြီး တစ်ရာသီလုံး ၁၄ ပွဲနဲ့ နောက်ဆုံးရာသီကို ဖြတ်သန်းထားရသလို တန်ဖိုးထားမှုလည်း မရတော့လို့ ကစားသမားဘဝကို ပြန်လည်ရှင်သန်စေဖို့ အသင်းသစ်မှာပဲ ကစားရဖို့ ရှိနေတာပါ။

သူတို့နှစ်ဦးနဲ့ တွဲပြောခဲ့တဲ့ ဂန်ဆိုကိုတော့ လူတွေ မေ့ချင်နေကြလိမ့်မယ်ထင်တယ်။ နေမာနဲ့ ဆန်တို့စ်မှာ တွဲခဲ့တဲ့ နေမာ-ဂန်ဆိုဆိုရင်တော့ လူတွေ သတိရလောက်မှာပါ။ သူ့ကို နေမာရဲ့ ဂိုးတွေမှာ ဖန်တီးပေးမှုတွေနဲ့ အတူတူခြေစွမ်းပြမှုတွေမှာ သတိရကြမှာပါ။ သူကတော့ ဆန်တို့စ်ကနေ နေမာအရင် ထွက်ပြီး ဆော်ပေါ်လိုမှာ အရင်လောက် ခြေစွမ်းမပြနိုင်ဘဲ ဥရောပကို ထွက်တာကလည်း နောက်ကျခဲ့တယ်။

၂၀၁၆ မှာ ဆီဗီလာကို ရောက်လာတော့ အတွေ့အကြုံတွေနဲ့အတူ ခြေစွမ်းပြနိုင်တော့မယ်လို့ မုဒိတာနဲ့ မျှော်လင့်ခဲ့ပေမယ့် အရင်ဂန်ဆို မဟုတ်တော့ဘူး။ စပိန်ရဲ့ ရစ်သမ်နဲ့ မလိုက်တော့တဲ့ စောစောစီးစီးခြေကျသွားတဲ့ ဘရာဇီးလ်သားတချို့လိုပဲဖြစ်နေပြီ။ အဓိကကတော့ ဆီဗီလာအသင်းနဲ့ အတက်အဆင်း ဟန်ချက်တွေ သိပ်မညီဘူး။ ဒီလိုနဲ့ နှစ်ရာသီကစားပြီး ပြင်သစ်ကို လွင့်သွားတယ်။ အခု ဖလူးမင်းနိစ်ကို ပြန်ရောက်နေပြီ။

ဒီပြောခဲ့တဲ့ သုံးယောက်မှာ တစ်ယောက်က ၃၁၊ တစ်ယောက်က ၂၉၊ တစ်ယောက်က ၃၀၊ ဂျရတ်တို့ လမ်းပတ်တို့တုန်းကဆိုရင် ကစားလို့ကောင်းတုန်း အရွယ်တွေ… ဘာဖြစ်လို့ ခုလိုမျိုး အသင်းတွေရဲ့ တန်ဖိုးမထားတဲ့ ဘဝကို ရောက်ကုန်ကြတာလဲ။ ပရိသတ်တွေလည်း မခံချင်သလို ဝမ်းနည်းကြမှာပဲ။ အဖြေကတော့ နှစ်ခုပါ။ တစ်ခုက သူတို့ရဲ့ အကောင်းဆုံးအချိန်တွေကလို ကစားကွက်နဲ့ အိုင်ဒီယာတွေက ဘောလုံးလောကမှာ နည်းပါးလာတာပါ။ ဒီလိုနဲ့ သူတို့ရဲ့ တိုက်စစ်ကို ပံ့ပိုးရုံကလွဲပြီး ကျန်တာကို အာရုံမစိုက်တဲ့ ကစားဟန်က အသင်းနဲ့ အစေးမကပ်ဘူးဖြစ်လာတယ်။ သူတို့ကို ထောက်ပံ့ပေးမယ့် နောက်က ကစားသမားတွေကို သုံးမယ့်အစား အားလုံးဆင်းတက် အဖျက်အပို့ပုံစံကို ပြန်အားကိုးလာတယ်။ ဒီလိုနဲ့ လုပ်အားနှုန်းနည်းတဲ့ သူတို့ အပြောခံရတယ်။

နောက်တစ်ခုကတော့ သူတို့ရဲ့ Mind Set ပါ။ No.10 Playmaker Role ကျဆုံးလာပြီဆိုတာကို သူတို့ သတိမမူမိဘူး။ သတိမူမိတဲ့အချိန်မှာလည်း ပြောင်းလဲဖို့ နောက်ကျနေပြီ။ မန်စီးတီးရဲ့ ဒေးဗစ် ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားလည်း ဒီအခန်းကဏ္ဍကို ရွေးဖူးပေမယ့် နောက်ပိုင်းမှာ သူတို့ အချိန်မီ ပြောင်းလဲနိုင်ခဲ့တယ်။ ဒါက သူတို့တွေနဲ့ ကွာခြားချက်တွေပါ။

ဒါဆိုရင် သူတို့တွေကိုမှ အားပေးတတ်တဲ့ ပရိသတ်တွေ ဘယ်လိုလုပ်ရမှာလဲ။ ဒီလိုပဲ ချောင်ထိုးခံထားရတာကို ထိုင်ကြည့်နေရတော့မှာလား။ ဒီအတွက်တော့ ကျွန်တော်တို့မှာ အဖြေမရှိဘူး။ မက်ဆီတောင်မှ နံပါတ် ၁၀ စစ်စစ် မကစားခဲ့တာ ဘယ်လောက်ကြာနေပြီလဲ။ အားလုံး ကိုယ်ကစားချင်တာနဲ့ အသင်းနဲ့ကြားမှာ ဟိုတစ်ဖက်ဒီတစ်ဖက် ပူးပေါင်းထားတဲ့ Hybrid သမားတွေချည်း မဟုတ်လား။

တွေ့ရမြင်ရတာတော့ တော်တော်လေး စိတ်ပျက်ဝမ်းနည်းစရာကောင်းပါတယ်။ တစ်ချိန်က အကောင်းဆုံးဆိုတဲ့သူတွေလေ။ အချိန်ကာလ အပိုင်းအခြားနဲ့ ပြောရရင်တော့ ၂၀၁၈ ခုနှစ်လောက်ပေါ့။ ပြောင်းလဲလာတဲ့ အိုင်ဒီယော်လော်ဂျီနဲ့ ခံယူချက်တွေက တော်တော်ရက်စက်တယ်။ နံပါတ် ၁၀ ဆိုတာကိုပါ သတ်ပစ်လိုက်တာ။ ဒီနေရာကို ဖက်တွယ်ထားတဲ့သူတွေကို သတ်ပစ်လိုက်တာ။ လုပ်အားနှုန်းနည်းလို့ သုံးမရဘူးဖြစ်အောင် ထိုးချလိုက်တာ။

ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ဘောလုံးလောက၊ နည်းပြနဲ့ ကစားသမားအများစုဘက်က ကြည့်တော့လည်း သူတို့နည်း သူတို့ဟန်နဲ့ မှန်နေတယ်။ တကယ်တော့ ၂၀၁၈ လောက်နောက်ပိုင်း No.10 Role မှာ ပန်းပွင့်တွေမှ မမြင်ရတော့တာ။ လောကကြီးဆိုတာ အင်အားကြီးသူ နည်းသူကို အသာထား… ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြောင်းလဲတတ်မှ အသက်ရှင်တယ်ဆိုတာ ဒိုင်နိုဆောတွေ ပေးခဲ့တဲ့ ကမ္ဘာဦးသင်ခန်းစာပဲ မဟုတ်လား…

KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.