Premier League

နောက်ဆုံးရ မန္ခ်က္စတာယူနိုက်တက်သတင်းတိုများ စုစည်းမှု-၂၁.၈.၂၀၂၀

ယူနိုက်တက်ဂိုးသမား ဒင်းန် ဟန်ဒါဆန်ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ယနေ့မှာ လာရောက်လေ့ကျင့်ခဲ့တယ်လို့သိရပါတယ်။ယူနိုက်တက်နောက်ခံလူ လုခ်ရှောကလည်း ကာရစ်တန်လေ့ကျင့်ရေးကွင်းကို ယခုရက်ပိုင်း၌ လာရောက်လေ့ကျင့်ခဲ့ပါသေးပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားဟာ ဂရိနိုင်ငံ မိုင်ကိုနော့စ်မြို့မှာ ယနေ့သောကြာနေ့ မနက်တုန်းက Barတစ်ခုမှာ ရန်ဖြစ်ပွဲတစ်ခုထဲ ပါဝင်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

ဂရိရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရကတော့ မက်ဂွိုင်းယားဟာ ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးကိုလည်း မိုက်ရိုင်းစွာ ဆဲဆိုခဲ့တယ်လို့သိရပြီး ဖမ်းဆီးဖို့ကြိုးစားလာတဲ့ ရဲအရာရှိတစ်ဉီးကိုလည်း ထိုးကြိတ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ရောက်ရှိသွားတဲ့ ပီအက်စ်ဂျီအသင်းကလည်း ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်တွေ ဆုံးရှုံးနေတဲ့ နောက်ခံလူဒါလော့ကို ခေါ်ယူဖို့ ချံပီယံလိဂ်ပွဲစဉ်ပြီးဆုံးတာနဲ့ ကြိုးစားသွားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်တဲ့ ဖာဘီယို ပါရာတီချီကတော့ သူတို့အသင်းမှာ အသုံးမဝင်ဖြစ်နေတဲ့ ဒေါက်ဂလပ်စ် ကော်စတာကို ယူနိုက်တက်အသင်းဆီ ရောင်းထုတ်ဖို့အတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.






REF: INTERNET SOURCES
SPORTS A2Z.