Premier League

နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု-၂၁.၈.၂၀၂၀

မန်စီးတီးကစားသမားဟောင်း ယာယာတိုရေးကတော့ မက်ဆီကို၀ယ်နိုင်တဲ့ လက်ချိုးရေလို့ရတဲ့အသင်းအနည်းဆုံးထဲမှာ မန်စီးတီးအသင်းလည်း ပါ၀င်တယ်လို့ ပြောဆိုသွားခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ မက်ဆီကိုမြင်ရတော့မှာလားဆိုတဲ့သတင်းတွေ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၂၀/၂၁ ဘောလုံးရာသီမှာသာ ရှက်တာဒိုးနက်ခ်အသင်းနဲ့ ချံပီယံလိဂ်အုပ်စုပွဲစဥ်တွေမှာ တွေ့ဆုံခြင်းမရှိခဲ့ရင်တော့ ပထမဆုံးအကြိမ်အဖြစ် လေးရာသီဆက်တိုက်တွေ့ဆုံခဲ့ခြင်းမရှိတဲ့ မှတ်တမ်း၀င်သွားမှာပါ။

မစ်ဒယ်ဘရော့အသင်းမှာ အငှါးကစားနေတဲ့ မန်စီးတီးလူငယ်ကစားသမားလေး lukas Nmechaဟာ လာမဲ့ရာသီကြရင်လည်း Anderlechtအသင်းကို အငှါးထွက်ကစားရအုံးမယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ လီယွန်အသင်းရဲ့ကွင်းလယ် ကစားသမား Houseem Aouarကို ခေါ်ယူဖို့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ချဥ်းကပ်ခဲ့ဖူးသလို ယခုနှစ်ချိန်မှာလည်း ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။Aouarဟာ အာဆင်နယ်အသင်းရဲ့ပစ်မှတ်ကစားသမားလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဂျက်ခ်ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းထက် ပိုမိုစိတ်၀င်တစားရှိနေတယ်လို့ သိရပါတယ်။ဂရီးလစ်ရှ်ဟာလည်း ချံပီယံလိဂ်ကစားခွင့်ရတဲ့အသင်းတစ်သင်းဆီကို ဒီနှစ်နွေရာသီမှာ ပြောင်းရွှေ့ကစားချင်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.






REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.