La Liga

ပီကေးကို အိမ်ကြက်လို သဘောထားပြီး ချည်ပြီးတုပ်ပြီး လုပ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဂန္တဝင် နောက်ခံကစားသမား ဂျရတ် ပီကေးကို အစည်းအဝေးခေါ်ပြီး လက်ရှိလျှော့ထားတဲ့ လစာကို ထပ်လျှော့မှာကို လက်ခံဖို့ စည်းရုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ကတ်တလန် ထိပ်သီးအသင်းကြီးဟာ နှစ်ပေါင်းများစွာ အသုံးမဝင်တဲ့ ကစားသမားတွေကို လစာထိုင်ယူနေခွင့်ပြုခဲ့ပြီးနောက် လက်ရှိမှာတော့ လစာပေးချေမှုပုံစံအသစ်ကို တည်ဆောက်ဖို့ လုပ်ဆောင်တဲ့အနေနဲ့ ကစားသမားတွေကို လစာလျှော့ယူအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

လာလီဂါရဲ့ စည်းမျဉ်းစည်းကမ်းအရ ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ဖို့အတွက် လက်ထဲမှာ လုံလောက်တဲ့ ငွေကြေး ပြသနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

လာလီဂါဟာ အဲဒီအခါကျမှ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းအနေနဲ့ ဘယ်လောက်အထိ ငွေကြေးသုံးစွဲခွင့်ရမယ်ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ပြီး Sport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ရာဖင်ညာ၊ လီဗန်ဒေါ့ဗ်စကီးနဲ့ ဂျူးစ် ကွန်ဒေးတို့ကို စာရင်းသွင်းချင်တာကြောင့် ပီကေးရဲ့ လစာကို ထပ်လျှော့ပေးဖို့ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ အသင်းတာဝန်ရှိသူတွေနဲ့ ၎င်းရဲ့ အားကစားအနာဂတ်၊ နည်းပြ ဇာဗီလက်အောက်က အသင်းအတွင်း အခန်းကဏ္ဍအပါအဝင် အခြားအရာတွေကိုလည်း ဆွေးနွေးခဲ့ပြီး အသင်းရဲ့ အနာဂတ် စီးပွားရေးကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ ကစားသမားသစ်တွေကို ခေါ်ယူနေပေမယ့်လည်း လက်ရှိ ရှိနေတဲ့ ကစားသမားတွေကိုတောင် လစာကြွေးကျန်ပေးချေဖို့ သန်းဆယ်ချီ ရှိနေတာဖြစ်ပြီး ကမ္ဘာ့ဘောလုံးလောက ကလည်း ကစားသမားတွေကို လစာကြွေးကျန်မပေးဘဲ ကစားသမားသစ်ထပ်ခေါ်နေတဲ့ ကတ်တလန်အသင်းကြီးကို အံ့သြတကြီး စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံလူ ဂယ်ရီ နဗီးကဆိုရင် ဘာစီလိုနာဟာ ဒီ ယုံးရဲ့ လစာကြွေးကျန်ကို မပေးဘဲ ရောင်းထုတ်ဖို့ ကြိုးပမ်းနေတာကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုဖို့တောင် ဒတ်ချ်ကွင်းလယ်ကစားသမားကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းဟာ ဂႏၲဝင္ ေနာက္ခံကစားသမား ဂ်ရတ္ ပီေကးကို အစည္းအေဝးေခၚၿပီး လက္ရွိေလွ်ာ့ထားတဲ့ လစာကို ထပ္ေလွ်ာ့မွာကို လက္ခံဖို႔ စည္း႐ုံးခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ကတ္တလန္ ထိပ္သီးအသင္းႀကီးဟာ ႏွစ္ေပါင္းမ်ားစြာ အသုံးမဝင္တဲ့ ကစားသမားေတြကို လစာထိုင္ယူေနခြင့္ျပဳခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ လစာေပးေခ်မႈပုံစံအသစ္ကို တည္ေဆာက္ဖို႔ လုပ္ေဆာင္တဲ့အေနနဲ႔ ကစားသမားေတြကို လစာေလွ်ာ့ယူေအာင္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

လာလီဂါရဲ႕ စည္းမ်ဥ္းစည္းကမ္းအရ ဘာစီလိုနာအသင္းဟာ ယခုေႏြရာသီမွာ ေခၚယူခဲ့တဲ့ ကစားသမားသစ္ေတြကို မွတ္ပုံတင္ႏိုင္ဖို႔အတြက္ လက္ထဲမွာ လုံေလာက္တဲ့ ေငြေၾကး ျပသႏိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

လာလီဂါဟာ အဲဒီအခါက်မွ လာမယ့္ရာသီမွာ ဘာစီလိုနာအသင္းအေနနဲ႔ ဘယ္ေလာက္အထိ ေငြေၾကးသုံးစြဲခြင့္ရမယ္ဆိုတာကို ဆုံးျဖတ္သြားမွာျဖစ္ၿပီး Sport ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာဟာ ရာဖင္ညာ၊ လီဗန္ေဒါ့ဗ္စကီးနဲ႔ ဂ်ဴးစ္ ကြန္ေဒးတို႔ကို စာရင္းသြင္းခ်င္တာေၾကာင့္ ပီေကးရဲ႕ လစာကို ထပ္ေလွ်ာ့ေပးဖို႔ ေဆြးေႏြးခဲ့တာလို႔ သိရပါတယ္။

ဘာစီလိုနာအသင္းေခါင္းေဆာင္ဟာ အသင္းတာဝန္ရွိသူေတြနဲ႔ ၎ရဲ႕ အားကစားအနာဂတ္၊ နည္းျပ ဇာဗီလက္ေအာက္က အသင္းအတြင္း အခန္းက႑အပါအဝင္ အျခားအရာေတြကိုလည္း ေဆြးေႏြးခဲ့ၿပီး အသင္းရဲ႕ အနာဂတ္ စီးပြားေရးကိုပါ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုေႏြရာသီမွာ ကစားသမားသစ္ေတြကို ေခၚယူေနေပမယ့္လည္း လက္ရွိ ရွိေနတဲ့ ကစားသမားေတြကိုေတာင္ လစာေႂကြးက်န္ေပးေခ်ဖို႔ သန္းဆယ္ခ်ီ ရွိေနတာျဖစ္ၿပီး ကမာၻ႔ေဘာလုံးေလာက ကလည္း ကစားသမားေတြကို လစာေႂကြးက်န္မေပးဘဲ ကစားသမားသစ္ထပ္ေခၚေနတဲ့ ကတ္တလန္အသင္းႀကီးကို အံ့ၾသတႀကီး ေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေနာက္ခံလူ ဂယ္ရီ နဗီးကဆိုရင္ ဘာစီလိုနာဟာ ဒီ ယုံးရဲ႕ လစာေႂကြးက်န္ကို မေပးဘဲ ေရာင္းထုတ္ဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ဥပေဒေၾကာင္းအရ တရားစြဲဆိုဖို႔ေတာင္ ဒတ္ခ်္ကြင္းလယ္ကစားသမားကို တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.