La Liga Premier League

စပါးစ်ဆီက ကမ်းလှမ်းမှုရတာနဲ့ ရီးရဲလ်ကြယ်ပွင့်ကို ဖုန်းဆက်ခဲ့တဲ့ ပါရီဆစ်

တော့တင်ဟမ်ဟော့စပါးကစားသမားသစ် အိုင်ဗန် ပါရီဆစ်ဟာ ကျောနံပါတ် ၁၄ ကို မရွေးချယ်မီ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် လူကာ မိုဒရစ်ဆီကနေ ခွင့်ပြုချက်ကို တောင်းခံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အန်တိုနီယို ကွန်တီရဲ့ အသင်းဟာ လက်ရှိအချိန်အထိ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ကာလကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး ဖရေဆာ ဖော်စတာ၊ ဘစ်ဆူးမား၊ ရစ်ချာလီဆန်၊ ကလေမွန်း လွန်ဂလေနဲ့ ဂျက်ဒ် စပန့်စ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီကစားသမားခေါ်ယူမှုတွေရဲ့ အစဟာ ပါရီဆစ် ဖြစ်ခဲ့တာဖြစ်ပြီး ခရိုအေးရှားကြယ်ပွင့်ဟာ ယခုနွေရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို အရင်ဆုံး ပြောင်းရွှေ့ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ အိုင်ဗန် ပါရီဆစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ကွန်တီဟာ ဆန်စီရိုမှာတုန်းက အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးတဲ့ ခရိုအေးရှားတောင်ပံကစားသမားအကြောင်း ကောင်းကောင်းသိနေတာဖြစ်ပါတယ်။

ပါရီဆစ်ဟာ ယခုရာသီ တော့တင်ဟမ်ဟော့စပါးအသင်းမှာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကစားသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ ခရိုအေးရှားကြယ်ပွင့်အတွက် ယခုနွေရာသီမှာ တစ်ခုတည်းသော ရွေးချယ်စရာမဟုတ်ခဲ့ဘဲ အသင်းအများအပြားက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်ရွေးစင်အသင်းဖော် မိုဒရစ်ဆီ ဖုန်းခေါ်ဆိုမှုက ၎င်းကို စိတ်ပိုင်းဖြတ်နိုင်စေခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် တောင်ပံကစားသမားဟာ တော့တင်ဟမ်ဟော့စပါးအသင်းဆီကနေ ကမ်းလှမ်းမှု ရရှိတာနဲ့ တပြိုင်နက် လူကာ မိုဒရစ်ကို မြောက်လန်ဒန်ကလပ်အသင်းနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ဖုန်းဆက်ခဲ့တယ်လို့ Skysports ကို ပြောကြားခဲ့ပါတယ်။

“ပထမဆုံးအကြိမ် နည်းပြကွန်တီနဲ့ ကျွန်တော် ကစားပြောခဲ့တယ်။ ကျွန်တော် လူကာ မိုဒရစ်ကိုလည်း ဖုန်းခေါ်ခဲ့တယ်။ ကျွန်တော် သူ့ရဲ့ အသင်းဟောင်းဆီ သွားနိုင်တဲ့ အလားအလာရှိတယ်လို့ ပြောခဲ့ပြီး သူက အသင်းနဲ့ပတ်သက်ပြီး ကောင်းတဲ့အရာတွေအားလုံး ပြောခဲ့တယ်”

“သူက ကွင်းဟောင်းမှာ ကစားခဲ့ပြီး လေ့ကျင့်ရေးကွင်းဟောင်းမှာ လေ့ကျင့်ခဲ့တဲ့သူပါ။ ဒါပေမယ့် အခု ဒီမှာ အားလုံးက အသစ်ဖြစ်နေပြီး အားလုံးက ပိုကောင်းမွန်နေသလို အများကြီးလည်း ပိုပြီး ခေတ်မီနေပါပြီ။ ကျွန်တော်တို့ တူညီတဲ့ ကျောနံပါတ်ကို ဝတ်ဆင်သွားမှာပါ။ ကျွန်တော် သူ့ရဲ့ ခွင့်ပြုချက် တောင်းခံခဲ့ပြီး သူက ‘အိုကေ၊ မင်း အဲဒီကျောနံပါတ်ကို ယူနိုင်တယ်။ အဲဒါက ပျော်ရွှင်စရာ ဖြစ်ခဲ့တယ်’ဆိုပြီး ပြောခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါးကစားသမားသစ္ အိုင္ဗန္ ပါရီဆစ္ဟာ ေက်ာနံပါတ္ ၁၄ ကို မေ႐ြးခ်ယ္မီ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ လူကာ မိုဒရစ္ဆီကေန ခြင့္ျပဳခ်က္ကို ေတာင္းခံခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အန္တိုနီယို ကြန္တီရဲ႕ အသင္းဟာ လက္ရွိအခ်ိန္အထိ အံ့အားသင့္ဖြယ္ အေျပာင္းအေ႐ႊ႕ကာလကို ပိုင္ဆိုင္ထားခဲ့တာျဖစ္ၿပီး ဖေရဆာ ေဖာ္စတာ၊ ဘစ္ဆူးမား၊ ရစ္ခ်ာလီဆန္၊ ကေလမြန္း လြန္ဂေလနဲ႔ ဂ်က္ဒ္ စပန႔္စ္တို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီကစားသမားေခၚယူမႈေတြရဲ႕ အစဟာ ပါရီဆစ္ ျဖစ္ခဲ့တာျဖစ္ၿပီး ခ႐ိုေအးရွားၾကယ္ပြင့္ဟာ ယခုေႏြရာသီမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို အရင္ဆုံး ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမား ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ အင္တာမီလန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းမတိုးဖို႔ ဆုံးျဖတ္ခဲ့တဲ့ အိုင္ဗန္ ပါရီဆစ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး ကြန္တီဟာ ဆန္စီ႐ိုမွာတုန္းက အလုပ္အတူတူ တြဲလုပ္ခဲ့ဖူးတဲ့ ခ႐ိုေအးရွားေတာင္ပံကစားသမားအေၾကာင္း ေကာင္းေကာင္းသိေနတာျဖစ္ပါတယ္။

ပါရီဆစ္ဟာ ယခုရာသီ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းမွာ ႀကီးမားတဲ့ အစိတ္အပိုင္းတစ္ခုအေနနဲ႔ ကစားသြားဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ ခ႐ိုေအးရွားၾကယ္ပြင့္အတြက္ ယခုေႏြရာသီမွာ တစ္ခုတည္းေသာ ေ႐ြးခ်ယ္စရာမဟုတ္ခဲ့ဘဲ အသင္းအမ်ားအျပားက ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ လက္ေ႐ြးစင္အသင္းေဖာ္ မိုဒရစ္ဆီ ဖုန္းေခၚဆိုမႈက ၎ကို စိတ္ပိုင္းျဖတ္ႏိုင္ေစခဲ့တာျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဆီကေန ကမ္းလွမ္းမႈ ရရွိတာနဲ႔ တၿပိဳင္နက္ လူကာ မိုဒရစ္ကို ေျမာက္လန္ဒန္ကလပ္အသင္းနဲ႔ပတ္သက္ၿပီး ေမးျမန္းဖို႔ ဖုန္းဆက္ခဲ့တယ္လို႔ Skysports ကို ေျပာၾကားခဲ့ပါတယ္။

“ပထမဆုံးအႀကိမ္ နည္းျပကြန္တီနဲ႔ ကြၽန္ေတာ္ ကစားေျပာခဲ့တယ္။ ကြၽန္ေတာ္ လူကာ မိုဒရစ္ကိုလည္း ဖုန္းေခၚခဲ့တယ္။ ကြၽန္ေတာ္ သူ႔ရဲ႕ အသင္းေဟာင္းဆီ သြားႏိုင္တဲ့ အလားအလာရွိတယ္လို႔ ေျပာခဲ့ၿပီး သူက အသင္းနဲ႔ပတ္သက္ၿပီး ေကာင္းတဲ့အရာေတြအားလုံး ေျပာခဲ့တယ္”

“သူက ကြင္းေဟာင္းမွာ ကစားခဲ့ၿပီး ေလ့က်င့္ေရးကြင္းေဟာင္းမွာ ေလ့က်င့္ခဲ့တဲ့သူပါ။ ဒါေပမယ့္ အခု ဒီမွာ အားလုံးက အသစ္ျဖစ္ေနၿပီး အားလုံးက ပိုေကာင္းမြန္ေနသလို အမ်ားႀကီးလည္း ပိုၿပီး ေခတ္မီေနပါၿပီ။ ကြၽန္ေတာ္တို႔ တူညီတဲ့ ေက်ာနံပါတ္ကို ဝတ္ဆင္သြားမွာပါ။ ကြၽန္ေတာ္ သူ႔ရဲ႕ ခြင့္ျပဳခ်က္ ေတာင္းခံခဲ့ၿပီး သူက ‘အိုေက၊ မင္း အဲဒီေက်ာနံပါတ္ကို ယူႏိုင္တယ္။ အဲဒါက ေပ်ာ္႐ႊင္စရာ ျဖစ္ခဲ့တယ္’ဆိုၿပီး ေျပာခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.