Premier League

ေလးစားမွဳမထားတဲ့ ေမာ္ရင္ဟိုကို အမ်က္မျပယ္ေသးတဲ့ မာစီယယ္လ္

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မွဴး အန္တိုနီ မာစီယယ္လ္က သူ႔ကို ေ၀ဖန္ခဲ့တဲ့ နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ဟိုရဲ႕ေျပာစကားေတြ မွားယြင္းေၾကာင္းကို သက္ေသျပဖို႔အတြက္ စိတ္ဓာတ္အတက္ၾကြဆံုးအေနအထားမွာ ရွိေနၿပီလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

မာစီယယ္လ္ဟာ ေမာ္ရင္ညိဳလက္ထက္မွာ ၂၀၁၆ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ ၂ရာသီခြဲ ၾကာကစားခဲ့သူျဖစ္ၿပီး အစကေတာ့ ေမာ္ရင္ဟိုရဲ႕ ယုံၾကည္မွဳကို ရရွိခဲ့သလို ၂၀၁၆-၁၇ ရာသီက ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားသမားအျဖစ္ ၁၈ ပြဲအထိ အသံုးျပဳခံခဲ့ရတာလည္းပါတယ္။

ဒါေပမယ့္ လူကာကူေရာက္လာၿပီးေနာက္ပိုင္းမွာေတာ့ မာစီယယ္လ္ရဲ႕ အခန္းက႑က ေတာ္ေတာ္ေလးျပန္ေမွးမိွန္သြားပါတယ္။ ဒါ့အျပင္ ပြဲႀကိဳနဲ႔ ပြဲအၿပီး သတင္းစာရွင္းလင္းပြဲေတြမွာလည္း ေမာ္ရင္ဟိုရဲ႕ ျပစ္တင္ေ၀ဖန္တာေတြကို မၾကာခဏဆိုသလို မာစီယယ္လ္အေနနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ျပင္သစ္အားကစား႐ုပ္သံတစ္ခုျဖစ္တဲ့ RMC Sport နဲ႔ အင္တာဗ်ဴးမွာ မာစီယယ္လ္က သူ႔ကို ေမာ္ရင္ဟိုက လူသိရွင္ၾကားေ၀ဖန္ခဲ့တာေတြနဲ႔ ပတ္သက္လို႔ ဒါဟာ ေလးစားမႈမရွိတဲ့ လုပ္ရပ္မ်ဳိးျဖစ္ေၾကာင္း ေျပာလိုက္ပါတယ္။

“အားလံုးေရွ႕မွာ ေျပာစရာမလိုတဲ့စကားကို ကၽြန္ေတာ္နဲ႔ ေတြ႔တဲ့အခ်ိန္ တိုက္ရိုက္ေျပာတာမ်ိဳးကို ပိုႀကိဳက္ပါတယ္။ အေစာပိုင္းကေတာ့ ကၽြန္ေတာ့္ကို ပြဲထြက္ခြင့္ သူ သိပ္မေပးခဲ့ပါဘူး။ ကၽြန္ေတာ္ကေတာ့ ကစားခြင့္ရရင္ ရသလို ဂိုးသြင္းခဲ့ပါတယ္။ ခက္တာက ပြဲၿပီးရင္ မင္းအခုေတာ့ ငါလိုခ်င္တာကို နားလည္ၿပီမို႔လားဆိုတဲ့ စကားမ်ိဳး ကၽြန္ေတာ့္ကို သူလာေျပာပါတယ္။ အမွန္က ကြင္းထဲမွာ ပြဲထြက္ခြင့္တစ္ေနရာနဲ႔ထိုက္တန္တယ္ဆိုတာကို သက္ေသျပခ်င္ၾကမွာပဲေလ”လို႔ မာစီယယ္လ္က ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်က သူ့ကို ဝေဖန်ခဲ့တဲ့ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုရဲ့ပြောစကားတွေ မှားယွင်းကြောင်းကို သက်သေပြဖို့အတွက် စိတ်ဓာတ်အတက်ကြွဆုံးအနေအထားမှာ ရှိနေပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မာစီယယ်လ်ဟာ မော်ရင်ညိုလက်ထက်မှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၂ရာသီခွဲ ကြာကစားခဲ့သူဖြစ်ပြီး အစကတော့ မော်ရင်ဟိုရဲ့ ယုံကြည်မှုကို ရရှိခဲ့သလို ၂၀၁၆-၁၇ ရာသီက ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် ၁၈ ပွဲအထိ အသုံးပြုခံခဲ့ရတာလည်းပါတယ်။

ဒါပေမယ့် လူကာကူရောက်လာပြီးနောက်ပိုင်းမှာတော့ မာစီယယ်လ်ရဲ့ အခန်းကဏ္ဍက တော်တော်လေးပြန်မှေးမှိန်သွားပါတယ်။ ဒါ့အပြင် ပွဲကြိုနဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွေမှာလည်း မော်ရင်ဟိုရဲ့ ပြစ်တင်ဝေဖန်တာတွေကို မကြာခဏဆိုသလို မာစီယယ်လ်အနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ပြင်သစ်အားကစားရုပ်သံတစ်ခုဖြစ်တဲ့ RMC Sport နဲ့ အင်တာဗျူးမှာ မာစီယယ်လ်က သူ့ကို မော်ရင်ဟိုက လူသိရှင်ကြားဝေဖန်ခဲ့တာတွေနဲ့ ပတ်သက်လို့ ဒါဟာ လေးစားမှုမရှိတဲ့ လုပ်ရပ်မျိုးဖြစ်ကြောင်း ပြောလိုက်ပါတယ်။

“အားလုံးရှေ့မှာ ပြောစရာမလိုတဲ့စကားကို ကျွန်တော်နဲ့ တွေ့တဲ့အချိန် တိုက်ရိုက်ပြောတာမျိုးကို ပိုကြိုက်ပါတယ်။ အစောပိုင်းကတော့ ကျွန်တော့်ကို ပွဲထွက်ခွင့် သူ သိပ်မပေးခဲ့ပါဘူး။ ကျွန်တော်ကတော့ ကစားခွင့်ရရင် ရသလို ဂိုးသွင်းခဲ့ပါတယ်။ ခက်တာက ပွဲပြီးရင် မင်းအခုတော့ ငါလိုချင်တာကို နားလည်ပြီမို့လားဆိုတဲ့ စကားမျိုး ကျွန်တော့်ကို သူလာပြောပါတယ်။ အမှန်က ကွင်းထဲမှာ ပွဲထွက်ခွင့်တစ်နေရာနဲ့ထိုက်တန်တယ်ဆိုတာကို သက်သေပြချင်ကြမှာပဲလေ”လို့ မာစီယယ်လ်က ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.