Premier League Transfer News

စပါးစ္အသင္းရဲ႕ အရန္ဂိုးသမားအျဖစ္ ဂ်ဳိးဟတ္ကို ေမာ္ရင္ညဳိေခၚယူ

ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းရဲ႕ အရန္ဂိုးသမားေနရာအတြက္ ပရီးမီးယားလိဂ္အေတြ႕အႀကဳံေကာင္းမ်ားစြာရွိခဲ့တဲ့ အဂၤလန္ လက္ေရြးစင္ ဂိုးသမားေဟာင္း ဂ်ဳိးဟတ္ကို နည္းျပ ဂ်ဳိေဆး ေမာ္ရင္ညဳိက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ဂ်ဳိးဟတ္ဟာ ဂြါဒီယိုလာလက္ထက္မွာ မန္ခ်က္စတာစီးတီးအသင္းကေန ထြက္ခြာၿပီး တုိရီႏိုနဲ႔ ဝက္စ္ဟမ္းအသင္းေတြမွာ အငွား၊ ဘန္ေလအသင္းကို အလြတ္ေျပာင္းနဲ႔ ကစားခဲ့သလို လက္ရွိမွာေတာ့ အသက္ ၃၃ ႏွစ္အရြယ္ရွိၿပီလည္းျဖစ္ပါတယ္။

မန္စီးတီးအသင္းကေန ထြက္ခြာခဲ့ရတဲ့ ဂ်ဳိးဟတ္ဟာ စိတ္ဓာတ္ပုိင္းနဲ႔အတူ လက္စြမ္းပုိင္းမွာေတာ့ အနည္းငယ္ က်ဆင္းသြားတယ္လို႔ သုံးသပ္ရၿပီး တုိရီႏိုနဲ႔ စီးရီးေအပြဲေတြကလြဲလို႔ က်န္အသင္းေတြမွာ ဦးစားေပးကစားသမားအျဖစ္ကိုေတာ့ ရယူႏုိင္ျခင္းမရွိေတာ့ဘဲ အရန္အဆင့္သာ ရွိေနခဲ့တာပါ။

လက္ရွိမွာေတာ့ အသင္းရဲ႕ အဂၤလန္ကစားသမားေတြ ရွားပါးေနတဲ့ အေျခအေနမွာ ေမာ္ရင္ညဳိက သူ႕ကို ဦးစားေပးဂိုးသမား ဟူဂို လိုရစ္ရဲ႕ အရန္အျဖစ္အျပင္ ငယ္ေမြးၿခံေပါက္ကစားသမား အေရအတြက္ကိုပါ တုိးျမႇင့္ဖို႔ ေခၚယူခဲ့တာျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္ငါးေသာင္းနဲ႔အတူ ႏွစ္ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိမယ္လုိ႔ ဆိုပါတယ္။

ဘန္ေလအသင္းက ထြက္ခြာခဲ့ခ်ိန္မွာ သူ႕ကို လိစ္ဒ္ယူႏိုက္တက္၊ ဘလက္ဘန္း႐ိုဗာစ္၊ ဒါဘီေကာင္တီ၊ ဆဲလ္တစ္နဲ႔ တူရကီကလပ္ေတြက စိတ္ဝင္စားခဲ့ၾကေပမယ့္ အဂၤလန္မွာပဲ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဂ်ဳိးဟတ္အေနနဲ႔ စပါးစ္ရဲ႕ နံပါတ္ႏွစ္ ေနရာအတြက္ အာဂ်င္တီးနားဂိုးသမား ေပၚလို ဂက္ဇာနီဂါနဲ႔ေတာ့ ယွဥ္ၿပဳိင္ရဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တော့တင်ဟမ် ဟော့စပါးစ်အသင်းရဲ့ အရန်ဂိုးသမားနေရာအတွက် ပရီးမီးယားလိဂ်အတွေ့အကြုံကောင်းများစွာရှိခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမားဟောင်း ဂျိုးဟတ်ကို နည်းပြ ဂျိုဆေး မော်ရင်ညိုက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဂျိုးဟတ်ဟာ ဂွါဒီယိုလာလက်ထက်မှာ မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာပြီး တိုရီနိုနဲ့ ဝက်စ်ဟမ်းအသင်းတွေမှာ အငှား၊ ဘန်လေအသင်းကို အလွတ်ပြောင်းနဲ့ ကစားခဲ့သလို လက်ရှိမှာတော့ အသက် ၃၃ နှစ်အရွယ်ရှိပြီလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့ရတဲ့ ဂျိုးဟတ်ဟာ စိတ်ဓာတ်ပိုင်းနဲ့အတူ လက်စွမ်းပိုင်းမှာတော့ အနည်းငယ် ကျဆင်းသွားတယ်လို့ သုံးသပ်ရပြီး တိုရီနိုနဲ့ စီးရီးအေပွဲတွေကလွဲလို့ ကျန်အသင်းတွေမှာ ဦးစားပေးကစားသမားအဖြစ်ကိုတော့ ရယူနိုင်ခြင်းမရှိတော့ဘဲ အရန်အဆင့်သာ ရှိနေခဲ့တာပါ။

လက်ရှိမှာတော့ အသင်းရဲ့ အင်္ဂလန်ကစားသမားတွေ ရှားပါးနေတဲ့ အခြေအနေမှာ မော်ရင်ညိုက သူ့ကို ဦးစားပေးဂိုးသမား ဟူဂို လိုရစ်ရဲ့ အရန်အဖြစ်အပြင် ငယ်မွေးခြံပေါက်ကစားသမား အရေအတွက်ကိုပါ တိုးမြှင့်ဖို့ ခေါ်ယူခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်ငါးသောင်းနဲ့အတူ နှစ်နှစ်စာချုပ် ချုပ်ဆိုမယ်လို့ ဆိုပါတယ်။

ဘန်လေအသင်းက ထွက်ခွာခဲ့ချိန်မှာ သူ့ကို လိစ်ဒ်ယူနိုက်တက်၊ ဘလက်ဘန်းရိုဗာစ်၊ ဒါဘီကောင်တီ၊ ဆဲလ်တစ်နဲ့ တူရကီကလပ်တွေက စိတ်ဝင်စားခဲ့ကြပေမယ့် အင်္ဂလန်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ဂျိုးဟတ်အနေနဲ့ စပါးစ်ရဲ့ နံပါတ်နှစ် နေရာအတွက် အာဂျင်တီးနားဂိုးသမား ပေါ်လို ဂက်ဇာနီဂါနဲ့တော့ ယှဉ်ပြိုင်ရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.