Article Premier League

ဆန္ခ်ိဳကို မရရင္ ဒီလူေတြနဲ႔ မန္ယူအလုပ္ျဖစ္မွာ ေသခ်ာၿပီလား

မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ေဂ်ဒန္ ဆန္ခ်ိဳကို ေဒါ့မြန္က ေခၚယူႏိုင္ဖို႔ ခက္ခဲသြားခဲ့တဲ့ ေနာက္ပိုင္းမွာ လက္ရွိတိုက္စစ္ကစားသမားေတြနဲ႔ ေရွ႕ဆက္သြားၿပီး ဆုဖလားေတြကို စိန္ေခၚလို႔ ရႏိုင္ၿပီလားဆိုတဲ့ ေမးခြန္းေတြကေတာ့ တစ္စတစ္စ ထြက္ေပၚလာခဲ့ပါတယ္။

စစခ်င္းတုန္းက အန္တိုနီ မာစီယယ္လ္၊ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ေမဆန္ ဂရင္းဝုဒ္တို႔ရဲ႕ တိုက္စစ္သုံးေယာက္အတြဲဟာ အသင္းအတြက္ ရပ္တန႔္ဖို႔ ခက္တဲ့ တိုက္စစ္အတြဲအျဖစ္ ဂုဏ္ယူႏိုင္ခဲ့သလို ဥေရာပရဲ႕ မွတ္တမ္းမွတ္ရာေတြထဲမွာ စံခ်ိန္ေကာင္းေတြကိုလည္း ပိုင္ဆိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ တစ္ပုံစံတည္း သြားေနတဲ့ သူတို႔ကို လူေတြက ေကာင္းေကာင္းက်က္မိသြားၾကပါတယ္။

3M တိုက္စစ္က အနည္းဆုံးတစ္ေယာက္ေတာ့ ဂိုးရေနခဲ့သားပဲလို႔ ဆီဗီလာနဲ႔ပြဲမတိုင္ခင္အထိ ေျပာႏိုင္ေပမယ့္ သူတို႔ေတြ ႐ုန္းကန္ေနရၿပီး Flourish မျဖစ္ခဲ့တာကေတာ့ ပဲေလ့စ္နဲ႔ပြဲေနာက္ပိုင္းမွာ ပိုၿပီး သိသာလာပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီေတြက အတိုင္းအတာတစ္ခုအထိ အလုပ္ျဖစ္ခဲ့ေပမယ့္ လူအေျပာင္းအလဲမရွိဘဲ ပင္ပန္းေနတဲ့ တိုက္စစ္ပိုင္းကိုေတာ့ အျပစ္တင္ဖို႔ မရွိဘဲ ဆိုးလ္ရွားရဲ႕ အရန္အစီအစဥ္ မရွိျခင္းကိုပဲ လက္ညႇိဳးထိုးရမွာလည္းျဖစ္ပါတယ္။

ပုံစံေကာင္းရေနတဲ့ ဒီလူစာရင္းကို အေျပာင္းအလဲမလုပ္ဘဲ ဆက္သြားမယ္လို႔ ဆိုးလ္ရွားက ေျပာခဲ့ကတည္းက အႏၲရာယ္ရဲ႕ အေငြ႕အသက္ကို ခံစားလိုက္ရသလိုျဖစ္ခဲ့ၿပီး ဒါဟာ သူ႔အေနနဲ႔ တျခားကစားသမားေတြကို ဒီလိုအစုအဖြဲ႕မ်ိဳးထဲ ပါဝင္လုပ္ေဆာင္ႏိုင္ဖို႔ ယုံၾကည္မႈ မရွိဘူးလို႔ ေျပာလိုက္သလိုျဖစ္ေနခဲ့တာပါ။

ကိုဗစ္ေၾကာင့္ ပြဲေတြနားၿပီး ျပန္စခ်ိန္မွာ လုံးဝနီးပါး ေပ်ာက္ဆုံးေနတဲ့ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉး အိုဒီယြန္ အီဂါလိုတစ္ေယာက္ အရန္ခုံတန္းမွာ ေက်ာက္႐ုပ္လိုျဖစ္သြားတာ၊ တစ္ခ်ိန္လုံး ေျပးလႊားၿပီး လ်င္ျမန္မႈေတြနဲ႔ ဒန္နီယယ္လ္ ဂ်ိမ္းစ္တစ္ေယာက္ ဘာမွ မလုပ္ႏိုင္တာ၊ ဝါရင့္ႀကီး ဟြမ္မာတာ ဝင္လာလည္း ဘာမွ မျဖစ္တာေတြက ဆိုးလ္ရွားရဲ႕ လုံးဝလူမေျပာင္းျခင္းရဲ႕ သက္ေရာက္မႈတစ္ခုဆိုရင္လည္း မမွားႏိုင္ပါဘူး။

ေတာင္ပံသမားစစ္စစ္ မပါဘဲ ဂရင္းဝုဒ္နဲ႔ ရက္ဖို႔ဒ္တို႔ရဲ႕ Inside Forward ပုံစံေတြက Attacking Full Back ေတြ အလုပ္မျဖစ္တဲ့အခါမွာ တစ္ဖက္ေနာက္တန္းရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကို ေရာက္သြားခဲ့ၿပီး သူတို႔ေတြ ဒီလိုျဖစ္ေနခ်ိန္မွာ အနည္းဆုံး ဒီအတြဲထဲက တစ္ေယာက္ကို ထုတ္ၿပီး ေတာင္ပံမွာ ဂ်ိမ္းစ္ကို ပိုအားကိုးမယ့္ ဗ်ဴဟာေျမာက္ေျပာင္းလဲမႈမ်ဳိးေတြကိုလည္း ဆိုးလ္ရွားက ျပင္မထားခဲ့တာပါ။

ဒါေၾကာင့္ ယူႏိုက္တက္မွာ ဆိုးလ္ရွားနဲ႔ ဆက္သြားဦးမယ္ဆိုရင္ ေတာင္ပံသမားစစ္စစ္ေတြကို အားျဖည့္ႏိုင္ဖို႔ လိုအပ္ေနၿပီး ဆန္ခ်ိဳလိုမ်ိဳး လ်င္ျမန္တဲ့ ကစားသမားအနည္းဆုံးတစ္ဦးကို သူ႔ကို ေခၚယူဖို႔ စိတ္ကူးရွိေသးရင္ေတာင္မွ ေရတိုအသုံးခ်ဖို႔အတြက္ ေခၚယူသင့္ေနၿပီလည္းျဖစ္ပါတယ္။ ျဖစ္ႏိုင္ရင္ Attacking Quality နည္းတဲ့ ေနာက္ခံအစြန္လူေတြေနရာအတြက္ တိုက္စစ္ဦးစားေပးအစြန္လူတစ္ဦးကိုလည္း အားျဖည့္သင့္ပါတယ္။

ဒါ့အျပင္ မာစီယယ္လ္ဟာ ဘယ္တုန္းကမွ အေထာင္တိုက္စစ္မႉး မဟုတ္ခဲ့တာက ျပႆနာျဖစ္ၿပီး ဒီေနရာမွာ ကစားႏိုင္ဖို႔ အခ်ိန္ယူရဦးမွာ ျဖစ္သလို ဒီေန႔ေခတ္မွာ ဒီေလာက္ အခ်ိန္ေပးဖို႔ကေတာ့ ျပႆနာတစ္ရပ္လည္းျဖစ္ပါတယ္။ ဒီအတြက္ အားလုံးကေတာ့ အေထာင္တိုက္စစ္မႉးစစ္စစ္တစ္ဦးကို ေတာင္းဆိုေနၾကၿပီး မက္ဂြိဳင္းယားရဲ႕ တြဲဖက္တစ္ဦးကိုလည္း လိုအပ္ေနေသးလို႔ တာဝန္ရွိသူေတြအတြက္ေတာ့ ေဈးကြက္ထဲမွာ ေတာ္ေတာ္ေလး ႀကိဳးစားရဖို႔ ရွိေနသလို ဂိုးသမားေနရာမွာ ဟန္ဒါဆန္ကို ပိုင္ဆိုင္ထားေသးလို႔သာ ေတာ္ေသးတာပါ။

ဟာရီကိန္းလို တိုက္စစ္မႉးမ်ိဳး၊ ႀကံ့ခိုင္ၿပီး တည္ၿငိမ္တဲ့ လူငယ္ဗဟိုခံစစ္မႉးတစ္ဦးနဲ႔ ေတာင္ပံကစားသမားတစ္ဦးတို႔ဟာ ယူႏိုက္တက္ကိုေတာ့ ေပါင္သန္း ၂၀၀ ေက်ာ္ ကုန္က်ေစမွာျဖစ္ၿပီး Attacking Full Back တစ္ဦးပါ ေပါင္းလိုက္ရင္ေတာ့ ေပါင္သန္း ၃၀၀ ေလာက္ အသုံးျပဳရဖို႔ ရွိေနသလို ဒီအေျခအေနမွာ နည္းျပသစ္တစ္ဦးဆိုတာကလည္း မ႐ိုင္းတဲ့ အႀကံဉာဏ္တစ္ခု ျဖစ္လာႏိုင္ပါေသးတယ္။

ဒါေၾကာင့္ ပရီးမီးယားလိဂ္ျပန္လည္ မစတင္ခင္ ယူႏိုက္တက္တာဝန္ရွိသူေတြ ဘယ္လိုလုပ္ေဆာင္မလဲဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အားျဖည့္မႈေတြ မလုပ္ဘဲ ဒီပုံစံအတိုင္းေတာ့ ဆက္သြားလို႔ေတာ့ မရဘူးလို႔ ျမင္မိသလို အရင္လိုမ်ိဳး ဆုဖလားေတြကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ေတာ့ ဒီေန႔ေခတ္မွာ တစ္ပြဲတိုး မဟုတ္ဘဲ ေရရွည္မွာ အဖက္ဖက္က ေတာင့္တင္းဖို႔ လုပ္ေဆာင္သြားရမွာမို႔ ဂေလဇာမိသားစုနဲ႔ အက္ဒ္ ဝုဒ္ဝဒ္တို႔ရဲ႕ ေ႐ႊ႕ကြက္ကို ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေရးသားလိုက္ရပါတယ္။

KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အနေနဲ့ ဂျေဒန် ဆန်ချိုကို ဒေါ့မွန်က ခေါ်ယူနိုင်ဖို့ ခက်ခဲသွားခဲ့တဲ့ နောက်ပိုင်းမှာ လက်ရှိတိုက်စစ်ကစားသမားတွေနဲ့ ရှေ့ဆက်သွားပြီး ဆုဖလားတွေကို စိန်ခေါ်လို့ ရနိုင်ပြီလားဆိုတဲ့ မေးခွန်းတွေကတော့ တစ်စတစ်စ ထွက်ပေါ်လာခဲ့ပါတယ်။

စစချင်းတုန်းက အန်တိုနီ မာစီယယ်လ်၊ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ မေဆန် ဂရင်းဝုဒ်တို့ရဲ့ တိုက်စစ်သုံးယောက်အတွဲဟာ အသင်းအတွက် ရပ်တန့်ဖို့ ခက်တဲ့ တိုက်စစ်အတွဲအဖြစ် ဂုဏ်ယူနိုင်ခဲ့သလို ဥရောပရဲ့ မှတ်တမ်းမှတ်ရာတွေထဲမှာ စံချိန်ကောင်းတွေကိုလည်း ပိုင်ဆိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တစ်ပုံစံတည်း သွားနေတဲ့ သူတို့ကို လူတွေက ကောင်းကောင်းကျက်မိသွားကြပါတယ်။

3M တိုက်စစ်က အနည်းဆုံးတစ်ယောက်တော့ ဂိုးရနေခဲ့သားပဲလို့ ဆီဗီလာနဲ့ပွဲမတိုင်ခင်အထိ ပြောနိုင်ပေမယ့် သူတို့တွေ ရုန်းကန်နေရပြီး Flourish မဖြစ်ခဲ့တာကတော့ ပဲလေ့စ်နဲ့ပွဲနောက်ပိုင်းမှာ ပိုပြီး သိသာလာပါတယ်။ ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီတွေက အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ခဲ့ပေမယ့် လူအပြောင်းအလဲမရှိဘဲ ပင်ပန်းနေတဲ့ တိုက်စစ်ပိုင်းကိုတော့ အပြစ်တင်ဖို့ မရှိဘဲ ဆိုးလ်ရှားရဲ့ အရန်အစီအစဉ် မရှိခြင်းကိုပဲ လက်ညှိုးထိုးရမှာလည်းဖြစ်ပါတယ်။

ပုံစံကောင်းရနေတဲ့ ဒီလူစာရင်းကို အပြောင်းအလဲမလုပ်ဘဲ ဆက်သွားမယ်လို့ ဆိုးလ်ရှားက ပြောခဲ့ကတည်းက အန္တရာယ်ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရသလိုဖြစ်ခဲ့ပြီး ဒါဟာ သူ့အနေနဲ့ တခြားကစားသမားတွေကို ဒီလိုအစုအဖွဲ့မျိုးထဲ ပါဝင်လုပ်ဆောင်နိုင်ဖို့ ယုံကြည်မှု မရှိဘူးလို့ ပြောလိုက်သလိုဖြစ်နေခဲ့တာပါ။

ကိုဗစ်ကြောင့် ပွဲတွေနားပြီး ပြန်စချိန်မှာ လုံးဝနီးပါး ပျောက်ဆုံးနေတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဒီယွန် အီဂါလိုတစ်ယောက် အရန်ခုံတန်းမှာ ကျောက်ရုပ်လိုဖြစ်သွားတာ၊ တစ်ချိန်လုံး ပြေးလွှားပြီး လျင်မြန်မှုတွေနဲ့ ဒန်နီယယ်လ် ဂျိမ်းစ်တစ်ယောက် ဘာမှ မလုပ်နိုင်တာ၊ ဝါရင့်ကြီး ဟွမ်မာတာ ဝင်လာလည်း ဘာမှ မဖြစ်တာတွေက ဆိုးလ်ရှားရဲ့ လုံးဝလူမပြောင်းခြင်းရဲ့ သက်ရောက်မှုတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

တောင်ပံသမားစစ်စစ် မပါဘဲ ဂရင်းဝုဒ်နဲ့ ရက်ဖို့ဒ်တို့ရဲ့ Inside Forward ပုံစံတွေက Attacking Full Back တွေ အလုပ်မဖြစ်တဲ့အခါမှာ တစ်ဖက်နောက်တန်းရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ပြီး သူတို့တွေ ဒီလိုဖြစ်နေချိန်မှာ အနည်းဆုံး ဒီအတွဲထဲက တစ်ယောက်ကို ထုတ်ပြီး တောင်ပံမှာ ဂျိမ်းစ်ကို ပိုအားကိုးမယ့် ဗျူဟာမြောက်ပြောင်းလဲမှုမျိုးတွေကိုလည်း ဆိုးလ်ရှားက ပြင်မထားခဲ့တာပါ။

ဒါကြောင့် ယူနိုက်တက်မှာ ဆိုးလ်ရှားနဲ့ ဆက်သွားဦးမယ်ဆိုရင် တောင်ပံသမားစစ်စစ်တွေကို အားဖြည့်နိုင်ဖို့ လိုအပ်နေပြီး ဆန်ချိုလိုမျိုး လျင်မြန်တဲ့ ကစားသမားအနည်းဆုံးတစ်ဦးကို သူ့ကို ခေါ်ယူဖို့ စိတ်ကူးရှိသေးရင်တောင်မှ ရေတိုအသုံးချဖို့အတွက် ခေါ်ယူသင့်နေပြီလည်းဖြစ်ပါတယ်။ ဖြစ်နိုင်ရင် Attacking Quality နည်းတဲ့ နောက်ခံအစွန်လူတွေနေရာအတွက် တိုက်စစ်ဦးစားပေးအစွန်လူတစ်ဦးကိုလည်း အားဖြည့်သင့်ပါတယ်။

ဒါ့အပြင် မာစီယယ်လ်ဟာ ဘယ်တုန်းကမှ အထောင်တိုက်စစ်မှူး မဟုတ်ခဲ့တာက ပြဿနာဖြစ်ပြီး ဒီနေရာမှာ ကစားနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်သလို ဒီနေ့ခေတ်မှာ ဒီလောက် အချိန်ပေးဖို့ကတော့ ပြဿနာတစ်ရပ်လည်းဖြစ်ပါတယ်။ ဒီအတွက် အားလုံးကတော့ အထောင်တိုက်စစ်မှူးစစ်စစ်တစ်ဦးကို တောင်းဆိုနေကြပြီး မက်ဂွိုင်းယားရဲ့ တွဲဖက်တစ်ဦးကိုလည်း လိုအပ်နေသေးလို့ တာဝန်ရှိသူတွေအတွက်တော့ ဈေးကွက်ထဲမှာ တော်တော်လေး ကြိုးစားရဖို့ ရှိနေသလို ဂိုးသမားနေရာမှာ ဟန်ဒါဆန်ကို ပိုင်ဆိုင်ထားသေးလို့သာ တော်သေးတာပါ။

ဟာရီကိန်းလို တိုက်စစ်မှူးမျိုး၊ ကြံ့ခိုင်ပြီး တည်ငြိမ်တဲ့ လူငယ်ဗဟိုခံစစ်မှူးတစ်ဦးနဲ့ တောင်ပံကစားသမားတစ်ဦးတို့ဟာ ယူနိုက်တက်ကိုတော့ ပေါင်သန်း ၂၀၀ ကျော် ကုန်ကျစေမှာဖြစ်ပြီး Attacking Full Back တစ်ဦးပါ ပေါင်းလိုက်ရင်တော့ ပေါင်သန်း ၃၀၀ လောက် အသုံးပြုရဖို့ ရှိနေသလို ဒီအခြေအနေမှာ နည်းပြသစ်တစ်ဦးဆိုတာကလည်း မရိုင်းတဲ့ အကြံဉာဏ်တစ်ခု ဖြစ်လာနိုင်ပါသေးတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်ပြန်လည် မစတင်ခင် ယူနိုက်တက်တာဝန်ရှိသူတွေ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး အားဖြည့်မှုတွေ မလုပ်ဘဲ ဒီပုံစံအတိုင်းတော့ ဆက်သွားလို့တော့ မရဘူးလို့ မြင်မိသလို အရင်လိုမျိုး ဆုဖလားတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက်တော့ ဒီနေ့ခေတ်မှာ တစ်ပွဲတိုး မဟုတ်ဘဲ ရေရှည်မှာ အဖက်ဖက်က တောင့်တင်းဖို့ လုပ်ဆောင်သွားရမှာမို့ ဂလေဇာမိသားစုနဲ့ အက်ဒ် ဝုဒ်ဝဒ်တို့ရဲ့ ရွှေ့ကွက်ကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.