Ligue1 Premier League Transfer News

Deal Closes: ဂါဘရီယယ္လ္ကို ေခၚယူဖို႔ ကစားသမားနဲ႔ အာဆင္နယ္အသင္း သေဘာတူညီ

လိုင္လီအသင္းကေန ေရာင္းခ်ဖို႔ စီစဥ္ထားခဲ့ၿပီး ကစားသမားရဲ႕ ေရြးခ်ယ္မွဳတစ္ခုပဲလုိ႔ ခြင့္ျပဳထားခဲ့တဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ ေဒါ့ဆန္တုိ႔စ္ မာဂါလုိင္စ္အတြက္ အာဆင္နယ္အသင္းက ပုဂၢဳိလ္ေရးသေဘာတူညီႏုိင္ခဲ့ၿပီး နာပုိလီနဲ႔ က်န္အသင္းေတြကို ေနာက္ေကာက္ခ်ႏုိင္ခဲ့ၿပီလုိ႔ ေဒးလီးေမးလ္က ေဖာ္ျပလုိက္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ဘရာဇီးလ္ေနာက္ခံလူအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ၂၀၂၀-၂၁ ရာသီမွာ စာရင္းသြင္းႏုိင္ဖို႔ သေဘာတူညီႏိုင္ခဲ့တာျဖစ္ၿပီး လီဂူးဝမ္းမွာ ေျခစြမ္းျပခဲ့တဲ့ ကစားသမားအေနနဲ႔ အမ္းမရိတ္ကြင္းမွာ ဘယ္ေလာက္အထိ အေရးပါ အရာေရာက္ေအာင္ လုပ္ျပႏုိင္မလဲ ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၈ မွာ ရပ္တည္ခဲ့ၿပီး ေပးဂိုး ၄၈ ဂိုးအထိ ရွိခဲ့တဲ့ ေနာက္တန္းအတြက္ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ကာလၾကာရွည္ ပစ္မွတ္ျဖစ္ခဲ့တဲ့ ဘရာဇီးလ္ ယူ-၂၃ လက္ေရြးစင္ကို အားျဖည့္ၿပီး ဝါရင့္၊ လူငယ္ ကစားသမားေတြနဲ႔ တြဲဖက္ေပးသြားဖို႔ ရွိေနသလို အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးအျဖစ္လည္း စဥ္းစားပုံေဖာ္ထားပါတယ္။

လိုင္လီနဲ႔ အာဆင္နယ္အသင္းတုိ႔ၾကားမွာေတာ့ ေရွးေရွးကတည္းက ဆက္ဆံေရးေကာင္းေတြကို ပုိင္ဆုိင္ထားၿပီး ၿပီးခဲ့တဲ့ႏွစ္ကလည္း နီကိုလတ္စ္ ေပေပကုိ ေခၚယူထားခဲ့မွဳအရ အသင္းေဖာ္ေဟာင္းေနာက္ကို ဂါဘရီယယ္လ္အေနနဲ႔ လုိက္ပါလာတာျဖစ္ႏုိင္ေၾကာင္းလည္း ယူဆရပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဒီကစားသမားကို သတ္မွတ္ေဈးေပးေခ်ၿပီး ေခၚယူဖို႔ ယုံၾကည္မွဳ ရွိေနတာကေတာ့ လိုင္လီနဲ႔ သူတုိ႔ၾကားမွာ အျပည့္အဝ ေပးေခ်စရာမလိုဘဲ အရစ္က် ေပးသြင္းႏုိင္တဲ့ ႀကဳိတင္သေဘာတူညီမွဳေတြနဲ႔ ဆက္ဆံေရးေတြအရလည္းျဖစ္ႏုိင္ၿပီး ဂါဘရီယယ္လ္ဟာ နည္းျပ အာတီတာရဲ႕ အ႐ုပ္ဆက္ကစားနည္းကို ျပည့္စုံေစမယ့္ ေနာက္ဆုံးအပုိင္းအစတစ္ခုျဖစ္လာမယ္လုိ႔ ကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လိုင်လီအသင်းကနေ ရောင်းချဖို့ စီစဉ်ထားခဲ့ပြီး ကစားသမားရဲ့ ရွေးချယ်မှုတစ်ခုပဲလို့ ခွင့်ပြုထားခဲ့တဲ့ နောက်ခံလူ ဂါဘရီယယ်လ် ဒေါ့ဆန်တို့စ် မာဂါလိုင်စ်အတွက် အာဆင်နယ်အသင်းက ပုဂ္ဂိုလ်ရေးသဘောတူညီနိုင်ခဲ့ပြီး နာပိုလီနဲ့ ကျန်အသင်းတွေကို နောက်ကောက်ချနိုင်ခဲ့ပြီလို့ ဒေးလီးမေးလ်က ဖော်ပြလိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်နောက်ခံလူအတွက် အာဆင်နယ်အသင်းအနေနဲ့ ၂၀၂၀-၂၁ ရာသီမှာ စာရင်းသွင်းနိုင်ဖို့ သဘောတူညီနိုင်ခဲ့တာဖြစ်ပြီး လီဂူးဝမ်းမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားအနေနဲ့ အမ်းမရိတ်ကွင်းမှာ ဘယ်လောက်အထိ အရေးပါ အရာရောက်အောင် လုပ်ပြနိုင်မလဲ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အဆင့် ၈ မှာ ရပ်တည်ခဲ့ပြီး ပေးဂိုး ၄၈ ဂိုးအထိ ရှိခဲ့တဲ့ နောက်တန်းအတွက် နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ကာလကြာရှည် ပစ်မှတ်ဖြစ်ခဲ့တဲ့ ဘရာဇီးလ် ယူ-၂၃ လက်ရွေးစင်ကို အားဖြည့်ပြီး ဝါရင့်၊ လူငယ် ကစားသမားတွေနဲ့ တွဲဖက်ပေးသွားဖို့ ရှိနေသလို အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ်လည်း စဉ်းစားပုံဖော်ထားပါတယ်။

လိုင်လီနဲ့ အာဆင်နယ်အသင်းတို့ကြားမှာတော့ ရှေးရှေးကတည်းက ဆက်ဆံရေးကောင်းတွေကို ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့နှစ်ကလည်း နီကိုလတ်စ် ပေပေကို ခေါ်ယူထားခဲ့မှုအရ အသင်းဖော်ဟောင်းနောက်ကို ဂါဘရီယယ်လ်အနေနဲ့ လိုက်ပါလာတာဖြစ်နိုင်ကြောင်းလည်း ယူဆရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီကစားသမားကို သတ်မှတ်ဈေးပေးချေပြီး ခေါ်ယူဖို့ ယုံကြည်မှု ရှိနေတာကတော့ လိုင်လီနဲ့ သူတို့ကြားမှာ အပြည့်အဝ ပေးချေစရာမလိုဘဲ အရစ်ကျ ပေးသွင်းနိုင်တဲ့ ကြိုတင်သဘောတူညီမှုတွေနဲ့ ဆက်ဆံရေးတွေအရလည်းဖြစ်နိုင်ပြီး ဂါဘရီယယ်လ်ဟာ နည်းပြ အာတီတာရဲ့ အရုပ်ဆက်ကစားနည်းကို ပြည့်စုံစေမယ့် နောက်ဆုံးအပိုင်းအစတစ်ခုဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.