International

ယူရိုချန်ပီယံအမျိုးသမီးအသင်းကို ဂုဏ်ပြုခဲ့တဲ့ ကိန်းနဲ့အင်္ဂလန်ဂန္တဝင်များ

ဟာရီ ကိန်း၊ ဂယ်ရီ နဗီးနဲ့ အခြား အင်္ဂလန်ဂန္တဝင်တွေဟာ ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းကို ဂုဏ်ပြုခဲ့ကြပါတယ်။

ဝင်ဘလေကွင်းကို စံချိန်တင် ပရိသတ်ဦးရေ ၈၇၁၉၂ ဦး လာရောက်ကြည့်ရှုခဲ့ပြီး အယ်လ်လာ တွန်းနဲ့ ခလိုး ကယ်လီတို့ရဲ့ သွင်းဂိုးတွေကြောင့် အချိန်ပိုအပြီးမှာ အင်္ဂလန်အသင်းက ဂျာမနီအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးယူရို ၂၀၂၂ ဖလားဟာ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားအပြီးမှာ အင်္ဂလန်ရဲ့ ပထမဆုံးအဓိကဆုဖလား ရရှိမှု ဖြစ်ခဲ့ပြီး လက်ရှိ အင်္ဂလန်ဘောလုံးသမားတွေနဲ့ ဂန္တဝင်တွေဟာ အမျိုးသမီးအသင်းရဲ့ သမိုင်းဝင်အောင်ပွဲအတွက် ဂုဏ်ပြုခဲ့ကြပါတယ်။

ဟာရီ ကိန်း(တော့တင်ဟမ်ဟော့စပါး၊ အင်္ဂလန်အသင်းခေါင်းဆောင်)

“ဝင်ဘလေမှာ လုံးဝကို ဆန်းကြယ်တဲ့ မြင်ကွင်းတွေ။ အံ့အားသင့်ဖွယ် ခြင်္သေ့မတွေအားလုံးကို ဂုဏ်ပြုပါတယ်။ အယ်လာ တွန်းကိုလည်း အဲဒီအဆုံးသတ်အတွက်လည်း ဦးညွှတ်ပါတယ်”

ဂယ်ရီ နဗီး(မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း)

“ခြင်္သေ့မတွေ လုပ်သွားခဲ့တာတွေက အံ့အားသင့်စရာကောင်းပြီး သောက်ရမ်းကို လုပ်ဖို့ ခက်တဲ့အရပါ။ ဒီနိုင်ငံက အားကစားလောကကို တုန်ခါသွားစေတဲ့ အခိုက်အတန့်ပါ။ အားလုံး ကောင်းကောင်းလုပ်နိုင်ခဲ့ကြပါတယ်”

ဂယ်ရီ လိုင်နီကာ(အင်္ဂလန်ရဲ့တသက်တာ ထိပ်တန်းဂိုးသွင်းရှင်)

“ဘောလုံးက ရိုးရှင်းတဲ့ပြိုင်ပွဲပါ။ အမျိုးသမီး ၂၂ ဦးက မိနစ် ၉၀ စလုံး ဘောလုံးတစ်လုံးနောက်ကို လိုက်ကြတယ်။ အဆုံးမှာ အင်္ဂလန် အမှန်တကယ် အနိုင်ရခဲ့ပါပြီ။ ခြင်္သေ့မတွေကို ဂုဏ်ပြုပါတယ်။ ရင်သပ်ရှုမောစရာပဲ”

ဒေးဗစ် ဆီးမန်း(အာဆင်နယ်နဲ့ အင်္ဂလန်ဂန္တဝင်ဂိုးသမား)

“မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုပဲ။ ဒီအောင်မြင်မှုက ကောင်မလေးတွေအတွက်၊ အသင်းအတွက်၊ နိုင်ငံအတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်”

ဂျေမီ ကာရေဂါ(လီဗာပူးလ်နဲ့ အင်္ဂလန်ဂန္တဝင်နောက်ခံကစားသမား)

“ခြင်္သေ့မတွေရဲ့ ထူးခြားဆန်းကြယ်တဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်။ ပထမဂိုးက ဒီအသင်းရဲ့ အရည်အသွေးကို မြင်သာစေခဲ့တယ်။ မင်းတို့အားလုံးက နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် စံပြပုဂ္ဂိုလ်တွေပါ။ ဘာလို့လဲဆိုတော့ ဒီနေ့ သူတို့ မင်းတို့လုပ်ခဲ့တာတွေကို မြင်တွေ့ခဲ့ပြီမို့လို့ပါ”

ဟာရီ မက်ဂွိုင်းယား(မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား)

“ခြင်္သေ့မတွေကို အကြီးကြီး ဂုဏ်ပြုပါတယ်။ အရမ်းကောင်းတဲ့ပွဲ။ သမိုင်းရေးထိုးနိုင်ခဲ့ပြီ။ တစ်နိုင်ငံလုံးက မင်းတို့အတွက် ဂုဏ်ယူနေကြတယ်။ အောင်ပွဲကို ပျော်ရွှင်ခံစားလိုက်ပါဦး”

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဟာရီ ကိန္း၊ ဂယ္ရီ နဗီးနဲ႔ အျခား အဂၤလန္ဂႏၲဝင္ေတြဟာ ယူ႐ို ၂၀၂၂ ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့တဲ့ အဂၤလန္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းကို ဂုဏ္ျပဳခဲ့ၾကပါတယ္။

ဝင္ဘေလကြင္းကို စံခ်ိန္တင္ ပရိသတ္ဦးေရ ၈၇၁၉၂ ဦး လာေရာက္ၾကည့္ရႈခဲ့ၿပီး အယ္လ္လာ တြန္းနဲ႔ ခလိုး ကယ္လီတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အခ်ိန္ပိုအၿပီးမွာ အဂၤလန္အသင္းက ဂ်ာမနီအသင္းကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ အမ်ိဳးသမီးယူ႐ို ၂၀၂၂ ဖလားဟာ ၁၉၆၆ ခုႏွစ္ ကမာၻ႔ဖလားအၿပီးမွာ အဂၤလန္ရဲ႕ ပထမဆုံးအဓိကဆုဖလား ရရွိမႈ ျဖစ္ခဲ့ၿပီး လက္ရွိ အဂၤလန္ေဘာလုံးသမားေတြနဲ႔ ဂႏၲဝင္ေတြဟာ အမ်ိဳးသမီးအသင္းရဲ႕ သမိုင္းဝင္ေအာင္ပြဲအတြက္ ဂုဏ္ျပဳခဲ့ၾကပါတယ္။

ဟာရီ ကိန္း(ေတာ့တင္ဟမ္ေဟာ့စပါး၊ အဂၤလန္အသင္းေခါင္းေဆာင္)

“ဝင္ဘေလမွာ လုံးဝကို ဆန္းၾကယ္တဲ့ ျမင္ကြင္းေတြ။ အံ့အားသင့္ဖြယ္ ျခေသၤ့မေတြအားလုံးကို ဂုဏ္ျပဳပါတယ္။ အယ္လာ တြန္းကိုလည္း အဲဒီအဆုံးသတ္အတြက္လည္း ဦးၫႊတ္ပါတယ္”

ဂယ္ရီ နဗီး(မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဂၤလန္လက္ေ႐ြးစင္ေဟာင္း)

“ျခေသၤ့မေတြ လုပ္သြားခဲ့တာေတြက အံ့အားသင့္စရာေကာင္းၿပီး ေသာက္ရမ္းကို လုပ္ဖို႔ ခက္တဲ့အရပါ။ ဒီႏိုင္ငံက အားကစားေလာကကို တုန္ခါသြားေစတဲ့ အခိုက္အတန႔္ပါ။ အားလုံး ေကာင္းေကာင္းလုပ္ႏိုင္ခဲ့ၾကပါတယ္”

ဂယ္ရီ လိုင္နီကာ(အဂၤလန္ရဲ႕တသက္တာ ထိပ္တန္းဂိုးသြင္းရွင္)

“ေဘာလုံးက ႐ိုးရွင္းတဲ့ၿပိဳင္ပြဲပါ။ အမ်ိဳးသမီး ၂၂ ဦးက မိနစ္ ၉၀ စလုံး ေဘာလုံးတစ္လုံးေနာက္ကို လိုက္ၾကတယ္။ အဆုံးမွာ အဂၤလန္ အမွန္တကယ္ အႏိုင္ရခဲ့ပါၿပီ။ ျခေသၤ့မေတြကို ဂုဏ္ျပဳပါတယ္။ ရင္သပ္ရႈေမာစရာပဲ”

ေဒးဗစ္ ဆီးမန္း(အာဆင္နယ္နဲ႔ အဂၤလန္ဂႏၲဝင္ဂိုးသမား)

“မယုံႏိုင္စရာေကာင္းတဲ့ ေအာင္ျမင္မႈပဲ။ ဒီေအာင္ျမင္မႈက ေကာင္မေလးေတြအတြက္၊ အသင္းအတြက္၊ ႏိုင္ငံအတြက္ အမ်ားႀကီး အဓိပၸာယ္ရွိပါတယ္”

ေဂ်မီ ကာေရဂါ(လီဗာပူးလ္နဲ႔ အဂၤလန္ဂႏၲဝင္ေနာက္ခံကစားသမား)

“ျခေသၤ့မေတြရဲ႕ ထူးျခားဆန္းၾကယ္တဲ့ ေအာင္ျမင္မႈအတြက္ ဂုဏ္ျပဳပါတယ္။ ပထမဂိုးက ဒီအသင္းရဲ႕ အရည္အေသြးကို ျမင္သာေစခဲ့တယ္။ မင္းတို႔အားလုံးက ေနာင္လာမယ့္ မ်ိဳးဆက္သစ္ေတြအတြက္ စံျပပုဂၢိဳလ္ေတြပါ။ ဘာလို႔လဲဆိုေတာ့ ဒီေန႔ သူတို႔ မင္းတို႔လုပ္ခဲ့တာေတြကို ျမင္ေတြ႕ခဲ့ၿပီမို႔လို႔ပါ”

ဟာရီ မက္ဂြိဳင္းယား(မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဂၤလန္လက္ေ႐ြးစင္ေနာက္ခံကစားသမား)

“ျခေသၤ့မေတြကို အႀကီးႀကီး ဂုဏ္ျပဳပါတယ္။ အရမ္းေကာင္းတဲ့ပြဲ။ သမိုင္းေရးထိုးႏိုင္ခဲ့ၿပီ။ တစ္ႏိုင္ငံလုံးက မင္းတို႔အတြက္ ဂုဏ္ယူေနၾကတယ္။ ေအာင္ပြဲကို ေပ်ာ္႐ႊင္ခံစားလိုက္ပါဦး”

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.