International Match Report

ဂျာမန်တို့ စံချိန်ကျိုးပျက်ခဲ့ရပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့တဲ့ ဆာရီနာ ဗီးဂ်မန်းရဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ယူရိုဗိုလ်လုပွဲကို အိမ်ကွင်းမှာ လက်ခံကျင်းပခဲ့ရပြီး မပြောင်းလဲတဲ့ လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့သလို ဂိုးသမား မေရီ အာ့ပ်စ်၊ ခံစစ်မှာ မီလီ ဘရိုက်၊ လီယာ ဝီလီယမ်ဆန်၊ လူစီ ဘရွန့်ဇ်၊ ရေချယ် ဒေလီတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာ ကီရာ ဝဲ့လ်ရှ်၊ ဂျော်ဂျာ စတန်ဝေးနဲ့ ဖရန် ကာဘီတို့ကို အသုံးပြုခဲ့ချိန်မှာ တိုက်စစ်မှာ အယ်လင် ဝှိုက်၊ ဘက်သ် မိဒ်နဲ့ လော်ရင် ဟမ့်ပ်တို့ ကစားလာခဲ့ကြပါတယ်။

ဂျာမနီတို့ကတော့ သွေးပူလေ့ကျင့်ခန်းလုပ်ချိန်မှာ ဒဏ်ရာရသွားတဲ့ ဂိုးသွင်းဘုရင် ပေါ့ပ် မပါနိုင်တော့တာကြောင့် သူ့နေရာကို ရှူးလား ဝင်ကစားခဲ့ပြီး ဟုထ်၊ ဘရန်းဒ်တို့နဲ့ တိုက်စစ်မှာ တွဲဖက်လာခဲ့သလို ကွင်းလယ်မှာတော့ အိုဘာဒေါ့ဖ်၊ ဒဲဘရစ်ဇ်နဲ့ မက်ဂါးလ်တို့ ကစားခဲ့ကြချိန်မှာ ခံစစ်နဲ့ ဂိုးသမားနေရာတွေမှာတော့ ဂဗင်းန်၊ ဟင်းဒရစ်ချ်၊ ဟီဂါရင်း၊ ရောက်ချ်နဲ့ ဖရုမ်းစ်တို့ ပွဲထွက်လာခဲ့ကြတာပါ။

ပထမပိုင်းမှာ ယူကရိန်းဒိုင်လူကြီး ကက်ထရီနာ မွန်ဇူးလ်ရဲ့ ဆုံးဖြတ်ချက်တွေကတော့ ပရိသတ်တွေ စိတ်ပျက်စရာဖြစ်ခဲ့ပြီး မလိုအပ်ဘဲ အိမ်ရှင် ကစားသမားတွေအပေါ် ပြသခဲ့တဲ့ အဝါကတ်တွေကြောင့် ဘောလုံးကျွမ်းကျင်သူတွေနဲ့ စောင့်ကြည့်သူတွေက ဝေဖန်ခဲ့ကြသလို ကြမ်းတမ်းတဲ့ ဂျာမန် အသင်းက အရေးယူမှု လွတ်ကင်းနေခဲ့တာကလည်း ရယ်စရာဖြစ်နေခဲ့ပါတယ်။

ကြိုတင်ခန့်မှန်းထားတဲ့အတိုင်းပဲ ကြံ့ခိုင်မှု အသားပေးတဲ့ ဂျာမန်အသင်းရဲ့ Pressing တွေနဲ့ ကွင်းလယ်ကစားပုံတွေမှာ အင်္ဂလန်တို့ ရုန်းကန်နေခဲ့ရပြီး အကောင်သေးပြီး အသက်ရလာတဲ့ ကာဘီကတော့ ပျောက်သွားခဲ့သလို စတန်ဝေးကလည်း အဝါကတ်ကြောင့် အဝင်အထွက် မရဲတော့ဘဲ အိမ်ရှင်ခံစစ်တွေကလည်း ဧည့်သည်တွေရဲ့ တောင်ပံတိုက်စစ်တွေကို ကြိုးစားထိန်းချုပ်ရင်း ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ လိုက်အားကျသွားတဲ့ ဂျာမန်တွေကြောင့် အင်္ဂလန်ကွင်းလယ်က အနည်းငယ် ချောင်လာခဲ့ပေမယ့် ကုန်သွားတဲ့ ကစားသမားတွေဖြစ်တဲ့ ကာဘီနဲ့ ဝှိုက်တို့ကြောင့် တိုက်စစ်ပိုင်းမှာ ကျဆင်းနေခဲ့လို့ ပွဲချိန် ၅၈ မိနစ်မှာ နည်းပြ ဗီးဂ်မန်းက မန်ချက်စတာ ယူနိုက်တက်အတွဲဖြစ်တဲ့ အယ်လာ တွန်းန်နဲ့ အလက်စီယာ ရူဆိုတို့ကို ထည့်သွင်းခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ညာတောင်ပံက ဘောလုံးကို ပြေးဝင်လုယူတဲ့ မိဒ်နဲ့ ဂျာမနီနောက်ခံလူ ဟီဂါရင်းတို့ ဝင်တိုက်မိလို့ နှစ်ဦးစလုံး လဲကျသွားခဲ့ပြီး ဟီဂါရင်းက ပြန်ထနိုင်ခဲ့ပေမယ့် မိဒ်ကတော့ ဒဏ်ရာကြောင့် ကွင်းပြင်ထွက်ခဲ့ရပြီး ကုသမှု ခံယူခဲ့ရပေမယ့် ဆက်မကစားနိုင်တော့လို့ သူ့ရဲ့ ဂိုးသွင်းဘုရင်ဆုက သေချာခဲ့ပေမယ့် သွင်းဂိုးစံချိန်သစ်ကတော့ ဝေးကွာခဲ့ရတာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ လူစားမလဲရသေးလို့ ၁၀ ယောက်နဲ့ ကစားနေတဲ့ အင်္ဂလန်တို့ ဂိုးစရခဲ့ပြီး ဂျာမန်တွေရဲ့ Pressing တစ်ချက် လစ်ဟာသွားရာကနေ ကွင်းလယ်က ဝဲ့လ်ရှ် ဘောလုံးပြန်ရသွားခဲ့ပြီး အဝေးဘော တင်ပေးလိုက်တာကို တစ်ဖက်ခံစစ်ကြားကနေ အချိန်ကိုက် ပြေးထွက်သွားခဲ့တဲ့ တွန်းန်က နောက်ခံလူ ဟင်းဒရစ်ချ်နဲ့ ယှဉ်ပြေးပြီး ရှေ့ထွက်လာတဲ့ ဂိုးသမားပေါ်က ကျော်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီဂိုးရအပြီးမှာတော့ ဆက်မကစားနိုင်တော့တဲ့ မိဒ်ကို ခလိုဝီ ကယ်လီနဲ့ လူစားလဲခဲ့ရသလို ဂျာမန်တွေကတော့ သူတို့ရဲ့ Gegenpress ကို ကစားအားကြောင့် အပျက်မခံနိုင်တဲ့ ပုံစံနဲ့ ရှူးလားအစား အယိုမီနဲ့ ဒဲဘရစ်ဇ်အစား လိုမန်းတို့ကို ထည့်သွင်းခဲ့ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ရာမှာ Supersub ရူဆိုဆီတောင် ဘောလုံးသိပ်မရောက်အောင် အင်္ဂလန်ကွင်းလယ်ကို ဖြတ်တောက်ထားနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ဂျာမန်တို့ရဲ့ တိုက်စစ်တွေကို အင်္ဂလန်ခံစစ်က အသည်းအသန် ကာကွယ်နေခဲ့ရပြီး ကျဆင်းလာတဲ့ ဒေလီကြောင့် မကြာခဏ ပေါက်ထွက်နေခဲ့သလို လူကျွံထောင်ချောက်တွေပါ ပျက်စီးနေခဲ့တာကြောင့် ပွဲချိန် ၇၉ မိနစ်မှာတော့ ညာတောင်ပံက ဗက်စ်မုသ် အနိမ့်ဘော ချိုးပေးတာကို ဒုတိယဂိုးသွင်းဘုရင် မက်ဂါးလ်က ပိတ်သွင်းပြီး ချေပဂိုး ပြန်လည်ရယူပေးခဲ့ပါတယ်။

ဆာရီနာ ဗီးဂ်မန်းကတော့ ဒီဖြစ်ရပ်ကို သဘောပေါက်ခဲ့ပြီး အချိန်ပို ဆက်ကစားရနိုင်တာကိုလည်း တွက်ဆမိခဲ့တာကြောင့် နောက်ခံလူ ဒေလီအစား အဲလက်စ် ဂရင်းဝုဒ်နဲ့ ကွင်းလယ်က အဝါကတ်နဲ့ ခြေချုပ်မိနေတဲ့ စတန်ဝေးအစား ဂျေးလ် စကော့တို့ကို လူစားပြောင်းလဲသွားခဲ့ပြီး ဒုတိယပိုင်း ပြီးဆုံးချိန်မှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

အချိန်ပိုမှာတော့ တစ်ဖက်နဲ့ တစ်ဖက် အမှားစောင့်ကစားခဲ့ကြပြီး အင်္ဂလန်တို့ကတော့ ကွင်းလယ်က လူစားဝင် လူအိုခြေကျ အသက် ၃၅ နှစ် အရွယ် ဂျေးလ် စကော့ရဲ့ တိုက်စစ်လိုလို ခံစစ်လိုလိုနဲ့ Talent မရှိတဲ့ သာမန်ကစားသမားပုံစံနဲ့သာ ကစားနိုင်ခဲ့တာကြောင့် တောင်ပံတွေကပဲ လိုက်ရုန်းနေခဲ့ရပြီး ဟမ့်ပ်နဲ့ ကယ်လီတို့ကတော့ ဂျာမန်ခံစစ်ကို အတော်လေး ဒုက္ခပေးနိုင်ခဲ့ကြပါတယ်။

ပထမပိုင်းမှာ ဂျာမနီတို့ ပင်နယ်တီရမလိုလိုဖြစ်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ပယ်ဖျက်ခံရလို့ ရလဒ် မပြောင်းလဲခဲ့ဘဲ ဒုတိယပိုင်းမှာတော့ အင်္ဂလန်တို့ ပိုမိုထိုးဖောက်လာနိုင်ခဲ့ကြသလို ခြေကျလာတဲ့ ဂျာမန်ကွင်းလယ်နဲ့ ခံစစ်ကို တောင်ပံတွေကနေ တိုက်စစ်ဆင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

ပွဲချိန် ၁၁၀ မိနစ်မှာတော့ အင်္ဂလန်တို့ အနိုင်ဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ညာထောင့်ကန်ဘောကနေ ဟမ့်ပ်ရဲ့ ကန်တင်ပေးပို့မှုကို ဘရွန့်ဇ်က ဂျာမန်နောက်ခံလူတွေကြားက ဝင်တိုးခဲ့လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးသမား ဖရုမ်းစ် ကာကွယ်ဖို့ ဟန်ချက်ပျက်နေခဲ့တုန်းမှာ လူစားဝင် တောင်ပံ တိုက်စစ်မှူး ခလိုဝီ ကယ်လီက ပြေးဝင်ပိတ်သွင်းပြီး ဝင်ဘလီမှာ အုံးအုံးထအောင် အောင်ပွဲခံခဲ့ကြတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အင်္ဂလန်တိုက်စစ်ပိုင်းက ဘောလုံးရတိုင်း ထောင့်ကန်အလံတိုင်နား ဆွဲပြေးပြီး ထောင့်ကန်ဘော၊ လက်ပစ်ဘော တစ်ခုခုရအောင် ကြိုးစားပြီး အချိန်ဆွဲ ကစားသွားခဲ့လို့ ဂျာမန်တွေ ဒေါသထွက်ခဲ့ရသလို ထိထိရောက်ရောက် တိုက်စစ်ဆင်ဖို့တော့ မတတ်နိုင်ခဲ့ကြတော့လို့ ပွဲချိန် မိနစ် ၁၂၀ အပြည့်မှာ အိမ်ရှင်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အင်္ဂလန်တို့ ကိုယ့်မြေမှာ ယူရိုချန်ပီယံအဖြစ် ပထမဆုံးအကြိမ်ရယူပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့ကြသလို နည်းပြ ဆာရီနာ ဗီးဂ်မန်း ကတော့ ဖီးလ် နဗီးလ်တို့လို နည်းပြဟောင်း အမျိုးသားတွေကို အရှက်ရအောင် လုပ်နိုင်ခဲ့ပြီး ကိုင်တွယ်မှု ၁၀ လသာ ရှိသေးချိန်မှာ ဗိုလ်စွဲနိုင်ခဲ့ပြီး ယူရို သမိုင်းမှာ မတူညီတဲ့ အသင်းနှစ်သင်းနဲ့ နှစ်ကြိမ်ဆက် ရယူနိုင်ခဲ့တဲ့ နည်းပြအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းအေနနဲ႔ ဒီေန႔မွာ ယူ႐ိုဗိုလ္လုပြဲကို အိမ္ကြင္းမွာ လက္ခံက်င္းပခဲ့ရၿပီး မေျပာင္းလဲတဲ့ လူစာရင္းနဲ႔ပဲ ပြဲထြက္လာခဲ့သလို ဂိုးသမား ေမရီ အာ့ပ္စ္၊ ခံစစ္မွာ မီလီ ဘ႐ိုက္၊ လီယာ ဝီလီယမ္ဆန္၊ လူစီ ဘ႐ြန႔္ဇ္၊ ေရခ်ယ္ ေဒလီတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာ ကီရာ ဝဲ့လ္ရွ္၊ ေဂ်ာ္ဂ်ာ စတန္ေဝးနဲ႔ ဖရန္ ကာဘီတို႔ကို အသုံးျပဳခဲ့ခ်ိန္မွာ တိုက္စစ္မွာ အယ္လင္ ဝႈိက္၊ ဘက္သ္ မိဒ္နဲ႔ ေလာ္ရင္ ဟမ့္ပ္တို႔ ကစားလာခဲ့ၾကပါတယ္။

ဂ်ာမနီတို႔ကေတာ့ ေသြးပူေလ့က်င့္ခန္းလုပ္ခ်ိန္မွာ ဒဏ္ရာရသြားတဲ့ ဂိုးသြင္းဘုရင္ ေပါ့ပ္ မပါႏိုင္ေတာ့တာေၾကာင့္ သူ႔ေနရာကို ရႉးလား ဝင္ကစားခဲ့ၿပီး ဟုထ္၊ ဘရန္းဒ္တို႔နဲ႔ တိုက္စစ္မွာ တြဲဖက္လာခဲ့သလို ကြင္းလယ္မွာေတာ့ အိုဘာေဒါ့ဖ္၊ ဒဲဘရစ္ဇ္နဲ႔ မက္ဂါးလ္တို႔ ကစားခဲ့ၾကခ်ိန္မွာ ခံစစ္နဲ႔ ဂိုးသမားေနရာေတြမွာေတာ့ ဂဗင္းန္၊ ဟင္းဒရစ္ခ်္၊ ဟီဂါရင္း၊ ေရာက္ခ်္နဲ႔ ဖ႐ုမ္းစ္တို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပထမပိုင္းမွာ ယူကရိန္းဒိုင္လူႀကီး ကက္ထရီနာ မြန္ဇူးလ္ရဲ႕ ဆုံးျဖတ္ခ်က္ေတြကေတာ့ ပရိသတ္ေတြ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး မလိုအပ္ဘဲ အိမ္ရွင္ ကစားသမားေတြအေပၚ ျပသခဲ့တဲ့ အဝါကတ္ေတြေၾကာင့္ ေဘာလုံးကြၽမ္းက်င္သူေတြနဲ႔ ေစာင့္ၾကည့္သူေတြက ေဝဖန္ခဲ့ၾကသလို ၾကမ္းတမ္းတဲ့ ဂ်ာမန္ အသင္းက အေရးယူမႈ လြတ္ကင္းေနခဲ့တာကလည္း ရယ္စရာျဖစ္ေနခဲ့ပါတယ္။

ႀကိဳတင္ခန႔္မွန္းထားတဲ့အတိုင္းပဲ ႀကံ့ခိုင္မႈ အသားေပးတဲ့ ဂ်ာမန္အသင္းရဲ႕ Pressing ေတြနဲ႔ ကြင္းလယ္ကစားပုံေတြမွာ အဂၤလန္တို႔ ႐ုန္းကန္ေနခဲ့ရၿပီး အေကာင္ေသးၿပီး အသက္ရလာတဲ့ ကာဘီကေတာ့ ေပ်ာက္သြားခဲ့သလို စတန္ေဝးကလည္း အဝါကတ္ေၾကာင့္ အဝင္အထြက္ မရဲေတာ့ဘဲ အိမ္ရွင္ခံစစ္ေတြကလည္း ဧည့္သည္ေတြရဲ႕ ေတာင္ပံတိုက္စစ္ေတြကို ႀကိဳးစားထိန္းခ်ဳပ္ရင္း ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရနဲ႔ပဲ ၿပီးဆုံးခဲ့တာပါ။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ လိုက္အားက်သြားတဲ့ ဂ်ာမန္ေတြေၾကာင့္ အဂၤလန္ကြင္းလယ္က အနည္းငယ္ ေခ်ာင္လာခဲ့ေပမယ့္ ကုန္သြားတဲ့ ကစားသမားေတြျဖစ္တဲ့ ကာဘီနဲ႔ ဝႈိက္တို႔ေၾကာင့္ တိုက္စစ္ပိုင္းမွာ က်ဆင္းေနခဲ့လို႔ ပြဲခ်ိန္ ၅၈ မိနစ္မွာ နည္းျပ ဗီးဂ္မန္းက မန္ခ်က္စတာ ယူႏိုက္တက္အတြဲျဖစ္တဲ့ အယ္လာ တြန္းန္နဲ႔ အလက္စီယာ ႐ူဆိုတို႔ကို ထည့္သြင္းခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ညာေတာင္ပံက ေဘာလုံးကို ေျပးဝင္လုယူတဲ့ မိဒ္နဲ႔ ဂ်ာမနီေနာက္ခံလူ ဟီဂါရင္းတို႔ ဝင္တိုက္မိလို႔ ႏွစ္ဦးစလုံး လဲက်သြားခဲ့ၿပီး ဟီဂါရင္းက ျပန္ထႏိုင္ခဲ့ေပမယ့္ မိဒ္ကေတာ့ ဒဏ္ရာေၾကာင့္ ကြင္းျပင္ထြက္ခဲ့ရၿပီး ကုသမႈ ခံယူခဲ့ရေပမယ့္ ဆက္မကစားႏိုင္ေတာ့လို႔ သူ႔ရဲ႕ ဂိုးသြင္းဘုရင္ဆုက ေသခ်ာခဲ့ေပမယ့္ သြင္းဂိုးစံခ်ိန္သစ္ကေတာ့ ေဝးကြာခဲ့ရတာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ လူစားမလဲရေသးလို႔ ၁၀ ေယာက္နဲ႔ ကစားေနတဲ့ အဂၤလန္တို႔ ဂိုးစရခဲ့ၿပီး ဂ်ာမန္ေတြရဲ႕ Pressing တစ္ခ်က္ လစ္ဟာသြားရာကေန ကြင္းလယ္က ဝဲ့လ္ရွ္ ေဘာလုံးျပန္ရသြားခဲ့ၿပီး အေဝးေဘာ တင္ေပးလိုက္တာကို တစ္ဖက္ခံစစ္ၾကားကေန အခ်ိန္ကိုက္ ေျပးထြက္သြားခဲ့တဲ့ တြန္းန္က ေနာက္ခံလူ ဟင္းဒရစ္ခ်္နဲ႔ ယွဥ္ေျပးၿပီး ေရွ႕ထြက္လာတဲ့ ဂိုးသမားေပၚက ေက်ာ္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီဂိုးရအၿပီးမွာေတာ့ ဆက္မကစားႏိုင္ေတာ့တဲ့ မိဒ္ကို ခလိုဝီ ကယ္လီနဲ႔ လူစားလဲခဲ့ရသလို ဂ်ာမန္ေတြကေတာ့ သူတို႔ရဲ႕ Gegenpress ကို ကစားအားေၾကာင့္ အပ်က္မခံႏိုင္တဲ့ ပုံစံနဲ႔ ရႉးလားအစား အယိုမီနဲ႔ ဒဲဘရစ္ဇ္အစား လိုမန္းတို႔ကို ထည့္သြင္းခဲ့ၿပီး ဆက္လက္တိုက္ပြဲဝင္ခဲ့ရာမွာ Supersub ႐ူဆိုဆီေတာင္ ေဘာလုံးသိပ္မေရာက္ေအာင္ အဂၤလန္ကြင္းလယ္ကို ျဖတ္ေတာက္ထားႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ဂ်ာမန္တို႔ရဲ႕ တိုက္စစ္ေတြကို အဂၤလန္ခံစစ္က အသည္းအသန္ ကာကြယ္ေနခဲ့ရၿပီး က်ဆင္းလာတဲ့ ေဒလီေၾကာင့္ မၾကာခဏ ေပါက္ထြက္ေနခဲ့သလို လူကြၽံေထာင္ေခ်ာက္ေတြပါ ပ်က္စီးေနခဲ့တာေၾကာင့္ ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ညာေတာင္ပံက ဗက္စ္မုသ္ အနိမ့္ေဘာ ခ်ိဳးေပးတာကို ဒုတိယဂိုးသြင္းဘုရင္ မက္ဂါးလ္က ပိတ္သြင္းၿပီး ေခ်ပဂိုး ျပန္လည္ရယူေပးခဲ့ပါတယ္။

ဆာရီနာ ဗီးဂ္မန္းကေတာ့ ဒီျဖစ္ရပ္ကို သေဘာေပါက္ခဲ့ၿပီး အခ်ိန္ပို ဆက္ကစားရႏိုင္တာကိုလည္း တြက္ဆမိခဲ့တာေၾကာင့္ ေနာက္ခံလူ ေဒလီအစား အဲလက္စ္ ဂရင္းဝုဒ္နဲ႔ ကြင္းလယ္က အဝါကတ္နဲ႔ ေျခခ်ဳပ္မိေနတဲ့ စတန္ေဝးအစား ေဂ်းလ္ စေကာ့တို႔ကို လူစားေျပာင္းလဲသြားခဲ့ၿပီး ဒုတိယပိုင္း ၿပီးဆုံးခ်ိန္မွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

အခ်ိန္ပိုမွာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္ အမွားေစာင့္ကစားခဲ့ၾကၿပီး အဂၤလန္တို႔ကေတာ့ ကြင္းလယ္က လူစားဝင္ လူအိုေျခက် အသက္ ၃၅ ႏွစ္ အ႐ြယ္ ေဂ်းလ္ စေကာ့ရဲ႕ တိုက္စစ္လိုလို ခံစစ္လိုလိုနဲ႔ Talent မရွိတဲ့ သာမန္ကစားသမားပုံစံနဲ႔သာ ကစားႏိုင္ခဲ့တာေၾကာင့္ ေတာင္ပံေတြကပဲ လိုက္႐ုန္းေနခဲ့ရၿပီး ဟမ့္ပ္နဲ႔ ကယ္လီတို႔ကေတာ့ ဂ်ာမန္ခံစစ္ကို အေတာ္ေလး ဒုကၡေပးႏိုင္ခဲ့ၾကပါတယ္။

ပထမပိုင္းမွာ ဂ်ာမနီတို႔ ပင္နယ္တီရမလိုလိုျဖစ္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ပယ္ဖ်က္ခံရလို႔ ရလဒ္ မေျပာင္းလဲခဲ့ဘဲ ဒုတိယပိုင္းမွာေတာ့ အဂၤလန္တို႔ ပိုမိုထိုးေဖာက္လာႏိုင္ခဲ့ၾကသလို ေျခက်လာတဲ့ ဂ်ာမန္ကြင္းလယ္နဲ႔ ခံစစ္ကို ေတာင္ပံေတြကေန တိုက္စစ္ဆင္ဖို႔ ႀကိဳးစားလာခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၁၁၀ မိနစ္မွာေတာ့ အဂၤလန္တို႔ အႏိုင္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ညာေထာင့္ကန္ေဘာကေန ဟမ့္ပ္ရဲ႕ ကန္တင္ေပးပို႔မႈကို ဘ႐ြန႔္ဇ္က ဂ်ာမန္ေနာက္ခံလူေတြၾကားက ဝင္တိုးခဲ့လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဂိုးသမား ဖ႐ုမ္းစ္ ကာကြယ္ဖို႔ ဟန္ခ်က္ပ်က္ေနခဲ့တုန္းမွာ လူစားဝင္ ေတာင္ပံ တိုက္စစ္မႉး ခလိုဝီ ကယ္လီက ေျပးဝင္ပိတ္သြင္းၿပီး ဝင္ဘလီမွာ အုံးအုံးထေအာင္ ေအာင္ပြဲခံခဲ့ၾကတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အဂၤလန္တိုက္စစ္ပိုင္းက ေဘာလုံးရတိုင္း ေထာင့္ကန္အလံတိုင္နား ဆြဲေျပးၿပီး ေထာင့္ကန္ေဘာ၊ လက္ပစ္ေဘာ တစ္ခုခုရေအာင္ ႀကိဳးစားၿပီး အခ်ိန္ဆြဲ ကစားသြားခဲ့လို႔ ဂ်ာမန္ေတြ ေဒါသထြက္ခဲ့ရသလို ထိထိေရာက္ေရာက္ တိုက္စစ္ဆင္ဖို႔ေတာ့ မတတ္ႏိုင္ခဲ့ၾကေတာ့လို႔ ပြဲခ်ိန္ မိနစ္ ၁၂၀ အျပည့္မွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ အဂၤလန္တို႔ ကိုယ့္ေျမမွာ ယူ႐ိုခ်န္ပီယံအျဖစ္ ပထမဆုံးအႀကိမ္ရယူၿပီး သမိုင္းသစ္ ေရးထိုးႏိုင္ခဲ့ၾကသလို နည္းျပ ဆာရီနာ ဗီးဂ္မန္း ကေတာ့ ဖီးလ္ နဗီးလ္တို႔လို နည္းျပေဟာင္း အမ်ိဳးသားေတြကို အရွက္ရေအာင္ လုပ္ႏိုင္ခဲ့ၿပီး ကိုင္တြယ္မႈ ၁၀ လသာ ရွိေသးခ်ိန္မွာ ဗိုလ္စြဲႏိုင္ခဲ့ၿပီး ယူ႐ို သမိုင္းမွာ မတူညီတဲ့ အသင္းႏွစ္သင္းနဲ႔ ႏွစ္ႀကိမ္ဆက္ ရယူႏိုင္ခဲ့တဲ့ နည္းျပအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.