International

နိုင်ငံ့ဂုဏ်ဆောင်ပေးခဲ့ပေမယ့် ရော်နယ်လ်ဒိုအိပ်နေသလောက်တောင် ဆုကြေးမရတဲ့ ခြင်္သေ့မများ

အင်္ဂလန်လက်ရွေးစင်အမျိုးသမီးအသင်း ကစားသမားတွေဟာ ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပြီးနောက် တစ်ဦးကို ဆုကြေးငွေ ပေါင် ၅၅၀၀၀ ရရှိမှာဖြစ်ပြီး အဲဒီပမာဏဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို တစ်ရက်ရနေတဲ့ ပမာဏနဲ့အတူတူပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဆုကြေးငွေပမာဏဟာ အသင်းနဲ့ ဘောလုံးအဖွဲ့ချုပ်ကြား အကြို သဘောတူညီထားခဲ့တာဖြစ်ပြီး ယူရိုဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့အတွက် ဆုကြေးငွေဟာ ပေါင် ၅၅၀၀၀ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ပေါင် ၅၅၀၀၀ ဆိုတဲ့ပမာဏဟာ မသေးငယ်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းမှာ ရော်နယ်လ်ဒိုရရှိနေတဲ့ ကြောက်မက်ဖွယ် လစာပမာဏထဲက သေးငယ်တဲ့အစိတ်အပိုင်းလေး တစ်ခုလောက်သာ ရှိတာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ အိုးထရက်ဖို့ဒ်မှာ တစ်ပတ်ကို လုပ်ခလစာ ပေါင် ၃၈၅၀၀၀ ဝန်းကျင်ရရှိနေပြီး တစ်ရက်ကို ပျမ်းမျှခြင်းအားဖြင့် ပေါင် ၅၅၀၀၀ ဝင်ငွေ ရရှိနေတာ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ဆာရီနာ ဗီးဂ်မန်းရဲ့အသင်းသားတွေ ရရှိခဲ့တဲ့ ဆုကြေးငွေပမာဏဟာ ဆုဖလားတစ်လုံးမှမရရှိတဲ့ ဂါးရတ် ဆောက်ဂိတ်ရဲ့ အမျိုးသားလက်ရွေးစင်အသင်း ကစားသမားတွေရရှိတဲ့ ဆုကြေးငွေနဲ့ယှဉ်ရင် အလွန်အမင်း သေးငယ်နေတာလည်း ဖြစ်ပါတယ်။

ဂါးရတ် ဆောက်ဂိတ်ရဲ့ အသင်းသားတွေဟာ ဗိုလ်လုပွဲ တက်ရောက်နိုင်ရုံနဲ့ ဆုကြေးငွေ ပေါင် ၃ သိန်း ရရှိမယ်လို့ ကတိရထားပြီး ပြီးခဲ့တဲ့နှစ်က ဝင်ဘလေမှာ ကစားခဲ့တဲ့ အီတလီနဲ့ ဗိုလ်လုပွဲမှာသာ အနိုင်ရ ဗိုလ်စွဲခဲ့ရင် ဆုကြေးငွေ ပေါင် ၄၆၀၀၀၀ ရရှိမှာဖြစ်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အမျိုးသမီး ကစားသမားတွေကို ပွဲကြေးနဲ့ အနိုင်ဆုကြေး ၂ မျိုးစလုံးမှာ အမျိုးသားကစားသမားတွေအတိုင်း ဆုကြေးငွေ ပေးအပ်နေပြီး ဒီအခွင့်အရေးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလကတည်းက စတင်ကျင့်သုံးခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီကိစ္စဟာ ကွင်းပြင်ပမှာ ဖြေရှင်းရမယ့် ပြဿနာဖြစ်ပေမယ့်လည်း အင်္ဂလန် အမျိုးသမီးအသင်းဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း အင်္ဂလန်ရဲ့ ပထမဆုံး အဓိကဆုဖလားကို ရရှိဖို့ ခေါင်းမာတဲ့ ဂျာမနီအသင်းကို ကျော်ဖြတ်နိုင်ဖို့ ရှိသမျှ အရည်အသွေးတွေ အားလုံးပြသခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဂၤလန္လက္ေ႐ြးစင္အမ်ိဳးသမီးအသင္း ကစားသမားေတြဟာ ယူ႐ို ၂၀၂၂ ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ခဲ့ၿပီးေနာက္ တစ္ဦးကို ဆုေၾကးေငြ ေပါင္ ၅၅၀၀၀ ရရွိမွာျဖစ္ၿပီး အဲဒီပမာဏဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို တစ္ရက္ရေနတဲ့ ပမာဏနဲ႔အတူတူပဲ ျဖစ္တယ္လို႔ သိရပါတယ္။

ဆုေၾကးေငြပမာဏဟာ အသင္းနဲ႔ ေဘာလုံးအဖြဲ႕ခ်ဳပ္ၾကား အႀကိဳ သေဘာတူညီထားခဲ့တာျဖစ္ၿပီး ယူ႐ိုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့အတြက္ ဆုေၾကးေငြဟာ ေပါင္ ၅၅၀၀၀ သတ္မွတ္ထားခဲ့တာ ျဖစ္ပါတယ္။ ေပါင္ ၅၅၀၀၀ ဆိုတဲ့ပမာဏဟာ မေသးငယ္ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ေရာ္နယ္လ္ဒိုရရွိေနတဲ့ ေၾကာက္မက္ဖြယ္ လစာပမာဏထဲက ေသးငယ္တဲ့အစိတ္အပိုင္းေလး တစ္ခုေလာက္သာ ရွိတာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ အိုးထရက္ဖို႔ဒ္မွာ တစ္ပတ္ကို လုပ္ခလစာ ေပါင္ ၃၈၅၀၀၀ ဝန္းက်င္ရရွိေနၿပီး တစ္ရက္ကို ပ်မ္းမွ်ျခင္းအားျဖင့္ ေပါင္ ၅၅၀၀၀ ဝင္ေငြ ရရွိေနတာ ျဖစ္ပါတယ္။

အဂၤလန္ႏိုင္ငံရဲ႕ ဂုဏ္ေဆာင္ႏိုင္ခဲ့တဲ့ ဆာရီနာ ဗီးဂ္မန္းရဲ႕အသင္းသားေတြ ရရွိခဲ့တဲ့ ဆုေၾကးေငြပမာဏဟာ ဆုဖလားတစ္လုံးမွမရရွိတဲ့ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ အမ်ိဳးသားလက္ေ႐ြးစင္အသင္း ကစားသမားေတြရရွိတဲ့ ဆုေၾကးေငြနဲ႔ယွဥ္ရင္ အလြန္အမင္း ေသးငယ္ေနတာလည္း ျဖစ္ပါတယ္။

ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ အသင္းသားေတြဟာ ဗိုလ္လုပြဲ တက္ေရာက္ႏိုင္႐ုံနဲ႔ ဆုေၾကးေငြ ေပါင္ ၃ သိန္း ရရွိမယ္လို႔ ကတိရထားၿပီး ၿပီးခဲ့တဲ့ႏွစ္က ဝင္ဘေလမွာ ကစားခဲ့တဲ့ အီတလီနဲ႔ ဗိုလ္လုပြဲမွာသာ အႏိုင္ရ ဗိုလ္စြဲခဲ့ရင္ ဆုေၾကးေငြ ေပါင္ ၄၆၀၀၀၀ ရရွိမွာျဖစ္ပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူကေတာ့ အမ်ိဳးသမီး ကစားသမားေတြကို ပြဲေၾကးနဲ႔ အႏိုင္ဆုေၾကး ၂ မ်ိဳးစလုံးမွာ အမ်ိဳးသားကစားသမားေတြအတိုင္း ဆုေၾကးေငြ ေပးအပ္ေနၿပီး ဒီအခြင့္အေရးကို ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလကတည္းက စတင္က်င့္သုံးခဲ့တာျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ဒီကိစၥဟာ ကြင္းျပင္ပမွာ ေျဖရွင္းရမယ့္ ျပႆနာျဖစ္ေပမယ့္လည္း အဂၤလန္ အမ်ိဳးသမီးအသင္းဟာ ၁၉၆၆ ခုႏွစ္ေနာက္ပိုင္း အဂၤလန္ရဲ႕ ပထမဆုံး အဓိကဆုဖလားကို ရရွိဖို႔ ေခါင္းမာတဲ့ ဂ်ာမနီအသင္းကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ရွိသမွ် အရည္အေသြးေတြ အားလုံးျပသခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.