Premier League Transfer News

ပေပေကို ငှက်ကျားဖြစ်စေပြီး စွယ်စုံရ ကစားသမားနဲ့ အစားထိုးမယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံတွေမှာ လူပိုကြီးလိုဖြစ်နေခဲ့ပြီး ပေးရတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းထဲက သုံးပုံတစ်ပုံ ပြန်ရရင် တော်ပါပြီလို့ သတ်မှတ်ထားတဲ့ နီကိုလာ ပေပေကို နယူးကာဆယ်လ်အသင်းဆီ ပြန်လည်ရောင်းချနိုင်ဖို့ ရှိနေပြီး မြောက်ပိုင်း ကျောက်မီးသွေး ထွက်ရာမြေကို ပို့ဆောင်နိုင်ဖွယ် ရှိနေပါတယ်။

ဆော်ဒီလုပ်ငန်းရှင်တွေ ဝယ်ယူပြီးကတည်းက အမြင့်ကို မှန်းနေတဲ့ ငှက်ကျားတွေဟာ ဒီရာသီအစမှာ တိုက်စစ်ပိုင်းအတွက် ချဲလ်ဆီးအသင်းရဲ့ တီမို ဗာနာနဲ့ ဘာစီလိုနာအသင်းရဲ့ မမ်းဖစ္စ ဒီပိုင်းတို့ကို စိတ်ဝင်စားခဲ့ပေမယ့်လည်း ခေါ်ယူဖို့ မအောင်မြင်ခဲ့လို့ အာဆင်နယ်ရဲ့ ပေပေဘက်ကို လှည့်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကတော့ သူ့ရဲ့ အစီအစဉ်တွေထဲမှာ အိုင်ဗရီကို့စ်သားတစ်ယောက် မပါဘူးလို့ မပြောရုံတမယ်ပဲ အခန်းကဏ္ဍကို ကန့်သတ်ခဲ့ပြီး ရာသီကြို ခြေစမ်းပွဲတွေမှာတောင် ပွဲကစားခွင့် သိပ်မပေးခဲ့သလို ဂါဘရီယယ်လ် မာတီနယ်လီနဲ့ ဘူကာယို ဆာကာတို့ကိုပဲ သေချာ ထရိန်းပြီး သုံးစွဲနေခဲ့တာပါ။

နယူးကာဆယ်လ်နည်းပြ အက်ဒီ ဟောင်းအနေနဲ့တော့ သူ့ရဲ့ တိုက်စစ်မှာ အဆင့်မြင့် ကစားသမားတွေကို အလိုရှိနေပြီး ဘယ်တောင်ပံမှာ မွှေနှောက်ကစားနေတဲ့ ပြင်သစ်သား အယ်လန် စန်မက်ဇီမန်နဲ့အတူ ပေပေကို အလိုရှိနေပြီး သင့်တော်တဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်ရင် အစွံထုတ်ချင်နေတဲ့ အမ်းမရိတ်ဘက်နဲ့ အလုပ်ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

ပေပေကိုသာ ရှင်းထုတ်နိုင်ခဲ့ရင်တော့ အာဆင်နယ်တို့အနေနဲ့ လုပ်ခလစာစာရင်းမှာ တစ်ပတ်ကို ပေါင် ၁၄၀,၀၀ သက်သာသွားမှာဖြစ်ပြီး ဒီနေရာ အတွက်တော့ သူ့ရဲ့ ထက်ဝက်လောက်သာ ပေးချေရနိုင်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူရရှိနိုင်မယ့် ပီအက်စ်ဗီတိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုကို အစားထိုးသွားဖို့ စောင့်ကြည့်နေခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် ဂက်ခ်ပိုကတော့ လက်ရှိမှာ အိန့်ဒ်ဟိုဗင် အခြေစိုက် ဒတ်ချ်ကလပ်အတွက် အသင်းခေါင်းဆောင်တာဝန်ကို ရယူထားသူလည်းဖြစ်ပြီး ဘယ်ညာတောင်ပံတွေမှာ ကစားနိုင်သလို ၆ ပေ ၂ လက်မအထိ မြင့်မားတဲ့ အရပ်အမောင်းကြောင့် နောက်ပိုင်းမှာ အထောင် တိုက်စစ်ကိုပါ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။

ပီအက်စ်ဗီနဲ့ နယ်သာလန်လက်ရွေးစင်အသင်းတွေမှာ ဘယ်တောင်ပံနဲ့ နံပါတ် ၉ နေရာတွေမှာ အလျဉ်းသင့်သလို ကစားလေ့ရှိတဲ့ ဂက်ခ်ပိုဟာ ညာတောင်ပံမှာလည်း ကစားနိုင်သူဖြစ်ပြီး လက်ရှိမှာ ကလပ်အသင်းအတွက် ၁၃၆ ပွဲကစား ၄၃ ဂိုး သွင်းယူပေးထားသလို နိုင်ငံအတွက်တော့ ၇ ပွဲမှာ ၂ ဂိုး သွင်းယူပေးထားနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေတာင္ပံေတြမွာ လူပိုႀကီးလိုျဖစ္ေနခဲ့ၿပီး ေပးရတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၂ သန္းထဲက သုံးပုံတစ္ပုံ ျပန္ရရင္ ေတာ္ပါၿပီလို႔ သတ္မွတ္ထားတဲ့ နီကိုလာ ေပေပကို နယူးကာဆယ္လ္အသင္းဆီ ျပန္လည္ေရာင္းခ်ႏိုင္ဖို႔ ရွိေနၿပီး ေျမာက္ပိုင္း ေက်ာက္မီးေသြး ထြက္ရာေျမကို ပို႔ေဆာင္ႏိုင္ဖြယ္ ရွိေနပါတယ္။

ေဆာ္ဒီလုပ္ငန္းရွင္ေတြ ဝယ္ယူၿပီးကတည္းက အျမင့္ကို မွန္းေနတဲ့ ငွက္က်ားေတြဟာ ဒီရာသီအစမွာ တိုက္စစ္ပိုင္းအတြက္ ခ်ဲလ္ဆီးအသင္းရဲ႕ တီမို ဗာနာနဲ႔ ဘာစီလိုနာအသင္းရဲ႕ မမ္းဖစၥ ဒီပိုင္းတို႔ကို စိတ္ဝင္စားခဲ့ေပမယ့္လည္း ေခၚယူဖို႔ မေအာင္ျမင္ခဲ့လို႔ အာဆင္နယ္ရဲ႕ ေပေပဘက္ကို လွည့္လာခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကေတာ့ သူ႔ရဲ႕ အစီအစဥ္ေတြထဲမွာ အိုင္ဗရီကို႔စ္သားတစ္ေယာက္ မပါဘူးလို႔ မေျပာ႐ုံတမယ္ပဲ အခန္းက႑ကို ကန႔္သတ္ခဲ့ၿပီး ရာသီႀကိဳ ေျခစမ္းပြဲေတြမွာေတာင္ ပြဲကစားခြင့္ သိပ္မေပးခဲ့သလို ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ ဘူကာယို ဆာကာတို႔ကိုပဲ ေသခ်ာ ထရိန္းၿပီး သုံးစြဲေနခဲ့တာပါ။

နယူးကာဆယ္လ္နည္းျပ အက္ဒီ ေဟာင္းအေနနဲ႔ေတာ့ သူ႔ရဲ႕ တိုက္စစ္မွာ အဆင့္ျမင့္ ကစားသမားေတြကို အလိုရွိေနၿပီး ဘယ္ေတာင္ပံမွာ ေမႊေႏွာက္ကစားေနတဲ့ ျပင္သစ္သား အယ္လန္ စန္မက္ဇီမန္နဲ႔အတူ ေပေပကို အလိုရွိေနၿပီး သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ေပးႏိုင္ရင္ အစြံထုတ္ခ်င္ေနတဲ့ အမ္းမရိတ္ဘက္နဲ႔ အလုပ္ျဖစ္ႏိုင္ဖြယ္ရွိေနပါတယ္။

ေပေပကိုသာ ရွင္းထုတ္ႏိုင္ခဲ့ရင္ေတာ့ အာဆင္နယ္တို႔အေနနဲ႔ လုပ္ခလစာစာရင္းမွာ တစ္ပတ္ကို ေပါင္ ၁၄၀,၀၀ သက္သာသြားမွာျဖစ္ၿပီး ဒီေနရာ အတြက္ေတာ့ သူ႔ရဲ႕ ထက္ဝက္ေလာက္သာ ေပးေခ်ရႏိုင္ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ေခၚယူရရွိႏိုင္မယ့္ ပီအက္စ္ဗီတိုက္စစ္မႉး ကိုဒီ ဂက္ခ္ပိုကို အစားထိုးသြားဖို႔ ေစာင့္ၾကည့္ေနခဲ့တာပါ။

အသက္ ၂၃ ႏွစ္အ႐ြယ္ ဂက္ခ္ပိုကေတာ့ လက္ရွိမွာ အိန႔္ဒ္ဟိုဗင္ အေျခစိုက္ ဒတ္ခ်္ကလပ္အတြက္ အသင္းေခါင္းေဆာင္တာဝန္ကို ရယူထားသူလည္းျဖစ္ၿပီး ဘယ္ညာေတာင္ပံေတြမွာ ကစားႏိုင္သလို ၆ ေပ ၂ လက္မအထိ ျမင့္မားတဲ့ အရပ္အေမာင္းေၾကာင့္ ေနာက္ပိုင္းမွာ အေထာင္ တိုက္စစ္ကိုပါ ေျပာင္းေ႐ႊ႕ကစားခဲ့သူျဖစ္ပါတယ္။

ပီအက္စ္ဗီနဲ႔ နယ္သာလန္လက္ေ႐ြးစင္အသင္းေတြမွာ ဘယ္ေတာင္ပံနဲ႔ နံပါတ္ ၉ ေနရာေတြမွာ အလ်ဥ္းသင့္သလို ကစားေလ့ရွိတဲ့ ဂက္ခ္ပိုဟာ ညာေတာင္ပံမွာလည္း ကစားႏိုင္သူျဖစ္ၿပီး လက္ရွိမွာ ကလပ္အသင္းအတြက္ ၁၃၆ ပြဲကစား ၄၃ ဂိုး သြင္းယူေပးထားသလို ႏိုင္ငံအတြက္ေတာ့ ၇ ပြဲမွာ ၂ ဂိုး သြင္းယူေပးထားႏိုင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.