La Liga Premier League Transfer News

မန်ယူနိုက်တက်နဲ့သတင်းထွက်နေတဲ့ ဒီ ယုံးရဲ့အနာဂတ်ကို ဝန်ခံပြောဆိုလိုက်တဲ့ ဇာဗီ

ဘာစီလိုနာဥက္ကဌ လာပေါ်တာက မန်ချက်စတာယူနိုက်တက်နဲ့သတင်းထွက်နေတဲ့ ဒီ ယုံးရဲ့ အပြောင်းအရွှေ့အတွက် မျှော်လင့်ချက်ပေးခဲ့ပြီးနောက် နည်းပြ ဇာဗီက ဒတ်ချ်ကွင်းလယ်ကစားသမားအနေနဲ့ ယခုနွေရာသီကုန်တဲ့အထိ ဘာစီလိုနာကစားသမားဖြစ်နေဦးမလားဆိုတာ မသိဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ငွေကြေး ရရှိဖို့နဲ့ ကြပ်တည်းနေတဲ့ ဘဏ္ဍာရေးအခြေအနေကို တိုးတက်အောင်လုပ်ဆောင်ဖို့ ယခုနွေရာသီမှာ ဖရန်ကီ ဒီ ယုံးကို ရောင်းထုတ်ချင်နေတာဖြစ်ပေမယ့် ဒတ်ချ်ကွင်းလယ်ကြယ်ပွင့်က နူးကမ့်ကို စွန့်ခွာဖို့ တွန့်ဆုတ်နေတာဖြစ်ပါတယ်။

ဒီ ယုံးရဲ့ ဆန္ဒက ဘာစီလိုနာအသင်းမှာ ဆက်ရှိနေဖို့ဖြစ်ပြီး အဲဒီလိုဆန္ဒရှိနေတာကလည်း ဘာစီလိုနာဟာ ၎င်းရဲ့ အိပ်မက်ထဲက အသင်းဖြစ်နေတာတင်မကဘဲ အသင်းဆီကနေပါ လစာကြွေးကျန် ရရှိစရာရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယနေ့နံနက် နယူးယော့ခ် ရက်ဘူးလ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဘာစီလိုနာအသင်းရဲ့ ရာသီကြိုပွဲစဉ်အတွင်း ပထမဆုံး ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဇာဗီက ပွဲအပြီးမှာ ဒတ်ချ်ကြယ်ပွင့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

“သူ ဆက်နေမလားဆိုတာ ကျွန်တော် မသိပါဘူး။ အချိန်တွေရှိနေသေးပြီး အများကြီး ဖြစ်သွားနိုင်ပါတယ်။ အခုအချိန်မှာတော့ သူက ကျန်တဲ့သူတွေအားလုံးအတိုင်းပဲ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်”

ဒီ ယုံးဟာ ယခုနွေရာသီ ရာသီကြိုကာလအတွင်း ဘာစီလိုနာအသင်း ခံစစ်မှာ ပါဝင်ကစားပေးခဲ့ပေမယ့် နယူးယော့ခ် ရက်ဘူးလ်နဲ့ ပွဲစဉ်မှာတော့ ကွင်းလယ်နေရာမှာ ပြန်လည် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ ယုံးကို အရင်ပွဲစဉ်တွေမှာ ခံစစ်ကစားသမားအဖြစ် ကစားစေခဲ့တာက အသင်းကနေ ထွက်ခွာဖို့ သတင်းစကား ပေးတဲ့သဘောမျိုးလားလို့ မေးမြန်းခဲ့ရာမှာ ဇာဗီက “တခြားပွဲစဉ်တွေမှာ သူ ဗဟိုခံစစ်ကစားသမားအဖြစ် ကစားခဲ့တာာက သူ ထွက်ခွာမယ်ဆိုတဲ့ လက္ခဏာပြတာမဟုတ်ခဲ့ပါဘူး။ ကျွန်တော် ကွင်းထဲမှာ အချက်ပြနေစရာမလိုပါဘူး။ ကျွန်တော့် ကစားသမားတွေနဲ့ တိုက်ရိုက်စကားပြောလို့ရနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာဥက္ကဌ လာပေါ်တာက မန်ချက်စတာယူနိုက်တက်နဲ့သတင်းထွက်နေတဲ့ ဒီ ယုံးရဲ့ အပြောင်းအရွှေ့အတွက် မျှော်လင့်ချက်ပေးခဲ့ပြီးနောက် နည်းပြ ဇာဗီက ဒတ်ခ်ျကွင်းလယ်ကစားသမားအနေနဲ့ ယခုနွေရာသီကုန်တဲ့အထိ ဘာစီလိုနာကစားသမားဖြစ်နေဦးမလားဆိုတာ မသိဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ငွေကြေး ရရှိဖို့နဲ့ ကြပ်တည်းနေတဲ့ ဘဏ္ဍာရေးအခြေအနေကို တိုးတက်အောင်လုပ်ဆောင်ဖို့ ယခုနွေရာသီမှာ ဖရန်ကီ ဒီ ယုံးကို ရောင်းထုတ်ချင်နေတာဖြစ်ပေမယ့် ဒတ်ခ်ျကွင်းလယ်ကြယ်ပွင့်က နူးကမ့်ကို စွန့်ခွာဖို့ တွန့်ဆုတ်နေတာဖြစ်ပါတယ်။


အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယနေ့နံနက် နယူးယော့ခ် ရက်ဘူးလ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဘာစီလိုနာအသင်းရဲ့ ရာသီကြိုပွဲစဉ်အတွင်း ပထမဆုံး ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဇာဗီက ပွဲအပြီးမှာ ဒတ်ခ်ျကြယ်ပွင့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။




REF: INTERNET SOURCES
SPORTS A2Z.