Premier League

စိတ်မပါသလိုနဲ့ ဝင်ကစားပြီး ပွဲပြီးချိန်တောင်မစောင့်ဘဲ ပြန်သွားတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့ညနေက ဗယ်လက်ကာနိုနဲ့ပွဲစဉ်မှာ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီးနောက် အရန်ခုံတန်းမှာ ထိုင်မနေဘဲ တန်းပြန်သွားတယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ကြိုးပမ်းနေသူဖြစ်ပြီး တနင်္ဂနွေနေ့ညနေမှာ ပွဲပြီး ဝီစီမမှုတ်ခင်ကတည်းက အိုးထရက်ဖို့ဒ်ကို စွန့်ခွာသွားခဲ့တယ်လို့ ပရိသတ်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ CantonaManc က အိုးထရက်ဖို့ဒ်ကို စွန့်ခွာနေတဲ့ ရော်နယ်လ်ဒိုရဲ့ ဓာတ်ပုံကို လျှပ်တပြက် ရိုက်ကူးပြီး ‘ပွဲပြီးဝီစီမှုတ်တာတောင် မစောင့်တော့ဘူး’ဘူးဆိုတဲ့ စာသားနဲ့အတူ တင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အသင်းအတွက် ပေးဆပ်လိုခြင်းမရှိတော့ဘဲ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတဲ့ ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်ကို စိတ်ပျက်ဒေါသထွက်ခဲ့ပြီး အဲဒီပို့စ်မှာ လှောင်ပြောင်သရော်ခဲ့ကြတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဗယ်လက်ကာနိုနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ တန်ဟက်ဂ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်းခံခဲ့ရတဲ့ တစ်ဦးတည်းသောကစားသမားဖြစ်ခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်အတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူပေးခဲ့တဲ့ အာမက် ဂျယ်လိုက လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

“ဘုရင်ကြီး လစ်သွားပြီပေါ့”လို့ တွစ်တာအသုံးပြုသူတစ်ဦးက စနေနေ့ ဗယ်လက်ကာနိုနဲ့ပွဲစဉ်မှာ ဘုရင်ကြီး ကစားပေးမယ်လို့ ရေးသားခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ပြောဆိုမှုကို ရည်ညွှန်းပြီး လှောင်ပြောင်ခဲ့ပါတယ်။

“ဒီလူကမှ လေးစားမှုကင်းမဲ့တာကို ပြသနေတာ။ ပေါ့ဂ်ဘာတောင် ဒီလို လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်မျိုး မလုပ်ခဲ့ဘူး”လို့ အခြား တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပြီး အမြင်စူးရှတဲ့ တွစ်တာအသုံးပြုသူတစ်ဦးကတော့ ဓာတ်ပုံထဲမှာ ပါနေတဲ့ ဒါလော့တ်ရဲ့ပုံကို ညွှန်ပြပြီး ‘ဘာကြောင့် ဒါလော့တ်ကလည်း ကွင်းထဲကနေ ထွက်လာတာလဲ’လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တနဂၤေႏြေန႔ညေနက ဗယ္လက္ကာႏိုနဲ႔ပြဲစဥ္မွာ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီးေနာက္ အရန္ခုံတန္းမွာ ထိုင္မေနဘဲ တန္းျပန္သြားတယ္လို႔ သိရပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ ႀကိဳးပမ္းေနသူျဖစ္ၿပီး တနဂၤေႏြေန႔ညေနမွာ ပြဲၿပီး ဝီစီမမႈတ္ခင္ကတည္းက အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာသြားခဲ့တယ္လို႔ ပရိသတ္တစ္ဦးရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

တြစ္တာအသုံးျပဳသူတစ္ဦးျဖစ္တဲ့ CantonaManc က အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာေနတဲ့ ေရာ္နယ္လ္ဒိုရဲ႕ ဓာတ္ပုံကို လွ်ပ္တျပက္ ႐ိုက္ကူးၿပီး ‘ပြဲၿပီးဝီစီမႈတ္တာေတာင္ မေစာင့္ေတာ့ဘူး’ဘူးဆိုတဲ့ စာသားနဲ႔အတူ တင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ အသင္းအတြက္ ေပးဆပ္လိုျခင္းမရွိေတာ့ဘဲ ေရွာင္ဖယ္ေရွာင္ဖယ္ လုပ္ေနတဲ့ ေရာ္နယ္လ္ဒိုရဲ႕ လုပ္ရပ္ကို စိတ္ပ်က္ေဒါသထြက္ခဲ့ၿပီး အဲဒီပို႔စ္မွာ ေလွာင္ေျပာင္သေရာ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဗယ္လက္ကာႏိုနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ တန္ဟက္ဂ္ရဲ႕ ပထမပိုင္းအၿပီးမွာ လူစားလဲလွယ္ျခင္းခံခဲ့ရတဲ့ တစ္ဦးတည္းေသာကစားသမားျဖစ္ခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္အတြက္ တစ္လုံးတည္းေသာဂိုးကို သြင္းယူေပးခဲ့တဲ့ အာမက္ ဂ်ယ္လိုက လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

“ဘုရင္ႀကီး လစ္သြားၿပီေပါ့”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက စေနေန႔ ဗယ္လက္ကာႏိုနဲ႔ပြဲစဥ္မွာ ဘုရင္ႀကီး ကစားေပးမယ္လို႔ ေရးသားခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ေျပာဆိုမႈကို ရည္ၫႊန္းၿပီး ေလွာင္ေျပာင္ခဲ့ပါတယ္။

“ဒီလူကမွ ေလးစားမႈကင္းမဲ့တာကို ျပသေနတာ။ ေပါ့ဂ္ဘာေတာင္ ဒီလို ေလးစားမႈကင္းမဲ့တဲ့လုပ္ရပ္မ်ိဳး မလုပ္ခဲ့ဘူး”လို႔ အျခား တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ၿပီး အျမင္စူးရွတဲ့ တြစ္တာအသုံးျပဳသူတစ္ဦးကေတာ့ ဓာတ္ပုံထဲမွာ ပါေနတဲ့ ဒါေလာ့တ္ရဲ႕ပုံကို ၫႊန္ျပၿပီး ‘ဘာေၾကာင့္ ဒါေလာ့တ္ကလည္း ကြင္းထဲကေန ထြက္လာတာလဲ’လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.