Premier League

ဥရုဂွေး လူကာကူးလို့ အပြောခံခဲ့ရတဲ့ နူးညက်ဇ်အစွမ်း သိကြပြီမဟုတ်လားလို့ ချီးကျူးခဲ့တဲ့ အာနိုး

လီဗာပူးလ်နောက်ခံကစားသမား အလက်ဇန္ဒား အာနိုးက မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲစဉ်မှာ ဂိုးသွင်းယူပေးခဲ့တဲ့ နူးညက်ဇ်ဟာ ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ရာသီသစ် စတင်ဖို့ ကန့်လန့်ကာမဖွင့်မီ ထုံးတမ်းအစဉ်အလာအရ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းကြီး ၂ သင်းကြား အားပြိုင်ခဲ့ကြပြီး မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ ထိပ်တန်းခေါ်ယူမှုဖြစ်တဲ့ ဟာလန်းနဲ့ နူးညက်ဇ်တို့ရဲ့ကြား အားပြိုင်မှုလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်မှူးဟာ အထင်ကြီးစရာ ရွေ့လျားမှုအချို့ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အပိုင်အခွင့်အရေး ၂ ကြိမ် လွဲချော်ခဲ့ပြီး နူးညက်ဇ်ကတော့ အရန်ခုံကနေ ဝင်ကစားပြီး ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ ပထမအကြိမ် အပိုင်ဂိုးကန်သွင်းခွင့်မှာ ကံမကောင်းခဲ့ဘဲ မန်စီးတီးဂိုးသမား အီဒါဆန်ရဲ့ မျက်နှာကို ကန်မိခဲ့ပေမယ့် ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပိုမှာ အနီးကပ် ခေါင်းတိုက်ချက်နဲ့ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ အာနိုးက နူးညက်ဇ်ရဲ့ သွင်းဂိုးကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့ပြီး ၎င်းရဲ့အသင်းဖော်သစ်ဟာ အန်းဖီးမှာ အကျိုးသက်ရောက်မှု ပြသနေတဲ့သူလို့ ချီးကျူးခဲ့ပါတယ်။

ဒါဝင် နူးညက်ဇ်ရဲ့ လူစားဝင်ကစားပေးခဲ့တဲ့ စွမ်းဆောင်ရည်က ဘယ်လောက်အထိ ကောင်းခဲ့လဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အာနိုးက “အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ အတူတူပါပဲ။ သူ ပင်နယ်တီရခဲ့တယ်။ ဂိုးသွင်းယူနိုင်ခဲ့ပြီး အရမ်းကို သက်ဝင်နေခဲ့ပုံပေါ်ပါတယ်။ သူက သွင်းဂိုးတွေ သွင်းယူပေးဖို့ ထည့်သွင်းခြင်း ခံခဲ့ရတာဖြစ်ပြီး အဲဒါကို သူ လုပ်နိုင်တယ်ဆိုတာ ဒီနေ့ သက်သေပြသခဲ့ပါတယ်။ သူက ထိပ်တန်းကစားသမားပါ။ လေ့လာသင်ယူချင်စိတ်ရှိတဲ့ လူငယ်ကစားသမားပါ”

“သူက အသင်းဖော်တွေနဲ့လည်း ကောင်းကောင်း အချိတ်အဆက်မိနေခဲ့ပါတယ်။ သူက သက်သေပြသဖို့အတွက် လူစားဝင်လာခဲ့တာပါ။ ဒီတစ်ရာသီလုံး ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူ သိမှာလဲ။ ကျွန်တော်တို့ရည်မှန်းချက်က ပထမဆုံးစကန်တဲ့အချိန်ကတည်းက ပြိုင်ဘက်တွေကို ဖိအားပေးနိုင်သလေက် ပေးဖို့ပါပဲ။ ဒီပွဲစဉ်က ပြီးပြည့်စုံတဲ့အစဖြစ်ခဲ့ပြီး ရှေ့ဆက်ပြီးလည်း ဆုဖလားတွေ ရရှိဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ေနာက္ခံကစားသမား အလက္ဇႏၵား အာႏိုးက မန္ခ်က္စတာစီးတီးကို အႏိုင္ရရွိခဲ့တဲ့ ကြန္ျမဴနတီဒိုင္းလုပြဲစဥ္မွာ ဂိုးသြင္းယူေပးခဲ့တဲ့ ႏူးညက္ဇ္ဟာ ကမာၻ႔ထိပ္တန္းအဆင့္မွာ ရွိေနတယ္လို႔ ယုံၾကည္ေနပါတယ္။

ရာသီသစ္ စတင္ဖို႔ ကန႔္လန႔္ကာမဖြင့္မီ ထုံးတမ္းအစဥ္အလာအရ ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီးအသင္းႀကီး ၂ သင္းၾကား အားၿပိဳင္ခဲ့ၾကၿပီး မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ရဲ႕ ထိပ္တန္းေခၚယူမႈျဖစ္တဲ့ ဟာလန္းနဲ႔ ႏူးညက္ဇ္တို႔ရဲ႕ၾကား အားၿပိဳင္မႈလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးတိုက္စစ္မႉးဟာ အထင္ႀကီးစရာ ေ႐ြ႕လ်ားမႈအခ်ိဳ႕ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း အပိုင္အခြင့္အေရး ၂ ႀကိမ္ လြဲေခ်ာ္ခဲ့ၿပီး ႏူးညက္ဇ္ကေတာ့ အရန္ခုံကေန ဝင္ကစားၿပီး ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဥ႐ုေဂြးလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ပထမအႀကိမ္ အပိုင္ဂိုးကန္သြင္းခြင့္မွာ ကံမေကာင္းခဲ့ဘဲ မန္စီးတီးဂိုးသမား အီဒါဆန္ရဲ႕ မ်က္ႏွာကို ကန္မိခဲ့ေပမယ့္ ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပိုမွာ အနီးကပ္ ေခါင္းတိုက္ခ်က္နဲ႔ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အဖြင့္ဂိုးသြင္းယူေပးခဲ့တဲ့ အာႏိုးက ႏူးညက္ဇ္ရဲ႕ သြင္းဂိုးေၾကာင့္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ခဲ့ၿပီး ၎ရဲ႕အသင္းေဖာ္သစ္ဟာ အန္းဖီးမွာ အက်ိဳးသက္ေရာက္မႈ ျပသေနတဲ့သူလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဒါဝင္ ႏူးညက္ဇ္ရဲ႕ လူစားဝင္ကစားေပးခဲ့တဲ့ စြမ္းေဆာင္ရည္က ဘယ္ေလာက္အထိ ေကာင္းခဲ့လဲလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အာႏိုးက “အေကာင္းဆုံးစြမ္းေဆာင္ရည္နဲ႔ အတူတူပါပဲ။ သူ ပင္နယ္တီရခဲ့တယ္။ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အရမ္းကို သက္ဝင္ေနခဲ့ပုံေပၚပါတယ္။ သူက သြင္းဂိုးေတြ သြင္းယူေပးဖို႔ ထည့္သြင္းျခင္း ခံခဲ့ရတာျဖစ္ၿပီး အဲဒါကို သူ လုပ္ႏိုင္တယ္ဆိုတာ ဒီေန႔ သက္ေသျပသခဲ့ပါတယ္။ သူက ထိပ္တန္းကစားသမားပါ။ ေလ့လာသင္ယူခ်င္စိတ္ရွိတဲ့ လူငယ္ကစားသမားပါ”

“သူက အသင္းေဖာ္ေတြနဲ႔လည္း ေကာင္းေကာင္း အခ်ိတ္အဆက္မိေနခဲ့ပါတယ္။ သူက သက္ေသျပသဖို႔အတြက္ လူစားဝင္လာခဲ့တာပါ။ ဒီတစ္ရာသီလုံး ဘာေတြျဖစ္လာမလဲဆိုတာ ဘယ္သူ သိမွာလဲ။ ကြၽန္ေတာ္တို႔ရည္မွန္းခ်က္က ပထမဆုံးစကန္တဲ့အခ်ိန္ကတည္းက ၿပိဳင္ဘက္ေတြကို ဖိအားေပးႏိုင္သေလက္ ေပးဖို႔ပါပဲ။ ဒီပြဲစဥ္က ၿပီးျပည့္စုံတဲ့အစျဖစ္ခဲ့ၿပီး ေရွ႕ဆက္ၿပီးလည္း ဆုဖလားေတြ ရရွိဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.