Premier League

ဆီဗီလာကို ဒါဇင်ဝက်သွင်းခဲ့တဲ့ အာဆင်နယ်ကို လန့်နေတဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ စနေနေ့ညနေက ဆီဗီလာကို အာဆင်နယ်က ၆-၀ နဲ့ အနိုင်ရရှိခဲ့တာကို သိရှိခဲ့ရပြီးနောက် ယခုရာသီဟာ အားလုံးအတွက် ခက်ခဲကြမ်းတမ်းတဲ့ရာသီဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ စနေနေ့က အမ်းမရိတ်စ်ဖလားပြိုင်ပွဲမှာ ဆီဗီလာကို အပြတ်အသတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းကို အပြတ်အသတ် အနိုင်ရခဲ့တဲ့ပွဲအပါအဝင် ကောင်းမွန်တဲ့ ရာသိကြိုနိုင်ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်အသင်းကလည်း နည်းပြ ကွန်တီရဲ့လက်အောက်မှာ ကစားသမားသစ်တွေ ခေါ်ယူပြီး ပိုမို အင်အားတောင့်တင်းလာသလို ချဲလ်ဆီးနဲ့ မန်စီးတီးတို့ကလည်း ဘယ်တုန်းကမှ လျှော့တွက်လို့မရခဲ့တဲ့အသင်းတွေ ဖြစ်ပါတယ်။

ကလော့ပ်က စနေနေ့ညနေ ကွန်မြူနတီဒိုင်းလုပွဲ မတိုင်ခင် ITV သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ လာမယ့်ရာသီက အားလုံးအတွက် ခက်ခဲကြမ်းတမ်းမယ်လို့ မျှော်မှန်းထားတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်ပွဲက ကျွန်တော် ရလဒ်ပဲ မြင်ခဲ့ရပါတယ်။ ဒီနေ့ကစားပုံက တော်တော်လေး အထင်ကြီးစရာပါပဲ။ ဆီဗီလာကို ၆-၀ နဲ့ အနိုင်ရခဲ့တယ်။ ရိုးရိုးသားသား ပြောရရင် ဆီဗီလာ ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော် မတွေးခဲ့မိပါဘူး။ ချဲလ်ဆီးကလည်း စိန်ခေါ်လာပါလိမ့်မယ်။ တော့တင်ဟမ်ကလည်း အများကြီး တိုးတက်လာခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့အားလုံးအတွက်တော့ ခက်ခဲကြမ်းတမ်းတဲ့ ရာသီဖြစ်လာတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆီဗီလာနဲ့ပွဲစဉ် ပွဲချိန် ၁၀ မိနစ်မှာ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဆီဗီလာ ဂိုးဧရိယာထဲမှာ ဘောလုံးရယူတဲ့ ဆာကာကို တစ်ဖက်နောက်ခံလူ ရီကစ်က တွန်းလှဲခံရလို့ ရတဲ့ ပင်နယ်တီကို အင်္ဂလိပ်လူငယ်က သူကိုယ်တိုင်ပဲ ကန်သွင်းပြီး အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရရှိသွားခဲ့ပြီး ဘယ်တောင်ပံကနေ ချာကာ ချိုးပေးတာကို ဂိုးသမားထွက်ဆွဲလို့ ပြန်ကျလာတဲ့ ဘောလုံးကို အသင်းသစ်နဲ့ အမ်းမရိတ်ကွင်းမှာ ပထမဆုံး ကစားခွင့်ရတဲ့ပွဲမှာ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်က လူမှန်နေရာမှန် ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဂျေဆူးစ်ကပဲ အာဆင်နယ်တို့အတွက် တတိယ ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ မာတီနယ်လီရဲ့ ဘယ်တောင်ပံကနေ ဖန်တီးပေးပို့မှုကတစ်ဆင့် နံပါတ် ၉ တိုက်စစ်မှူးက ဆီဗီလာရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဧရိယာထဲက အနီးကပ် လျှောထိုးပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ ဆီဗီလာတို့ စိတ်ပျက်စေမယ့် စတုတ္ထဂိုးကို ရရှိခဲ့ပြီး ဒီဂိုးကိုတော့ နောက်ပြန်ပေးတဲ့ ဘောလုံးကို ခံစစ်နဲ့ ဂိုးသမား ဘိုနိုတို့ လူပေးမှားတာကနေ တိုက်တိုက်ဆိုင်ဆိုင် ညာခြမ်းမှာ မရှိဘဲ ဘယ်ခြမ်းကို နေရာယူပြီး ရောက်ရှိနေခဲ့တဲ့ ဆာကာက ညာခြေနဲ့ ကန်သွင်းသွားခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၇၇ မိနစ်မှာတော့ အာဆင်နယ်တို့ ပဉ္စမမြောက်ဂိုးကို ရယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ ဂါဘရီယယ်လ် ပိတ်တဲ့ ဘောလုံးကို ဆီဗီလာ ဂိုးသမား ဘိုနို ကာကွယ်ခဲ့လို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဂျေဆူးစ်က ဘယ်ခြေနဲ့ အဝေးတိုင်ဘက်ကို အလျင်အမြန် ပိတ်သွင်းပြီး သူ့ရဲ့ ဟက်ထရစ်အဖြစ် အမ်းမရိတ်မြေမှာ အဖွင့်လှနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂျေဆူးစ်၊ ဆာကာ၊ ပါတေးနဲ့ ဇင်ချန်ကိုတို့အစား နကီးတီးယား၊ ပေပေ၊ အယ်လ်နန်နီနဲ့ ဆီးဒရစ်တို့ ဝင်ကစားခဲ့ကြပြီး ပွဲချိန် ၈၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ မာတီနယ်လီက တစ်ကိုယ်ကောင်းမဆန်ဘဲ ပေးခဲ့တာကို နကီးတီးယားက ပိတ်သွင်းပြီး ဂိုးဒါဇင်ဝက် ပြည့်စေခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ဟာ စေနေန႔ညေနက ဆီဗီလာကို အာဆင္နယ္က ၆-၀ နဲ႔ အႏိုင္ရရွိခဲ့တာကို သိရွိခဲ့ရၿပီးေနာက္ ယခုရာသီဟာ အားလုံးအတြက္ ခက္ခဲၾကမ္းတမ္းတဲ့ရာသီျဖစ္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ စေနေန႔က အမ္းမရိတ္စ္ဖလားၿပိဳင္ပြဲမွာ ဆီဗီလာကို အျပတ္အသတ္ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကို အျပတ္အသတ္ အႏိုင္ရခဲ့တဲ့ပြဲအပါအဝင္ ေကာင္းမြန္တဲ့ ရာသိႀကိဳႏိုင္ပြဲကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္အသင္းကလည္း နည္းျပ ကြန္တီရဲ႕လက္ေအာက္မွာ ကစားသမားသစ္ေတြ ေခၚယူၿပီး ပိုမို အင္အားေတာင့္တင္းလာသလို ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔ကလည္း ဘယ္တုန္းကမွ ေလွ်ာ့တြက္လို႔မရခဲ့တဲ့အသင္းေတြ ျဖစ္ပါတယ္။

ကေလာ့ပ္က စေနေန႔ညေန ကြန္ျမဴနတီဒိုင္းလုပြဲ မတိုင္ခင္ ITV သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံရာမွာ လာမယ့္ရာသီက အားလုံးအတြက္ ခက္ခဲၾကမ္းတမ္းမယ္လို႔ ေမွ်ာ္မွန္းထားတယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္ပြဲက ကြၽန္ေတာ္ ရလဒ္ပဲ ျမင္ခဲ့ရပါတယ္။ ဒီေန႔ကစားပုံက ေတာ္ေတာ္ေလး အထင္ႀကီးစရာပါပဲ။ ဆီဗီလာကို ၆-၀ နဲ႔ အႏိုင္ရခဲ့တယ္။ ႐ိုး႐ိုးသားသား ေျပာရရင္ ဆီဗီလာ ဒီလိုျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ မေတြးခဲ့မိပါဘူး။ ခ်ဲလ္ဆီးကလည္း စိန္ေခၚလာပါလိမ့္မယ္။ ေတာ့တင္ဟမ္ကလည္း အမ်ားႀကီး တိုးတက္လာခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔အားလုံးအတြက္ေတာ့ ခက္ခဲၾကမ္းတမ္းတဲ့ ရာသီျဖစ္လာေတာ့မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆီဗီလာနဲ႔ပြဲစဥ္ ပြဲခ်ိန္ ၁၀ မိနစ္မွာ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဆီဗီလာ ဂိုးဧရိယာထဲမွာ ေဘာလုံးရယူတဲ့ ဆာကာကို တစ္ဖက္ေနာက္ခံလူ ရီကစ္က တြန္းလွဲခံရလို႔ ရတဲ့ ပင္နယ္တီကို အဂၤလိပ္လူငယ္က သူကိုယ္တိုင္ပဲ ကန္သြင္းၿပီး အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရရွိသြားခဲ့ၿပီး ဘယ္ေတာင္ပံကေန ခ်ာကာ ခ်ိဳးေပးတာကို ဂိုးသမားထြက္ဆြဲလို႔ ျပန္က်လာတဲ့ ေဘာလုံးကို အသင္းသစ္နဲ႔ အမ္းမရိတ္ကြင္းမွာ ပထမဆုံး ကစားခြင့္ရတဲ့ပြဲမွာ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္က လူမွန္ေနရာမွန္ ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ေဂ်ဆူးစ္ကပဲ အာဆင္နယ္တို႔အတြက္ တတိယ ဦးေဆာင္ဂိုးကို ရယူေပးႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ မာတီနယ္လီရဲ႕ ဘယ္ေတာင္ပံကေန ဖန္တီးေပးပို႔မႈကတစ္ဆင့္ နံပါတ္ ၉ တိုက္စစ္မႉးက ဆီဗီလာရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ဧရိယာထဲက အနီးကပ္ ေလွ်ာထိုးပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ဆီဗီလာတို႔ စိတ္ပ်က္ေစမယ့္ စတုတၳဂိုးကို ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ခံစစ္နဲ႔ ဂိုးသမား ဘိုႏိုတို႔ လူေပးမွားတာကေန တိုက္တိုက္ဆိုင္ဆိုင္ ညာျခမ္းမွာ မရွိဘဲ ဘယ္ျခမ္းကို ေနရာယူၿပီး ေရာက္ရွိေနခဲ့တဲ့ ဆာကာက ညာေျခနဲ႔ ကန္သြင္းသြားခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ပၪၥမေျမာက္ဂိုးကို ရယူႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ဂါဘရီယယ္လ္ ပိတ္တဲ့ ေဘာလုံးကို ဆီဗီလာ ဂိုးသမား ဘိုႏို ကာကြယ္ခဲ့လို႔ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ေဂ်ဆူးစ္က ဘယ္ေျခနဲ႔ အေဝးတိုင္ဘက္ကို အလ်င္အျမန္ ပိတ္သြင္းၿပီး သူ႔ရဲ႕ ဟက္ထရစ္အျဖစ္ အမ္းမရိတ္ေျမမွာ အဖြင့္လွႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေဂ်ဆူးစ္၊ ဆာကာ၊ ပါေတးနဲ႔ ဇင္ခ်န္ကိုတို႔အစား နကီးတီးယား၊ ေပေပ၊ အယ္လ္နန္နီနဲ႔ ဆီးဒရစ္တို႔ ဝင္ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ မာတီနယ္လီက တစ္ကိုယ္ေကာင္းမဆန္ဘဲ ေပးခဲ့တာကို နကီးတီးယားက ပိတ္သြင္းၿပီး ဂိုးဒါဇင္ဝက္ ျပည့္ေစခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.