Premier League

ဟာလန်းနဲ့ နူးညက်ဇ်တို့ရဲ့ အားပြိုင်မှုကို သုံးသပ်လိုက်တဲ့ မိုက်ကယ် အိုဝင်

လီဗာပူးလ်အသင်းက ကွန်မြူနတီဒိုင်းလုပွဲမှာ မန်ချက်စတာစီးတီးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မိုက်ကယ် အိုဝင်က ပရီးမီးယားလိဂ်ရဲ့အကြီးမားဆုံး ခေါ်ယူမှု ၂ ခုအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားခဲ့ပါတယ်။

ဒါဝင် နူးညက်ဇ်နဲ့ အာလင်း ဟာလန်းတို့ ၂ ဦးစလုံးဟာ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့အတွက် အဓိကပြိုင်ပွဲမှာ ပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးအတွက် ကောင်းမွန်တဲ့ ပွဲဦးထွက်မဖြစ်ခဲ့ဘဲ ဂိုးသွင်းဖို့ အခွင့်အရေး အနည်းငယ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ နူးညက်ဇ်ဟာ နာကျင်အချိန်ပိုမှာ လီဗာပူးလ်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မိုက်ကယ် အိုဝင်က ဟာလန်းရဲ့ အခွင့်အရေးကို အရယူနိုင်စွမ်းမရှိတာက ပြဿနာမဟုတ်တဲ့အကြောင်း တွစ်တာပေါ်မှာ သတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

“အာလင်း ဟာလန်း အခွင့်အရေးတွေ လွဲချော်ခဲ့တာကို ထားလိုက်ပါ။ အဲဒါက ဖြစ်တတ်ပါတယ်။ သူ ဘယ်လောက်အထိ အားထားရတဲ့ ကစားသမားတစ်ယောက်အဖြစ် လျင်လျင်မြန်မြန် ပေါ်ထွက်လာလဲဆိုတာကို ကြည့်လိုက်ပါ။ သူသာ ကြံ့ခိုင်မှုပြည့်ဝနေရင် မိုးပြာရောင်ရှပ်နဲ့ ဂိုးဒါဇင်ပေါင်းများစွာ သွင်းယူသွားပါလိမ့်မယ်”

လီဗာပူးလ်ဂန္တဝင်တိုက်စစ်မှူး မိုက်ကယ် အိုဝင်က ဒါဝင် နူးညက်ဇ်ရဲ့ အထင်ကြီးဖွယ် စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးလည်း ဖွင့်ဟပြောဆိုခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူးကို လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဆာဒီယို မာနေးနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

“ကျွန်တော် ပြီးခဲ့တဲ့ရာသီမှာ ဒါဝင် နူးညက်ဇ်ကစားတာကို အများကြီး စောင့်ကြည့်ခဲ့တယ်။ ကျွန်တော် မြင်တွေ့ခဲ့ရတာတွေကို နှစ်သက်မိခဲ့တယ်။ မာနေး ထွက်သွားတာက ကြီးမားတဲ့ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ပေမယ့်လည်း ဒါဝင် နူးညက်ဇ်ထက် ပိုကောင်းမွန်တဲ့ အစားထိုးခေါ်ယူမှု များများစားစား ကျွန်တော် မတွေးမိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ကစားသမား ၂ ဦးစလုံးဟာ ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေး အများအပြား သိသိသာသာ လွဲချော်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ နူးညက်ဇ်ဟာ ရောဘတ်ဆန်ရဲ့ ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို အီဒါဆန်ရဲ့ ချိုင်းအောက်ကနေ ဝင်သွားအောင် အနီးကပ် ခေါင်းတိုက်ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပွဲပြီးဆုံးခါနီးမှာ ချေပဂိုး ၁ ဂိုး ပြန်လည်သွင်းယူနိုင်မယ့် ပိုမိုရှင်းလင်းပြတ်သားတဲ့ အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင်ပဲ မန်ချက်စတာစီးတီးကြယ်ပွင့်ရဲ့ ကန်ချက်ဟာ မိုးပေါ်ထောင်ပြီး ဂိုးဘားတန်းကိုသာ ထိသွားခဲ့တာဖြစ်ပါတယ်။

စနေနေ့ညနေ ကွန်မြူနတီဒိုင်းလုပွဲမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရာသီသစ်စတင်မှုနဲ့အတူ လီဗာပူးလ်နဲ့ မန်စီးတီးတို့ ၂ သင်းစလုံးဟာ ယခုရာသီကို မျှော်မှန်းချက်တွေအတိုင်း ဖြစ်လာအောင် ဆက်လက် လုပ်ဆောင်သွားကြတော့မှာဖြစ်ပြီး လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ပါဝင်ယှဉ်ပြိုင်နိုင်သမျှ ပြိုင်ပွဲတိုင်းမှာ ရေကုန်ရေခမ်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုဖလား ၂ လုံးရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကလည်း ရာသီနောက်ဆုံးနေ့မှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး နည်းပြ ပက် ဂွါဒီယိုလာအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရတဲ့အရာတွေကို တိုးတက်အောင် လုပ်ဆောင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းက ကြန္ျမဴနတီဒိုင္းလုပြဲမွာ မန္ခ်က္စတာစီးတီးကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ မိုက္ကယ္ အိုဝင္က ပရီးမီးယားလိဂ္ရဲ႕အႀကီးမားဆုံး ေခၚယူမႈ ၂ ခုအေၾကာင္းကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးသြားခဲ့ပါတယ္။

ဒါဝင္ ႏူးညက္ဇ္နဲ႔ အာလင္း ဟာလန္းတို႔ ၂ ဦးစလုံးဟာ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔အတြက္ အဓိကၿပိဳင္ပြဲမွာ ပြဲဦးထြက္အျဖစ္ ပါဝင္ကစားေပးခဲ့ၾကတာျဖစ္ၿပီး ေနာ္ေဝတိုက္စစ္မႉးအတြက္ ေကာင္းမြန္တဲ့ ပြဲဦးထြက္မျဖစ္ခဲ့ဘဲ ဂိုးသြင္းဖို႔ အခြင့္အေရး အနည္းငယ္သာ ရရွိခဲ့တာျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ ႏူးညက္ဇ္ဟာ နာက်င္အခ်ိန္ပိုမွာ လီဗာပူးလ္အသင္းကို ၃-၁ နဲ႔ အႏိုင္ရရွိေစမယ့္ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ မိုက္ကယ္ အိုဝင္က ဟာလန္းရဲ႕ အခြင့္အေရးကို အရယူႏိုင္စြမ္းမရွိတာက ျပႆနာမဟုတ္တဲ့အေၾကာင္း တြစ္တာေပၚမွာ သတိေပးေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အာလင္း ဟာလန္း အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့တာကို ထားလိုက္ပါ။ အဲဒါက ျဖစ္တတ္ပါတယ္။ သူ ဘယ္ေလာက္အထိ အားထားရတဲ့ ကစားသမားတစ္ေယာက္အျဖစ္ လ်င္လ်င္ျမန္ျမန္ ေပၚထြက္လာလဲဆိုတာကို ၾကည့္လိုက္ပါ။ သူသာ ႀကံ့ခိုင္မႈျပည့္ဝေနရင္ မိုးျပာေရာင္ရွပ္နဲ႔ ဂိုးဒါဇင္ေပါင္းမ်ားစြာ သြင္းယူသြားပါလိမ့္မယ္”

လီဗာပူးလ္ဂႏၲဝင္တိုက္စစ္မႉး မိုက္ကယ္ အိုဝင္က ဒါဝင္ ႏူးညက္ဇ္ရဲ႕ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီးလည္း ဖြင့္ဟေျပာဆိုခဲ့ၿပီး ဥ႐ုေဂြးတိုက္စစ္မႉးကို လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း ဆာဒီယို မာေနးနဲ႔ ႏႈိင္းယွဥ္ခဲ့ပါတယ္။

“ကြၽန္ေတာ္ ၿပီးခဲ့တဲ့ရာသီမွာ ဒါဝင္ ႏူးညက္ဇ္ကစားတာကို အမ်ားႀကီး ေစာင့္ၾကည့္ခဲ့တယ္။ ကြၽန္ေတာ္ ျမင္ေတြ႕ခဲ့ရတာေတြကို ႏွစ္သက္မိခဲ့တယ္။ မာေနး ထြက္သြားတာက ႀကီးမားတဲ့ဆုံးရႈံးမႈႀကီး ျဖစ္ခဲ့ေပမယ့္လည္း ဒါဝင္ ႏူးညက္ဇ္ထက္ ပိုေကာင္းမြန္တဲ့ အစားထိုးေခၚယူမႈ မ်ားမ်ားစားစား ကြၽန္ေတာ္ မေတြးမိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ကစားသမား ၂ ဦးစလုံးဟာ ဂိုးသြင္းယူႏိုင္ဖို႔ အခြင့္အေရး အမ်ားအျပား သိသိသာသာ လြဲေခ်ာ္ခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ႏူးညက္ဇ္ဟာ ေရာဘတ္ဆန္ရဲ႕ ေခါင္းတိုက္ခ်ေပးလိုက္တဲ့ ေဘာလုံးကို အီဒါဆန္ရဲ႕ ခ်ိဳင္းေအာက္ကေန ဝင္သြားေအာင္ အနီးကပ္ ေခါင္းတိုက္ပိတ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ပြဲၿပီးဆုံးခါနီးမွာ ေခ်ပဂိုး ၁ ဂိုး ျပန္လည္သြင္းယူႏိုင္မယ့္ ပိုမိုရွင္းလင္းျပတ္သားတဲ့ အခြင့္အေရး ရရွိခဲ့ေပမယ့္လည္း အံ့အားသင့္စရာ ေကာင္းေလာက္ေအာင္ပဲ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ရဲ႕ ကန္ခ်က္ဟာ မိုးေပၚေထာင္ၿပီး ဂိုးဘားတန္းကိုသာ ထိသြားခဲ့တာျဖစ္ပါတယ္။

စေနေန႔ညေန ကြန္ျမဴနတီဒိုင္းလုပြဲမွာ အရွိန္အဟုန္ျပင္းျပင္းနဲ႔ ရာသီသစ္စတင္မႈနဲ႔အတူ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ ၂ သင္းစလုံးဟာ ယခုရာသီကို ေမွ်ာ္မွန္းခ်က္ေတြအတိုင္း ျဖစ္လာေအာင္ ဆက္လက္ လုပ္ေဆာင္သြားၾကေတာ့မွာျဖစ္ၿပီး လီဗာပူးလ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ပါဝင္ယွဥ္ၿပိဳင္ႏိုင္သမွ် ၿပိဳင္ပြဲတိုင္းမွာ ေရကုန္ေရခမ္း ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ဆုဖလား ၂ လုံးရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကလည္း ရာသီေနာက္ဆုံးေန႔မွာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး နည္းျပ ပက္ ဂြါဒီယိုလာအေနနဲ႔ ၿပီးခဲ့တဲ့ရာသီမွာ ႐ုန္းကန္ခဲ့ရတဲ့အရာေတြကို တိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.