Analysis Premier League

လီဗာပူးလ်-မန်စီးတီး ကွန်မြူနတီဒိုင်းပွဲစဉ်က မှတ်မှတ်ရရ တွေ့ခဲ့တဲ့ ထူးခြားချက်များ

လီဗာပူးလ်ရဲ့ တောင့်တင်းလွန်းတဲ့ ပွဲထွက်စာရင်း
လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းကတော့ ချန်ပီယံပြိုင်ဘက် မန်စီးတီးအသင်းထက်ကို ပိုပြီး တောင့်တင်းနေခဲ့တာဖြစ်ပါတယ်။ အဓိက အားဖြင့်တော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ဟန်ဒါဆန်တို့ရဲ့ ကွင်းလယ်သုံးယောက်တွဲဟာ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗားနဲ့ ရိုဒရီတို့ရဲ့ ပြိုင်ဘက် အတွဲအဖက်ကို ကလေးတွေလိုဖြစ်အောင် လုပ်ပစ်နိုင်ခဲ့ကြပြီး တစ်ပွဲလုံးကို စိုးမိုးထားနိုင်ခဲ့လို့ စီးတီးတို့ ကောင်တာနဲ့ တောင်ပံတွေကိုပဲ မကြိုက်ပေမယ့် ရွေးချယ်ခဲ့ရတာပါ။ တိုက်စစ်မှာတော့ ဆာလား၊ နူးညက်ဇ်၊ ဖာမီနို၊ ဒီယက်ဇ်တို့က ဘယ်ပြိုင်ဘက်ထက်မဆို သာလွန်ခဲ့ပြီး ခံစစ်မှာလည်း အလက်ဇန်းဒါး-အာနိုးလ်ဒ်ကတော့ ထိရောက်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပါတယ်။

ပံ့ပိုးမှု လိုအပ်နေတဲ့ ဟားလန်း
တစ်ပွဲတည်းနဲ့တော့ ပေါင် ၅၁ သန်းတန် နော်ဝေတိုက်စစ်မှူးကို ဂျင်းဖြစ်သွားပြီလို့ မဆိုနိုင်ပါဘူး။ သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ခြေတစ်လှမ်း နောက်ကျတာ၊ ဆုံးဖြတ်ချက် တစ်ချက်မှားလိုက်တာနဲ့ ဂိုးမရတတ်ဘူးဆိုတဲ့ သင်ခန်းစာလေးကိုတော့ သင်ယူဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် သူ့ရဲ့ ခံစစ်တန်းကြားက ပြေးထွက်ပြတဲ့ ဂိုးရှေ့နေရာယူမှုတွေဆီ ကောင်းကောင်းမွန်မွန်ပေးနိုင်မယ့် တောင်ပံသမားနဲ့ နောက်ခံအစွန်လူတွေ လိုအပ်နေပြီး ဒီနေ့ပွဲမှာ ဘယ်သူကမှ သူ့အကြိုက်ကို လုပ်မပေးနိုင်ခဲ့ကြတာကတော့ ဂွါဒီယိုလာမှာ တာဝန်ရှိနေပြီဖြစ်ပါတယ်။

လူစားဝင်ပြီး အကောင်းဆုံး ခြေစွမ်းပြတဲ့ နူးညက်ဇ်
ဒီနေ့ပွဲရဲ့ ပွဲချိန် ၅၉ မိနစ်မှာ ရောဘတ်တို ဖာမီနိုအစား ဝင်လာခဲ့တဲ့ တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကတော့ သူတို့အတွက် အကောင်းဆုံးအဖြေ ဖြစ်လာခဲ့ပြန်ပြီး တစ်ဂိုးစီ သရေကျနေချိန်မှာ အနိုင်ပြတ်သားစေမယ့် သွင်းဂိုးနှစ်ဂိုးကို တာဝန်ခံခဲ့တာဖြစ်ပါတယ်။ ဆာလားရဲ့ ပင်နယ်တီဂိုးကို သူ့ရဲ့ ခေါင်းတိုက်ချက်နဲ့ ရယူပေးခဲ့သလို ဒီအနေအထားမှာ ရူဘင် ဒီယက်စ်သာ လက်နဲ့ မထိခဲ့ရင် သူ့ရဲ့ သွင်းဂိုးလည်း ဖြစ်နိုင်ခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ ချေပဂိုး ရှာဖွေနေတဲ့ မန်စီးတီးတို့ကို အပြီးတိုင် ပြိုလဲစေမယ့် သွင်းဂိုးကို ကြုံသလို အနေအထားကနေ ခေါင်းတိုက်ပြီး ရယူသွားခဲ့တာပါ။

လျှော့တွက်လို့ မရတဲ့ အဲလ်ဗာရက်ဇ်
မန်ချက်စတာစီးတီးအသင်းအတွက် ပွဲချိန် ၅၈ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကတော့ တကယ်ပဲ လျှော့တွက်လို့ မရတဲ့ လူစားမျိုးဖြစ်ပြီး စီနီယာဟောင်း ဆာဂျီယို အဂွေရိုရဲ့ အငွေ့အသက်နဲ့ လွှမ်းမိုးမှုတွေကို ပြသနိုင်ခဲ့တာပါ။ ဒီနေ့ပွဲမှာ တောင်ပံကနေ နေရာယူပြီး ဟားလန်းဘေးက ကစားပေါက် ချောင်ဖို့နဲ့ တိုက်စစ်မှာ နေရာစုံ ရွေ့လျားကစားဖို့ လိုင်စင်ရခဲ့တဲ့ အဲလ်ဗာရက်ဇ်အနေနဲ့ တုံ့ဆိုင်းနှောင့်နှေးခြင်း မရှိဘဲ ဖိုဒန်နဲ့ အက်ဒရီယန်တို့ဆီက စင်ထွက်လာတဲ့ ဘောလုံးကို လက်လွတ်မခံဘဲ ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

သေချာကြည့်ရင် မြင်နိုင်တဲ့ ဆရာ သီယာဂို
လီဗာပူးလ်ရဲ့ ကွင်းလယ်ကစားပုံမှာ ပါဝါကစားသမားတွေဖြစ်ကြတဲ့ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ မန်စီးတီးကွင်းလယ်ကို ဘယ်လို ရိုက်ချိုးခဲ့တယ် ဆိုတာက ထင်သာမြင်သာ ရှိလှပါတယ်။ ဒါပေမယ့် အကောင်သေးသေးနဲ့ သီယာဂိုကတော့ တစ်ဦးချင်း ဖြတ်ကျော်မှု၊ ဘောလုံးမဆုံးရှုံးအောင် ကိုင်ကစားနိုင်မှုနဲ့ ပြိုင်ဘက်တွေကို ပညာပေးခဲ့တာပါ။ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ သွင်းဂိုးမှာ ဆာလားရဲ့ လွတ်နေတဲ့ နေရာကို တိတိကျကျ ပေးပို့တတ်ခဲ့တာက တော်ရုံလူ မလုပ်နိုင်တဲ့ အမြင်စူးရှမှုနဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ယာဂန် ကလော့ပ်က သူ့ကို ဘာဖြစ်လို့ အားကိုးသလဲဆိုတာကိုလည်း အဖြေပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ကူကယ်ရာမဲ့ ဒီဘရိုင်းနား
မန်စီးတီးအသင်းရဲ့ Assist King ကီဗင် ဒီဘရိုင်းနားတစ်ယောက်တော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဂွါဒီယိုလာရဲ့ သူ့ကို တွဲလွှတ်လိုက်တဲ့ ဘာနာဒို ဆေးလ်ဗားက အသင်းပြောင်းမှာလိုလို ဘာလိုလိုနဲ့ ခြေစွမ်းပျောက်နေခဲ့သလို ဂျက်ခ် ဂရီးလစ်ရှ်၊ ရီယက် မာရက်ဇ်တို့ရဲ့ City မေတ္တာ၊ မြို့မေတ္တာခံယူတဲ့ ဖွတ်ကျားကစားပုံနဲ့တော့ ဘယ်လ်ဂျီယမ်သားမှာ ယောက်ျားတန်မဲ့ မငိုရုံတစ်မယ်ပါပဲလို့ ဆိုရတော့မလိုပါ။ မန်စီးတီးတို့အနေနဲ့ ဒီကစားသမား သုံးယောက်ကို လောလောဆယ်မှာ အားကိုးဖို့ မဖြစ်နိုင်သေးဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပြီး ဂါဘရီယယ်လ် ဂျေဆူးစ်ကို လက်လွှတ်ခဲ့ရတာက အာလင်း ဟားလန်းကို ရလိုက်တာနဲ့ ချိန်ဆရင် သာသလား နာသလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဘာလာလာ ညာခြမ်းက ဝုန်းမယ့် ဆာလား-အာနိုးလ်ဒ်
မန်စီးတီးလို အသင်းမျိုးကိုတောင် သူတို့နှစ်ယောက်ရဲ့ အတွဲအဖက်နဲ့ နားလည်မှုရှိတဲ့ ပုံစံတွေက အလဲထိုးနိုင်ခဲ့ရင် ကျန်တဲ့ အသင်းတွေအတွက် တားဆီးဖို့ ခက်ကုန်တော့မှာပါ။ ဆာလားရဲ့ Inverted Left Foot ကို ကြောက်လို့ ကန်ဆယ်လို ဘယ်ခြမ်းမှာ ထားခဲ့တာက အီဂျစ်သားကို ကန်ခွင့်မရအောင် ပိတ်ထားနိုင်ခဲ့တာကလွဲလို့ ဖန်တီးခွင့်မရအောင်တော့ မတားဆီးနိုင်ခဲ့ပါဘူး။ ဆာလားကြောင့် ကန်ဆယ်လို ဗျာများခဲ့ချိန်မှာ အတွင်းဝင်ပြီး ကစားလာတဲ့ အာနိုးလ်ဒ်က အာကေကို ဗျာများစေခဲ့ပြီး ဒီနှစ်ယောက်ကြား ပေးပို့မှုနဲ့ ကန်သွင်းချက်က အီဒါဆ်နကို ငုတ်တုတ်မေ့စေခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ရဲ႕ ေတာင့္တင္းလြန္းတဲ့ ပြဲထြက္စာရင္း
လီဗာပူးလ္အသင္းရဲ႕ ပြဲထြက္လူစာရင္းကေတာ့ ခ်န္ပီယံၿပိဳင္ဘက္ မန္စီးတီးအသင္းထက္ကို ပိုၿပီး ေတာင့္တင္းေနခဲ့တာျဖစ္ပါတယ္။ အဓိက အားျဖင့္ေတာ့ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ဟန္ဒါဆန္တို႔ရဲ႕ ကြင္းလယ္သုံးေယာက္တြဲဟာ ဒီဘ႐ိုင္းနား၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ႐ိုဒရီတို႔ရဲ႕ ၿပိဳင္ဘက္ အတြဲအဖက္ကို ကေလးေတြလိုျဖစ္ေအာင္ လုပ္ပစ္ႏိုင္ခဲ့ၾကၿပီး တစ္ပြဲလုံးကို စိုးမိုးထားႏိုင္ခဲ့လို႔ စီးတီးတို႔ ေကာင္တာနဲ႔ ေတာင္ပံေတြကိုပဲ မႀကိဳက္ေပမယ့္ ေ႐ြးခ်ယ္ခဲ့ရတာပါ။ တိုက္စစ္မွာေတာ့ ဆာလား၊ ႏူးညက္ဇ္၊ ဖာမီႏို၊ ဒီယက္ဇ္တို႔က ဘယ္ၿပိဳင္ဘက္ထက္မဆို သာလြန္ခဲ့ၿပီး ခံစစ္မွာလည္း အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကေတာ့ ထိေရာက္တဲ့ ကစားဟန္ကို ျပသႏိုင္ခဲ့ပါတယ္။

ပံ့ပိုးမႈ လိုအပ္ေနတဲ့ ဟားလန္း
တစ္ပြဲတည္းနဲ႔ေတာ့ ေပါင္ ၅၁ သန္းတန္ ေနာ္ေဝတိုက္စစ္မႉးကို ဂ်င္းျဖစ္သြားၿပီလို႔ မဆိုႏိုင္ပါဘူး။ သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ေျခတစ္လွမ္း ေနာက္က်တာ၊ ဆုံးျဖတ္ခ်က္ တစ္ခ်က္မွားလိုက္တာနဲ႔ ဂိုးမရတတ္ဘူးဆိုတဲ့ သင္ခန္းစာေလးကိုေတာ့ သင္ယူဖို႔ လိုအပ္ေနပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ ခံစစ္တန္းၾကားက ေျပးထြက္ျပတဲ့ ဂိုးေရွ႕ေနရာယူမႈေတြဆီ ေကာင္းေကာင္းမြန္မြန္ေပးႏိုင္မယ့္ ေတာင္ပံသမားနဲ႔ ေနာက္ခံအစြန္လူေတြ လိုအပ္ေနၿပီး ဒီေန႔ပြဲမွာ ဘယ္သူကမွ သူ႔အႀကိဳက္ကို လုပ္မေပးႏိုင္ခဲ့ၾကတာကေတာ့ ဂြါဒီယိုလာမွာ တာဝန္ရွိေနၿပီျဖစ္ပါတယ္။

လူစားဝင္ၿပီး အေကာင္းဆုံး ေျခစြမ္းျပတဲ့ ႏူးညက္ဇ္
ဒီေန႔ပြဲရဲ႕ ပြဲခ်ိန္ ၅၉ မိနစ္မွာ ေရာဘတ္တို ဖာမီႏိုအစား ဝင္လာခဲ့တဲ့ တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ကေတာ့ သူတို႔အတြက္ အေကာင္းဆုံးအေျဖ ျဖစ္လာခဲ့ျပန္ၿပီး တစ္ဂိုးစီ သေရက်ေနခ်ိန္မွာ အႏိုင္ျပတ္သားေစမယ့္ သြင္းဂိုးႏွစ္ဂိုးကို တာဝန္ခံခဲ့တာျဖစ္ပါတယ္။ ဆာလားရဲ႕ ပင္နယ္တီဂိုးကို သူ႔ရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ရယူေပးခဲ့သလို ဒီအေနအထားမွာ ႐ူဘင္ ဒီယက္စ္သာ လက္နဲ႔ မထိခဲ့ရင္ သူ႔ရဲ႕ သြင္းဂိုးလည္း ျဖစ္ႏိုင္ခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာေတာ့ ေခ်ပဂိုး ရွာေဖြေနတဲ့ မန္စီးတီးတို႔ကို အၿပီးတိုင္ ၿပိဳလဲေစမယ့္ သြင္းဂိုးကို ႀကဳံသလို အေနအထားကေန ေခါင္းတိုက္ၿပီး ရယူသြားခဲ့တာပါ။

ေလွ်ာ့တြက္လို႔ မရတဲ့ အဲလ္ဗာရက္ဇ္
မန္ခ်က္စတာစီးတီးအသင္းအတြက္ ပြဲခ်ိန္ ၅၈ မိနစ္မွာ လူစားဝင္လာခဲ့တဲ့ အာဂ်င္တီးနားတိုက္စစ္မႉး ဟူလီယန္ အဲလ္ဗာရက္ဇ္ကေတာ့ တကယ္ပဲ ေလွ်ာ့တြက္လို႔ မရတဲ့ လူစားမ်ိဳးျဖစ္ၿပီး စီနီယာေဟာင္း ဆာဂ်ီယို အေဂြ႐ိုရဲ႕ အေငြ႕အသက္နဲ႔ လႊမ္းမိုးမႈေတြကို ျပသႏိုင္ခဲ့တာပါ။ ဒီေန႔ပြဲမွာ ေတာင္ပံကေန ေနရာယူၿပီး ဟားလန္းေဘးက ကစားေပါက္ ေခ်ာင္ဖို႔နဲ႔ တိုက္စစ္မွာ ေနရာစုံ ေ႐ြ႕လ်ားကစားဖို႔ လိုင္စင္ရခဲ့တဲ့ အဲလ္ဗာရက္ဇ္အေနနဲ႔ တုံ႔ဆိုင္းေႏွာင့္ေႏွးျခင္း မရွိဘဲ ဖိုဒန္နဲ႔ အက္ဒရီယန္တို႔ဆီက စင္ထြက္လာတဲ့ ေဘာလုံးကို လက္လြတ္မခံဘဲ ေခ်ပဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ေသခ်ာၾကည့္ရင္ ျမင္ႏိုင္တဲ့ ဆရာ သီယာဂို
လီဗာပူးလ္ရဲ႕ ကြင္းလယ္ကစားပုံမွာ ပါဝါကစားသမားေတြျဖစ္ၾကတဲ့ ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္တို႔ မန္စီးတီးကြင္းလယ္ကို ဘယ္လို ႐ိုက္ခ်ိဳးခဲ့တယ္ ဆိုတာက ထင္သာျမင္သာ ရွိလွပါတယ္။ ဒါေပမယ့္ အေကာင္ေသးေသးနဲ႔ သီယာဂိုကေတာ့ တစ္ဦးခ်င္း ျဖတ္ေက်ာ္မႈ၊ ေဘာလုံးမဆုံးရႈံးေအာင္ ကိုင္ကစားႏိုင္မႈနဲ႔ ၿပိဳင္ဘက္ေတြကို ပညာေပးခဲ့တာပါ။ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ သြင္းဂိုးမွာ ဆာလားရဲ႕ လြတ္ေနတဲ့ ေနရာကို တိတိက်က် ေပးပို႔တတ္ခဲ့တာက ေတာ္႐ုံလူ မလုပ္ႏိုင္တဲ့ အျမင္စူးရွမႈနဲ႔ ဆုံးျဖတ္ခ်က္ျဖစ္ၿပီး ယာဂန္ ကေလာ့ပ္က သူ႔ကို ဘာျဖစ္လို႔ အားကိုးသလဲဆိုတာကိုလည္း အေျဖေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ကူကယ္ရာမဲ့ ဒီဘ႐ိုင္းနား
မန္စီးတီးအသင္းရဲ႕ Assist King ကီဗင္ ဒီဘ႐ိုင္းနားတစ္ေယာက္ေတာ့ ဒီေန႔ပြဲမွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ဂြါဒီယိုလာရဲ႕ သူ႔ကို တြဲလႊတ္လိုက္တဲ့ ဘာနာဒို ေဆးလ္ဗားက အသင္းေျပာင္းမွာလိုလို ဘာလိုလိုနဲ႔ ေျခစြမ္းေပ်ာက္ေနခဲ့သလို ဂ်က္ခ္ ဂရီးလစ္ရွ္၊ ရီယက္ မာရက္ဇ္တို႔ရဲ႕ City ေမတၱာ၊ ၿမိဳ႕ေမတၱာခံယူတဲ့ ဖြတ္က်ားကစားပုံနဲ႔ေတာ့ ဘယ္လ္ဂ်ီယမ္သားမွာ ေယာက္်ားတန္မဲ့ မငို႐ုံတစ္မယ္ပါပဲလို႔ ဆိုရေတာ့မလိုပါ။ မန္စီးတီးတို႔အေနနဲ႔ ဒီကစားသမား သုံးေယာက္ကို ေလာေလာဆယ္မွာ အားကိုးဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ပဲ သုံးသပ္ရမွာျဖစ္ၿပီး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို လက္လႊတ္ခဲ့ရတာက အာလင္း ဟားလန္းကို ရလိုက္တာနဲ႔ ခ်ိန္ဆရင္ သာသလား နာသလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဘာလာလာ ညာျခမ္းက ဝုန္းမယ့္ ဆာလား-အာႏိုးလ္ဒ္
မန္စီးတီးလို အသင္းမ်ိဳးကိုေတာင္ သူတို႔ႏွစ္ေယာက္ရဲ႕ အတြဲအဖက္နဲ႔ နားလည္မႈရွိတဲ့ ပုံစံေတြက အလဲထိုးႏိုင္ခဲ့ရင္ က်န္တဲ့ အသင္းေတြအတြက္ တားဆီးဖို႔ ခက္ကုန္ေတာ့မွာပါ။ ဆာလားရဲ႕ Inverted Left Foot ကို ေၾကာက္လို႔ ကန္ဆယ္လို ဘယ္ျခမ္းမွာ ထားခဲ့တာက အီဂ်စ္သားကို ကန္ခြင့္မရေအာင္ ပိတ္ထားႏိုင္ခဲ့တာကလြဲလို႔ ဖန္တီးခြင့္မရေအာင္ေတာ့ မတားဆီးႏိုင္ခဲ့ပါဘူး။ ဆာလားေၾကာင့္ ကန္ဆယ္လို ဗ်ာမ်ားခဲ့ခ်ိန္မွာ အတြင္းဝင္ၿပီး ကစားလာတဲ့ အာႏိုးလ္ဒ္က အာေကကို ဗ်ာမ်ားေစခဲ့ၿပီး ဒီႏွစ္ေယာက္ၾကား ေပးပို႔မႈနဲ႔ ကန္သြင္းခ်က္က အီဒါဆ္နကို ငုတ္တုတ္ေမ့ေစခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.