Match Report Premier League

ရေးယက်စ်ကို အကြောင်းပြုတဲ့ပွဲမှာ ညီလေးရဲ့အသင်းကို လက်ဆောင်ပေးခဲ့တဲ့ ရီကစ်

ပြီးခဲ့တဲ့ စနေနေ့ညနေက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဆီဗီလာတို့ရဲ့ အမ်းမရိတ်ဖလား ပွဲစဉ်မှာ အိမ်ရှင်အသင်းအတွက် အဖွင့်ဂိုးကို ရရှိဖို့အတွက် ဧည့်သည်နောက်ခံလူ ကာရင်မ် ရီကစ်ဟာ ပင်နယ်တီ လက်ဆောင်ပေးခဲ့ပြီး သူနဲ့ မြောက်လန်ဒန်သား ဂန်းနားတွေကြားက ပတ်သက်မှုကို သိသူတွေအတွက်တော့ ရယ်ရွှင်စရာဖြစ်ခဲ့ရပါတယ်။

ဒီနှစ် အမ်းမရိတ်ဖလားကို စတင်ချိန်မှာ အာဆင်နယ်နဲ့ ဆီဗီလာနှစ်သင်းစလုံးမှာ ကစားဖူးပြီး အောင်မြင်မှုတွေ ရယူခဲ့ဖူးတဲ့ စပိန်လက်ရွေးစင် တောင်ပံကစားသမားဟောင်း ဟိုဆေး အန်တိုနီယို ရေးယက်စ်ရဲ့ အမှတ်တရအဖြစ် ဂုဏ်ပြုခဲ့ကြပြီး ပွဲမစခင်မှာ ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားတဲ့ သူရဲကောင်းကို အောက်မေ့သတိရခဲ့ကြတာပါ။

ပွဲစပြီး ၁၀ မိနစ်မှာတော့ အာဆင်နယ်ရဲ့ ဘူကာယို ဆာကာက ပင်နယ်တီဧရိယာထဲ ဆွဲဝင်လာတဲ့ ဘောလုံးကို ဆီဗီလာနောက်ခံလူ ရီကစ်က မသိသလို ပုံစံနဲ့ နောက်ကနေ တွန်းချခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်မြေမှာတော့ ဒီကိစ္စမျိုးက ခွင့်လွှတ်ပေးလို့ မရတဲ့ ပုံစံမျိုးဖြစ်တာကြောင့် ဒိုင်လူကြီး အန်ဒီ မက်ဒ်လီက အမှတ်အသားကို လက်ညှိုးညွှန်ပြခဲ့တာဖြစ်ပါတယ်။

ဒီပင်နယ်တီကို ဆာကာက သူကိုယ်တိုင်ပဲ ကန်သွင်းယူခဲ့ပြီး ဂိုးသမား ယာစင်း ဘူးနူးခေါ် ဘိုနိုကို လှည့်စားအနိုင်ယူသွားခဲ့ချိန်မှာတော့ နောက်ကွယ်က ပတ်သက်မှုတွေကို သိထားတဲ့ ပရိသတ်တွေက ညီလေးရဲ့ အသင်းအတွက် ရီကစ်က လက်ဆောင်ပေးခဲ့တာလားလို့ မေးစရာဖြစ်လာခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းမှာ ကစားဖူးတဲ့ ဒတ်ချ်နွယ်ဖွား တူနီးရှားနောက်ခံလူ ကာရင်မ် ရီကစ်မှာ အိုမာလို့ ခေါ်တဲ့ ညီငယ်တစ်ဦးရှိပြီး သူက အာဆင်နယ်တို့ရဲ့ အရန်အသင်းမှာ ကစားနေသလို ညီအစ်ကိုနှစ်ဦး ဘွန်ဒက်စ်လီဂါကလပ် ဟမ်းဘတ်မှာ ကစားနေတုန်းမှာ ဂန်းနားတွေက အိုမာ ရီကစ်ကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရာသီသစ်ကို နယ်သာလန်ကလပ် စပါတာ ရော့တာဒမ်အသင်းနဲ့ ဖြတ်သန်းမှာဖြစ်တဲ့ အိုမာ ရီကစ်ရဲ့ အသင်းကို သူ့အစ်ကိုက ချစ်ကြည်ရေးပွဲမှာ ညီအစ်ကို သံယောဇဉ်နဲ့ ပင်နယ်တီတစ်လုံး လက်ဆောင်ပေးခဲ့တာလား ဆိုတာကတော့ ရယ်ရွှင်ဖွယ် တွေးတောကြံဆမှုဖြစ်နေခဲ့ပြီး ဒီဂိုးကို သွင်းယူခဲ့တဲ့ ဆာကာကတော့ ဒီပွဲမှာ သွင်းဂိုး နှစ်ဂိုး ရယူနိုင်ခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ အမေရိကန် ခရီးစဉ်မှာ ဖလော်ရီဒါဖလားကို ချဲလ်ဆီးအပေါ် လေးဂိုး-ဂိုးမရှိနိုင်ပွဲနဲ့ ရရှိခဲ့ပြီးတဲ့နောက် အိမ်ကွင်းမှာ အမ်းမရိတ်ဖလားကို ဆီဗီလာအပေါ် ခြောက်ဂိုး-ဂိုးမရှိနိုင်ပွဲနဲ့ ရယူသွားခဲ့ပြီး ၆ ကြိမ်မြောက် သိမ်းပိုက်ခဲ့တာဖြစ်သလို ဒီဖလားပြိုင်ပွဲကိုတော့ အသင်းရဲ့ ရင်ဘတ်နဲ့ ကွင်းစပွန်ဆာ အမ်းမရိတ် လေကြောင်းလိုင်းက တာဝန်ယူကျင်းပပေးတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ စေနေန႔ညေနက ကစားခဲ့တဲ့ အာဆင္နယ္နဲ႔ ဆီဗီလာတို႔ရဲ႕ အမ္းမရိတ္ဖလား ပြဲစဥ္မွာ အိမ္ရွင္အသင္းအတြက္ အဖြင့္ဂိုးကို ရရွိဖို႔အတြက္ ဧည့္သည္ေနာက္ခံလူ ကာရင္မ္ ရီကစ္ဟာ ပင္နယ္တီ လက္ေဆာင္ေပးခဲ့ၿပီး သူနဲ႔ ေျမာက္လန္ဒန္သား ဂန္းနားေတြၾကားက ပတ္သက္မႈကို သိသူေတြအတြက္ေတာ့ ရယ္႐ႊင္စရာျဖစ္ခဲ့ရပါတယ္။

ဒီႏွစ္ အမ္းမရိတ္ဖလားကို စတင္ခ်ိန္မွာ အာဆင္နယ္နဲ႔ ဆီဗီလာႏွစ္သင္းစလုံးမွာ ကစားဖူးၿပီး ေအာင္ျမင္မႈေတြ ရယူခဲ့ဖူးတဲ့ စပိန္လက္ေ႐ြးစင္ ေတာင္ပံကစားသမားေဟာင္း ဟိုေဆး အန္တိုနီယို ေရးယက္စ္ရဲ႕ အမွတ္တရအျဖစ္ ဂုဏ္ျပဳခဲ့ၾကၿပီး ပြဲမစခင္မွာ ယာဥ္တိုက္မႈေၾကာင့္ ကြယ္လြန္သြားတဲ့ သူရဲေကာင္းကို ေအာက္ေမ့သတိရခဲ့ၾကတာပါ။

ပြဲစၿပီး ၁၀ မိနစ္မွာေတာ့ အာဆင္နယ္ရဲ႕ ဘူကာယို ဆာကာက ပင္နယ္တီဧရိယာထဲ ဆြဲဝင္လာတဲ့ ေဘာလုံးကို ဆီဗီလာေနာက္ခံလူ ရီကစ္က မသိသလို ပုံစံနဲ႔ ေနာက္ကေန တြန္းခ်ခဲ့ၿပီး ပရီးမီးယားလိဂ္နဲ႔ အဂၤလန္ေျမမွာေတာ့ ဒီကိစၥမ်ိဳးက ခြင့္လႊတ္ေပးလို႔ မရတဲ့ ပုံစံမ်ိဳးျဖစ္တာေၾကာင့္ ဒိုင္လူႀကီး အန္ဒီ မက္ဒ္လီက အမွတ္အသားကို လက္ညႇိဳးၫႊန္ျပခဲ့တာျဖစ္ပါတယ္။

ဒီပင္နယ္တီကို ဆာကာက သူကိုယ္တိုင္ပဲ ကန္သြင္းယူခဲ့ၿပီး ဂိုးသမား ယာစင္း ဘူးႏူးေခၚ ဘိုႏိုကို လွည့္စားအႏိုင္ယူသြားခဲ့ခ်ိန္မွာေတာ့ ေနာက္ကြယ္က ပတ္သက္မႈေတြကို သိထားတဲ့ ပရိသတ္ေတြက ညီေလးရဲ႕ အသင္းအတြက္ ရီကစ္က လက္ေဆာင္ေပးခဲ့တာလားလို႔ ေမးစရာျဖစ္လာခဲ့တာပါ။

မန္ခ်က္စတာစီးတီးအသင္းမွာ ကစားဖူးတဲ့ ဒတ္ခ်္ႏြယ္ဖြား တူနီးရွားေနာက္ခံလူ ကာရင္မ္ ရီကစ္မွာ အိုမာလို႔ ေခၚတဲ့ ညီငယ္တစ္ဦးရွိၿပီး သူက အာဆင္နယ္တို႔ရဲ႕ အရန္အသင္းမွာ ကစားေနသလို ညီအစ္ကိုႏွစ္ဦး ဘြန္ဒက္စ္လီဂါကလပ္ ဟမ္းဘတ္မွာ ကစားေနတုန္းမွာ ဂန္းနားေတြက အိုမာ ရီကစ္ကို ေခၚယူထားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ရာသီသစ္ကို နယ္သာလန္ကလပ္ စပါတာ ေရာ့တာဒမ္အသင္းနဲ႔ ျဖတ္သန္းမွာျဖစ္တဲ့ အိုမာ ရီကစ္ရဲ႕ အသင္းကို သူ႔အစ္ကိုက ခ်စ္ၾကည္ေရးပြဲမွာ ညီအစ္ကို သံေယာဇဥ္နဲ႔ ပင္နယ္တီတစ္လုံး လက္ေဆာင္ေပးခဲ့တာလား ဆိုတာကေတာ့ ရယ္႐ႊင္ဖြယ္ ေတြးေတာႀကံဆမႈျဖစ္ေနခဲ့ၿပီး ဒီဂိုးကို သြင္းယူခဲ့တဲ့ ဆာကာကေတာ့ ဒီပြဲမွာ သြင္းဂိုး ႏွစ္ဂိုး ရယူႏိုင္ခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ အေမရိကန္ ခရီးစဥ္မွာ ဖေလာ္ရီဒါဖလားကို ခ်ဲလ္ဆီးအေပၚ ေလးဂိုး-ဂိုးမရွိႏိုင္ပြဲနဲ႔ ရရွိခဲ့ၿပီးတဲ့ေနာက္ အိမ္ကြင္းမွာ အမ္းမရိတ္ဖလားကို ဆီဗီလာအေပၚ ေျခာက္ဂိုး-ဂိုးမရွိႏိုင္ပြဲနဲ႔ ရယူသြားခဲ့ၿပီး ၆ ႀကိမ္ေျမာက္ သိမ္းပိုက္ခဲ့တာျဖစ္သလို ဒီဖလားၿပိဳင္ပြဲကိုေတာ့ အသင္းရဲ႕ ရင္ဘတ္နဲ႔ ကြင္းစပြန္ဆာ အမ္းမရိတ္ ေလေၾကာင္းလိုင္းက တာဝန္ယူက်င္းပေပးတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.