Analysis Premier League

ဆီဗီလာနဲ့ပွဲက ဂန်းနားပရိသတ်တွေ ရာသီသစ်အတွက် ရင်ခုန်နိုင်မယ့် ကောင်းကွက်များ

နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အာဆင်နယ်အသင်းအတွက် သူအလိုရှိနေတဲ့ ကစားသမားတချို့ကို ဒီရာသီမှာ ခေါ်ယူနိုင်ခဲ့အပြီး အသင်းရဲ့ ကစားပုံက သိသိသာသာ ပြောင်းလဲသွားခဲ့ချိန်မှာ ရာသီကြို နိုင်ပွဲတွေက အထင်ကြီးစရာဖြစ်နေခဲ့ပြီး ဆီဗီလာကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူမှာတော့ ပြိုင်ဘက် လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကပါ ထုတ်ဖော်ချီးကျူးခဲ့ရတာဖြစ်ပါတယ်။

ဆီဗီလာတို့တွေ အမ်းမရိတ်မှာ မင်သက်မိခဲ့ရတဲ့ ပွဲမှာ အာဆင်နယ်အသင်းက ကစားသမားတစ်ဦးချင်းစီရဲ့ ယုံကြည်ချက် မြင့်မားလာမှုနဲ့ အသင်းလိုက် စုစည်းမှုကောင်းပြီး ရွေ့လျားမှု မြန်ဆန်တဲ့ ကစားဟန်ကို မြင်တွေ့ခဲ့ရတဲ့အထဲမှာ ဘယ်အချက်တွေက ပရိသတ်တွေအတွက် မျှော်လင့်ချင်စရာ ဖြစ်လာခဲ့သလဲ ကြည့်ရအောင်ပါ။

အမ်းမရိတ်မှာ ခုမှ ရောက်တာ ဟုတ်ရဲ့လား ဂျေဆူးစ်…
အာဆင်နယ်ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ ဒီနေ့ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ ကစားသမားသစ် ဂါဘရီယယ်လ် ဂျေဆူးစ်ကို အသင်းနဲ့ ဒီရာသီမှာမှ ပူးပေါင်းခဲ့တာလား၊ အရင်ကတည်းက ရောက်နေတာလားလို့ ဇဝေဇဝါဖြစ်ရတော့မှာပါ။ တကယ်တမ်းတော့ ဂျေဆူးစ်အနေနဲ့ အာတီတာနဲ့ လက်တွဲခဲ့ဖူးပြီး System ချင်းတူတဲ့ မန်စီးတီးကနေ ရောက်လာခဲ့ချိန်မှာ အာဆင်နယ်အသင်းမှာ လိုအပ်နေခဲ့ပြီး ရှေ့က အူဘာမီယန်း၊ လာကာဇက်တို့တွေ မလုပ်တတ်ခဲ့တဲ့ နေရာယူပုံတွေက စပိန်သားနည်းပြ လိုချင်တာနဲ့ ကွက်တိဖြစ်နေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဟက်ထရစ်ရယူခဲ့ပုံနဲ့ ဘောလုံးကို ဧရိယာထဲ ရောက်လာတာနဲ့ ပထမဆုံး ရယူသူဖြစ်နိုင်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ ပုံစံကို ဂန်းနား နောက်ခံလူဟောင်း နိုက်ဂျယ် ဝင်တာဘန်က သူတွဲကစားခဲ့ဖူးတဲ့ ဟိုက်ဘာရီရဲ့ ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်နဲ့ နှိုင်းယှဉ်ချီးကျူးသွားခဲ့ပြီး အထူးသဖြင့် တတိယဂိုးမှာ ဂိုးသမားပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ညာနဲ့ ဖမ်းထားပြီး ဘယ်နဲ့ ပက်သွင်းသွားခဲ့တာက အထင်ကြီးစရာဖြစ်ခဲ့တာပါ။

တစ်ကိုယ်ကောင်းမဆန်တဲ့ ဂါဘီလေး
ဂျေဆူးစ်နဲ့ ဂါဘရီယယ်လ်ကို အသက်ကြီးတာနဲ့ ကိုယ်လုံးကြီးတာ ဘယ်သူ့ကို ဂါဘီကြီးလို့ ခေါ်ရမလဲ မသိသေးတဲ့ အချိန်မှာ အသက် အငယ်ဆုံး မာတီနယ်လီကတော့ ဂါဘီလေးဖြစ်ရမှာ သေချာနေပါတယ်။ ဒီနေ့ပွဲမှာ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ဂိုးနားအထိ ဝင်ရောက်ကစားတဲ့ ပုံစံတွေမှာ နောက်ဆုံး ဂိုးသွင်းခါနီးမှာမှ ဆီဗီလာနောက်ခံလူတွေ ဖျက်ထုတ်သွားခဲ့ပုံတွေကို ပရိသတ်တွေအနေနဲ့ အားမလိုအားမရဖြစ်ခဲ့ရပေမယ့် ဖန်တီးမှုတွေ အတွက်တော့ နှစ်ထောင်းအားရဖြစ်နေကြတာပါ။

ဂျေဆူးစ်ရဲ့ ပထမဂိုးအတွက် ညာဘက်ယွန်းယွန်းကို ထောင့်ဖြတ် Diagonal Pass ပေးခဲ့ပုံက တစ်ချိန်က အာဆင်နယ်တောင်ပံကစားသမား ရောဘတ် ပီရက်စ်ကို သတိရစေခဲ့သလို ထောင့်ကန်ဘောတွေကိုလည်း တာဝန်ယူ ကန်တင်နေခဲ့ပြီး အသင်းရဲ့ နောက်ဆုံးဂိုးမှာလည်း နကီးတီးယားကို တစ်ကိုယ်ကောင်းမဆန်ပဲ ပေးခဲ့တာပါ။ ဒီဂိုးမှာ သူဆွဲပြေးလာတာကို တက်ပိတ်တဲ့ ဆီဗီလာဂိုးသမား ဘိုနိုရဲ့ ဘောလုံးပေးလိုက်ပြီလို့လည်း သိလိုက်ရော စိတ်ပျက်ပြီး လိုက်တောင် မဖမ်းတော့တဲ့ အမူအရာက အာဆင်နယ်ပရိသတ်တွေအတွက် သည်းခြေကြိုက်ဖြစ်စေခဲ့မှာ သေချာပါတယ်။

ပါတီ ပေးနေသည်၊ ဒဏ်ရာမရရင် အိုကေပြီ
ဒီနေ့ရဲ့ အသင်းလိုက် ကစားပုံမှာ ကွင်းလယ်ကို ဇင်ချန်ကိုနဲ့ ဘန်ဝှိုက်တို့က ကူညီပြီး Inverted Full Back တွေအဖြစ် ကစားသွားခဲ့ချိန်မှာ ကွင်းလယ်လူစစ်စစ်တွေဖြစ်တဲ့ ဂရာနစ် ချာကာနဲ့ သောမတ်စ် ပါတေးတို့ ကစားပေါက် ချောင်လာခဲ့တာပါ။ ဂါနာသား ပါတေးအနေနဲ့တော့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ယုံကြည်မှုရှိရှိ အကွက်မြင်မြင် ပေးပို့ခဲ့တဲ့ ဘောလုံးဖြန့်ဝေမှုပုံစံတွေက ဆီဗီလာတို့ရဲ့ အားနည်းတဲ့ နေရာတွေကိုချည်း ရွေးချယ်ထိုးနှက်နိုင်ခဲ့တာဖြစ်ပြီး သူသာ ဒဏ်ရာကင်းရှင်းခဲ့ရင် ဂန်းနားတွေ ပျော်နိုင်မယ့် ရာသီဖြစ်နေပြီလို့ ဆိုရပါလိမ့်မယ်။

နာချင်လို့လား၊ ဆာလီဘာဆီ လာခဲ့လေ
ဒီနွေရာသီရဲ့ အကောင်းဆုံး ခေါ်ယူမှုလို့တောင် ဆိုနိုင်တဲ့ မာဆေးလ်ကနေ ပြန်ရောက်လာတဲ့ ဆာလီဘာကို ဆက်ထိန်းပြီး နေရာပေးဖို့ ကြိုးစားခဲ့တာက အာဆင်နယ်နဲ့ အမှန်ဆုံး လုပ်ရပ်တစ်ခုပါ။ လျင်မြန်မှုနဲ့ ကြံ့ခိုင်မှုမှာ ပြောစရာ လုံးဝမရှိတဲ့ ပြင်သစ်သားဟာ အရပ် ၆ ပေ ၄ လက်မ မြင့်မားပြီး အမြင့်ဘောတွေရော ပိတ်ဆို့တားဆီးမှုတွေမှာပါ ထူးချွန်ခဲ့သလို ဘောလုံးကိုလည်း ကျွမ်းကျင်နိုင်နင်းသူဖြစ်နေပါတယ်။ သူ့ရဲ့ မာကျောမှုကတော့ ရင်ဆိုင်တွေ့တဲ့ တိုက်စစ်မှူးတိုင်းကို အိပ်မက်ဆိုးဖြစ်စေပြီး ပြင်သစ်လိဂန်မှာ အမ်ဘာပေကို ရင်ဆိုင်ခဲ့တဲ့ အတွေ့အကြုံတွေက ဒီနေ့မှာ ခေါင်းယှဉ်တိုက်တဲ့ ဆီဗီလာတိုက်စစ်မှူး အန်နက်ဆီရီကို နှာနှပ်ယူခဲ့ရစေပါတယ်။

ဗျူဟာမြောက် ရွေ့လျားမှုများ
အာတီတာ လိုချင်တဲ့ အာဆင်နယ်ရဲ့ ကစားကွက်မှာ Interchanging လို့ခေါ်တဲ့ ကစားသမားနှစ်ဦးကြား အပြန်အလှန် နေရာလဲလှယ်ကစားတဲ့ ပုံစံမျိုးတွေက အရေးပါပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက ဒီလိုမျိုး မလုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖီလော်ဆော်ဖီကို နားလည်လာတဲ့ ညာနောက်ခံလူ နေရာက ဘန်ဝှိုက်နဲ့ ဘယ်နောက်ခံလူနေရာမှာ ကစားတဲ့ ဇင်ချန်ကိုတို့က လုပ်ပေးနိုင်ခဲ့ပါပြီ။

သူတို့အနေနဲ့ တောင်ပံတွေမှာလည်း ထိုးဖောက်နိုင်သလို အတွင်းကို ဝင်ပြီးလည်း Inverted Full Back တွေအဖြစ် ချာကာ၊ အော်ဒီဂွါဒ်၊ ဆာကာ၊ မာတီနယ်လီတို့ လွတ်လွတ်လပ်လပ် ကစားနိုင်အောင် ကူညီပေးခဲ့ချိန်မှာ ဇင်ချန်ကိုနဲ့ ချာကာတို့ကြားက ကွင်းလယ်ဘယ်အတွင်းလူနဲ့ ဘယ်နောက်ခံလူ နေရာကို အကြိမ်ကြိမ် ပြောင်းလဲကစားသွားခဲ့ပုံတွေက အထင်ကြီးစရာဖြစ်ခဲ့ပြီး ဆီဗီလာတို့ ပိတ်ဆို့တားဆီးဖို့ ခက်စေသလို ဆွစ်ဇာလန်သားသာ အဆုံးသတ်ကောင်းရင် နှစ်ဂိုးလောက် ထပ်ရနိုင်ခဲ့သေးတာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အာဆင္နယ္အသင္းအတြက္ သူအလိုရွိေနတဲ့ ကစားသမားတခ်ိဳ႕ကို ဒီရာသီမွာ ေခၚယူႏိုင္ခဲ့အၿပီး အသင္းရဲ႕ ကစားပုံက သိသိသာသာ ေျပာင္းလဲသြားခဲ့ခ်ိန္မွာ ရာသီႀကိဳ ႏိုင္ပြဲေတြက အထင္ႀကီးစရာျဖစ္ေနခဲ့ၿပီး ဆီဗီလာကို ေျခာက္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူမွာေတာ့ ၿပိဳင္ဘက္ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကပါ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ရတာျဖစ္ပါတယ္။

ဆီဗီလာတို႔ေတြ အမ္းမရိတ္မွာ မင္သက္မိခဲ့ရတဲ့ ပြဲမွာ အာဆင္နယ္အသင္းက ကစားသမားတစ္ဦးခ်င္းစီရဲ႕ ယုံၾကည္ခ်က္ ျမင့္မားလာမႈနဲ႔ အသင္းလိုက္ စုစည္းမႈေကာင္းၿပီး ေ႐ြ႕လ်ားမႈ ျမန္ဆန္တဲ့ ကစားဟန္ကို ျမင္ေတြ႕ခဲ့ရတဲ့အထဲမွာ ဘယ္အခ်က္ေတြက ပရိသတ္ေတြအတြက္ ေမွ်ာ္လင့္ခ်င္စရာ ျဖစ္လာခဲ့သလဲ ၾကည့္ရေအာင္ပါ။

အမ္းမရိတ္မွာ ခုမွ ေရာက္တာ ဟုတ္ရဲ႕လား ေဂ်ဆူးစ္…
အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ သူတို႔ရဲ႕ ဒီေန႔ပြဲမွာ ဟက္ထရစ္ရခဲ့တဲ့ ကစားသမားသစ္ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို အသင္းနဲ႔ ဒီရာသီမွာမွ ပူးေပါင္းခဲ့တာလား၊ အရင္ကတည္းက ေရာက္ေနတာလားလို႔ ဇေဝဇဝါျဖစ္ရေတာ့မွာပါ။ တကယ္တမ္းေတာ့ ေဂ်ဆူးစ္အေနနဲ႔ အာတီတာနဲ႔ လက္တြဲခဲ့ဖူးၿပီး System ခ်င္းတူတဲ့ မန္စီးတီးကေန ေရာက္လာခဲ့ခ်ိန္မွာ အာဆင္နယ္အသင္းမွာ လိုအပ္ေနခဲ့ၿပီး ေရွ႕က အူဘာမီယန္း၊ လာကာဇက္တို႔ေတြ မလုပ္တတ္ခဲ့တဲ့ ေနရာယူပုံေတြက စပိန္သားနည္းျပ လိုခ်င္တာနဲ႔ ကြက္တိျဖစ္ေနခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဟက္ထရစ္ရယူခဲ့ပုံနဲ႔ ေဘာလုံးကို ဧရိယာထဲ ေရာက္လာတာနဲ႔ ပထမဆုံး ရယူသူျဖစ္ႏိုင္ဖို႔ အဆင့္သင့္ျဖစ္ေနတဲ့ ပုံစံကို ဂန္းနား ေနာက္ခံလူေဟာင္း ႏိုက္ဂ်ယ္ ဝင္တာဘန္က သူတြဲကစားခဲ့ဖူးတဲ့ ဟိုက္ဘာရီရဲ႕ ဂႏၴဝင္ တိုက္စစ္မႉးေဟာင္းႀကီး အီယန္႐ိုက္နဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးသြားခဲ့ၿပီး အထူးသျဖင့္ တတိယဂိုးမွာ ဂိုးသမားပုတ္ထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ညာနဲ႔ ဖမ္းထားၿပီး ဘယ္နဲ႔ ပက္သြင္းသြားခဲ့တာက အထင္ႀကီးစရာျဖစ္ခဲ့တာပါ။

တစ္ကိုယ္ေကာင္းမဆန္တဲ့ ဂါဘီေလး
ေဂ်ဆူးစ္နဲ႔ ဂါဘရီယယ္လ္ကို အသက္ႀကီးတာနဲ႔ ကိုယ္လုံးႀကီးတာ ဘယ္သူ႔ကို ဂါဘီႀကီးလို႔ ေခၚရမလဲ မသိေသးတဲ့ အခ်ိန္မွာ အသက္ အငယ္ဆုံး မာတီနယ္လီကေတာ့ ဂါဘီေလးျဖစ္ရမွာ ေသခ်ာေနပါတယ္။ ဒီေန႔ပြဲမွာ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြနဲ႔ ဂိုးနားအထိ ဝင္ေရာက္ကစားတဲ့ ပုံစံေတြမွာ ေနာက္ဆုံး ဂိုးသြင္းခါနီးမွာမွ ဆီဗီလာေနာက္ခံလူေတြ ဖ်က္ထုတ္သြားခဲ့ပုံေတြကို ပရိသတ္ေတြအေနနဲ႔ အားမလိုအားမရျဖစ္ခဲ့ရေပမယ့္ ဖန္တီးမႈေတြ အတြက္ေတာ့ ႏွစ္ေထာင္းအားရျဖစ္ေနၾကတာပါ။

ေဂ်ဆူးစ္ရဲ႕ ပထမဂိုးအတြက္ ညာဘက္ယြန္းယြန္းကို ေထာင့္ျဖတ္ Diagonal Pass ေပးခဲ့ပုံက တစ္ခ်ိန္က အာဆင္နယ္ေတာင္ပံကစားသမား ေရာဘတ္ ပီရက္စ္ကို သတိရေစခဲ့သလို ေထာင့္ကန္ေဘာေတြကိုလည္း တာဝန္ယူ ကန္တင္ေနခဲ့ၿပီး အသင္းရဲ႕ ေနာက္ဆုံးဂိုးမွာလည္း နကီးတီးယားကို တစ္ကိုယ္ေကာင္းမဆန္ပဲ ေပးခဲ့တာပါ။ ဒီဂိုးမွာ သူဆြဲေျပးလာတာကို တက္ပိတ္တဲ့ ဆီဗီလာဂိုးသမား ဘိုႏိုရဲ႕ ေဘာလုံးေပးလိုက္ၿပီလို႔လည္း သိလိုက္ေရာ စိတ္ပ်က္ၿပီး လိုက္ေတာင္ မဖမ္းေတာ့တဲ့ အမူအရာက အာဆင္နယ္ပရိသတ္ေတြအတြက္ သည္းေျခႀကိဳက္ျဖစ္ေစခဲ့မွာ ေသခ်ာပါတယ္။

ပါတီ ေပးေနသည္၊ ဒဏ္ရာမရရင္ အိုေကၿပီ
ဒီေန႔ရဲ႕ အသင္းလိုက္ ကစားပုံမွာ ကြင္းလယ္ကို ဇင္ခ်န္ကိုနဲ႔ ဘန္ဝႈိက္တို႔က ကူညီၿပီး Inverted Full Back ေတြအျဖစ္ ကစားသြားခဲ့ခ်ိန္မွာ ကြင္းလယ္လူစစ္စစ္ေတြျဖစ္တဲ့ ဂရာနစ္ ခ်ာကာနဲ႔ ေသာမတ္စ္ ပါေတးတို႔ ကစားေပါက္ ေခ်ာင္လာခဲ့တာပါ။ ဂါနာသား ပါေတးအေနနဲ႔ေတာ့ ကြင္းလယ္ကို အေကာင္းဆုံး ထိန္းခ်ဳပ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ယုံၾကည္မႈရွိရွိ အကြက္ျမင္ျမင္ ေပးပို႔ခဲ့တဲ့ ေဘာလုံးျဖန႔္ေဝမႈပုံစံေတြက ဆီဗီလာတို႔ရဲ႕ အားနည္းတဲ့ ေနရာေတြကိုခ်ည္း ေ႐ြးခ်ယ္ထိုးႏွက္ႏိုင္ခဲ့တာျဖစ္ၿပီး သူသာ ဒဏ္ရာကင္းရွင္းခဲ့ရင္ ဂန္းနားေတြ ေပ်ာ္ႏိုင္မယ့္ ရာသီျဖစ္ေနၿပီလို႔ ဆိုရပါလိမ့္မယ္။

နာခ်င္လို႔လား၊ ဆာလီဘာဆီ လာခဲ့ေလ
ဒီေႏြရာသီရဲ႕ အေကာင္းဆုံး ေခၚယူမႈလို႔ေတာင္ ဆိုႏိုင္တဲ့ မာေဆးလ္ကေန ျပန္ေရာက္လာတဲ့ ဆာလီဘာကို ဆက္ထိန္းၿပီး ေနရာေပးဖို႔ ႀကိဳးစားခဲ့တာက အာဆင္နယ္နဲ႔ အမွန္ဆုံး လုပ္ရပ္တစ္ခုပါ။ လ်င္ျမန္မႈနဲ႔ ႀကံ့ခိုင္မႈမွာ ေျပာစရာ လုံးဝမရွိတဲ့ ျပင္သစ္သားဟာ အရပ္ ၆ ေပ ၄ လက္မ ျမင့္မားၿပီး အျမင့္ေဘာေတြေရာ ပိတ္ဆို႔တားဆီးမႈေတြမွာပါ ထူးခြၽန္ခဲ့သလို ေဘာလုံးကိုလည္း ကြၽမ္းက်င္ႏိုင္နင္းသူျဖစ္ေနပါတယ္။ သူ႔ရဲ႕ မာေက်ာမႈကေတာ့ ရင္ဆိုင္ေတြ႕တဲ့ တိုက္စစ္မႉးတိုင္းကို အိပ္မက္ဆိုးျဖစ္ေစၿပီး ျပင္သစ္လိဂန္မွာ အမ္ဘာေပကို ရင္ဆိုင္ခဲ့တဲ့ အေတြ႕အႀကဳံေတြက ဒီေန႔မွာ ေခါင္းယွဥ္တိုက္တဲ့ ဆီဗီလာတိုက္စစ္မႉး အန္နက္ဆီရီကို ႏွာႏွပ္ယူခဲ့ရေစပါတယ္။

ဗ်ဴဟာေျမာက္ ေ႐ြ႕လ်ားမႈမ်ား
အာတီတာ လိုခ်င္တဲ့ အာဆင္နယ္ရဲ႕ ကစားကြက္မွာ Interchanging လို႔ေခၚတဲ့ ကစားသမားႏွစ္ဦးၾကား အျပန္အလွန္ ေနရာလဲလွယ္ကစားတဲ့ ပုံစံမ်ိဳးေတြက အေရးပါပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြက ဒီလိုမ်ိဳး မလုပ္ႏိုင္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ဖီေလာ္ေဆာ္ဖီကို နားလည္လာတဲ့ ညာေနာက္ခံလူ ေနရာက ဘန္ဝႈိက္နဲ႔ ဘယ္ေနာက္ခံလူေနရာမွာ ကစားတဲ့ ဇင္ခ်န္ကိုတို႔က လုပ္ေပးႏိုင္ခဲ့ပါၿပီ။

သူတို႔အေနနဲ႔ ေတာင္ပံေတြမွာလည္း ထိုးေဖာက္ႏိုင္သလို အတြင္းကို ဝင္ၿပီးလည္း Inverted Full Back ေတြအျဖစ္ ခ်ာကာ၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ မာတီနယ္လီတို႔ လြတ္လြတ္လပ္လပ္ ကစားႏိုင္ေအာင္ ကူညီေပးခဲ့ခ်ိန္မွာ ဇင္ခ်န္ကိုနဲ႔ ခ်ာကာတို႔ၾကားက ကြင္းလယ္ဘယ္အတြင္းလူနဲ႔ ဘယ္ေနာက္ခံလူ ေနရာကို အႀကိမ္ႀကိမ္ ေျပာင္းလဲကစားသြားခဲ့ပုံေတြက အထင္ႀကီးစရာျဖစ္ခဲ့ၿပီး ဆီဗီလာတို႔ ပိတ္ဆို႔တားဆီးဖို႔ ခက္ေစသလို ဆြစ္ဇာလန္သားသာ အဆုံးသတ္ေကာင္းရင္ ႏွစ္ဂိုးေလာက္ ထပ္ရႏိုင္ခဲ့ေသးတာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.