Match Report Premier League

ဟားလန်းထက် နူးညက်ဇ် သာခဲ့ပြီး ကွန်မြူနတီဒိုင်းကို စီးတီးဆီက ရယူလိုက်တဲ့ လီဗာပူးလ်

အက်ဖ်အေဖလားချန်ပီယံ လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာလည်း ဂိုးသမား အက်ဒရီယန်ကိုပဲ အသုံးပြုခဲ့ရပြီး ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်တို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ဟန်ဒါဆန်တို့ ကစားခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ ဆာလား၊ ဖာမီနိုနဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ဖွဲ့စည်းလာခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးတို့ကတော့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကေ၊ ဝေါ်လ်ကာနဲ့ ကန်ဆယ်လိုတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ မာရက်ဇ်နဲ့ ဟားလန်းတို့ ပွဲထွက်လာခဲ့ကြတာပါ။

လီဗာပူးလ်တို့ ညာခြမ်းက ဆာလားရဲ့ ထိုးဖောက်မှုတွေကို မန်စီးတီးတို့ ထိန်းဖို့ ခက်ခဲနေခဲ့သလို ဒီယက်စ်နဲ့ တွဲကစားတဲ့ အာကေက ကလေးလို ဖြစ်နေခဲ့ချိန်မှာ ကွင်းလယ်မှာတော့ ထိန်းကျောင်းနိုင်သူ မပါတဲ့ စီးတီးတို့ကို လီဗာပူးလ်တို့က စိုးမိုးထားနိုင်ခဲ့ပြီး ဟားလန်းကိုလည်း အခွင့်အရေး မရအောင် ဖာဘင်ညို၊ ဗန်ဒိုက်နဲ့ မာတစ်ပ်တို့ ပိတ်ဆို့သွားနိုင်ခဲ့ကြပါတယ်။

ဂရီးလစ်ရှ်ရဲ့ ပေါ့ပျက်ပျက် ကစားပုံနဲ့ လုံးဝ ခြေကျနေပြီဖြစ်တဲ့ မာရက်ဇ်တို့ကြောင့် တိုက်စစ်ကို ပုံဖော်ရာမှာ ဒီဘရိုင်းနားတစ်ယောက်တည်း ရုန်းကန်နေခဲ့ရပြီး စီးတီးကွင်းလယ်ကလည်း မကြာခဏ ဘောလုံး အပျက်များနေခဲ့သလို ခံစစ်နဲ့ ဂိုးသမား အီဒါဆန်တို့ကို လီဗာပူးလ်တိုက်စစ်ရှေ့မှာ ရုန်းကန်စေခဲ့ရတာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ လီဗာပူးလ်တို့ ဂိုးစတင်ရရှိခဲ့ပြီး ကွင်းလယ်ကနေ သီယာဂိုက ညာတောင်ပံကို လှမ်းမ,ပေးတဲ့ ဘောလုံးကို ဆာလားက တစ်ချက်ထိန်းပြီး အတွင်းကို ပြန်ချပေးခဲ့ရာမှာ လွတ်နေတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်က အဝေးတိုင်ဘက်ကို လှမ်းကန်ခဲ့လို့ မန်စီးတီးဂိုးသမား အီဒါဆန် အငိုက်မိခဲ့ပြီး ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

မန်စီးတီးတို့ရဲ့ အခွင့်အရေး ဖန်တီးမှုတွေက အပိုင်မျိုး မရတာနဲ့ ဟားလန်းတစ်ယောက် အဆုံးသတ်ဖို့အတွက် ပရီးမီးယားလိဂ်မှာ အချိန်ရတာ ပိုပြီး တိုတောင်းတယ်ဆိုတာကို အသားကျဖို့ လိုနေခဲ့တာတွေက လီဗာပူးလ်တို့ကို ဂိုးပြန်သွင်းဖို့ ခက်စေခဲ့ပြီး ဂွါဒီယိုလာရဲ့ အသင်းဟာ မြင်နေကျ အသင်းနဲ့တော့ တော်တော်လေး မတူဘဲ ပုံပျက်သလိုဖြစ်နေခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး တစ်မိနစ်အတွင်းမှာပဲ ရိုဒရီရဲ့ အမြော်အမြင်ရှိတဲ့ ပေးပို့မှုကနေ မာရက်ဇ် ကန်ခွင့်ရပေမယ့် ဂိုးသမား အက်ဒရီယန်တည့်တည့်ပဲ ရောက်ခဲ့သလို ဒီနောက်ပိုင်းမှာတော့ ပွဲကို လီဗာပူးလ်တို့ပဲ ပြန်လည်စိုးမိုးထားခဲ့တာကြောင့် ဂွါဒီယိုလာက အပြောင်းအလဲ စလုပ်ခဲ့ပြီး သုံးမရတဲ့ ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့အစား ဖိုဒန်နဲ့ လူသစ် အဲလ်ဗာရက်ဇ်တို့ကို ထည့်သွင်းခဲ့ချိန်မှာ ကလော့ပ်ကတော့ ဖာမီနိုအစား ဒါဝင် နူးညက်ဇ်ကို ထည့်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ မန်စီးတီးတို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဒီဘရိုင်းနား တင်ပေးတာကို ဖိုဒန် ပိတ်သွင်းခဲ့ရာမှာ ဂိုးသမား အက်ဒရီယန် နှစ်ဆင့်ကာကွယ်ခဲ့ပေမယ့် ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို စီးတီးတို့နဲ့ ဒီနေ့ပွဲမှာ ပထမဆုံး ကစားခွင့်ရတဲ့ အဲလ်ဗာရက်ဇ်က ပိတ်သွင်းပြီး လူသစ်ချင်း ဟားလန်းထက် နှာတစ်ဖျား အသာစီးရယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ စီးတီးဘက်က ဒီဘရိုင်းနားအစား ဂွန်ဒိုးဝမ် ဝင်ကစားခဲ့သလို လီဗာပူးလ်တို့ဘက်က အလက်ဇန်းဒါး-အာနိုးလ်ဒ်အစား မီလ်နာနဲ့ ဟန်ဒါဆန်အစား အဲလီးယော့တို့ ဝင်လာခဲ့ကြပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ ညာခြမ်းက ဆာလားတင်ပေးတာကို နူးညက်ဇ် အပိုင်ခေါင်းတိုက်ခွင့် ရခဲ့ရာမှာ ဂိုးဆီသွားတဲ့ ဘောလုံးကို ရူဘင် ဒီယက်စ် လက်နဲ့ ပုတ်သလိုဖြစ်ခဲ့လို့ အဝါကတ်နဲ့ ပင်နယ်တီ ပေးခဲ့ရပါတယ်။

VAR ပြန်ကြည့်နေခဲ့ရလို့ နှစ်မိနစ်လောက် အချိန်ကုန်သွားခဲ့အပြီးမှာ ဒီပင်နယ်တီအခွင့်အရေးကိုတော့ ပွဲချိန် ၈၃ မှာ ပင်တိုင်ကန်သွင်းနေကျ မိုဟာမက် ဆာလားကပဲ ကန်ခဲ့ပြီး ဂိုးသမား အီဒါဆန်ရဲ့ ဘယ်ဘက်အောက်ထောင့်ကို အပြင်းကန်သွင်းနိုင်ခဲ့လို့ လီဗာပူးလ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာလည်း ကွင်းလယ်ပိုင်းမှာ အသာစီးရနေတဲ့ လီဗာပူးလ်တို့ပဲ ဖိကစားခဲ့ပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ပွဲချိန် ၈၈ မိနစ်မှာ မန်စီးတီးကွင်းလယ်ကနေ ဘောလုံးလုယူခဲ့တဲ့ ရောဘတ်ဆန်က ညာခြမ်းကို ချိုးပေးရင် ဆာလားရဲ့ ဂိုးဖြစ်နိုင်တဲ့ အခိုက်အတန့်ကို ကိုယ်တိုင် ကန်သွင်းခဲ့တာက ဘားကျော်သွားခဲ့လို့ အီဂျစ်တိုက်စစ်မှူး ဒေါသထွက်ခဲ့ရပြီး မိနစ် ၉၀ အပြည့်မှာ ရလဒ်မပြောင်းဘဲဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ထပ်မံတိုက်စစ်ဆင်ခဲ့ပြီး ညာခြမ်းက ဆာလားရဲ့ ဖြတ်တင်ဘောကို ဘယ်နောက်ခံလူ ရောဘတ်ဆန် ခေါင်းတိုက်ချပေးခဲ့ရမှာ ဒါဝင် နူးညက်ဇ်က အနီးကပ် ထပ်ဆင့်ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ တတိယဂိုး ရရှိခဲ့ပြီး ချေပဂိုးရဖို့ ကြိုးစားနေခဲ့တဲ့ မန်စီးတီးတို့ကို မျှော်လင့်ချက်မဲ့စေခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အက်ဖ်အေဖလားချန်ပီယံ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး ရာသီဖွင့် ကန့်လန့်ကာတင်ပွဲ ကွန်မြူနတီဒိုင်းကို ရယူသွားခဲ့သလို ဂျင်းလို့ လှောင်ပြောင်ခံနေရတဲ့ နူးညက်ဇ်ကတော့ ပြိုင်ဘက် ဟားလန်းထက် အကျိုးပြုနိုင်သူလို့ ဒီနေ့ပွဲမှာ ပြသသွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္ဖ္ေအဖလားခ်န္ပီယံ လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာလည္း ဂိုးသမား အက္ဒရီယန္ကိုပဲ အသုံးျပဳခဲ့ရၿပီး ခံစစ္မွာ ဗန္ဒိုက္၊ မာတစ္ပ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္တို႔နဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ဟန္ဒါဆန္တို႔ ကစားခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ ဆာလား၊ ဖာမီႏိုနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို ဖြဲ႕စည္းလာခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးတို႔ကေတာ့ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အာေက၊ ေဝၚလ္ကာနဲ႔ ကန္ဆယ္လိုတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဒီဘ႐ိုင္းနားတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ မာရက္ဇ္နဲ႔ ဟားလန္းတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

လီဗာပူးလ္တို႔ ညာျခမ္းက ဆာလားရဲ႕ ထိုးေဖာက္မႈေတြကို မန္စီးတီးတို႔ ထိန္းဖို႔ ခက္ခဲေနခဲ့သလို ဒီယက္စ္နဲ႔ တြဲကစားတဲ့ အာေကက ကေလးလို ျဖစ္ေနခဲ့ခ်ိန္မွာ ကြင္းလယ္မွာေတာ့ ထိန္းေက်ာင္းႏိုင္သူ မပါတဲ့ စီးတီးတို႔ကို လီဗာပူးလ္တို႔က စိုးမိုးထားႏိုင္ခဲ့ၿပီး ဟားလန္းကိုလည္း အခြင့္အေရး မရေအာင္ ဖာဘင္ညိဳ၊ ဗန္ဒိုက္နဲ႔ မာတစ္ပ္တို႔ ပိတ္ဆို႔သြားႏိုင္ခဲ့ၾကပါတယ္။

ဂရီးလစ္ရွ္ရဲ႕ ေပါ့ပ်က္ပ်က္ ကစားပုံနဲ႔ လုံးဝ ေျခက်ေနၿပီျဖစ္တဲ့ မာရက္ဇ္တို႔ေၾကာင့္ တိုက္စစ္ကို ပုံေဖာ္ရာမွာ ဒီဘ႐ိုင္းနားတစ္ေယာက္တည္း ႐ုန္းကန္ေနခဲ့ရၿပီး စီးတီးကြင္းလယ္ကလည္း မၾကာခဏ ေဘာလုံး အပ်က္မ်ားေနခဲ့သလို ခံစစ္နဲ႔ ဂိုးသမား အီဒါဆန္တို႔ကို လီဗာပူးလ္တိုက္စစ္ေရွ႕မွာ ႐ုန္းကန္ေစခဲ့ရတာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဂိုးစတင္ရရွိခဲ့ၿပီး ကြင္းလယ္ကေန သီယာဂိုက ညာေတာင္ပံကို လွမ္းမ,ေပးတဲ့ ေဘာလုံးကို ဆာလားက တစ္ခ်က္ထိန္းၿပီး အတြင္းကို ျပန္ခ်ေပးခဲ့ရာမွာ လြတ္ေနတဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က အေဝးတိုင္ဘက္ကို လွမ္းကန္ခဲ့လို႔ မန္စီးတီးဂိုးသမား အီဒါဆန္ အငိုက္မိခဲ့ၿပီး ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

မန္စီးတီးတို႔ရဲ႕ အခြင့္အေရး ဖန္တီးမႈေတြက အပိုင္မ်ိဳး မရတာနဲ႔ ဟားလန္းတစ္ေယာက္ အဆုံးသတ္ဖို႔အတြက္ ပရီးမီးယားလိဂ္မွာ အခ်ိန္ရတာ ပိုၿပီး တိုေတာင္းတယ္ဆိုတာကို အသားက်ဖို႔ လိုေနခဲ့တာေတြက လီဗာပူးလ္တို႔ကို ဂိုးျပန္သြင္းဖို႔ ခက္ေစခဲ့ၿပီး ဂြါဒီယိုလာရဲ႕ အသင္းဟာ ျမင္ေနက် အသင္းနဲ႔ေတာ့ ေတာ္ေတာ္ေလး မတူဘဲ ပုံပ်က္သလိုျဖစ္ေနခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး တစ္မိနစ္အတြင္းမွာပဲ ႐ိုဒရီရဲ႕ အေျမာ္အျမင္ရွိတဲ့ ေပးပို႔မႈကေန မာရက္ဇ္ ကန္ခြင့္ရေပမယ့္ ဂိုးသမား အက္ဒရီယန္တည့္တည့္ပဲ ေရာက္ခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ ပြဲကို လီဗာပူးလ္တို႔ပဲ ျပန္လည္စိုးမိုးထားခဲ့တာေၾကာင့္ ဂြါဒီယိုလာက အေျပာင္းအလဲ စလုပ္ခဲ့ၿပီး သုံးမရတဲ့ ဂရီးလစ္ရွ္နဲ႔ မာရက္ဇ္တို႔အစား ဖိုဒန္နဲ႔ လူသစ္ အဲလ္ဗာရက္ဇ္တို႔ကို ထည့္သြင္းခဲ့ခ်ိန္မွာ ကေလာ့ပ္ကေတာ့ ဖာမီႏိုအစား ဒါဝင္ ႏူးညက္ဇ္ကို ထည့္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ မန္စီးတီးတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဒီဘ႐ိုင္းနား တင္ေပးတာကို ဖိုဒန္ ပိတ္သြင္းခဲ့ရာမွာ ဂိုးသမား အက္ဒရီယန္ ႏွစ္ဆင့္ကာကြယ္ခဲ့ေပမယ့္ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို စီးတီးတို႔နဲ႔ ဒီေန႔ပြဲမွာ ပထမဆုံး ကစားခြင့္ရတဲ့ အဲလ္ဗာရက္ဇ္က ပိတ္သြင္းၿပီး လူသစ္ခ်င္း ဟားလန္းထက္ ႏွာတစ္ဖ်ား အသာစီးရယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ စီးတီးဘက္က ဒီဘ႐ိုင္းနားအစား ဂြန္ဒိုးဝမ္ ဝင္ကစားခဲ့သလို လီဗာပူးလ္တို႔ဘက္က အလက္ဇန္းဒါး-အာႏိုးလ္ဒ္အစား မီလ္နာနဲ႔ ဟန္ဒါဆန္အစား အဲလီးေယာ့တို႔ ဝင္လာခဲ့ၾကၿပီး ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ညာျခမ္းက ဆာလားတင္ေပးတာကို ႏူးညက္ဇ္ အပိုင္ေခါင္းတိုက္ခြင့္ ရခဲ့ရာမွာ ဂိုးဆီသြားတဲ့ ေဘာလုံးကို ႐ူဘင္ ဒီယက္စ္ လက္နဲ႔ ပုတ္သလိုျဖစ္ခဲ့လို႔ အဝါကတ္နဲ႔ ပင္နယ္တီ ေပးခဲ့ရပါတယ္။

VAR ျပန္ၾကည့္ေနခဲ့ရလို႔ ႏွစ္မိနစ္ေလာက္ အခ်ိန္ကုန္သြားခဲ့အၿပီးမွာ ဒီပင္နယ္တီအခြင့္အေရးကိုေတာ့ ပြဲခ်ိန္ ၈၃ မွာ ပင္တိုင္ကန္သြင္းေနက် မိုဟာမက္ ဆာလားကပဲ ကန္ခဲ့ၿပီး ဂိုးသမား အီဒါဆန္ရဲ႕ ဘယ္ဘက္ေအာက္ေထာင့္ကို အျပင္းကန္သြင္းႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာလည္း ကြင္းလယ္ပိုင္းမွာ အသာစီးရေနတဲ့ လီဗာပူးလ္တို႔ပဲ ဖိကစားခဲ့ၿပီး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ပြဲခ်ိန္ ၈၈ မိနစ္မွာ မန္စီးတီးကြင္းလယ္ကေန ေဘာလုံးလုယူခဲ့တဲ့ ေရာဘတ္ဆန္က ညာျခမ္းကို ခ်ိဳးေပးရင္ ဆာလားရဲ႕ ဂိုးျဖစ္ႏိုင္တဲ့ အခိုက္အတန႔္ကို ကိုယ္တိုင္ ကန္သြင္းခဲ့တာက ဘားေက်ာ္သြားခဲ့လို႔ အီဂ်စ္တိုက္စစ္မႉး ေဒါသထြက္ခဲ့ရၿပီး မိနစ္ ၉၀ အျပည့္မွာ ရလဒ္မေျပာင္းဘဲျဖစ္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ထပ္မံတိုက္စစ္ဆင္ခဲ့ၿပီး ညာျခမ္းက ဆာလားရဲ႕ ျဖတ္တင္ေဘာကို ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္ ေခါင္းတိုက္ခ်ေပးခဲ့ရမွာ ဒါဝင္ ႏူးညက္ဇ္က အနီးကပ္ ထပ္ဆင့္ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ တတိယဂိုး ရရွိခဲ့ၿပီး ေခ်ပဂိုးရဖို႔ ႀကိဳးစားေနခဲ့တဲ့ မန္စီးတီးတို႔ကို ေမွ်ာ္လင့္ခ်က္မဲ့ေစခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အက္ဖ္ေအဖလားခ်န္ပီယံ လီဗာပူးလ္အသင္းက ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး ရာသီဖြင့္ ကန႔္လန႔္ကာတင္ပြဲ ကြန္ျမဴနတီဒိုင္းကို ရယူသြားခဲ့သလို ဂ်င္းလို႔ ေလွာင္ေျပာင္ခံေနရတဲ့ ႏူးညက္ဇ္ကေတာ့ ၿပိဳင္ဘက္ ဟားလန္းထက္ အက်ိဳးျပဳႏိုင္သူလို႔ ဒီေန႔ပြဲမွာ ျပသသြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.