Match Report Premier League

ဆီဗီလာ စိတ်ညစ်အောင် ခြောက်ဂိုးပြတ်နိုင်ပွဲနဲ့ အမ်းမရိတ်ဖလားယူတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အထိုင်ချလာခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ပဲ ဦးစားပေးအနေနဲ့ ပွဲထွက်ခဲ့ကြသလို တိုက်စစ်မှာတော့ ဆာကာ၊ ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ကို ထုတ်သုံးခဲ့တာဖြစ်ပါတယ်။

ဆီဗီလာအသင်းကတော့ ဂိုးသမား ဘိုနို၊ ခံစစ်မှာ ရီကစ်၊ ကာမိုနာ၊ အကူညာနဲ့ ဟေဆူးစ် နာဗက်စ်တို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဖာနန်ဒို၊ အိုလီဗာ တောရက်စ်နဲ့ ရာကီတစ်ချ်တို့ကို အထိုင်ချလာခဲ့ချိန်မှာ တိုက်စစ်မှာတော့ လာမယ်လာ၊ ကိုရိုနာနဲ့ အန်နက်ဆီရီတို့ကို ပွဲထုတ်ခဲ့ပြီး အမ်းမရိတ်ဖလားကို အလည်လာခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဆီဗီလာ ဂိုးဧရိယာထဲမှာ ဘောလုံးရယူတဲ့ ဆာကာကို တစ်ဖက်နောက်ခံလူ ရီကစ်က တွန်းလှဲခံရလို့ ရတဲ့ ပင်နယ်တီကို အင်္ဂလိပ်လူငယ်က သူကိုယ်တိုင်ပဲ ကန်သွင်းပြီး အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရရှိသွားခဲ့ပြီး ဘယ်တောင်ပံကနေ ချာကာ ချိုးပေးတာကို ဂိုးသမားထွက်ဆွဲလို့ ပြန်ကျလာတဲ့ ဘောလုံးကို အသင်းသစ်နဲ့ အမ်းမရိတ်ကွင်းမှာ ပထမဆုံး ကစားခွင့်ရတဲ့ပွဲမှာ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်က လူမှန်နေရာမှန် ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဂျေဆူးစ်ကပဲ အာဆင်နယ်တို့အတွက် တတိယ ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ မာတီနယ်လီရဲ့ ဘယ်တောင်ပံကနေ ဖန်တီးပေးပို့မှုကတစ်ဆင့် နံပါတ် ၉ တိုက်စစ်မှူးက ဆီဗီလာရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဧရိယာထဲက အနီးကပ် လျှောထိုးပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ ဆီဗီလာတို့ စိတ်ပျက်စေမယ့် စတုတ္ထဂိုးကို ရရှိခဲ့ပြီး ဒီဂိုးကိုတော့ နောက်ပြန်ပေးတဲ့ ဘောလုံးကို ခံစစ်နဲ့ ဂိုးသမား ဘိုနိုတို့ လူပေးမှားတာကနေ တိုက်တိုက်ဆိုင်ဆိုင် ညာခြမ်းမှာ မရှိဘဲ ဘယ်ခြမ်းကို နေရာယူပြီး ရောက်ရှိနေခဲ့တဲ့ ဆာကာက ညာခြေနဲ့ ကန်သွင်းသွားခဲ့တာပါ။

ဒီနေ့ပွဲမှာ အာဆင်နယ်အသင်းမှာ မတွေ့ရတာ ကြာနေတဲ့ ပလာတာများပြီး ဂိုးသွင်းဖို့ အကွက်ဆင်နေတဲ့ ပုံစံတွေအစား အမြန်ပေးတဲ့ ပုံစံအပြင် ဂျေဆူးစ်ရဲ့ အချိန်မဆိုင်းဘဲ ကန်သွင်းမှုတွေက အသင်းရဲ့ တိုက်စစ်ကို ပြောင်းလဲစေခဲ့ပြီး ပထမပိုင်းကတော့ လေးဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ဒီလူအတိုင်းပဲ ပြန်လည်ပွဲထွက်လာခဲ့ကြပြီး ကစားပုံကတော့ စိတ်ရှည်လက်ရှည်နဲ့ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းသိမ်းသွားခဲ့သလို စပိန်အသင်းပီပီ ဘောလုံးကိုင်ကစားလာတဲ့ ဆီဗီလာတို့ရဲ့ အမြင့်ဘောနဲ့ တည်ကန်ဘောတွေ အခြေပြု တိုက်စစ်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ခုခံကာကွယ်သွားခဲ့တာပါ။

အာဆင်နယ်နောက်ခံလူ ဆာလီဘာကတော့ အသင်းအတွက် ကစားသမားသစ်တစ်ဦး ခေါ်ယူလိုက်သလိုဖြစ်စေပြီး သူ့ရဲ့ တည်ငြိမ်မှုနဲ့ မာကျောမှုမှာ ဆီဗီလာတိုက်စစ်သမားတွေ အလဲလဲ အကွဲကွဲတွေ ဖြစ်နေခဲ့ချိန်မှာ ကပ္ပတိန်သစ် တရားဝင်ဖြစ်လာတဲ့ အော်ဒီဂွါဒ်ကတော့ ဂိုးရှေ့မှာ လုံလောက်တဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ အဆုံးသတ်မှုတွေ မလုပ်နိုင်ဘဲ အပြုန်းအတီး များနေခဲ့ပါတယ်။

မာတီနယ်လီကတော့ Final Touch တွေမှာ အနည်းငယ် အားနည်းနေသေးသလို ဧရိယာထဲမှာ ကြိုးစားပမ်းစား ဘောလုံးရယူပြီးမှာ နောက်ခံလူတွေရဲ့ ဖိအားကို ခံရပြီး ဘာမှမဖြစ်တတ်တာမျိုးကတော့ သူ့ရဲ့ အားထုတ်မှုနဲ့ Product က မတန်ဘူးလို့ ဆိုရမယ့် အချိန်မှာ တစ်ကိုယ်ကောင်း မဆန်ဘဲ ဖန်တီးပေးပို့ဖို့ ကြိုးစားနေခဲ့တာကတော့ ပရိသတ်တွေ သဘောကျစရာဖြစ်ခဲ့ပါတယ်။

ကွင်းလယ်မှာ ဇင်ချန်ကိုနဲ့ ဘန်ဝှိုက်တို့ရဲ့ Inverted Full Back ပုံစံ ဝင်ရောက်ကစားမှုကြောင့် ချာကာနဲ့ အော်ဒီဂွါဒ်တို့ တောင်ပံတွေနဲ့ ဆီဗီလာ ခံစစ်တန်းကြားမှာ ပိုမိုမွှေနှောက်နိုင်ခဲ့ပြီး ပါတေးရဲ့ အဝေးဘောတွေနဲ့ Through Pass တွေကတော့ အာဆင်နယ်တို့ရဲ့ ကြီးမားတဲ့ တိုးတက်မှုတွေလို့ ဆိုရမှာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ အာဆင်နယ်တို့ ပဉ္စမမြောက်ဂိုးကို ရယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ ဂါဘရီယယ်လ် ပိတ်တဲ့ ဘောလုံးကို ဆီဗီလာ ဂိုးသမား ဘိုနို ကာကွယ်ခဲ့လို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဂျေဆူးစ်က ဘယ်ခြေနဲ့ အဝေးတိုင်ဘက်ကို အလျင်အမြန် ပိတ်သွင်းပြီး သူ့ရဲ့ ဟက်ထရစ်အဖြစ် အမ်းမရိတ်မြေမှာ အဖွင့်လှနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂျေဆူးစ်၊ ဆာကာ၊ ပါတေးနဲ့ ဇင်ချန်ကိုတို့အစား နကီးတီးယား၊ ပေပေ၊ အယ်လ်နန်နီနဲ့ ဆီးဒရစ်တို့ ဝင်ကစားခဲ့ကြပြီး ပွဲချိန် ၈၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ မာတီနယ်လီက တစ်ကိုယ်ကောင်းမဆန်ဘဲ ပေးခဲ့တာကို နကီးတီးယားက ပိတ်သွင်းပြီး ဂိုးဒါဇင်ဝက် ပြည့်စေခဲ့တာပါ။

ဒီဂိုးရအပြီးမှာတော့ မာတီနယ်လီနဲ့ ချာကာတို့ကို နယ်လ်ဆန်၊ ဆမ်ဘီ လိုကွန်ဂါတို့နဲ့ လဲကစားသွားခဲ့ပြီး မကြာခင်မှာပဲ နာကျင်အချိန်ပို သိပ်မရှိတဲ့ ခြေစမ်းပွဲထုံးစံအရ အာဆင်နယ်တို့ ခြောက်ဂိုး-ဂိုးမရှိနဲ့ ဆီဗီလာကို အပြတ်အသတ် အနိုင်ရယူပြီး ဖလော်ရီဒါဖလားအပြီးမှာ အမ်းမရိတ်ဖလားကို ရယူသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အထိုင္ခ်လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ပဲ ဦးစားေပးအေနနဲ႔ ပြဲထြက္ခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဆာကာ၊ ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔ကို ထုတ္သုံးခဲ့တာျဖစ္ပါတယ္။

ဆီဗီလာအသင္းကေတာ့ ဂိုးသမား ဘိုႏို၊ ခံစစ္မွာ ရီကစ္၊ ကာမိုနာ၊ အကူညာနဲ႔ ေဟဆူးစ္ နာဗက္စ္တို႔ကို သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖာနန္ဒို၊ အိုလီဗာ ေတာရက္စ္နဲ႔ ရာကီတစ္ခ်္တို႔ကို အထိုင္ခ်လာခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ လာမယ္လာ၊ ကို႐ိုနာနဲ႔ အန္နက္ဆီရီတို႔ကို ပြဲထုတ္ခဲ့ၿပီး အမ္းမရိတ္ဖလားကို အလည္လာခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဆီဗီလာ ဂိုးဧရိယာထဲမွာ ေဘာလုံးရယူတဲ့ ဆာကာကို တစ္ဖက္ေနာက္ခံလူ ရီကစ္က တြန္းလွဲခံရလို႔ ရတဲ့ ပင္နယ္တီကို အဂၤလိပ္လူငယ္က သူကိုယ္တိုင္ပဲ ကန္သြင္းၿပီး အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရရွိသြားခဲ့ၿပီး ဘယ္ေတာင္ပံကေန ခ်ာကာ ခ်ိဳးေပးတာကို ဂိုးသမားထြက္ဆြဲလို႔ ျပန္က်လာတဲ့ ေဘာလုံးကို အသင္းသစ္နဲ႔ အမ္းမရိတ္ကြင္းမွာ ပထမဆုံး ကစားခြင့္ရတဲ့ပြဲမွာ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္က လူမွန္ေနရာမွန္ ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ေဂ်ဆူးစ္ကပဲ အာဆင္နယ္တို႔အတြက္ တတိယ ဦးေဆာင္ဂိုးကို ရယူေပးႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ မာတီနယ္လီရဲ႕ ဘယ္ေတာင္ပံကေန ဖန္တီးေပးပို႔မႈကတစ္ဆင့္ နံပါတ္ ၉ တိုက္စစ္မႉးက ဆီဗီလာရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ဧရိယာထဲက အနီးကပ္ ေလွ်ာထိုးပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ဆီဗီလာတို႔ စိတ္ပ်က္ေစမယ့္ စတုတၳဂိုးကို ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ခံစစ္နဲ႔ ဂိုးသမား ဘိုႏိုတို႔ လူေပးမွားတာကေန တိုက္တိုက္ဆိုင္ဆိုင္ ညာျခမ္းမွာ မရွိဘဲ ဘယ္ျခမ္းကို ေနရာယူၿပီး ေရာက္ရွိေနခဲ့တဲ့ ဆာကာက ညာေျခနဲ႔ ကန္သြင္းသြားခဲ့တာပါ။

ဒီေန႔ပြဲမွာ အာဆင္နယ္အသင္းမွာ မေတြ႕ရတာ ၾကာေနတဲ့ ပလာတာမ်ားၿပီး ဂိုးသြင္းဖို႔ အကြက္ဆင္ေနတဲ့ ပုံစံေတြအစား အျမန္ေပးတဲ့ ပုံစံအျပင္ ေဂ်ဆူးစ္ရဲ႕ အခ်ိန္မဆိုင္းဘဲ ကန္သြင္းမႈေတြက အသင္းရဲ႕ တိုက္စစ္ကို ေျပာင္းလဲေစခဲ့ၿပီး ပထမပိုင္းကေတာ့ ေလးဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္တို႔ ဒီလူအတိုင္းပဲ ျပန္လည္ပြဲထြက္လာခဲ့ၾကၿပီး ကစားပုံကေတာ့ စိတ္ရွည္လက္ရွည္နဲ႔ ေဘာလုံးပိုင္ဆိုင္မႈကို ထိန္းသိမ္းသြားခဲ့သလို စပိန္အသင္းပီပီ ေဘာလုံးကိုင္ကစားလာတဲ့ ဆီဗီလာတို႔ရဲ႕ အျမင့္ေဘာနဲ႔ တည္ကန္ေဘာေတြ အေျချပဳ တိုက္စစ္ေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ခုခံကာကြယ္သြားခဲ့တာပါ။

အာဆင္နယ္ေနာက္ခံလူ ဆာလီဘာကေတာ့ အသင္းအတြက္ ကစားသမားသစ္တစ္ဦး ေခၚယူလိုက္သလိုျဖစ္ေစၿပီး သူ႔ရဲ႕ တည္ၿငိမ္မႈနဲ႔ မာေက်ာမႈမွာ ဆီဗီလာတိုက္စစ္သမားေတြ အလဲလဲ အကြဲကြဲေတြ ျဖစ္ေနခဲ့ခ်ိန္မွာ ကပၸတိန္သစ္ တရားဝင္ျဖစ္လာတဲ့ ေအာ္ဒီဂြါဒ္ကေတာ့ ဂိုးေရွ႕မွာ လုံေလာက္တဲ့ ဆုံးျဖတ္ခ်က္မ်ိဳးနဲ႔ အဆုံးသတ္မႈေတြ မလုပ္ႏိုင္ဘဲ အျပဳန္းအတီး မ်ားေနခဲ့ပါတယ္။

မာတီနယ္လီကေတာ့ Final Touch ေတြမွာ အနည္းငယ္ အားနည္းေနေသးသလို ဧရိယာထဲမွာ ႀကိဳးစားပမ္းစား ေဘာလုံးရယူၿပီးမွာ ေနာက္ခံလူေတြရဲ႕ ဖိအားကို ခံရၿပီး ဘာမွမျဖစ္တတ္တာမ်ိဳးကေတာ့ သူ႔ရဲ႕ အားထုတ္မႈနဲ႔ Product က မတန္ဘူးလို႔ ဆိုရမယ့္ အခ်ိန္မွာ တစ္ကိုယ္ေကာင္း မဆန္ဘဲ ဖန္တီးေပးပို႔ဖို႔ ႀကိဳးစားေနခဲ့တာကေတာ့ ပရိသတ္ေတြ သေဘာက်စရာျဖစ္ခဲ့ပါတယ္။

ကြင္းလယ္မွာ ဇင္ခ်န္ကိုနဲ႔ ဘန္ဝႈိက္တို႔ရဲ႕ Inverted Full Back ပုံစံ ဝင္ေရာက္ကစားမႈေၾကာင့္ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ ေတာင္ပံေတြနဲ႔ ဆီဗီလာ ခံစစ္တန္းၾကားမွာ ပိုမိုေမႊေႏွာက္ႏိုင္ခဲ့ၿပီး ပါေတးရဲ႕ အေဝးေဘာေတြနဲ႔ Through Pass ေတြကေတာ့ အာဆင္နယ္တို႔ရဲ႕ ႀကီးမားတဲ့ တိုးတက္မႈေတြလို႔ ဆိုရမွာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ပၪၥမေျမာက္ဂိုးကို ရယူႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ဂါဘရီယယ္လ္ ပိတ္တဲ့ ေဘာလုံးကို ဆီဗီလာ ဂိုးသမား ဘိုႏို ကာကြယ္ခဲ့လို႔ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ေဂ်ဆူးစ္က ဘယ္ေျခနဲ႔ အေဝးတိုင္ဘက္ကို အလ်င္အျမန္ ပိတ္သြင္းၿပီး သူ႔ရဲ႕ ဟက္ထရစ္အျဖစ္ အမ္းမရိတ္ေျမမွာ အဖြင့္လွႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေဂ်ဆူးစ္၊ ဆာကာ၊ ပါေတးနဲ႔ ဇင္ခ်န္ကိုတို႔အစား နကီးတီးယား၊ ေပေပ၊ အယ္လ္နန္နီနဲ႔ ဆီးဒရစ္တို႔ ဝင္ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ မာတီနယ္လီက တစ္ကိုယ္ေကာင္းမဆန္ဘဲ ေပးခဲ့တာကို နကီးတီးယားက ပိတ္သြင္းၿပီး ဂိုးဒါဇင္ဝက္ ျပည့္ေစခဲ့တာပါ။

ဒီဂိုးရအၿပီးမွာေတာ့ မာတီနယ္လီနဲ႔ ခ်ာကာတို႔ကို နယ္လ္ဆန္၊ ဆမ္ဘီ လိုကြန္ဂါတို႔နဲ႔ လဲကစားသြားခဲ့ၿပီး မၾကာခင္မွာပဲ နာက်င္အခ်ိန္ပို သိပ္မရွိတဲ့ ေျခစမ္းပြဲထုံးစံအရ အာဆင္နယ္တို႔ ေျခာက္ဂိုး-ဂိုးမရွိနဲ႔ ဆီဗီလာကို အျပတ္အသတ္ အႏိုင္ရယူၿပီး ဖေလာ္ရီဒါဖလားအၿပီးမွာ အမ္းမရိတ္ဖလားကို ရယူသြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.