Premier League

ပရိသတ်တွေကိုယ်တိုင်က ရောင်းထုတ်လိုက်တော့လို့ တောင်းဆိုတာခံနေရတဲ့ လီဗာပူးလ်ကြယ်ပွင့်

လီဗာပူးလ်အသင်း ပရိသတ်တွေ ချိန်ဘာလိန်ရဲ့ နောက်ဆုံး ဒဏ်ရာရသတင်းနဲ့ပတ်သက်ပြီး အလွန်အမင်း စိတ်ပျက်နေမှုကို ထုတ်ဖော် ပြသခဲ့ကြပါတယ်။

အသက် ၂၈ နှစ်အရွယ် တောင်ပံကစားသမားဟာ ရာသီကြိုကာလအတွင်း ပြင်းထန်တဲ့ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ၂ လကနေ ၃ လအထိ အနားယူရမှာဖြစ်တယ်လို့ The Athletic ဂျာနယ်လစ် ဂျိမ်းစ် ပီးယာ့စ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ချိန်ဘာလိန်ဟာ ၂၀၁၇ ခုနှစ်မှာ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက လီဗာပူးလ်အသင်းအတွက် ၁၃၃ ပွဲ ပါဝင်ကစားပေးခဲ့ပေမယ့် အန်းဖီးမှာရှိနေခဲ့တဲ့ အချိန်တော်တော်များများဟာ ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၀ သာ ကစားပေးနိုင်ခဲ့သူဖြစ်ပြီး အန်းဖီးမှာ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းဟာ ၁ နှစ် ကျန်ရှိနေသေးတာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ၂၀၁၉ ခုနှစ်ကတည်းက ဒဏ်ရာပြဿနာတွေကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့် မရရှိတော့သူဖြစ်ပြီး လီဗာပူးလ်မှာလည်း ဟန်ဒါဆန်၊ နာဘီ ကီးတား၊ သီယေဂို အယ်လ်ကန်တာရာတို့ရဲ့နောက်မှာ ပွဲထွက်ခွင့်ရရှိနေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးကြံ့ခိုင်မှု အခြေအနေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ လီဗာပူးလ်ပရိသတ်တွေဟာ ကွင်းလယ်ကြယ်ပွင့်အတွက် ရှေ့ဘာဆက်ဖြစ်မလဲဆိုတာကို တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဆွေးနွေးခဲ့ကြပြီး အများစုကတော့ ဒီနောက်ဆုံးဒဏ်ရာပြဿနာဟာ ချိန်ဘာလိန်ရဲ့ လီဗာပူးလ်ကစားသမားဘဝ အဆုံးသတ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

“အစောကြီးကတည်းက ရောင်းထုတ်ခဲ့သင့်တာ။ အလကား လစာဖြုန်းတီးနေသလိုပဲ”လို့ လီဗာပူးလ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း “သူ ကြံ့ခိုင်မှု ပြည့်ဝနေရင်တောင်မှ ပွဲကစားချိန် ရနိုင်မှာ မဟုတ်တော့ဘူး။ သူ့ရဲ့ လီဗာပူးလ်ကစားသမားဘဝက ပြီးသွားပြီ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္း ပရိသတ္ေတြ ခ်ိန္ဘာလိန္ရဲ႕ ေနာက္ဆုံး ဒဏ္ရာရသတင္းနဲ႔ပတ္သက္ၿပီး အလြန္အမင္း စိတ္ပ်က္ေနမႈကို ထုတ္ေဖာ္ ျပသခဲ့ၾကပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ရာသီႀကိဳကာလအတြင္း ျပင္းထန္တဲ့ တံေကာက္ေၾကာဒဏ္ရာျပႆနာေၾကာင့္ ၂ လကေန ၃ လအထိ အနားယူရမွာျဖစ္တယ္လို႔ The Athletic ဂ်ာနယ္လစ္ ဂ်ိမ္းစ္ ပီးယာ့စ္ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ခ်ိန္ဘာလိန္ဟာ ၂၀၁၇ ခုႏွစ္မွာ အာဆင္နယ္အသင္းကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက လီဗာပူးလ္အသင္းအတြက္ ၁၃၃ ပြဲ ပါဝင္ကစားေပးခဲ့ေပမယ့္ အန္းဖီးမွာရွိေနခဲ့တဲ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားဟာ ဒဏ္ရာျပႆနာေတြရဲ႕ ႏွိပ္စက္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ၂ ရာသီအတြင္း လီဗာပူးလ္အတြက္ ပရီးမီးယားလိဂ္ပြဲေပါင္း ၃၀ သာ ကစားေပးႏိုင္ခဲ့သူျဖစ္ၿပီး အန္းဖီးမွာ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္သက္တမ္းဟာ ၁ ႏွစ္ က်န္ရွိေနေသးတာျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ၂၀၁၉ ခုႏွစ္ကတည္းက ဒဏ္ရာျပႆနာေတြေၾကာင့္ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ပါဝင္ကစားခြင့္ မရရွိေတာ့သူျဖစ္ၿပီး လီဗာပူးလ္မွာလည္း ဟန္ဒါဆန္၊ နာဘီ ကီးတား၊ သီေယဂို အယ္လ္ကန္တာရာတို႔ရဲ႕ေနာက္မွာ ပြဲထြက္ခြင့္ရရွိေနခဲ့တာ ျဖစ္ပါတယ္။

ေနာက္ဆုံးႀကံ့ခိုင္မႈ အေျခအေန ထြက္ေပၚလာၿပီးေနာက္ပိုင္းမွာ လီဗာပူးလ္ပရိသတ္ေတြဟာ ကြင္းလယ္ၾကယ္ပြင့္အတြက္ ေရွ႕ဘာဆက္ျဖစ္မလဲဆိုတာကို တြစ္တာ လူမႈကြန္ရက္ေပၚမွာ ေဆြးေႏြးခဲ့ၾကၿပီး အမ်ားစုကေတာ့ ဒီေနာက္ဆုံးဒဏ္ရာျပႆနာဟာ ခ်ိန္ဘာလိန္ရဲ႕ လီဗာပူးလ္ကစားသမားဘဝ အဆုံးသတ္ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနၾကတာျဖစ္ပါတယ္။

“အေစာႀကီးကတည္းက ေရာင္းထုတ္ခဲ့သင့္တာ။ အလကား လစာျဖဳန္းတီးေနသလိုပဲ”လို႔ လီဗာပူးလ္ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “သူ ႀကံ့ခိုင္မႈ ျပည့္ဝေနရင္ေတာင္မွ ပြဲကစားခ်ိန္ ရႏိုင္မွာ မဟုတ္ေတာ့ဘူး။ သူ႔ရဲ႕ လီဗာပူးလ္ကစားသမားဘဝက ၿပီးသြားၿပီ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.