La Liga Premier League

ရော်နယ်လ်ဒိုကို ဘယ်လောက်အထိ မုန်းတီးလဲဆိုတာ ပြသခဲ့တဲ့ အက်သလက်တီကို ပရိသတ်များ

အက်သလက်တီကို မက်ဒရစ်ပရိသတ်တွေဟာ ၎င်းတို့အသင်းနဲ့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး နူမန်စီယာနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ၎င်းတို့ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

ဒီယေဂို ဆီမီယွန်နီအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ယခုနွေရာသီမှာ ထွက်ခွာချင်နေတဲ့ ပေါ်တူဂီကြယ်ပွင့်နဲ့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ လာမယ့်လတွေမှာ ချန်ပီယံလိဂ်ကစားချင်နေတာကြောင့် အိုးထရက်ဖို့ဒ်မှာ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်မနေချင်တော့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့အင်္ဂါနေ့နံနက်မှာ ၎င်းရဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်နဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်ဟာ ၎င်းရဲ့ ကစားသမားကို အသင်းပြောင်းရွှေ့နိုင်အောင် အကောင်းဆုံးကြိုးပမ်းနေတာဖြစ်ပြီး ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီအသင်းတို့က ပေါ်တူဂီကြယ်ပွင့်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပြီးနောက် လက်ရှိမှာတော့ အက်သလက်တီကို မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ မျှော်လင့်ချက်ကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပုံပေါ်ပါတယ်။

မကြာသေးမီက စပိန်ရေဒီယိုဌာန Cerezo နဲ့ အင်တာဗျူးမှာ အက်သလက်တီကို မက်ဒရစ်ဥက္ကဌ အန်းနရစ် ဆီရီဇိုက မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူမယ့်ကိစ္စဟာ မဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရော်နယ်လ်ဒို အက်သလက်တီကို မက်ဒရစ်ကို ပြောင်းရွှေ့မယ့် ကိစ္စနဲ့ပတ်သက်ပြီး ဒီဇာတ်လမ်းကို ဘယ်သူ စထွင်လိုက်လဲဆိုတာ ကျွန်တော် မသိပါဘူး။ အဲဒါက မဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ဥက္ကဌနည်းတူ ပရိသတ်တွေကလည်း ဗုဒ္ဓဟူးနေ့က စပိန်တတိယတန်းအသင်းဖြစ်တဲ့ နူမန်စီယာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ‘CR7 ကို မကြိုဆိုဘူး’ဆိုတဲ့ စာတမ်းကို ဂိုးအနောက်ဘက်မှာ ချိတ်ဆွဲထားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းကို ဘယ်လောက်အထိ ခါးခါးသီးသီး မုန်းတီးနေလဲဆိုတာကို ပြသခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္သလက္တီကို မက္ဒရစ္ပရိသတ္ေတြဟာ ၎တို႔အသင္းနဲ႔ ေကာလာဟလေတြ ထြက္ေပၚေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ႏူမန္စီယာနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ၎တို႔ရဲ႕ ခံစားခ်က္ကို ထုတ္ေဖာ္ျပသခဲ့တာျဖစ္ပါတယ္။

ဒီေယဂို ဆီမီယြန္နီအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ယခုေႏြရာသီမွာ ထြက္ခြာခ်င္ေနတဲ့ ေပၚတူဂီၾကယ္ပြင့္နဲ႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနတာျဖစ္ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လာမယ့္လေတြမွာ ခ်န္ပီယံလိဂ္ကစားခ်င္ေနတာေၾကာင့္ အိုးထရက္ဖို႔ဒ္မွာ စာခ်ဳပ္သက္တမ္းကုန္တဲ့အထိ ဆက္မေနခ်င္ေတာ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့အဂၤါေန႔နံနက္မွာ ၎ရဲ႕ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္နဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္အသင္းတာဝန္ရွိသူေတြနဲ႔ ေျပာဆိုေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္ဟာ ၎ရဲ႕ ကစားသမားကို အသင္းေျပာင္းေ႐ႊ႕ႏိုင္ေအာင္ အေကာင္းဆုံးႀကိဳးပမ္းေနတာျဖစ္ၿပီး ခ်ဲလ္ဆီး၊ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီအသင္းတို႔က ေပၚတူဂီၾကယ္ပြင့္ကို ေခၚယူႏိုင္မယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ အက္သလက္တီကို မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ ေမွ်ာ္လင့္ခ်က္ကလည္း ေပ်ာက္ကြယ္သြားခဲ့ၿပီ ျဖစ္ပုံေပၚပါတယ္။

မၾကာေသးမီက စပိန္ေရဒီယိုဌာန Cerezo နဲ႔ အင္တာဗ်ဴးမွာ အက္သလက္တီကို မက္ဒရစ္ဥကၠဌ အန္းနရစ္ ဆီရီဇိုက မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ကို ေခၚယူမယ့္ကိစၥဟာ မျဖစ္ႏိုင္တဲ့ကိစၥျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေရာ္နယ္လ္ဒို အက္သလက္တီကို မက္ဒရစ္ကို ေျပာင္းေ႐ႊ႕မယ့္ ကိစၥနဲ႔ပတ္သက္ၿပီး ဒီဇာတ္လမ္းကို ဘယ္သူ စထြင္လိုက္လဲဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ အဲဒါက မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ဥကၠဌနည္းတူ ပရိသတ္ေတြကလည္း ဗုဒၶဟူးေန႔က စပိန္တတိယတန္းအသင္းျဖစ္တဲ့ ႏူမန္စီယာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ‘CR7 ကို မႀကိဳဆိုဘူး’ဆိုတဲ့ စာတမ္းကို ဂိုးအေနာက္ဘက္မွာ ခ်ိတ္ဆြဲထားခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းကို ဘယ္ေလာက္အထိ ခါးခါးသီးသီး မုန္းတီးေနလဲဆိုတာကို ျပသခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.