Premier League

ဝရက်စ်ဟမ်းကို ဂိုးပြတ်သိပ်တဲ့ မန်ယူနိုက်တက်နဲ့ ဆဲလ်ဘတ်ကို မနိုင်တဲ့ လီဗာပူးလ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့ညနေက ယမန်နေ့ညနေက ပရီးမီးယားလိဂ်ရာသီမစတင်ခင် သွေးပူလေ့ကျင့်ရေးပြုလုပ်တဲ့အနေနဲ့ ဝရက်စ်ဟမ်းနဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တံခါးပိတ် ခြေစမ်းပွဲမှာ နည်းပြသစ် တန်ဟက်ဂ်ကို အထင်ကြီးအောင် လုပ်ပြဖို့ ပွဲကစားချိန်မရခဲ့တဲ့ ကစားသမားတွေနဲ့ ကစားသမားသစ်တွေကို ပွဲထုတ်ခဲ့တာဖြစ်ပြီး အဲရစ်ဆင်နဲ့ မာတီနက်ဇ်တို့လည်း ပွဲကစားချိန်အချို့ ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝရက်စ်ဟမ်းနဲ့ပွဲမှာ စီနီယာနဲ့ လူငယ်ကစားသမားတွေကို ပေါင်းစပ်ပွဲထုတ်ခဲ့တာဖြစ်ပြီး ကိုဗား၊ ဝမ်-ဘစ်ဆာကာ၊ ဘိုင်လီ၊ မာတီနက်ဇ်၊ မာလာစီယာ၊ ဂျိမ်းစ် ဂါနာ၊ ဗန်ဒီဘိခ်၊ ပယ်လီစထရီ၊ အဲရစ်ဆင်၊ အာမက်၊ မာစီယယ်လ်တို့ ပွဲထွက်ကစားပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် အဲရစ်ဆင်က အလွတ်တည်ကန်ဘောကနေ တိုက်ရိုက် ဂိုးကန်သွင်းပေးသွားခဲ့ပြီး ဂါနာချို၊ အာမက်၊ အဲလက်စ် တဲလက်စ်တို့လည်း ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြတာကြောင့် မန်ချက်စတာယူနိုက်တက်က ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ လီဗာပူးလ်အသင်းဟာ ဆဲလ်ဘတ်နဲ့ ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပြီး ကလော့ပ်ရဲ့အသင်းဟာ တိုက်စစ်မှာ ဒါဝင် နူးညက်ဇ်၊ အဲလီးယော့တ်၊ ကာဗယ်လ်ဟို၊ နာဘီ ကီးတား၊ ဘတ်ဆက်တစ်၊ ဂျုံးစ်၊ မီလ်နာ၊ ကိုနာတေ၊ ဂိုးမက်ဇ်၊ မာဘာယာ၊ အေဒရီယန်တို့နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

ရက်ဘူးလ် ဆဲလ်ဘတ်အသင်းဟာ ပထမပိုင်း ၃၅ မိနစ်မှာ ဘင်ဂျမင် ဆက်စ်ကို သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ဒုတိယပိုင်းမှာ ပထမအသင်းအဓိကပွဲထွက်ကစားသမားတွေဖြစ်တဲ့ ဖာမီနို၊ ရောဘတ်ဆန်၊ အလက်ဇန္ဒား-အာနိုး၊ ဆာလား၊ ဗန်ဒိုက်၊ မာတစ်ပ်၊ ဖာဘင်ညို၊ လူးဝစ္စ ဒီယက်ဇ်၊ သီယေဂို အယ်လ်ကန်တာရာ၊ ဂျော်ဒန် ဟန်ဒါဆန်တို့ကို ထည့်သွင်းခဲ့ပေမယ့် ဆေးမမီလိုက်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယမန္ေန႔ညေနက ယမန္ေန႔ညေနက ပရီးမီးယားလိဂ္ရာသီမစတင္ခင္ ေသြးပူေလ့က်င့္ေရးျပဳလုပ္တဲ့အေနနဲ႔ ဝရက္စ္ဟမ္းနဲ႔ တံခါးပိတ္ ေျခစမ္းပြဲ ကစားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တံခါးပိတ္ ေျခစမ္းပြဲမွာ နည္းျပသစ္ တန္ဟက္ဂ္ကို အထင္ႀကီးေအာင္ လုပ္ျပဖို႔ ပြဲကစားခ်ိန္မရခဲ့တဲ့ ကစားသမားေတြနဲ႔ ကစားသမားသစ္ေတြကို ပြဲထုတ္ခဲ့တာျဖစ္ၿပီး အဲရစ္ဆင္နဲ႔ မာတီနက္ဇ္တို႔လည္း ပြဲကစားခ်ိန္အခ်ိဳ႕ ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဝရက္စ္ဟမ္းနဲ႔ပြဲမွာ စီနီယာနဲ႔ လူငယ္ကစားသမားေတြကို ေပါင္းစပ္ပြဲထုတ္ခဲ့တာျဖစ္ၿပီး ကိုဗား၊ ဝမ္-ဘစ္ဆာကာ၊ ဘိုင္လီ၊ မာတီနက္ဇ္၊ မာလာစီယာ၊ ဂ်ိမ္းစ္ ဂါနာ၊ ဗန္ဒီဘိခ္၊ ပယ္လီစထရီ၊ အဲရစ္ဆင္၊ အာမက္၊ မာစီယယ္လ္တို႔ ပြဲထြက္ကစားေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အတြက္ အဲရစ္ဆင္က အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ ဂိုးကန္သြင္းေပးသြားခဲ့ၿပီး ဂါနာခ်ိဳ၊ အာမက္၊ အဲလက္စ္ တဲလက္စ္တို႔လည္း ဂိုးေတြ အသီးသီး သြင္းယူေပးခဲ့ၾကတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္က ၄-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ လီဗာပူးလ္အသင္းဟာ ဆဲလ္ဘတ္နဲ႔ ေျခစမ္းပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ၁-၀ နဲ႔ ရႈံးနိမ့္သြားခဲ့ၿပီး ကေလာ့ပ္ရဲ႕အသင္းဟာ တိုက္စစ္မွာ ဒါဝင္ ႏူးညက္ဇ္၊ အဲလီးေယာ့တ္၊ ကာဗယ္လ္ဟို၊ နာဘီ ကီးတား၊ ဘတ္ဆက္တစ္၊ ဂ်ဳံးစ္၊ မီလ္နာ၊ ကိုနာေတ၊ ဂိုးမက္ဇ္၊ မာဘာယာ၊ ေအဒရီယန္တို႔နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

ရက္ဘူးလ္ ဆဲလ္ဘတ္အသင္းဟာ ပထမပိုင္း ၃၅ မိနစ္မွာ ဘင္ဂ်မင္ ဆက္စ္ကို သြင္းယူခဲ့တဲ့ တစ္လုံးတည္းေသာ အႏိုင္ဂိုးေၾကာင့္ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းက ဒုတိယပိုင္းမွာ ပထမအသင္းအဓိကပြဲထြက္ကစားသမားေတြျဖစ္တဲ့ ဖာမီႏို၊ ေရာဘတ္ဆန္၊ အလက္ဇႏၵား-အာႏိုး၊ ဆာလား၊ ဗန္ဒိုက္၊ မာတစ္ပ္၊ ဖာဘင္ညိဳ၊ လူးဝစၥ ဒီယက္ဇ္၊ သီေယဂို အယ္လ္ကန္တာရာ၊ ေဂ်ာ္ဒန္ ဟန္ဒါဆန္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ ေဆးမမီလိုက္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.