Premier League

ကစားသမားတွေအကုန်ရောင်းပြီး မင်းလည်း လစ်တော့လို အပြောခံခဲ့ရတဲ့ ကလော့ပ်

လီဗာပူးလ်အသင်းဟာ ဗုဒ္ဓဟူးနေ့က ဆဲလ်ဘတ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး အဲဒီရလဒ်ဟာ လီဗာပူးလ်ပရိသတ်တွေအတွက် ဒေါသပေါက်ကွဲစရာဖြစ်ခဲ့ပါတယ်။

ဘင်ဂျမင် ဆက်စ်ကိုဟာ ဗုဒ္ဓဟူးနေ့ညမှာ ဂိုးပေါက်ရှာတွေ့ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ယခုနွေရာသီ ရာသီကြိုကာလမှာ ဒုတိယမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ကလော့ပ်ရဲ့ အသင်းဟာ ခရစ္စတယ် ပဲလေ့စ်၊ လိုက်ပ်ဇစ်တို့နဲ့ပွဲစဉ်မှာ စုစုပေါင်း ၇ ဂိုးသွင်း၊ ပေးဂိုးမရှိဘဲ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဆဲလ်ဘတ်နဲ့ပွဲစဉ်မှာတော့ ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်နဲ့ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ဟာ ပထမပိုင်းကို တော်တော်လေး အားနည်းတဲ့အသင်းနဲ့ ပွဲထွက်စေခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၃၀ ရက်နေ့ မန်စီးတီးနဲ့ ကစားမယ့် ကွန်မြူနတီဒိုင်းလုပွဲအတွက် လူချန်ထားခဲ့တာလို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ပထမအသင်းကစားသမားအများအပြား လူစားဝင်ကစားလာခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းဟာ ထူးမခြားနား ဖြစ်နေခဲ့တာဖြစ်ပြီး ချေပဂိုး တစ်ဂိုးတောင် ပြန်လည်မသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်ပရိသတ်တွေဟာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဒေါသအမျက် ချောင်းချောင်းထွက်ခဲ့ကြပြီး အချို့ဆိုရင် လီဗာပူးလ်ရဲ့ စွမ်းဆောင်ရည်ဟာ ကျက်သရေကင်းမဲ့မှုလို့တောင် ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အခြားလီဗာပူးလ်ပရိသတ်တွေကလည်း ကလော့ပ်ထွက်ဆိုတဲ့ Hashtag ကို လူအများကြား ရေပန်းစားအောင် ထည့်သွင်းခဲ့ကြပြီး ယာဂန် ကလော့ပ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့တောင် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

လိုက်ပ်ဇစ်နဲ့ ပွဲမှာ ၄၅ မိနစ်အတွင်း ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဒါဝင် နူးညက်ဇ်ကလည်း ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း ဂိုးပေါက်ရှာမတွေ့ခဲ့တာဖြစ်ပြီး ပရိသတ်တွေက ဥရုဂွေးတိုက်စစ်မှူးကိုလည်း အသင်းက ထွက်တော့လို့ ပြောဆိုခဲ့သလို ဘင်ဖီကာတိုက်စစ်မှူးအစား ဘယ်လင်ဟမ် သို့မဟုတ် အမ်ဘာပေကိုခေါ်ခဲ့ရမှာလို့ ပြစ်တင်ခဲ့ပါတယ်။

“ရာသီကြိုကာလမှာတောင် ဒီလိုမျိုး စုတ်ပြတ်သပ်နေရင် လာမယ့်နွေရာသီမှာ ဘန်ကောက်က ကိတ်မုန့်ဖလားတောင် ရတော့မှာမဟုတ်ဘူး”လို့ လီဗာပူးလ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ကစားသမားတွေက ကောင်းသင့်သလောက် မကောင်းဘူး။ နူးညက်ဇ်က ချီးထုပ်ပဲ။ အမ်ဘာပေနဲ့ ဘယ်လင်ဟမ်တို့လိုမျိုး လူငယ်ကစားသမားတွေ ခေါ်ခဲ့ရမှာ။ ခုတော့ လုံးဝကို သုံးစားမရဘူး။ ဆာလားကလည်း တစ်ပတ်လုပ်ခလစာ ပေါင် ၄ သိန်းနဲ့ အပန်းဖြေခရီးထွက်နေပုံပဲ။ ထရင့်ကလည်း သူ့စတိုင်လ်ပျက်မှာကို ပိုဂရုစိုက်နေတယ်။ ယာဂန်ကိုလည်း အာရပ်တွေဆီ ရောင်းစားဖို့ လိုနေပြီထင်တယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ဗုဒၶဟူးေန႔က ဆဲလ္ဘတ္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး အဲဒီရလဒ္ဟာ လီဗာပူးလ္ပရိသတ္ေတြအတြက္ ေဒါသေပါက္ကြဲစရာျဖစ္ခဲ့ပါတယ္။

ဘင္ဂ်မင္ ဆက္စ္ကိုဟာ ဗုဒၶဟူးေန႔ညမွာ ဂိုးေပါက္ရွာေတြ႕ခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ ယခုေႏြရာသီ ရာသီႀကိဳကာလမွာ ဒုတိယေျမာက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၄-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ကေလာ့ပ္ရဲ႕ အသင္းဟာ ခရစၥတယ္ ပဲေလ့စ္၊ လိုက္ပ္ဇစ္တို႔နဲ႔ပြဲစဥ္မွာ စုစုေပါင္း ၇ ဂိုးသြင္း၊ ေပးဂိုးမရွိဘဲ အေကာင္းဆုံးပုံစံနဲ႔ ျပန္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဗုဒၶဟူးေန႔ညက ကစားခဲ့တဲ့ ဆဲလ္ဘတ္နဲ႔ပြဲစဥ္မွာေတာ့ ဂိုးေပါက္ကန္သြင္းမႈ ၇ ႀကိမ္နဲ႔ ေဘာလုံးပိုင္ဆိုင္မႈ ၇၅ ရာခိုင္ႏႈန္းအထိ ရွိခဲ့ေပမယ့္လည္း အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္ဟာ ပထမပိုင္းကို ေတာ္ေတာ္ေလး အားနည္းတဲ့အသင္းနဲ႔ ပြဲထြက္ေစခဲ့တာျဖစ္ၿပီး လာမယ့္ ဇူလိုင္လ ၃၀ ရက္ေန႔ မန္စီးတီးနဲ႔ ကစားမယ့္ ကြန္ျမဴနတီဒိုင္းလုပြဲအတြက္ လူခ်န္ထားခဲ့တာလို႔ ယူဆရပါတယ္။

ဒါေပမယ့္လည္း ဒုတိယပိုင္းမွာ ပထမအသင္းကစားသမားအမ်ားအျပား လူစားဝင္ကစားလာခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္းဟာ ထူးမျခားနား ျဖစ္ေနခဲ့တာျဖစ္ၿပီး ေခ်ပဂိုး တစ္ဂိုးေတာင္ ျပန္လည္မသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ လီဗာပူးလ္ပရိသတ္ေတြဟာ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေဒါသအမ်က္ ေခ်ာင္းေခ်ာင္းထြက္ခဲ့ၾကၿပီး အခ်ိဳ႕ဆိုရင္ လီဗာပူးလ္ရဲ႕ စြမ္းေဆာင္ရည္ဟာ က်က္သေရကင္းမဲ့မႈလို႔ေတာင္ ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အျခားလီဗာပူးလ္ပရိသတ္ေတြကလည္း ကေလာ့ပ္ထြက္ဆိုတဲ့ Hashtag ကို လူအမ်ားၾကား ေရပန္းစားေအာင္ ထည့္သြင္းခဲ့ၾကၿပီး ယာဂန္ ကေလာ့ပ္ကို နည္းျပရာထူးကေန ထုတ္ပယ္ဖို႔ေတာင္ ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

လိုက္ပ္ဇစ္နဲ႔ ပြဲမွာ ၄၅ မိနစ္အတြင္း ၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ဒါဝင္ ႏူးညက္ဇ္ကလည္း ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ခဲ့ေပမယ့္လည္း ဂိုးေပါက္ရွာမေတြ႕ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြက ဥ႐ုေဂြးတိုက္စစ္မႉးကိုလည္း အသင္းက ထြက္ေတာ့လို႔ ေျပာဆိုခဲ့သလို ဘင္ဖီကာတိုက္စစ္မႉးအစား ဘယ္လင္ဟမ္ သို႔မဟုတ္ အမ္ဘာေပကိုေခၚခဲ့ရမွာလို႔ ျပစ္တင္ခဲ့ပါတယ္။

“ရာသီႀကိဳကာလမွာေတာင္ ဒီလိုမ်ိဳး စုတ္ျပတ္သပ္ေနရင္ လာမယ့္ေႏြရာသီမွာ ဘန္ေကာက္က ကိတ္မုန႔္ဖလားေတာင္ ရေတာ့မွာမဟုတ္ဘူး”လို႔ လီဗာပူးလ္ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ကစားသမားေတြက ေကာင္းသင့္သေလာက္ မေကာင္းဘူး။ ႏူးညက္ဇ္က ခ်ီးထုပ္ပဲ။ အမ္ဘာေပနဲ႔ ဘယ္လင္ဟမ္တို႔လိုမ်ိဳး လူငယ္ကစားသမားေတြ ေခၚခဲ့ရမွာ။ ခုေတာ့ လုံးဝကို သုံးစားမရဘူး။ ဆာလားကလည္း တစ္ပတ္လုပ္ခလစာ ေပါင္ ၄ သိန္းနဲ႔ အပန္းေျဖခရီးထြက္ေနပုံပဲ။ ထရင့္ကလည္း သူ႔စတိုင္လ္ပ်က္မွာကို ပိုဂ႐ုစိုက္ေနတယ္။ ယာဂန္ကိုလည္း အာရပ္ေတြဆီ ေရာင္းစားဖို႔ လိုေနၿပီထင္တယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.