Premier League

၁၄ နှစ်သားကတည်းက အိမ်ကထွက်ပြီး ရုန်းခဲ့ရတယ်လို့ ဘဝဇာတ်ကြောင်းခင်းပြခဲ့တဲ့ မာတီနက်ဇ်

မန်ချက်စတာယူနိုက်တက် ကစားသမားသစ် လီဆန်ဒရို မာတီနက်ဇ်ဟာ အာဂျင်တီးနားမှာ ခက်ခဲကြမ်းတမ်းစွာ ကြီးပြင်းခဲ့ရပြီး ၎င်းပိုင်ဆိုင်သမျှ အရာအားလုံးအတွက် တိုက်ပွဲဝင်ဖို့ လေ့လာသင်ယူခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

နေရာစုံကစားနိုင်တဲ့ အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ အိုင်းယက်စ်အသင်းကနေ ကနဦး ပေါင် ၄၈ သန်းဝန်းကျင်နဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်နောက်ခံကစားသမားက ဗဟိုခံစစ်နေရာမှာ ကစားမယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့် ကွင်းလယ်နဲ့ နောက်ခံတောင်ပံနေရာမှာလည်း ကစားပေးနိုင်သူဖြစ်ပြီး နည်းပြ တန်ဟက်ဂ်ဟာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ အရည်အချင်းတွေအားလုံးကို ဒတ်ချ်လိဂ်မှာကတည်းက သိရှိခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်ပရိသတ်အများစုအတွက် မျက်နှာသစ်ကစားသမားဖြစ်ပေမယ့် နယ်သာလန်မှာတော့ အမ်စတာဒမ် သားသတ်သမားလို့ အမည်ရတဲ့ နာမည်ပြောင်နဲ့ ဂုဏ်သတင်း ကျော်စောခဲ့သူ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားသစ်က ၎င်းအနေနဲ့ တိုက်ခိုက်တတ်အောင် အမြဲတမ်း ကြိုတင်ပြင်ဆင်ခဲ့ရတယ်လို့ ရှင်းပြခဲ့ပြီး ကွင်းပြင်ပ အိမ်အပြန်ခရီးမှာလည်း လိုအပ်တယ်ဆိုရင် တိုက်ခိုက်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းက စိတ်ဆန္ဒပြင်းပြမှုအများအပြားနဲ့ပါ။ အထူးသဖြင့် ဘောလုံးမှာပေါ့။ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် အသက် ၁၄ နှစ်သားအရွယ်မှာ အိမ်ကို စွန့်ခွာခဲ့ရတယ်။ အဲဒီတော့ ခင်ဗျားဘာသာဘဲ ခင်ဗျား တာဝန်ယူထိန်းကျောင်းရမှာပါ။ အသက် ၁၄ နှစ်အရွယ်မှာ ခင်ဗျား ယောင်္ကျားကြီးတစ်ယောက်ဖြစ်နေရမှာပါ”

“ပြီးတော့ ခင်ဗျား အရာအားလုံးအတွက် တိုက်ပွဲဝင်ရမှာပါ။ ခင်ဗျား အစားအသောက်အတွက်၊ မိသားစုအတွက်၊ အသင်းအတွက် တိုက်ပွဲဝင်ရမှာပါ။ ပြီးတော့ ခင်ဗျား အများကြီး လေ့လာသင်ယူခဲ့ရတယ်။ ဘဝဆိုတာ ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းလဲဆိုတာပေါ့”

မာတီနက်ဇ်က ပရိသတ်တွေနဲ့ အသင်းဖော်သစ်တွေက ၎င်းဆီကနေ အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားမှုကို မျှော်မှန်းနိုင်တယ်လို့ ကတိပေးခဲ့ပြီး အိုင်းယက်စ်ကြယ်ပွင့်ဟောင်းဟာ အိုးထရက်ဖို့ဒ်က ပရိသတ်တွေရဲ့ အထင်ကြီးမှုကို ခံထားရပြီးဖြစ်ပါတယ်။

“ကျွန်တော် ပွဲစဉ်တိုင်း ၁၀၀ ရာခိုင်နှုန်း ပေးသွားမှာပါ။ လေ့ကျင့်ရေးအစီအစဉ်မှာရောပါပဲ။ သေချာတာတော့ အသင်းအတွက်လည်း ကျွန်တော်တို့ လုပ်သွားမျာပါ။ ကျွန်တော်တို့ အသင်းအဖွဲ့အနေနဲ့ ကစားသွားမှာပါ။ သေချာတာတော့ ကျွန်တော် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို သိတယ်”

“ကျွန်တော် ဗီဒီယိုတွေ ကြည့်ခဲ့ပြီး ပွဲတစ်ပွဲကို ကြည့်ခဲ့တဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက အရမ်းစိတ်ဆန္ဒပြင်းပြပါတယ်။ တခြား တွေးမိတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီလို စိတ်ဆန္ဒပြင်းပြတာကို နှစ်သက်တယ်။ ဘာလို့လဲဆိုတော့ ဘောလုံးက စိတ်ဆန္ဒပြင်းပြဖို့ လိုတဲ့အရာဖြစ်နေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္ ကစားသမားသစ္ လီဆန္ဒ႐ို မာတီနက္ဇ္ဟာ အာဂ်င္တီးနားမွာ ခက္ခဲၾကမ္းတမ္းစြာ ႀကီးျပင္းခဲ့ရၿပီး ၎ပိုင္ဆိုင္သမွ် အရာအားလုံးအတြက္ တိုက္ပြဲဝင္ဖို႔ ေလ့လာသင္ယူခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေနရာစုံကစားႏိုင္တဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ အိုင္းယက္စ္အသင္းကေန ကနဦး ေပါင္ ၄၈ သန္းဝန္းက်င္နဲ႔ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္ေနာက္ခံကစားသမားက ဗဟိုခံစစ္ေနရာမွာ ကစားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရေပမယ့္ ကြင္းလယ္နဲ႔ ေနာက္ခံေတာင္ပံေနရာမွာလည္း ကစားေပးႏိုင္သူျဖစ္ၿပီး နည္းျပ တန္ဟက္ဂ္ဟာ အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ အရည္အခ်င္းေတြအားလုံးကို ဒတ္ခ်္လိဂ္မွာကတည္းက သိရွိခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ ပရီးမီးယားလိဂ္ပရိသတ္အမ်ားစုအတြက္ မ်က္ႏွာသစ္ကစားသမားျဖစ္ေပမယ့္ နယ္သာလန္မွာေတာ့ အမ္စတာဒမ္ သားသတ္သမားလို႔ အမည္ရတဲ့ နာမည္ေျပာင္နဲ႔ ဂုဏ္သတင္း ေက်ာ္ေစာခဲ့သူ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကစားသမားသစ္က ၎အေနနဲ႔ တိုက္ခိုက္တတ္ေအာင္ အၿမဲတမ္း ႀကိဳတင္ျပင္ဆင္ခဲ့ရတယ္လို႔ ရွင္းျပခဲ့ၿပီး ကြင္းျပင္ပ အိမ္အျပန္ခရီးမွာလည္း လိုအပ္တယ္ဆိုရင္ တိုက္ခိုက္ခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ရဲ႕ ဓေလ့ထုံးတမ္းက စိတ္ဆႏၵျပင္းျပမႈအမ်ားအျပားနဲ႔ပါ။ အထူးသျဖင့္ ေဘာလုံးမွာေပါ့။ ကစားသမားတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ အသက္ ၁၄ ႏွစ္သားအ႐ြယ္မွာ အိမ္ကို စြန႔္ခြာခဲ့ရတယ္။ အဲဒီေတာ့ ခင္ဗ်ားဘာသာဘဲ ခင္ဗ်ား တာဝန္ယူထိန္းေက်ာင္းရမွာပါ။ အသက္ ၁၄ ႏွစ္အ႐ြယ္မွာ ခင္ဗ်ား ေယာက်ၤားႀကီးတစ္ေယာက္ျဖစ္ေနရမွာပါ”

“ၿပီးေတာ့ ခင္ဗ်ား အရာအားလုံးအတြက္ တိုက္ပြဲဝင္ရမွာပါ။ ခင္ဗ်ား အစားအေသာက္အတြက္၊ မိသားစုအတြက္၊ အသင္းအတြက္ တိုက္ပြဲဝင္ရမွာပါ။ ၿပီးေတာ့ ခင္ဗ်ား အမ်ားႀကီး ေလ့လာသင္ယူခဲ့ရတယ္။ ဘဝဆိုတာ ဘယ္ေလာက္ေတာင္ ခက္ခဲၾကမ္းတမ္းလဲဆိုတာေပါ့”

မာတီနက္ဇ္က ပရိသတ္ေတြနဲ႔ အသင္းေဖာ္သစ္ေတြက ၎ဆီကေန အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးစားမႈကို ေမွ်ာ္မွန္းႏိုင္တယ္လို႔ ကတိေပးခဲ့ၿပီး အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းဟာ အိုးထရက္ဖို႔ဒ္က ပရိသတ္ေတြရဲ႕ အထင္ႀကီးမႈကို ခံထားရၿပီးျဖစ္ပါတယ္။

“ကြၽန္ေတာ္ ပြဲစဥ္တိုင္း ၁၀၀ ရာခိုင္ႏႈန္း ေပးသြားမွာပါ။ ေလ့က်င့္ေရးအစီအစဥ္မွာေရာပါပဲ။ ေသခ်ာတာေတာ့ အသင္းအတြက္လည္း ကြၽန္ေတာ္တို႔ လုပ္သြားမ်ာပါ။ ကြၽန္ေတာ္တို႔ အသင္းအဖြဲ႕အေနနဲ႔ ကစားသြားမွာပါ။ ေသခ်ာတာေတာ့ ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကို သိတယ္”

“ကြၽန္ေတာ္ ဗီဒီယိုေတြ ၾကည့္ခဲ့ၿပီး ပြဲတစ္ပြဲကို ၾကည့္ခဲ့တဲ့အခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက အရမ္းစိတ္ဆႏၵျပင္းျပပါတယ္။ တျခား ေတြးမိတာေတြလည္း ရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အဲဒီလို စိတ္ဆႏၵျပင္းျပတာကို ႏွစ္သက္တယ္။ ဘာလို႔လဲဆိုေတာ့ ေဘာလုံးက စိတ္ဆႏၵျပင္းျပဖို႔ လိုတဲ့အရာျဖစ္ေနလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.