Analysis Match Report Premier League

ဘရန့်ဖို့ဒ်ကို ရှုံးပြီး စိုးရိမ်စရာ အရန်အင်အားကိုပဲ ပြသသွားခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ မနေ့ညက အသင်းရဲ့ တံခါးပိတ်ခြေစမ်းပွဲကို လန်ဒန် ကော်လ်နီ လေ့ကျင့်ရေးကွင်းမှာ အိမ်နီးချင်း ပရီးမီးယားလိဂ်ပြိုင်ဘက် ဘရန့်ဖို့ဒ်အသင်းနဲ့ ကစားသွားခဲ့ကြပြီး အဆင်မပြေလှတဲ့ ကစားသမား အတွဲအစပ်က အသင်းကို ရှုံးနိမ့်စေခဲ့သလို ပထမ ဦးစားပေး လူစာရင်းနဲ့ အရန်လူစာရင်းကြား ကွာခြားမှုကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။

ဂိုးသမားနေရာမှာ မတ် တာနာ ပွဲထွက်လာခဲ့ပြီး ခံစစ်မှာတော့ ဆီးဒရစ်၊ တာဗာရက်စ်၊ ဟိုးလ်ဒင်းနဲ့ လူငယ်ကစားသမား ဝေါ်လ်တာစ်တို့ ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ တောင်ပံမှာ အလုပ်ဖြစ်လျက်သားနဲ့ ဗဟိုမှာ ကစားချင်လှပါတယ်ဆိုတဲ့ မိတ်လန်းနိုင်းလ်စ်၊ ဆမ်ဘီ လိုကွန်ဂါနဲ့ အယ်လ်နန်နီတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ မားကင်ညို့စ်၊ နယ်လ်ဆန်နဲ့ နကီးတီးယားတို့ကို အသုံးပြုလာခဲ့တာပါ။

အသင်းကြီး ကစားသမားတွေက လေ့ကျင့်ရေး ဝတ်စုံတွေနဲ့ အားပေးခဲ့တဲ့ ပွဲရဲ့ ပထမပိုင်း ပွဲချိန် ၉ မိနစ်မှာ ထရက်ဗစ် ဖန်တီးပေးခဲ့တာကို ဘရန့်ဖို့ဒ်တောင်ပံတိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူးမို သွင်းယူတဲ့ သွင်းဂိုးနဲ့ အိမ်ရှင် ဂန်းနားတွေ ရှုံးနိမ့်နေခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ နယ်လ်ဆန် ဘယ်ခြမ်းက ချိုးပေးတဲ့ ဘောလုံးကို နကီးတီးယားက ပိတ်သွင်းပြီး ချေပနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်ဖက်စလုံး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို အာဆင်နယ်ရဲ့ မားကင်ညို့စ်ကလည်း လွဲချော်မှုတွေ များနေခဲ့ပြီး ပထမပိုင်း မပြီးခင် အချိန်ပိုင်းအတွင်းမှာတော့ ဘရန့်ဖို့ဒ်နောက်ခံလူ ရီကို ဟင်နရီရဲ့ ဖန်တီးပေးမှုကို ထရက်ဗစ်က သွင်းယူပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ ဧည့်သည်တွေ ဦးဆောင်သွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်တို့ လူငယ်ကစားသမား ၄ ဦးကို ထည့်သွင်းကစားသွားခဲ့ပြီး နှစ်ဖက်စလုံး ဂိုးထပ်မရခဲ့တာကြောင့် တစ်ဖက်က အရန်တစ်ဝက် ပထမ ကစားသမားတစ်ဝက်နဲ့ လာကစားတဲ့ ဘရန့်ဖို့ဒ်ကို လေ့ကျင့်ရေးကွင်းမှာ တံခါးပိတ်ပြီး အရှုံးပေးခဲ့ရသလို တချို့ ကစားသမားတွေအတွက်တော့ အရှက်ရစရာပွဲမျိုးပဲဖြစ်ခဲ့ပါတယ်။

နည်းစနစ်ဒါရိုက်တာ အီဒူးပြောသွားတဲ့ အသင်းမှာ ကြိုးစားလိုစိတ်နဲ့ အမြင့်ကို ရည်မှန်းတတ်တဲ့ စိတ်ဓာတ်မျိုး ပျောက်ဆုံးနေတယ် ဆိုတာကတော့ အမှန်ပဲဖြစ်ခဲ့ပြီး ပွဲထွက်နေရာနဲ့ ထိုက်တန်သူမျိုးက တိုက်စစ်မှူး အက်ဒီ နကီးတီးယားကလွဲလို့ ကျန်တဲ့သူတွေမှာ မရှိသေးသလို ရိုးမားကို သွားကစားပြီး ရာသီသစ်မှာ နေရာပဲ အတင်းတောင်းတော့မလိုလို ဘာလိုလိုနဲ့ ကွင်းလယ်လူ မိတ်လန်းနိုင်းလ်စ်ကတော့ အသင်းက ထွက်ဖို့ပဲ ပြင်သင့်နေခဲ့တာပါ။

အာဆင်နယ်အတွက် စိတ်ဓာတ်ကောင်းတဲ့ ကစားသမားတွေကို ခေါ်ထားခဲ့တယ်ဆိုတဲ့ အီဒူးရဲ့ ပြောကြားချက်က ပထမအသင်းကြီးနဲ့တော့ အဟုတ်ပဲဖြစ်နေခဲ့ပေမယ့် အရန်ကစားသမားတွေရဲ့ ကြိုးစားမှုတွေကတော့ အားရစရာ မရှိဘဲ နည်းပြ အာတီတာအတွက်တော့ အသင်းကို နေရာပုပ်စေမှုတွေကို ရှင်းလင်းရဖို့ပဲ အဖြေဖြစ်လာမှာဖြစ်ပါတယ်။

ဒီနေ့ပွဲရဲ့ ရလဒ်ကတော့ ပါဝင်ခဲ့သူ ကစားသမားတွေအတွက်လည်း ကိုယ့်အဆင့်အတန်း ကိုယ်သိသွားတဲ့ အခြေအနေဖြစ်ခဲ့ပြီး အသင်းနဲ့ ထိုက်တန်အောင် မကြိုးစားနိုင်ရင် ထွက်ဖို့ပဲ ရှိတော့သလို အသက် ၂၃ နှစ်လောက် ရောက်တာတောင် အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့်ဘဝကနေ ကစားသမားကောင်း ဖြစ်မလာခဲ့တဲ့သူမျိုးတွေအတွက်တော့ စာမေးပွဲကျခဲ့ပြီလို့ပဲ သုံးသပ်ရတော့မှာပါ။

ရာသီကြိုမှာ ပထမလူစာရင်းနဲ့ ကစားတဲ့ ပွဲတွေမှာ ပြဿနာ မရှိခဲ့ဘဲ နိုင်ပွဲတွေချည်း ရခဲ့တဲ့ အာဆင်နယ်တို့အတွက် လိုအပ်ချိန်မှာတော့ ဒီနေ့ပွဲ ကစားသွားသူတွေကို အစားဝင်ခိုင်းလို့ မရသေးဘူးဆိုတဲ့ အချက်ကလည်း ကြီးကြီးမားမား သဘောပေါက်စရာဖြစ်ခဲ့တာကြောင့် အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ် နှစ်ဦးသုံးဦးကိုလည်း ထပ်မံမြင်တွေ့ရနိုင်တယ်လို့လည်း ခန့်မှန်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ မေန႔ညက အသင္းရဲ႕ တံခါးပိတ္ေျခစမ္းပြဲကို လန္ဒန္ ေကာ္လ္နီ ေလ့က်င့္ေရးကြင္းမွာ အိမ္နီးခ်င္း ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ဘရန႔္ဖို႔ဒ္အသင္းနဲ႔ ကစားသြားခဲ့ၾကၿပီး အဆင္မေျပလွတဲ့ ကစားသမား အတြဲအစပ္က အသင္းကို ရႈံးနိမ့္ေစခဲ့သလို ပထမ ဦးစားေပး လူစာရင္းနဲ႔ အရန္လူစာရင္းၾကား ကြာျခားမႈကိုလည္း မ်က္ဝါးထင္ထင္ ေတြ႕ျမင္ခဲ့ရတာပဲျဖစ္ပါတယ္။

ဂိုးသမားေနရာမွာ မတ္ တာနာ ပြဲထြက္လာခဲ့ၿပီး ခံစစ္မွာေတာ့ ဆီးဒရစ္၊ တာဗာရက္စ္၊ ဟိုးလ္ဒင္းနဲ႔ လူငယ္ကစားသမား ေဝၚလ္တာစ္တို႔ ကစားခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ေတာင္ပံမွာ အလုပ္ျဖစ္လ်က္သားနဲ႔ ဗဟိုမွာ ကစားခ်င္လွပါတယ္ဆိုတဲ့ မိတ္လန္းႏိုင္းလ္စ္၊ ဆမ္ဘီ လိုကြန္ဂါနဲ႔ အယ္လ္နန္နီတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ မားကင္ညိဳ႕စ္၊ နယ္လ္ဆန္နဲ႔ နကီးတီးယားတို႔ကို အသုံးျပဳလာခဲ့တာပါ။

အသင္းႀကီး ကစားသမားေတြက ေလ့က်င့္ေရး ဝတ္စုံေတြနဲ႔ အားေပးခဲ့တဲ့ ပြဲရဲ႕ ပထမပိုင္း ပြဲခ်ိန္ ၉ မိနစ္မွာ ထရက္ဗစ္ ဖန္တီးေပးခဲ့တာကို ဘရန႔္ဖို႔ဒ္ေတာင္ပံတိုက္စစ္မႉး ဘ႐ိုင္ယန္ အမ္ဘူးမို သြင္းယူတဲ့ သြင္းဂိုးနဲ႔ အိမ္ရွင္ ဂန္းနားေတြ ရႈံးနိမ့္ေနခဲ့ၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ နယ္လ္ဆန္ ဘယ္ျခမ္းက ခ်ိဳးေပးတဲ့ ေဘာလုံးကို နကီးတီးယားက ပိတ္သြင္းၿပီး ေခ်ပႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္ဖက္စလုံး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို အာဆင္နယ္ရဲ႕ မားကင္ညိဳ႕စ္ကလည္း လြဲေခ်ာ္မႈေတြ မ်ားေနခဲ့ၿပီး ပထမပိုင္း မၿပီးခင္ အခ်ိန္ပိုင္းအတြင္းမွာေတာ့ ဘရန႔္ဖို႔ဒ္ေနာက္ခံလူ ရီကို ဟင္နရီရဲ႕ ဖန္တီးေပးမႈကို ထရက္ဗစ္က သြင္းယူၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဧည့္သည္ေတြ ဦးေဆာင္သြားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာဆင္နယ္တို႔ လူငယ္ကစားသမား ၄ ဦးကို ထည့္သြင္းကစားသြားခဲ့ၿပီး ႏွစ္ဖက္စလုံး ဂိုးထပ္မရခဲ့တာေၾကာင့္ တစ္ဖက္က အရန္တစ္ဝက္ ပထမ ကစားသမားတစ္ဝက္နဲ႔ လာကစားတဲ့ ဘရန႔္ဖို႔ဒ္ကို ေလ့က်င့္ေရးကြင္းမွာ တံခါးပိတ္ၿပီး အရႈံးေပးခဲ့ရသလို တခ်ိဳ႕ ကစားသမားေတြအတြက္ေတာ့ အရွက္ရစရာပြဲမ်ိဳးပဲျဖစ္ခဲ့ပါတယ္။

နည္းစနစ္ဒါ႐ိုက္တာ အီဒူးေျပာသြားတဲ့ အသင္းမွာ ႀကိဳးစားလိုစိတ္နဲ႔ အျမင့္ကို ရည္မွန္းတတ္တဲ့ စိတ္ဓာတ္မ်ိဳး ေပ်ာက္ဆုံးေနတယ္ ဆိုတာကေတာ့ အမွန္ပဲျဖစ္ခဲ့ၿပီး ပြဲထြက္ေနရာနဲ႔ ထိုက္တန္သူမ်ိဳးက တိုက္စစ္မႉး အက္ဒီ နကီးတီးယားကလြဲလို႔ က်န္တဲ့သူေတြမွာ မရွိေသးသလို ႐ိုးမားကို သြားကစားၿပီး ရာသီသစ္မွာ ေနရာပဲ အတင္းေတာင္းေတာ့မလိုလို ဘာလိုလိုနဲ႔ ကြင္းလယ္လူ မိတ္လန္းႏိုင္းလ္စ္ကေတာ့ အသင္းက ထြက္ဖို႔ပဲ ျပင္သင့္ေနခဲ့တာပါ။

အာဆင္နယ္အတြက္ စိတ္ဓာတ္ေကာင္းတဲ့ ကစားသမားေတြကို ေခၚထားခဲ့တယ္ဆိုတဲ့ အီဒူးရဲ႕ ေျပာၾကားခ်က္က ပထမအသင္းႀကီးနဲ႔ေတာ့ အဟုတ္ပဲျဖစ္ေနခဲ့ေပမယ့္ အရန္ကစားသမားေတြရဲ႕ ႀကိဳးစားမႈေတြကေတာ့ အားရစရာ မရွိဘဲ နည္းျပ အာတီတာအတြက္ေတာ့ အသင္းကို ေနရာပုပ္ေစမႈေတြကို ရွင္းလင္းရဖို႔ပဲ အေျဖျဖစ္လာမွာျဖစ္ပါတယ္။

ဒီေန႔ပြဲရဲ႕ ရလဒ္ကေတာ့ ပါဝင္ခဲ့သူ ကစားသမားေတြအတြက္လည္း ကိုယ့္အဆင့္အတန္း ကိုယ္သိသြားတဲ့ အေျခအေနျဖစ္ခဲ့ၿပီး အသင္းနဲ႔ ထိုက္တန္ေအာင္ မႀကိဳးစားႏိုင္ရင္ ထြက္ဖို႔ပဲ ရွိေတာ့သလို အသက္ ၂၃ ႏွစ္ေလာက္ ေရာက္တာေတာင္ အလားအလာရွိတဲ့ လူငယ္ၾကယ္ပြင့္ဘဝကေန ကစားသမားေကာင္း ျဖစ္မလာခဲ့တဲ့သူမ်ိဳးေတြအတြက္ေတာ့ စာေမးပြဲက်ခဲ့ၿပီလို႔ပဲ သုံးသပ္ရေတာ့မွာပါ။

ရာသီႀကိဳမွာ ပထမလူစာရင္းနဲ႔ ကစားတဲ့ ပြဲေတြမွာ ျပႆနာ မရွိခဲ့ဘဲ ႏိုင္ပြဲေတြခ်ည္း ရခဲ့တဲ့ အာဆင္နယ္တို႔အတြက္ လိုအပ္ခ်ိန္မွာေတာ့ ဒီေန႔ပြဲ ကစားသြားသူေတြကို အစားဝင္ခိုင္းလို႔ မရေသးဘူးဆိုတဲ့ အခ်က္ကလည္း ႀကီးႀကီးမားမား သေဘာေပါက္စရာျဖစ္ခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕မပိတ္ခင္ ကစားသမားသစ္ ႏွစ္ဦးသုံးဦးကိုလည္း ထပ္မံျမင္ေတြ႕ရႏိုင္တယ္လို႔လည္း ခန႔္မွန္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.