Ligue1 Premier League Serie A Transfer News

နာပုိလီနဲ႔ အာဆင္နယ္တုိ႔ရဲ႕ လြန္ပြဲမွာ အဂၤလန္ေျမကို အေလးသာဖို႔ ရွိေနတဲ့ ဂါဘရီယယ္လ္

အာဆင္နယ္အသင္းက အသည္းအသန္ ႀကဳိးစားေနခဲ့တဲ့ ေနာက္ခံလူသစ္ေခၚယူမွဳျဖစ္တဲ့ ဂါဘရီယယ္လ္ မာဂါလိုင္စ္အေနနဲ႔ သူ႕ကို စိတ္ဝင္စားေနခဲ့တဲ့ ေလးသင္းထဲက မန္ခ်က္စတာယူႏုိက္တက္နဲ႔ အဲဗာတန္တို႔ကို ျငင္းပယ္ၿပီး နာပိုလီနဲ႔ အာဆင္နယ္အသင္းႏွစ္သင္းၾကားမွာ ဆုံးျဖတ္ခ်က္သြားမယ္လုိ႔ ဆိုပါတယ္။

လိုင္လီအသင္းဘက္က သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကး ယူ႐ိုသန္း ၃၀ ကို အသင္းတုိင္းက ေပးေခ်ဖို႔ အဆင္သင့္ျဖစ္ေနခ်ိန္မွာ သူ႕အတြက္ အသင္းအေနနဲ႔ လြတ္လြတ္လပ္လပ္ ေဆြးေႏြးခြင့္ေပးထားၿပီး ကစားသမားရဲ႕ သေဘာဆႏၵတစ္ခုတည္းပဲျဖစ္တယ္လုိ႔ တာဝန္ရွိသူေတြက ေျပာၾကားထားခဲ့ပါတယ္။

ျပင္သစ္က သတင္းဌာနေတြရဲ႕ ထုတ္ေဖာ္ခ်က္အရေတာ့ ဂါဘရီယယ္လ္သေဘာက်တဲ့အသင္းဟာ အာဆင္နယ္အသင္းပဲျဖစ္ၿပီး သူ႕အေနနဲ႔ အၿပီးသတ္ဆုံးျဖတ္ခ်က္အျဖစ္ ေရြးခ်ယ္သြားဖို႔ ရွိေနသလို ဘရာဇီးလ္သားေတြ ေပါမ်ားတဲ့ အသင္းျဖစ္တာကလည္း သူ႕အတြက္ စဥ္းစားစရာ အခ်က္တစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။

နာပိုလီအေနနဲ႔ေတာ့ အသက္ ၂၂ ႏွစ္အရြယ္ ဘရာဇီးလ္သားကို ေခၚယူဖို႔မွာ အနည္းငယ္ ခက္ခဲမွဳေတြ ရွိေနတယ္လို႔ သိရၿပီး သူတုိ႔ရဲ႕ အေျပာင္းအေရႊ႕ ဘတ္ဂ်က္ကို ထိန္းညႇိေပးႏိုင္မယ့္ ေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ေရာင္းခ်ဖို႔အတြက္ ဝယ္လက္ေတြဘက္က ေတာင္းဆုိတဲ့ ေဈးကို မေပးခ်င္ဘဲျဖစ္ေနသလို သူ႕ရဲ႕ အသက္အရြယ္နဲ႔ ေနာက္ဆုံးေျခစြမ္းကို သံသယဝင္ေနၾကပါတယ္။

ဒီက ရရွိမယ့္ ေငြေၾကးကို ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံဖို႔ ေကာင္းေကာင္းအသုံးခ်ႏုိင္မယ္လို႔ ယူဆထားတဲ့ အသင္းပုိင္ရွင္ ဒီေလာ္ရန္တီးစ္အတြက္ ဒါက ထိုးႏွက္ခ်က္တစ္ရပ္လည္းျဖစ္ခဲ့ၿပီး ကူလီဘာလီဆီက ေငြမရခဲ့လို႔ စိုက္ထုတ္သုံးစြဲရမယ့္ အေျခအေနမ်ဳိးဆုိရင္ေတာ့ အာဆင္နယ္ဘက္က လက္ဦးသြားႏုိင္ခ်ိန္မွာ အီတလီမီဒီယာေတြကေတာ့ ဂါဘရီယယ္လ္အေနနဲ႔ နာပုိလီကိုပဲ ေရြးခ်ယ္မွာျဖစ္တယ္လုိ႔ အစဥ္တစိုက္ ေဖာ္ျပေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းက အသည်းအသန် ကြိုးစားနေခဲ့တဲ့ နောက်ခံလူသစ်ခေါ်ယူမှုဖြစ်တဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်အနေနဲ့ သူ့ကို စိတ်ဝင်စားနေခဲ့တဲ့ လေးသင်းထဲက မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ကို ငြင်းပယ်ပြီး နာပိုလီနဲ့ အာဆင်နယ်အသင်းနှစ်သင်းကြားမှာ ဆုံးဖြတ်ချက်သွားမယ်လို့ ဆိုပါတယ်။

လိုင်လီအသင်းဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ကို အသင်းတိုင်းက ပေးချေဖို့ အဆင်သင့်ဖြစ်နေချိန်မှာ သူ့အတွက် အသင်းအနေနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ပေးထားပြီး ကစားသမားရဲ့ သဘောဆန္ဒတစ်ခုတည်းပဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားခဲ့ပါတယ်။

ပြင်သစ်က သတင်းဌာနတွေရဲ့ ထုတ်ဖော်ချက်အရတော့ ဂါဘရီယယ်လ်သဘောကျတဲ့အသင်းဟာ အာဆင်နယ်အသင်းပဲဖြစ်ပြီး သူ့အနေနဲ့ အပြီးသတ်ဆုံးဖြတ်ချက်အဖြစ် ရွေးချယ်သွားဖို့ ရှိနေသလို ဘရာဇီးလ်သားတွေ ပေါများတဲ့ အသင်းဖြစ်တာကလည်း သူ့အတွက် စဉ်းစားစရာ အချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

နာပိုလီအနေနဲ့တော့ အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်သားကို ခေါ်ယူဖို့မှာ အနည်းငယ် ခက်ခဲမှုတွေ ရှိနေတယ်လို့ သိရပြီး သူတို့ရဲ့ အပြောင်းအရွှေ့ ဘတ်ဂျက်ကို ထိန်းညှိပေးနိုင်မယ့် နောက်ခံလူ ခါလီဒူး ကူလီဘေလီကို ရောင်းချဖို့အတွက် ဝယ်လက်တွေဘက်က တောင်းဆိုတဲ့ ဈေးကို မပေးချင်ဘဲဖြစ်နေသလို သူ့ရဲ့ အသက်အရွယ်နဲ့ နောက်ဆုံးခြေစွမ်းကို သံသယဝင်နေကြပါတယ်။

ဒီက ရရှိမယ့် ငွေကြေးကို ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ ကောင်းကောင်းအသုံးချနိုင်မယ်လို့ ယူဆထားတဲ့ အသင်းပိုင်ရှင် ဒီလော်ရန်တီးစ်အတွက် ဒါက ထိုးနှက်ချက်တစ်ရပ်လည်းဖြစ်ခဲ့ပြီး ကူလီဘာလီဆီက ငွေမရခဲ့လို့ စိုက်ထုတ်သုံးစွဲရမယ့် အခြေအနေမျိုးဆိုရင်တော့ အာဆင်နယ်ဘက်က လက်ဦးသွားနိုင်ချိန်မှာ အီတလီမီဒီယာတွေကတော့ ဂါဘရီယယ်လ်အနေနဲ့ နာပိုလီကိုပဲ ရွေးချယ်မှာဖြစ်တယ်လို့ အစဉ်တစိုက် ဖော်ပြနေကြကြောင်းလည်း သိရှိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.