La Liga Premier League Transfer News

ခံစစ္မွဴးသုံးေယာက္အထိ ေခၚယူဖို႔ မီးစိမ္းျပထားတဲ့ ခ်ဲလ္ဆီးပုိင္ရွင္ ေအဘရာမိုဗစ္ခ်္

ၿပီးခဲ့တဲ့ရာသီက အသင္းရဲ႕ ရလဒ္ေတြကို အဓိက ထိခိုက္နစ္နာေစခဲ့တဲ့ ခံစစ္ပုိင္းအတြက္ မျဖစ္မေန အားျဖည့္ျပင္ဆင္မွဳေတြ ျပဳလုပ္ရမယ္လို႔ ခ်ဲလ္ဆီးအသင္းပုိင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္က နားလည္သေဘာေပါက္ထားၿပီး ဒီရာသီအတြက္ ခံစစ္မွဴး သုံးဦးအထိ ေခၚယူဖို႔ ခြင့္ျပဳေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

နည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ ဆႏၵအရေတာ့ ေနာက္ခံဘယ္အစြန္လူတစ္ဦးနဲ႔ ဗဟိုေနာက္ခံလူႏွစ္ဦးကို အလိုရွိေနၿပီး လက္ရွိဦးစားေပးေတြျဖစ္တဲ့ အန္တိုနီယို ႐ူဒီဂါ၊ ကတ္ဇူးမားနဲ႔ အန္းဒရိစ္ ခရစၥတင္ဆန္တုိ႔ ေနရာမွာ အားျဖည့္သြားဖို႔ ရွိေနသလို ဘ႐ိုက္တန္နဲ႔ မန္စီးတီးအသင္းေတြကေန သူတုိ႔ လိုခ်င္တဲ့ ကစားသမားေတြ ရႏုိင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ဘ႐ိုက္တန္ေနာက္ခံလူ အသင္းေခါင္းေဆာင္ လူးဝစ္ ဒန္႔ခ္ဟာ ခ်ဲလ္ဆီးအသင္းပရိသတ္တစ္ဦးျဖစ္ၿပီး သူ႕ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူဖို႔ အေျခအေနေကာင္းေနသလို လမ္းပတ္ကေတာ့ ဒီေလာက္နဲ႔ မေက်နပ္ေသးဘဲ မန္စီးတီးအသင္းကေန ေပါင္သန္း ၂၀ နဲ႔ ေရာင္းထုတ္သြားမယ့္ ဂၽြန္စတုန္းစ္ကိုလည္း ေခၚယူဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

ေအဘရာမိုဗစ္ခ်္ရဲ႕ ခြင့္ျပဳခ်က္ဆုိတဲ့ သတင္းကသာ အမွန္တကယ္ျဖစ္မယ္ဆုိရင္ေတာ့ လာမယ့္ရာသီမွာ ခ်ဲလ္ဆီးရဲ႕ေနာက္တန္းရဲ႕ ဦးစားေပး ကစားသမားႏွစ္ဦးအျဖစ္ အဂၤလန္ခံစစ္အတြဲကုိ ေတြ႕ျမင္ရဖြယ္ရွိေနၿပီး ဝက္စ္ဟမ္းရဲ႕ ဒက္ကလန္ ႐ိုက္စ္ကေတာ့ ေဈးႏွဳန္းႀကီးျမင့္မွဳေၾကာင့္ လူငယ္ဘဝ အသင္းဆီ ျပန္ႏုိင္ဖို႔ အနည္းဆုံးေနာက္ထပ္တစ္ရာသီ ေစာင့္ဆုိင္းရဦးမယ္လုိ႔ ခန္႔မွန္းရပါတယ္။

ဘယ္ေနာက္ခံလူေနရာအတြက္ေတာ့ လက္စတာရဲ႕ ဘန္ ေခ်းလ္ဝဲလ္၊ အုိင္းယက္စ္ရဲ႕ တာဂလီယာဖီကိုနဲ႔ ယူ႐ိုပါလိဂ္မွာ ဆီဗီလာနဲ႔ ေလာေလာလတ္လတ္ ေျခစြမ္းျပထားခဲ့တဲ့ ဆာဂ်ီယို ရက္ဂီလြန္တုိ႔ကို ခ်ိတ္ဆက္ေနရာမွာ အသုံးစရိတ္နဲ႔ ညႇိႏွဳိင္းဖို႔ အဆင္ေျပတဲ့ ဘယ္ကစားသမားက ခ်ဲလ္ဆီးကို ေရာက္ရွိလာမလဲဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ ရလဒ်တွေကို အဓိက ထိခိုက်နစ်နာစေခဲ့တဲ့ ခံစစ်ပိုင်းအတွက် မဖြစ်မနေ အားဖြည့်ပြင်ဆင်မှုတွေ ပြုလုပ်ရမယ်လို့ ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်က နားလည်သဘောပေါက်ထားပြီး ဒီရာသီအတွက် ခံစစ်မှူး သုံးဦးအထိ ခေါ်ယူဖို့ ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နည်းပြ ဖရန့် လမ်းပတ်ရဲ့ ဆန္ဒအရတော့ နောက်ခံဘယ်အစွန်လူတစ်ဦးနဲ့ ဗဟိုနောက်ခံလူနှစ်ဦးကို အလိုရှိနေပြီး လက်ရှိဦးစားပေးတွေဖြစ်တဲ့ အန်တိုနီယို ရူဒီဂါ၊ ကတ်ဇူးမားနဲ့ အန်းဒရိစ် ခရစ္စတင်ဆန်တို့ နေရာမှာ အားဖြည့်သွားဖို့ ရှိနေသလို ဘရိုက်တန်နဲ့ မန်စီးတီးအသင်းတွေကနေ သူတို့ လိုချင်တဲ့ ကစားသမားတွေ ရနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဘရိုက်တန်နောက်ခံလူ အသင်းခေါင်းဆောင် လူးဝစ် ဒန့်ခ်ဟာ ချဲလ်ဆီးအသင်းပရိသတ်တစ်ဦးဖြစ်ပြီး သူ့ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ အခြေအနေကောင်းနေသလို လမ်းပတ်ကတော့ ဒီလောက်နဲ့ မကျေနပ်သေးဘဲ မန်စီးတီးအသင်းကနေ ပေါင်သန်း ၂၀ နဲ့ ရောင်းထုတ်သွားမယ့် ဂျွန်စတုန်းစ်ကိုလည်း ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အေဘရာမိုဗစ်ချ်ရဲ့ ခွင့်ပြုချက်ဆိုတဲ့ သတင်းကသာ အမှန်တကယ်ဖြစ်မယ်ဆိုရင်တော့ လာမယ့်ရာသီမှာ ချဲလ်ဆီးရဲ့နောက်တန်းရဲ့ ဦးစားပေး ကစားသမားနှစ်ဦးအဖြစ် အင်္ဂလန်ခံစစ်အတွဲကို တွေ့မြင်ရဖွယ်ရှိနေပြီး ဝက်စ်ဟမ်းရဲ့ ဒက်ကလန် ရိုက်စ်ကတော့ ဈေးနှုန်းကြီးမြင့်မှုကြောင့် လူငယ်ဘဝ အသင်းဆီ ပြန်နိုင်ဖို့ အနည်းဆုံးနောက်ထပ်တစ်ရာသီ စောင့်ဆိုင်းရဦးမယ်လို့ ခန့်မှန်းရပါတယ်။

ဘယ်နောက်ခံလူနေရာအတွက်တော့ လက်စတာရဲ့ ဘန် ချေးလ်ဝဲလ်၊ အိုင်းယက်စ်ရဲ့ တာဂလီယာဖီကိုနဲ့ ယူရိုပါလိဂ်မှာ ဆီဗီလာနဲ့ လောလောလတ်လတ် ခြေစွမ်းပြထားခဲ့တဲ့ ဆာဂျီယို ရက်ဂီလွန်တို့ကို ချိတ်ဆက်နေရာမှာ အသုံးစရိတ်နဲ့ ညှိနှိုင်းဖို့ အဆင်ပြေတဲ့ ဘယ်ကစားသမားက ချဲလ်ဆီးကို ရောက်ရှိလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.